မကြာမီကျင်းပမည့် မယ်ကမ်္ဘာအလှမယ်ပြိုင်ပွဲသို့ နိုင်ငံ့ကိုယ်စားပြုအလှမယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ရေး သက်ဆိုင်ရာ နိုင်ငံအသီးသီးအနေဖြင့် အလှမယ်ပြိုင်ပွဲများ ကျင်းပရွေးချယ်ပေးလျက်ရှိရာ ဗင်နီဇွဲလားနိုင်ငံအနေဖြင့် လည်း Miss Venezuela World 2014 အလှမယ် ရွေးချယ်ပွဲကို သြဂုတ် ၂ ရက်က ကျင်းပခဲ့ရာ ဗင်နီဇွဲလား မော်လ်ဒယ်နှင့် ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်သူ အသက်(၂၃) နှစ်အရွယ် Debora Menicucci က Miss Venezuela World 2014အလှမယ်သရဖူကို ရရှိဆွတ်ခူးနိုင်ခဲ့သည်။
Miss VenezuelaWorld 2014 ဆုရှင် Debora Menicucci အား ၂၀၁၁ ခုနှစ် မယ်ကမ်္ဘာသရဖူပိုင်ရှင် ဗင်နီဇွဲလားအလှမယ် Ivian Sarcos က သရဖူအပ်နှင်း ချီးမြှင့်ခဲ့ပြီး ၎င်းသည် လာမည့် ဒီဇင်ဘာ ၁၄ ရက်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ExCeL London ၌ ကျင်းပ မည့် (၆၄)ကြိမ်မြောက် မယ်ကမ်္ဘာအလှမယ်ပြိုင်ပွဲသို့ ဗင်နီဇွဲလားနိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦးအဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ Debora Menicucci သည် ၂၀၁၃ ခုနှစ်က Miss Venezuela 2013 ပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြု အလှမယ်တစ်ဦး အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးBest Catwalkနှင့်Attitude award ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့သည်။(မျိုးစန်္ဒာမောင်)
**ဟာနန်ဒက်ဇ်နှင့် ကာဂါဝါတို့အား ခေါ်ယူရန်အက်သလက်တီကိုမက်ဒရစ်က ပစ်မှတ်ထား**
မန်ယူအသင်းနည်းပြသစ် ဗန်ဟားလ် သည် မန်ယူအသင်းအား စတင် ကိုင်တွယ်သည့်နှစ်တွင်ပင် အသင်းကို ပုံစံသစ်ပြောင်းလဲရန်အတွက် ဟာနန် ဒက်ဇ်၊ နာနီ၊ ဖယ်လိုင်နီ၊ အန်ဒါဆန်၊ ကာဂါဝါ စသည့် ကစားသမားကို ရောင်းထုတ်ရန် စီစဉ်လျက်ရှိခြင်း ကြောင့် အဆိုပါကစားသမားများအနက် မက်္ကဆီကိုတိုက်စစ်မှူး ဟာနန်ဒက်ဇ် နှင့် ဂျပန်ကွင်းလယ်ကစားသမား ကာဂါဝါတို့အား လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်း က ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိ ကြောင်း သိရသည်။ အက်သလက်တီကို မက်ဒရစ် အသင်းသည် ယခုနှစ်ဘောလုံးရာသီ တွင် ဒီယေဂိုကော်စတာနှင့် ဖီးလစ် ပီလူးဝစ်တို့အား ချယ်လ်ဆီးအသင်း သို့ ရောင်းထုတ်ခဲ့ခြင်းနှင့် နောက်ခံလူ မန်ကွိုင်လိုအား လီဗာပူးအသင်းသို့ ရောင်းထုတ်ခဲ့ခြင်းတို့ကြောင့် အသင်း ကို အသစ်ပြန်လည်ဖွဲ့စည်းရမည် ဖြစ်သောကြောင့် မန်ယူကစားသမား နှစ်ဦးဖြစ်သည့် ဟာနန်ဒက်ဇ်နှင့် ကာဂါဝါတို့အား နှစ်ဦးပေါင်း ပြောင်း ရွှေ့ကြေး ပေါင် ၂၅ သန်းဖြင့် ခေါ်ယူ ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(ငွေကြယ်)
**BoA ၏ အဋ္ဌမမြောက်တေးအယ်လ်ဘမ်ကို စက်တင်ဘာလတွင် ဂျပန်နိုင်ငံ၌ ဖြန့်ချိသွားမည်**
**နယူးကာဆယ်က ရှက်တာဒိုးနက်တိုက်စစ်မှူးး ဖရေးယားအား နှစ်ရှည်အငှားစာချုပ်ဖြင့် ခေါ်ယူ**
နယူးကာဆယ်က ရှက်တာဒိုးနက်တိုက်စစ်မှူးး ဖရေးယားအား နှစ်ရှည်အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်သည်။ အသက် ၂၃ နှစ်ရှိ အာဂျင်တီးနားကစားသမားသည် ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်း၏ ထိပ်တန်းကစား သမားတစ်ဦးဖြစ်သည်။ ဖရေးယားသည် နယူးကာဆယ်က ယခုနှစ်အတွင်း ခေါ်ယူခဲ့သည့် ခုနစ်ဦးမြောက်ကစား ဖြစ်လာမည်ဖြစ်သည်။ယင်းသည်ရှက်တာဒိုးနက်ကစားသမားအဖြစ်၂၂ပွဲပါဝင်
ကစားခဲ့ပြီး၆ဂိုးသွင်း.ယူခဲ့သည်။ သူသည်၂၀၁၃ခုနှစ်ဇူလိုင်လကဗာလက်ဆာဖီးလ်ကလပ်အသင်းမှပေါင်၆သန်းဖြင့် ရှက်တာဒိုးနက်ကလပ်အသင်းသို့ရောက် လာခြင်းဖြစ်သည်။(ကောင်းမြတ်သူ) ** မယ်ကမ်္ဘာပြိုင်ပွဲဝင်မည့်ဗင်နီဇွဲလားအလှမယ်Debora Menicucci **

ကစားခဲ့ပြီး၆ဂိုးသွင်း.ယူခဲ့သည်။ သူသည်၂၀၁၃ခုနှစ်ဇူလိုင်လကဗာလက်ဆာဖီးလ်ကလပ်အသင်းမှပေါင်၆သန်းဖြင့် ရှက်တာဒိုးနက်ကလပ်အသင်းသို့ရောက် လာခြင်းဖြစ်သည်။(ကောင်းမြတ်သူ)

No comments:
Post a Comment