**Public Health**
အီဘိုလာဗိုင်းရပ်စ်ရောဂါသည် ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပြီး
ကုသရန် ခက်ခဲသည့်အပြင် ရောဂါပြန့်ပွားမှုအား ထိန်းချုပ်ရန်
အလွန်ခက်ခဲသော ရောဂါဖြစ်ပါသည်။
၊ယခုအခါ အာဖရိကအနောက်ပိုင်းဒေသရှိ ဂိုင်ယာနာ၊လစ်ဗျား၊နိုင်ဂျီးရီးယား၊ဆီရီယာလီယွန်
စသည့်နိုင်ငံတို့တွင် ရောဂါကူးစက်ဖြစ်ပွားနေပြီး
၂၀၁၄ ခုနှစ် မတ်လမှ ၁-၈-၂၀၁၄ ရက်အထိ အီဘိုလာဗိုင်းရပ်စ်
ရောဂါဖြစ်ပွားသူ ၁၆၀၃ ဦးနှင့် သေဆုံးသူ ၈၈၇ ဦးရှိခဲ့သည်။**အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်နိုင်သောနည်းလမ်းများ**
- အဆိုပါသွေးနှင့် ခန်္ဓာကိုယ်မှ အရည်များထိတွေ့ထားသော အရာ ၀တ်္ထုများနှင့် ထိတွေ့ကိုင်တွယ်ခြင်းတို့မှ ကူးစက်နိုင်သည်။
- ဆားစ်၊ လူတုပ်ကွေးကပ်ရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ မားစ်ပြင်းထန် အဆုတ်ရောင်ရောဂါ (MERS CoV) တို့ကဲ့သို့ လေထဲမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါမဟုတ်ပါ။
- အီဘိုလာရောဂါသည် လေ၊ ရေ၊ အစားအစာတို့မှတစ်ဆင့် မကူး စက်နိုင်ပါ။
-ယခုအချိန်အထိ အီဘိုလာဗိုင်းရပ်စ်ရောဂါကို ကာကွယ်ကုသရန် ဆေးမရှိသေးပါ။ ရောဂါမဖြစ်ပွားရန် ကာကွယ်ရ န်အရေးကြီး ပါသည။်
-ရောဂါပိုးရှိသော လူနာနှင့်တိရစ်္ဆာန်တို့၏ တံတွေး၊ သွေးစသော ခန်္ဓာကိုယ်အရည်များအား ကိုင်တွယ်ထိတွေ့သူများတွင် အဓိက ရောဂါကူးစက်နိုင်ခြေရှိသဖြင့် ကာကွယ်သည့် နည်းလမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
**အီဘိုလာဗိုင်းရပ်စ်ရောဂါသံသယလက်္ခဏာများ**
အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားနေသော နိုင်ငံများ၊ အထူးသဖြင့် (အနောက်အာဖရိကနိုင်ငံများ)သို့ သွားရောက်ခဲ့သူများ (သို့မဟုတ်) နိုင်ငံတကာခရီးသွားသူများ၊ ကူးစက်မြန် အီဘိုလာရောဂါ လူနာအား တိုက်ရိုက်ပြုစုကုသထိတွေ့ကိုင်တွယ်ခဲ့သူများ၊ ရောဂါရှိသော တောရိုင်းတိရစ်္ဆာန်များအား ထိတွေ့ကိုင်တွယ်သူများတွင်- -ဖျားခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲ ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အန်ခြင်း၊ အရည်ဝမ်း သွားခြင်း၊ -အီဘိုလာဗိုင်းရပ်စ်ပိုးသည် အသည်းနှင့်ကျောက်ကပ်များ၊ ပျက် စီးနိုင်သဖြင့် ခန်္ဓာကိုယ်အတွင်းနှင့်အပြင် သွေးယိုထွက်မှုရှိခြင်း ကြောင့် အသက်အန်္တရာယ်ဖြစ်နိုင်ပါသည်။
**အီဘိုလာရောဂါကူးစက်မှုမရှိစေရေး ကာကွယ်ရန်နည်းလမ်းများ**
၁။ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုပါ။
၂။ လက်ကိုရေနှင့်ဆပ်ပြာဖြင့် မကြာခဏဆေးကြောပါ။
၃။ရောဂါပိုးရှိသူဧ။်သွေးနှင့်အား ယင်း ခန်္ဓာကိုယ်မှထွက်သောအရည်များအား ထိတွေ့ကိုင်တွယ်ခြင်းမပြုရ၊
၎။ ရောဂါပိုးရှိသောလူ၊တိရစ်္ဆာန်တို့ ဧ။်သွေးနှင့်ယင်း ခန်္ဓာကိုယ်မှထွက်သော အရည်များရှိနိုင်သည့် (အရာဝတ်္ထုပစ်္စည်း၊ ခုံများ၊ စားပွဲ များ၊ အိပ်ရာ၊ လှေကားလက်ရန်း၊ နံရံစသည်တို့အား) ထိတွေ့ ကိုင်တွယ်ခြင်းမပြုရ၊
၅။ အထူးသဖြင့် အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားသော နိုင်ငံများသို့ သွားရောက်ခဲ့သူများနှင့် နိုင်ငံတကာခရီးသွားသူများ တွင် အောက်ဖော်ပြပါ သံသယလက်္ခဏာများဖြစ်ပေါ်လာပါက ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ ဆေးကုသမှုခံယူပါ၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးချည့်ခြင်း၊ လည်ချောင်းများနာခြင်း၊ အရည်ဝမ်းသွားခြင်း၊ အန်ခြင်း၊ ခန်္ဓာကိုယ် အတွင်းနှင့်အပြင် သွေးယိုထွက်မှုရှိခြင်း၊
၆။ အထက်ပါ သံသယလက်္ခဏာဖြစ်ပွားသူများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ပါ၊ ၇။ နိုင်ငံခြားသို့ခရီးသွားရောက်ရန် အစီအစဉ်ရှိပါကရောဂါဖြစ်ပွား ကူးစက်နေသည့် နိုင်ငံများသို့ သွားရောက်ခြင်းကို ရှောင်ကြဉ်ပါ။ ကျန်းမာရေးဝန်ကြီးဌာနမှ အီဘိုလာရောဂါ ကြိုတင်ကာကွယ်ကုသ ထိန်းချုပ်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေးနှိုးဆော်ချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ပါ။
+မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန+

No comments:
Post a Comment