(၁) ဓာတ်အားလိုင်းကြိုးများ၊ အိမ်သုံး ဆားဗစ်ဝါယာကြိုးများ ပြတ်ကျမှု များတွေ့ရှိပါက ကိုင်တွယ်မှုလုံးဝ(လုံးဝ)မပြုလုပ်ရပါ။ အခြားသူ များ မကိုင်မိအောင်လည်း စောင့်ကြည့်တားဆီးထားပါ။ လျှပ်စစ်လုပ်ငန်းကျွမ်းကျင်သူ၊ လျှပ်စစ်ရုံးသို့ အမြန်ဆုံးအကြောင်း ကြားပါ။
(၂) ဓာတ်အားလိုင်းကြိုးများ နိမ့်ကျနေခြင်း၊ ဓာတ်အားလိုင်းကြိုးများ ပေါ်တွင် မီးပွားများဖြစ်ပေါ်နေခြင်းများတွေ့ရှိပါက လျှပ်စစ်ရုံးသို့ အမြန်အကြောင်းကြားပါ။
(၃) အဆောက်အအုံများ ဆောက်လုပ်ပြုပြင်ရာတွင် လျှပ်စစ်အန်္တရာယ် ကင်းရှင်းရန်အတွက် ဓာတ်အားလိုင်းကြိုးအနီးတွင် ကပ်၍ ဆောက်လုပ်ခြင်း မပြုရပါ။
(၄) ဓာတ်အားလိုင်းကြိုးများ အောက်တွင် ကားများရပ်၍ ကုန်တင်/ ကုန်ချခြင်းများ မပြုလုပ်ရပါ။
(၅) TVအင်တင်နာတိုင် တပ်ဆင်ရာတွင် လျှပ်စစ်အန်္တရာယ် ကင်းရှင်း ရန်အတွက် ဓာတ်အားလိုင်းကြိုးအနီးနှင့် ဓာတ်အားလိုင်းကြိုးများ အောက်တွင် စိုက်ထူခြင်း မပြုလုပ်ရန် အထူးသတိပြုပါ။
(၆) ရေစိုလက်ဖြင့် အိမ်သုံးလျှပ်စစ်ပစ်္စည်းများ၊ မီးခလုတ်၊ မီးပလပ် များအား ကိုင်တွယ်ခြင်း မပြုရ။
(၇) တမံတလင်း၊ မြေပြင်ပေါ်၌ ခြောက်သွေ့သော ဖိနပ်စီးထားခြင်း ရှိဘဲ လျှပ်စစ်ပစ်္စည်းများ၊ မီးခလုတ်၊ မီးပလပ်များ ကိုင်တွယ် အသုံးမပြုရ။
(၈) ပျက်စီးနေသော မီးပလပ်၊ မီးခလုတ်များ၊ ဆော့ကတ်များအသုံးမပြုရ၊ အမြန်ဆုံး လဲလှယ်ရပါမည်။
(၉) ဓာတ်လိုက်နေသူအား လက်ဖြင့် မဆွဲရ။ ဓာတ်မလိုက်နိုင်သော (ခြောက်သွေ့သော) ပစ်္စည်းတစ်ခုခုဖြင့် တွန်းထုတ်ဖယ်ရှားခြင်း ဆောင်ရွက်ရမည်။
(၁၀) ဓာတ်လိုက်မှု ဖြစ်ပွားပါက မိန်းခလုတ်ကို အမြန်ဆုံး ပိတ်ရမည်။
(၁၁) လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာခြင်းဖြစ်ပြီးတိုင်း သစ်ပင် သစ်ကိုင်းများ ကျိုး၊ ပြတ်ကျမှုကြောင့် ဓာတ်အားလိုင်းကြိုးများ၊ ဆားဗစ်ကြိုးများ ပြတ်ကျမှု ရှိ၊ မရှိကို မိမိလမ်း၊ ရပ်ကွက် အတွင်း တာဝန်သိစိတ်ဖြင့် ကြည့်ရှုစစ်ဆေးသတင်းပို့ဆောင်ရွက် ပေးပါ။
(၁၂) ဓာတ်တိုင်မှ အိမ်သို့ သွယ်တန်းထားသော လိုင်းကြိုး(ဆားဗစ်ကြိုး) ဟောင်းနွမ်းပေါက်ပြဲနေခြင်း၊ အိမ်တွင်းဝါယာကြိုးများ ဟောင်းနွမ်း ပေါက်ပြဲနေခြင်းများသည် လျှပ်စစ်အန်္တရာယ်ရှိသဖြင့် အမြန်ဆုံး လဲလှယ်ရေးအတွက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများနှင့် ဆက်သွယ် ဆောင်ရွက်သွားပါ။
(၁၃) ယာယီသွယ်တန်းရာတွင် အသုံးပြုသောနှစ်ပင်လိမ်ကြိုးများသည် လျှပ်စစ်ဝန်အား အနည်းငယ်သာ သုံးနိုင်ခြင်း၊ ဆွေးမြည့်ပေါက်ပြဲမှု၊ လွယ်ကူခြင်းများကြောင့် လျှပ်စစ်အန်္တရာယ်ဖြစ်နိုင်ပါ၍ အရည် အသွေးကောင်းသော ကြိုးများကိုသာ အသုံးပြုပါ။
+လျှပ်စစ်စွမ်းအားဝန်ကြီးဌာန-မြန်မာနိုင်ငံ+

No comments:
Post a Comment