+(သြဂုတ်လ၄ရက်-၂၀၁၄-သောင်ရင်းနဂါး)+
ထိုင်း-မြန်မာနယ်စပ် တာခ်ခရိုင် မဲဆောက်ဒေသထဲကတရားမဝင်အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ ပြောင်းအလုပ်သမားများအသင့်
ဆောင်ရွက်နိုင်ရန်ရည်ရွယ်လျက် ၁နှစ်သက်တမ်းရှိ တရားဝင်အလုပ်လုပ်ခွင့် လက်မှတ်ကို တနေရာတည်းမှာတနေ့တည်းနှင့်အပြီးဆောင်ရွက်ပေးသည့်(One Stop Service) ရုံးကို မဲဆောက်မြို့ပိုင်ရုံးဝင်းထဲတွင် ယနေ့စတင်ဖွင့်လှစ်လိုက်သည်။
အလုပ်သမားများဘက်က သက်ဆိုင်သော အလုပ်ရှင်တဦးဧ။့် အာမခံချက်ပါရှိရမှာ ဖြစ်သည်။ အလုပ်လုပ်ခွင့်လက်မှတ်၊ကျန်းမာရေးစစ်ဆေးခြင်းအပါအဝင် ကုန်ကျစရိတ် ထိုင်းနိုင်ငံသုံးဘတ်ငွေ ၃၀၈၀ ကုန်ကျခံရမှာ ဖြစ်ပြီး၊ အလုပ်လုပ်ခွင့် ၁နှစ်သက်တမ်း ရရှိမည် ဖြစ်သည်။ အလုပ်သမားလက်မှတ် လုပ်ပေးသည့်ကာလကို ၃လ သတ်မှတ်ထားပြီး၊ တစ်ရက်လျှင်လူဦးရေ ၅၀၀ နှုန်း ပြုလုပ်ပေးသွားမည်ဟု သိရသည်။ အလုပ်ရှင်အာမခံချက်ယူလာပြီးလက်မှတ်လာရောက်လုပ်ကိုင်နေသောကိုဦးက... လက်မှတ်လုပ်ပေးတဲ့ မြို့ပိုင်ရုံးဝင်းထဲမှာ သွေးစစ်ပေးတယ်၊ ဆီးစစ်ပေးတယ်၊ ဓါတ်မှန်ကားထားပြီး ရိုက်ပေး စစ်ပေးတဲ့အပြင် ရဲအချုပ်ကားလဲ အဆင်သင့်ထားပေးထားတာတော့စိတ်ထဲတစ်မျိုးကြီးဗျ။သူတို့ ဆိုလိုချင်တာက ဆီးစစ်လို့ မူးယစ်ဆေဝါး သုံးထားတာတွေ့ ရှိရင် အချုပ်ကားပေါ်တန်းတင်ဖို့  အသင့်ပြင်ထားတာဗျ။ ဒါကိုတော့စိတ်အနှောက်အယှက်ဖြစ်ရတယ်။ ကျနော်ကသူဌေးအမည်ခံခ(၁၅၀၀)ဘတ်ရယ်၊ဒီOSSရုံမှာက(၃၀၈၀)စုစုပေါင်း (၄၅၈၀)ဘတ်ကုန်တယ်ဗျ။..... ဟုပြောပြသည်။
ထိုင်းအာဏာသိမ်းစစ်ကောင်စီသည်မူလက၂လ(ရက်၆၀)သက်တမ်းရှိ ယာယီအလုပ်သမားလက်မှတ်များကိုကုန်ကျစရိတ်(၁၃၀၅)ဘတ်ဖြင့် မဟာချိုင်(ခေါါ်)ဆမွတ်ဆာခွန်ဒေသတွင်စမ်းသပ်ဆောင်ရွက်ရာ တွင်သက်တမ်းအနည်းငယ်(၂လ)သာရှိပြီးကုန်ကျစရိတ်မှာလည်း သိသိသာသာမသက်သာခြင်းအပေါါ်တွင် ထိုင်းနှင့်မြန်မာအလုပ်သမားအခွင့်အရေးဆောင်ရွက်သောအဖွဲ့ အစည်းများ ကဝေဖန်ထောက်ပြကြသည့်အပြင်ထိုင်းလုပ်ငန်းရှင်များကလည်း နေထိုင်အလုပ်လုပ်ကိုင်ခွင့်သက်တမ်းကို
၂လထက်ပိုမိုသက်တမ်းတိုးရန် ထိုင်းစစ်ကောင်စီထံပန်ကြားချက်များရှိကြောင်းသတင်းရရှိသည်။
သို့ နှင့်၂၀၁၄ခုနှစ်သြဂုတ်လ၄ရက်နေ့ မှစတင်ကာ၁နှစ်သက်တမ်းရှိနေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကို
ထိုင်းနိုင်ငံရှိခရိုင်ဒေသ(ရ၆)ခုစလုံးတွင်ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှဦးစီးဖွင့်လှစ်ထားသောOne Stop Serviceရုံးများမှာအထောက်အထားမဲ့ရွှေ့ ပြောင်းအလုပ်သမားတိုင်း ဆောင်ရွက်နိုင်ကြပြီဖြစ်သည်။
(ဓါတ်ပုံ---မဲဆောက်မြို့ ပိုင်ရုံးဝင်းမှာယနေ့ ဖွင့်လှစ်သောOSSရုံး)

No comments:
Post a Comment