(လန်ဒန် သြဂုတ် ၁၀)
၂၀၁၄-၂၀၁၅ ပရီမီယားလိဂ်ပွဲကြိုပြိုင်ပွဲတစ်ရပ်ဖြစ် သည့် ကွန်မြူနတီဒိုင်းလုပွဲကြီးကိုသြဂုတ် ၁၀ ရက် ညပိုင်း က ပရီမီယားလိဂ်ချန်ပီယံ မန်စီးတီးနှင့်  အက်ဖ်အေချန်ပီယံ အာဆင်နယ်တို့ ဝင်ဘလေကွင်းကြီး၌ ယှဉ်ပြိုင်ကစားခဲ့  ကြရာ အာဆင်နယ်က ပထမပိုင်းမှာပင် နှစ်ဂိုးအသာဖြင့်  ဦးဆောင်ကစားခဲ့ သည်။
နည်းပြ အာစင်ဝင်းဂါးက ယခုနှစ်နွေရာသီတွင် ခေါ် ယူခဲ့ သည့်  ဆန်ချက်ဇ်၊ချန်ဘာစ်နှင့်  ဒီဘူချီတို ဒုတိယဂိုးကို ပထမ ပိုင်းပွဲပြီးရန် သုံးမိနစ်အလိုတွင် ရမ်ဆေးက သွင်းယူပေးခဲ့ သည်။
့ကိုပထမပိုင်းတွင် ပွဲထုတ်ခဲ့ သည်။ ရာသီကြိုဖလားဖြစ်သော်လည်း နှစ်ဖက်ကစားသမားများသည် ပွဲစသည်နှင့်  ဦးဆောင်ဂိုးသွင်းနိုင်ရေး အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပွဲချိန် ၂၁ မိနစ်တွင် ကာဇိုလာက မန်စီးတီးပယ်နယ်တီဧရိယာအစပ်မှ ဘယ်ခြေဖြင့်  မနားတမ်းကန်သွင်းခဲ့ ရာ မှ အာဆင်နယ်တို့  ဦးဆောင်ဂိုးရသွားခဲ့သည်။
ဒုတိယပိုင်း ပြန်အစတွင် နည်း ပြ ၀င်းဂါးက ဆန်ချက်ဇ်အစား ချန်ဘာလိန်၊ ဆာနိုဂိုအစား ဂီရောက်ဒ် တို့ ကိုလူစားထည့် ကစားခဲ့ သည်။
မန်စီးတီးက ပွဲချိန် မိနစ် ၆၀ တွင် တိုရေးအစား လူသစ် ဇူကူလီနီကို ပထမဆုံးပွဲထုတ်ကစားစေခဲ့ သည်။ ထို့ အပြင် ဒီဇီကိုအစား ဂျိမ်းစ်မီနာ ကို ထည့် သွင်းကစားစေခဲ့ သည်။ ၆၁ မိနစ်တွင် ဂီရောက်ဒ်က အာဆင် နယ်အတွက် တတိယမြောက် အနိုင် ဂိုးသွင်းယူပေးခဲ့ သည်။
အာကာကျော်-ရေးသည်။
(Photo-ကွ န်မြူနတီဒိုင်းရရှိ သွားသည့်  အာဆင် နယ် အသင်းသားများ အောင် ပွဲခံ နေစဉ်)

No comments:
Post a Comment