(ဇူလိုင် ၁၅၊ ၂၀၁၄)
ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ၂၀၁၄ ကမ်္ဘာ့ဖလား ပြိုင်ပွဲကြီး၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဂျာမနီအသင်းနှင့် အာဂျင်တီးနား အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ၌ ဂျာမနီအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ ကမ်္ဘာ့ဖလားချန်ပီယံ အသင်းအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် ကမ်္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ကမ်္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံး စွမ်းဆောင်ရည်များ ပြသခဲ့သည့် ကစားသမားများကို ဆုများရွေးချယ် ချီးမြှင့်ခဲ့သည်။
(ရွှေဖိနပ်ဆုရှင်ကိုလံဘီယာအသင်းမှ ဂျိမ်းစ်ရိုဒရီဂွက်ဇ်)
ယင်းသို့ ဆုများရွေးချယ်ချီးမြှင့် ခဲ့ရာ၌ ၂၀၁၄ ကမ်္ဘာ့ဖလားပြိုင်ပွဲ၌ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ထွက်ပေါ် ခဲ့သည့် ကိုလံဘီယာတိုက်စစ်မှူး ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ဂိုးသွင်းအများ ဆုံးကစားသမားဆုဖြစ်သည့် ရွှေဖိနပ် ဆုကို ရယူဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါ အသက်(၂၃)နှစ်အရွယ် ကိုလံဘီယာနှင့် မိုနာကိုတိုက်စစ်မှူးး ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ကိုလံဘီယာ အသင်းအား ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ရေးစွမ်းဆောင်ပေးခဲ့သူ ဖြစ်ပြီး ကွာတားဖိုင်နယ်တွင် အိမ်ရှင် ဘရာဇီးအသင်းအား ရှုံးနိမ့်ကာ ကမ်္ဘာ့ ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ကိုလံဘီယာအသင်းအနေဖြင့် ယင်းသို့ထွက်ခဲ့ရသော်လည်း တိုက်စစ် မှူးးဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ကိုလံ ဘီယာအသင်းအတွက် ငါးးပွဲကစား ပေးခဲ့ရာ၌ ခြောက်ဂိုးအထိသွင်းယူပေး နိုင်ခဲ့ရာ ၂၀၁၄ ကမ်္ဘာ့ဖလားပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံး ကစားသမားဖြစ် ခဲ့ရပြီး ဂိုးသွင်းအများဆုံးဆုဖြစ်သည့် ရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ ရိုဒရီဂွက်ဇ်သည် သွင်းဂိုးခြောက်ဂိုး၊ ဖန်တီးပေးမှုနှစ်ကြိမ်နှင့် ပါဝင်ကစား ပေးခဲ့သည့်အချိန် ၃၉၉ မိနစ်တို့ဖြင့် ဂိုးသွင်းအများဆုံးဆု ဆွတ်ခူးခဲ့ပြီး သောမက်မူလာမှာမူ သွင်းဂိုးငါးဂိုး၊ ဖန်တီးပေးနိုင်မှု သုံးကြိမ်နှင့် ပါဝင်ကစား ပေးခဲ့သည့်အချိန် ၆၈၂ မိနစ်တို့ဖြင့် ဂိုးသွင်းအများဆုံးဆုရပ်တည်မှုတွင် ဒုတိယနှင့် တိုက်စစ်မှူးးနေမာမှာမူ သွင်းဂိုး လေးဂိုး၊ ဖန်တီးပေးနိုင်မှု တစ်ကြိမ်နှင့် ပါဝင်ကစားပေးခဲ့သည့် အချိန် ၄၅၇ မိနစ်တို့ဖြင့် တတိယ နေရာက ရပ်တည်ခဲ့သည်။ အာဂျင်တီးနားတိုက်စစ်မှူး လီယွန် နယ်မက်ဆီမှာမူ ၂၀၁၄ ကမ်္ဘာ့ဖလား ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမား ကိုပေးအပ်သည့် ရွှေဘောလုံးဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
မက်ဆီသည် အာဂျင်တီးနားအသင်းခေါင်းဆောင် တစ်ဦးပီပီ အာဂျင်တီးနားအသင်းအား ကမ်္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ တက်လှမ်းနိုင်ရေးအတွက် ဘော့စနီး ယားအသင်း၊ အီရန်အသင်းနှင့် နိုင်ဂျီး ရီးယားအသင်းတို့နှင့် ကစားခဲ့ရာ၌ သုံးပွဲတွင် လေးဂိုးအထိသွင်းယူနိုင်ခဲ့ သည့် ကစားသမားတစ်ဦးဖြစ်သည်။ မက်ဆီသည် နယ်သာလန်အသင်းမှ ရော်ဘင်၊ ဂျာမနီကစားသမား သုံးဦး ဖြစ်သည့် နျူအာ၊ ရှဝိန်းစတိုင်ဂါနှင့် သောမက်မူလာတို့ကို ကျော်ဖြတ်ကာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ ရှုံး/ထွက်ပွဲစဉ်များဖြစ်သည့် ဆွစ်ဇာ လန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် ဂျာမနီတို့နှင့် ကစားခဲ့သည့်ပွဲစဉ်များ တွင် ဂိုးမသွင်းနိုင်ခဲ့ပေ။ သို့ရာတွင် အုပ်စုပွဲစဉ်တွင် သုံးပွဲ၌ လေးဂိုးသွင်း ယူပေးနိုင်မှုနှင့် မက်ဆီပါဝင်ကစား ပေးခဲ့သည့် ကမ်္ဘာ့ဖလားပွဲစဉ်အားလုံး တွင် အာဂျင်တီးနားအသင်းအတွက် အကောင်းဆုံးကစားပေးနိုင်ခဲ့ခြင်းတို့ ကြောင့် ကမ်္ဘာ့ဖလားပြိုင်ပွဲအကောင်းဆုံး ကစားသမားဆုဖြစ်သည့် ရွှေဘောလုံး ဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
(လူငယ်ကစားသမားဆုရှင် ပြင်သစ် အသင်းမှ အသက်(၂၁)နှစ်အရွယ်
ကွင်းလယ်ကစားသမား ပေါပေါ့ဘာ)
+ငွေကြယ်+

No comments:
Post a Comment