>
ဘ၀အမောတွေဖြင့် ပြည့်နှက်နေသော လော
ကီနယ်တွင် သောကအပူမီးကို ပိန်းကြာရွက်
တွင် ရေမတင်ဘိသကဲ့သို့ အစဉ်ငြိမ်းအေးစေနိုင်
သော နှလုံးအေးသည့် ဆေးစွမ်းကောင်းများ ရှိ
နေပါသည်။ လူတိုင်းသိထားပြီးသော ဆေးနည်း
များလည်း ဖြစ်ပါသည်။
တချို့က “ပြိုင်လာလျှင်အရှုံးပေး နှလုံးအေး
တဲ့ဆေး” ဟု ဆိုကြသည်။ အရှုံးပေးတိုင်း နှလုံး
အေးနိုင်မည်လား။ မိမိတို့စဉ်းစားကြည့်သင့်
ပါသည်။ ယှဉ်ပြိုင်မှုဟူသည် လောကီနယ်ပယ်
တွင် မလွဲမသွေလုပ်ဆောင်ကြရမည့် လုပ်နည်း
လုပ်ဟန်တစ်ရပ်သာ ဖြစ်ပါသည်။ တစ်ဖက်တွင်
လည်း ယှဉ်ပြိုင်ခြင်းနှင့် ရှင်သန်ခြင်း ဒင်္ဂါးတစ်
ပြား၏ ခေါင်းနှင့်ပန်းပမာ ခွဲခြားမရစကောင်း
သော အရာများသာ ဖြစ်ပါသည်။ ယှဉ်ပြိုင်ခြင်း
ကြောင့် ယုံကြည်ချက်ကိုခိုင်မာစေပြီး ကိုယ်
ရည်ကိုယ်သွေးကိုလည်း မြင့်မားစေပါသည်။
အကယ်၍ “ပြိုင်လာလျှင်အရှုံးပေး နှလုံးအေး” သူ
ဖြစ်ခဲ့ပါလျှင် အကြင်ပုဂ်္ဂိုလ်သည် တရားဓမ်္မနှင့်
မွေ့ပျော် လောကုတ်္တရာနယ်ပယ်မှ သူတော်စင်
သာ ဖြစ်ပါလိမ့်မည်။ လောကီနယ်တွင်ကား “ပြိုင်
လာလျှင်အရှုံးပေး နှလုံးအေးတဲ့ဆေး” ဆိုခြင်း
သည် “ထမင်းရည်ပူ လျှာလွှဲ” လောကဓံကိုရင်
မဆိုင်ရဲသော အကြောင်းပြချက်တစ်ရပ်သာ
ဖြစ်ပေလိမ့်မည်။
မြန်မာမှုနယ်ပယ်တွင် “လှေခွက်ချည်းကျန်
အလံမလဲ”၊ “တက်ကျိုးလည်း လက်ထိုးလှော်”
ဆိုသည့် စကားများသည် အနိုင်မခံအရှုံးမပေး
မလျော့သောဇွဲလုံ့လဖြင့် နောက်ဆုံးအချိန်ထိ
တိုင် ယှဉ်ပြိုင်ခြင်းကို အားပေးထားခြင်းဖြစ်ပါ
သည်။ သို့သော် “ငါ့လှေငါထိုး ပဲခူးရောက်
ရောက်” တယူသန်၊ တစောက်ကန်းနှင့် “မျက်
ကန်း တစေ်္ဆမကြောက်” အစွန်းရောက်လုပ်ရပ်မျိုး
ကိုကား အားမပေးသင့်ပါ။ အရေးကြီးဆုံးမှာ
ရိုးသားသောယှဉ်ပြိုင်ခြင်းသာ ဖြစ်ဖို့လိုပါသည်။
လတ်တလော ကမ်္ဘာ့ဖလားပွဲတုန်းက အနိုင်ရလို
ဇောဖြင့် တစ်ဖက်လူအား ဒဏ်ရာအနာတရဖြစ်
အောင် တမင်ပြုလုပ်ခြင်း၊ အခွင့်အရေးအတွက်
ကိုယ်ကို လှဲချဟန်ဆောင်ပြခြင်းများသည်
သိက်္ခာမဲ့သောလုပ်ရပ်မျိုးဖြစ်၍ ကောင်းသော
ယှဉ်ပြိုင်ခြင်းဟု မဆိုနိုင်ပါ။
ယှဉ်ပြိုင်ခြင်းတွင် နှစ်မျိုးနှစ်စားရှိပါသည်။
အတွင်းအဇ္ဈတမှာ ယှဉ်ပြိုင်ခြင်းနှင့် အပြင် ဗဟိ
ဒ်္ဓယှဉ်ပြိုင်ခြင်း ဟူ၍ ဖြစ်ပါသည်။ အတွင်း ယှဉ်
ပြိုင်ခြင်းသည် စိတ်မနောမှာ တယံမလပ်ဖြစ်
ပေါ်နေသည့် ကုသိုလ်၊ အကုသိုလ်နှစ်ပါးအား
ပြိုင်ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ
များအချင်းချင်း ယှဉ်ပြိုင်ကြခြင်း၊ လုပ်ငန်းခွင်
အသီးသီးတွင် လုပ်ဖော်ကိုင်ဖက်များ အချင်း
ချင်းကြား ယှဉ်ပြိုင်ခြင်းများကား အပြင်ဗဟိဒ်္ဓ
ယှဉ်ပြိုင်ခြင်းများ ဖြစ်ပါသည်။ အတွင်းစိတ်
မနောကို ထိန်းကျောင်းကာ ကုသိုလ်စိတ်ဖြင့်
တွန်းပို့နိုင်ခြင်းသည်သာ ဘ၀၏အောင်နိုင်
ခြင်း အစစ်အမှန်ဖြစ်ပြီး ထိုပုဂ်္ဂိုလ်မျိုးအား ပညာ
ရှိသူတော်ကောင်းများက ကောင်းချီးပေးကြ
သည်။
မည်သို့ဆိုစေ ရိုးသားကြိုးစားယှဉ်ပြိုင်
ခြင်းသည် လူပီသမှု၏လက်္ခဏာ ဘ၀၏အလှ
ရတနာတစ်ပါးဟု ဆိုနိုင်ပါသည်။
လောကီနယ်သားများအတွက် နှလုံးအေးတဲ့
ဆေးဆိုသည်မှာ လူသာမန်တို့နှင့် မထိုက်တန်
အဆင့်မြင့်သူများသာ ကျင့်သုံးနိုင်သော “ဗြဟ်္မ
ဝိဟာရ-ဗြဟ်္မစိုရ်တရားလေးပါး” ဖြစ်ပါသည်။
ငြိမ်းချမ်းမှုကိုရယူနိုင်ပြီး နိဗ်္ဗာန်ထိတိုင် မျက်
မှောက်ပြုနိုင်စွမ်းသည့် အကျင့်မြတ်လည်း ဖြစ်
ပါသည်။ ယင်းမှာ “မေတ်္တာ၊ ကရုဏာ၊ မုဒိတာ၊
ဥပေက်္ခာ” ဟူသည့် လူသားဝိဟာရလေးပါးဖြစ်
ပါသည်။ ဤသည်ပင်လျှင် အတွင်းအောင်နိုင်
ခြင်း၏ အခြေခံတရားလေးပါးဟုလည်း ဆိုနိုင်
ပါသည်။
ဦးစွာပထမ “မေတ်္တာ” ဟူသည် မြင်မြင်သမျှ
အားလုံးအပေါ် ဆူကြုံနိမ့်မြင့်မရွေး အရောင်
အသွေးမခွဲခြား ကိုယ်ချင်းစာတရားနှင့် ဖြူစင်
ရှင်းသန့်ချစ်ခြင်းသဘော၊ ငြိမ်းချမ်းမှု၏ အခြေခံ
ဗြဟ်္မ၀ိဟာရတရားတစ်ပါး ဖြစ်ပါသည်။
“ကရုဏာ” ဟူသည် မိဘနှင့်သားသမီး၊
တပည့်နှင့်ဆရာကြား ထားအပ်သည့် မေတ်္တာ
တရား။ တစ်နည်းအားဖြင့် မိမိထက်နိမ့်သူများ
ပေါ်ထားအပ်သော ကြင်နာသနားခြင်းမျိုး ဖြစ်
ပါသည်။
ဆိုဖာရီနိုစစ်မြေပြင်တွင် ဒဏ်ရာရ
စစ်သည်များအား ခွဲခြားဆက်ဆံပြုနေသော
အီတလီကျေးတောသူကလေးများကို ဟင်နရီ
ဒူးနန့်ကျွှန မေနေူ မြသအ့နမ. စကားဖြင့် ယဉ်ပါး
စေနိုင်ခဲ့သည်။ တွေ့ဆုံရသမျှ နိမ့်ပါးသူများ
အားလုံးအပေါ်မှာ ဆွေမျိုးရင်းချာ ညီအစ်ကို
မောင်နှမများဟု ဟင်နရီဒူးနန့်လို အမြင်ကြည်
လင်ပါလျှင် မိမိတို့ နှလုံးအိမ်မှာ အစဉ်ထာဝရ
ကရုဏာတရားနှင့် ငြိမ်းချမ်းမှုအတိ ရှိနေပါ
လိမ့်မည်။
“မုဒိတာ” ကား ကိုယ့်ထက်မြင့်မြတ်သူများ
အပေါ်မှာ ရိုးသားစွာ ပီတိသောမနဿဖြစ်ခြင်း
တစ်မျိုး ဖြစ်ပါသည်။ စိတ်ထားမြင့်မြတ်သူများ၏
ဥစ်္စာ၊ မေတ်္တာကိုယ်ပွား တရားတစ်ခု ဖြစ်ပါ
သည်။
မေတ်္တာ၊ ကရုဏာ၊ မုဒိတာဟူသည် ကိုယ်ချင်း
စာနာတတ်သူများအတွက် လောက၏လက်
ဆောင် အဆောင်ကောင်းများ ဖြစ်ပါသည်။
လူတိုင်းမှာ ဤတရားများနှင့် မပြည့်စုံနိုင်သလို
ဤတရားများနှင့် မထိုက်တန်သူ လူ့ဂွစာများ
လည်း မိမိတို့ဝန်းကျင်တွင် ဒုနှင့်ဒေး တွေ့မြင်နေ
ရပါသည်။ “ကိုယ့်စိတ်နှင့်နှိုင်း မရိုင်း” ဟု
ဆိုရိုးစကားရှိပါသည်။ ကိုယ်ချင်းစာနာတတ်
မှုနှင့် သက်ဆိုင်သည့်စကားစုတစ်ရပ် ဖြစ်ပါ
သည်။ သို့သော် မိမိတို့ဝန်းကျင်တွင် ကိုယ့်စိတ်
နှင့်နှိုင်း ရိုင်းနေကြသူများသာ အများအပြားရှိ
နေတတ်ပါသည်။ တစ်စုံတစ်ဦးသည် ပင်ကိုယ်
ဗီဇဓာတ်ခံ အားကောင်း-မကောင်း၊ အရာရာကို
အကောင်းမမြင်၊ အမြဲလိုငြိုငြင် ဘ၀င်မကျဖြစ်
နေတတ်သူဆိုပါလျှင် ထိုသူ၏ ကိုယ့်စိတ်နှင့်နှိုင်း
ခြင်းသည် ကိုယ်ချင်းစာနာမှု ဖြစ်လာမည်မဟုတ်
ပါ။ ထိုကဲ့သို့သောလူများ၏ နှလုံးအိမ်မှာ
မေတ်္တာ၊ ကရုဏာ၊ မုဒိတာတရားများအတွက်
နေစရာမရှိနိုင်ပါ။ ပင်ကိုယ်ဗီဇမကောင်း၍
ကိုယ့်စိတ်နှင့်နှိုင်း ရိုင်းသွားကြရသည်။ ထို့
ကြောင့် တောင်မြို့ ဆရာတော်ဘုရားကြီးက “စိတ်
ကောင်းရှိဖို့ ပထမ” ဟု မိန့်ဆိုခဲ့ခြင်း ဖြစ်ပါသည်။
ထိုထိုသောပုဂ်္ဂိုလ်များနှင့် ထိတွေ့ဆက်ဆံ
ပြုကြရာတွင် ဥပေက်္ခာတရားသည်သာ အမှန်
ကန်ဆုံးနှင့် အကောင်းဆုံး။ မေတ်္တာ၊ ကရုဏာ၊
မုဒိတာတရားများနှင့် ဆက်ဆံ၍မရသူကို ကံ
သုံးပါးစလုံးတွင် ဥပေက်္ခာပြုလျက် ကင်းကင်း
ရှင်းရှင်း နေထိုင်ခြင်းသည်သာ ဘ၀နေနည်း
အမှန်ဖြစ်ပါသည်။ ဤသည်ပင် နှလုံးအေး
တဲ့ဆေးအစစ် ဖြစ်ပါသည်။ ဆရာကြီးပီမိုးနင်း
က “သူများအကြောင်း တွေးနေ ပြောနေခြင်း
သည် အခကြေးငွေမရဘဲ ကျွန်ခံခြင်း” ဟု သတိ
ပေးထားခဲ့သည်။ ဘင်ဂျမင်ဖရင်ကလင်က “လူ
တစ်ယောက်အကြောင်း အကောင်းပြောစရာ
မရှိပါလျှင် သူ့အကြောင်းမပြောဘဲ တိတ်တိတ်
နေ၏” ဟု ပြောခဲ့သည်။
(Life is too short to be little)လူ့
ဘ၀သက်တမ်းသည် တိုတိုလေး၊ သေးသိမ်နေဖို့
အချိန်မရှိ” ဟု ဆိုခဲ့သူက အင်္ဂလန်နန်းရင်းဝန်
ဒေ့စ်ရေးလီ။ ပညာရှိများ၏ အပူနယ်ရှောင်ကွင်း
ဘ၀နေနည်းများ။ ဘ၀ခရီးမှာ “မိတ်ဆွေသာ
ရှိ ရန်သူမရှိ” ကျင့်ကြံ နေထိုင်တတ်ဖို့ လို
သည်။ “အာဃာတ” တရားသည် ကြောက်စရာ
အကောင်းဆုံး ငရဲမီးတစ်မျိုး။ တစ်ဖက်သား
က ရန်သူကဲ့သို့ ပြုမူလာလည်း မိမိဘက်က
“ကြည့်မှန်” ကဲ့သို့ မတုန့်ပြန်ဘဲ သတိနှင့်ယှဉ်
ဥပေက်္ခာပြု နေထိုင်မှုသည် နှလုံးအေးသည့်
ဆေးစစ်ဆေးမှန် ဖြစ်ပါသည်။
လောကတွင် ဆောင်သင့်ရှောင်သင့်သူ လူ
နှစ်မျိုးနှစ်စားရှိပါသည်။ နှလုံးသားမှာ အစဉ်
သိမ်းဆည်းထားရမည့်သူနှင့် အမှိုက်ကဲ့သို့
ကျင့်သုံးရမည့်သူဟူ၍ ဖြစ်ပါသည်။ မိမိအပေါ်
မှာ ကျေးဇူးပြု မိသားစုသဖွယ် နွေးထွေးမှုပေးသူ
များနှင့် တူညီသောတုန့်ပြန်မှုမလာသူ ရန်သူကဲ့
သို့ ပြုမူသူများ ဖြစ်ပါသည်။
“အားလုံးဖမ်းလျှင် အားလုံးလွတ်သည်”
တရုတ်စကားပုံရှိသည်။ အားလုံးကိုဖမ်းဆုပ်
ထားလျှင် အားလုံးကို ဆုံးရှုံးသွားနိုင်ပါသည်။
ရတနာနှင့် အမှိုက်ကို ခွဲခြားမှုမပြု၊ရောနှော
သိမ်းဆည်းထားလျှင် ဆွမ်းဆန်မှာကြွက်ချေး
ရောသလို ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေ
လုံးပုပ်သွားရသည့် အဖြစ်မျိုးနှင့်အုတ်ရောရော
ကျောက်ရောရောဘ၀မှာ ငြိမ်းချမ်းမှု မရှိဖြစ်
နေရပါလိမ့်မည်။
လူ့ဘ၀မှာ အသက်တစ်ရာမနေရ အမှုတစ်ရာ
တွေ့ရစမြဲ ဓမ်္မတာဖြစ်ပါသည်။ အကောင်း-
အဆိုး၊ အလင်း- အမှောင် ဆန့်ကျင်ဘက်
သဘောများနှင့် လူ့လောကတွင် နှလုံးအေးတဲ့
ဆေးဟူ၍ အဆိုးထဲကအကောင်း၊ အမှောင်
ထဲမှအလင်းကို ရှာဖွေတွေ့ရှိရယူနိုင်ခြင်းပင်ဖြစ်
ပါသည်။ တစ်နည်းအားဖြင့် နှလုံးအေးတဲ့ဆေး
ဟူသည် ဘုရားဟောသည့် ဗြဟ်္မစိုရ်တရားလေး
ပါးနှင့်အညီ ကျင့်ကြံနေထိုင်တတ်ခြင်းပင်ဖြစ်သည်။
+အောင်ကျော်ညို(ဆင်ချဆိပ်)+

Sunday, August 3, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment