ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 4, 2014

=ဂရီမီယိုအသင်းရောက်စကိုလာရီ==

>

၂၀၁၄ ကမ်္ဘာ့ဖလားပွဲ ပြီးဆုံး တဲ့ အချိန်ကစပြီး အိမ်ရှင် ဘရာဇီး နည်းပြ စကိုလာရီရဲ့ သတင်းတွေ လည်း တိမ်မြုပ်သွားခဲ့ပါတယ်။ ဘရာဇီး အသင်းနဲ့ လမ်းခွဲခဲ့တဲ့ စကို လာရီဟာ အခုဆိုရင် ဘရာဇီးရဲ့ နာမည်ကြီးကလပ် ဂရီမီယိုအသင်းမှာ နည်းပြအဖြစ် တာဝန်ယူဆောင်ရွက် ဖို့ ခန့်အပ်ထားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်မှာ ဘရာဇီး အသင်းကို ကမ်္ဘာ့ဖလားချန်ပီယံ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပေ မယ့် ၂၀၁၄ ကမ်္ဘာ့ဖလားပွဲမှာ တော့ ဘရာဇီးပရိသတ်တွေအတွက် စိတ် ပျက်ဖွယ်ရာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ ခဲ့ရတာမို့ ဘရာဇီးဘောလုံး အဖွဲ့ချုပ် က စကိုလာရီကို နည်းပြအဖြစ်က ထုတ်ပယ်လိုက်ခြင်းဖြစ်ပါတယ်။ ဘရာဇီးထိပ်တန်းကလပ် ဂရီ မီယိုအသင်းဟာ နည်းပြအဖြစ် စကိုလာရီကို နည်းပြတာဝန်ယူဖို့ ကမ်္ဘာ့ဖလားပွဲမတိုင်မီကတည်းက ကမ်းလှမ်းမှုတွေရှိခဲ့ပြီး ဘရာဇီး အသင်းနည်းပြအဖြစ်က ထုတ်ပယ်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ နည်းပြ အဖြစ် ချက်ချင်းခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဂရီမီယိုကလပ်က စကိုလာရီ ကိုင်တွယ်ခဲ့ဖူးတဲ့အသင်း ဟောင်းဖြစ်ပြီး ၁၉၈၇ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၉၃ ခုနှစ်မှာ တစ်ကြိမ် ကိုင်တွယ်ခဲ့ဖူးတာမို့ အသင်းသစ် တော့ မဟုတ်ပါဘူး၊ ဂရီမီယိုအသင်း နဲ့အတူ စကိုလာရီဟာ ဆုဖလား ခုနစ်လုံးအထိ ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
နည်းပြစကိုလာရီဟာ ဂရီမီယို အသင်းနဲ့ ၁၈ နှစ်ကြာကွာဝေးပြီးမှ အခုလို ပြန်လည်ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ကူဝိတ်အသင်း၊ ဘရာဇီး အသင်းနဲ့ ပေါ်တူဂီအသင်းတွေကို လည်း နည်းပြအဖြစ် တာဝန်ယူခဲ့ ပါတယ်။ အခုအချိန်အထိ နိုင်ငံ့ လက်ရွေးစင် ဘောလုံးအသင်းတွေနဲ့ ကလပ်အသင်းတွေကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာ စုစုပေါင်း ၁၈ သင်း အထိ ရှိခဲ့ပြီဖြစ်ပါတယ်။ 

အခုကိုင်တွယ်တဲ့ ဂရီမီယို အသင်းက ဘရာဇီးရဲ့ ပြည်တွင်း အမှတ်ပေးဖလားနဲ့ ကိုပါလီအာတာ ဒိုးစ်ဖလားတွေကို ရယူနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ အိမ်ကွင်း အဝေးကွင်းရလဒ်တွေ ဆိုးရွားနေတာမို့ နည်းပြ အန်ဒါ ဆင်မိုရဲရားက ထုတ်ပယ်ပြီး စကို လာရီကို ပြန်လည်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ စကိုလာရီဟာ ဂရီမီယိုအသင်း ကို နည်းပြအဖြစ် ကိုင်တွယ်တဲ့အခါ သူနဲ့အတူ လက်ထောက် နည်းပြတွေ အဖြစ် အန်ဒရေဂျာဒီနာ၊ ဒါလန် ရှနိုက်ဒါတို့နဲ့အတူ လက်တွဲပြီး အောင် မြင်မှုတွေရရှိအောင် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒါကြောင့် အသက် ၆၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ စကိုလာရီဟာ ဂရီမီယိုအသင်း အတွက်တော့ အောင်မြင်မှုတွေ ဆောင်ကြဉ်း ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

+မိုးမြင့်လင်းလက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)