>

ပန်းချီကျွမ်းကျင်သွားရင် ပန်းပုကို အလိုလိုတတ်သလိုရင် Listening နားရည်ဝရင်Speckingအလိုလိုတတ်ပါတယ်။
အိန်္ဒိယမှာ မွေးတဲ့ကလေးဟာ အိနိ္ဒယ
စကားပဲကြားမယ်။ အားလုံးကိုနားရည်ဝပြီးမှ တစ်ခွန်းစ၊ နှစ်ခွန်းစနဲ့ သိပ်မကြာ
ခင်ကိုယ့်အမေထက်တောင် သွက်နေမယ်။ ရှေးကသာသနာပြုကျောင်းတွေ
မှာ အင်္ဂလိပ်လိုပဲ ပြောကြတော့ အင်္ဂလိပ်စကားပဲ နားရည်ဝပြီး အင်္ဂလိပ်လို
ပြောနိုင်တာပေါ့။ ပြင်သစ်လို နားရည်ဝရင် ပြင်သစ်လိုပြောနိုင်တာပေါ့။
နိုင်ငံခြားသွားနေတဲ့သူများလဲ သိပ်မကြာခင်မှာ မြန်မာပြည် Speaking
ဆရာများထက်သာတာ တွေ့ရပါတယ်။ Speakingမှာ အရေးအကြီးဆုံးက
သံစဉ်Intonation ဖြစ်ပါတယ်။ လူမျိုးခြားတစ်ဦးက မြန်မာစကားလုံးများကို
ပီသစွာပြောသော်လည်း မြန်မာသံစဉ်မဟုတ်ရင် မြန်မာများ နားမလည်နိုင်ပါ။
ှSpeaking ဆိုတာ စကားလုံးများကို ပြောလိုက်တာမဟုတ်ပါ။ သံစဉ်တစ်ခုကို
အသံထွက်လိုက်တာပါ။ အင်္ဂလိပ်သံစဉ်နဲ့ပြောမှ အင်္ဂလိပ်နားထဲဝင်မယ်
တရုတ်သံစဉ်နဲ့ပြောမှ တရုတ်နားထဲဝင်မယ်။
စကားလုံးကို သိပ်ပီပီသသပြောဖို့မလိုပါ။ သံစဉ်မှန်ရင် ခပ်ပါးပါးလေးပြော
လဲ နားလည်ပါတယ်။ ကိုယ်လေ့လာတဲ့ ဘာသာစကားရဲ့ CD ခွေကို နေ့စဉ်
နားထောင်ရင် သံစဉ်ကိုပါ အလိုလိုနားရည်ဝသွားမှာပါ။ သီချင်းတစ်ပုဒ်ကို
နာရည်ဝသွားရင် အင်ထရိုလေးကြားတာနဲ့ အဆိုတော်ရှေ့ကဆိုသွားနိုင်သလို
ပေါ့။ ဘာသာစကားတစ်ခုဆိုတာလဲ သီချင်းတစ်ပုဒ်ပါပဲ။ Listening ကို နား
ရည်ဝရင် နိုင်ငံခြားသားတစ်ယောက်ရဲ့ပြောနှုန်းကို သက်တောင့်သက်သာ လိုက်
နားထောင်နိုင်ပြီပေါ့။ ဒါဆိုရင်ကိုယ့်ရဲ့နားဟာ စံချိန်မီသွက်တဲ့နားဖြစ်ပြီပေါ့။
လျှာသွက်ဖို့ အရေးမကြီးပါ။ ဖြည်း
ဖြည်း ပြောချင်ပြောမယ်၊ မြန်မြန်
ပြောချင်ရင်ပြောမယ်။ ၁၀တန်း
ခြောက်ဘာသာ ဂုဏ်ထူးရှင်တစ်ဦးရဲ့
စာကျက်နည်းက နှစ်စ ကစပြီး တစ်
နေ့စာကို တစ်ခေါက်ဖတ်ပါတယ်။
အလွတ်ရအောင် ကျက်တာမဟုတ်
ပါ။ နောက်နေ့တိုင်း အစမှ အဆုံး
အထိ တစ်ခေါက်ဖတ်ပါတယ်။ ရက်များလာတော့ အလွတ်ရတယ်ဆိုတာထက်
ပိုပြီး ဦးနှောက်မှာ အသားတံဆိပ်ဖြစ်သွားပြီး စာမေးပွဲမှာ မေးခွန်း
ဖတ်ပြီးတာနဲ့ အဖြေကို တန်းရေးချရုံပဲပေါ့။

ဒါကြောင့်ရှေးလူကြီးသူမများက အကြားအမြင်များရမယ်လို့ လမ်းညွှန်
ခဲ့တာပါ။ အကပန်တျာသင်တန်းဖြစ်ဖြစ်၊ သိုင်းသင်တန်းဖြစ်ဖြစ် လုံးဝအမြင်
မရှိသူကို လက်ကိုဒီလိုထား ခြေထောက်ကို ဒီလိုဆိုပြီးသင်ရင်ကိုးရိုးကားရား
နဲ့ အချိုးမကျဖြစ်နေပေမယ့် ဘေးကမသင်ပဲ ထိုင်ကြည့်နေတဲ့ကလေးတွေလုပ်
တာကတော့ အချိုးကပြေပြစ်နေပါတယ်။ သူတို့ကအာရုံမှာ အမြင်စွဲမြဲပြီးမှ လုပ်
တာကိုး။မြန်မာနိုင်ငံတနံတလျားရှိလူငယ်များ ကိုရီးယား၊ဂျပန်၊ အင်္ဂလိပ်၊ ထိုင်း၊
ပြင်သစ်၊ ဂျာမန်၊ မလေး၊ တရုတ်၊ စပိန် အစရှိတဲ့ဘာသာစကားများသာမက
စီးပွားရေး၊ လူမှုရေး၊ ပညာရေးများမှာပါ ခရီးဆုံးထိ သွားနိုင်ကြပါစေ။
+အညတြ(အင်းတော်)+

No comments:
Post a Comment