ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 11, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

>
**ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲ၌ဆီရီနာဝီလျံကို အစ်မဖြစ်သူ ဗီးနပ်စ်ဝီလျံကအနိုင်ကစား**
 ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲ၌ တင်းနစ်လောကတွင် နာမည်ကြီးသည့်ကမ်္ဘာ့နံပါတ်တစ်ဆီရီနာဝီလျံကို အစ်မဖြစ်သူ ဗီးနပ်စ်ဝီလျံက ရှားရှားပါးပါးအနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။ ယင်းပွဲတွင် ဗီးနပ်စ်က ဆီရီနာကို၆-၇(၂-၇)၊ ၆-၂၊ ၆-၃ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သူမသည် အသက် ၃၂ နှစ်ရှိ ဆီရီနာအား အနိုင်ရလိုက်ခြင်းသည် ငါးနှစ်အတွင်း အဆိုပါဖလားကိုပထမဆုံးအကြိမ် ဆွတ်ခူးရန်အနေအထားဖြစ်လာသည်။ ကမ်္ဘာ့အဆင့်(၂၆) ရှိဗီးနပ်စ်ဝီလျံသည် ဗိုလ်လုပွဲတွင် ရက်ဝမ်စကာ သို့ မဟုတ် မာကာရိုဗာနှင့်ကစားရမည်ဖြစ်သည်။ ဗီးနပ်စ်ဝီလျံအနေဖြင့်ကနေဒါ နိုင်ငံ၌ ကျင်းပနေသော အဆိုပါဖလားကို ဆွတ်ခူးနိုင်ခဲ့ပါက သြဂုတ် ၂၆ ရက်တွင် ကျင်းပမည့်ယူအက်စ်အိုးပင်းဖလားတွင် အကောင်းဆုံးယှဉ်ပြိုင် နိုင်ရေးအတွက် များစွာအထောက်အကူဖြစ်မည်ဖြစ်သည်။(ကောင်းမြတ်သူ)

**အာဆင်နယ်နောက်တန်းလူဗာမေလန်အားငါးနှစ်စာချုပ်ဖြင့်ဘာစီလိုနာခေါါ်ယူ**
အာဆင်နယ်အသင်းမှ ဘယ်လ်ဂျီယံကြယ်ပွင့်ဗာမေလန်အား သြဂုတ် ၉ ရက်က ဘာစီလိုနာအသင်းနှင့် ကျန်းမာရေးဆိုင်ရာဆေးစစ်မှုများ လုပ်ဆောင်ခဲ့ ပြီးဖြစ်၍ သြဂုတ် ၁၀ ရက်တွင် ပြောင်းရွှေ့ ကြေး ယူရို၁၉ သန်းဖြင့်စပိန်လာလီဂါကလပ် ဘာစီ လိုနာအသင်းသို့  ငါးနှစ်စာချုပ်ဖြင့် အပြီးသတ်စာချုပ်ချုပ်ဆိုကာ ပြောင်း ရွှေ့ သွားခဲ့ပြီဖြစ်သည်။ ဘယ်လ်ဂျီယံနောက်တန်းကစားသမား ဗာမေလန်အား ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းနှင့်စပိန်ကလပ် ဘာစီလိုနာအသင်းတို့  ခေါ်ယူရန် အပြိုင်ကြိုးပမ်းလျက်ရှိ သော်လည်း ဗာမေလန်အနေဖြင့် ဘာစီလိုနာ အသင်းသို့ သာ ပြောင်း ရွှေ့ သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မန်ယူအသင်းသည် အာဆင်နယ်နောက်ခံလူ ဗာမေလန်ကိုမရသည့် အဆုံးတွင် ဂျာမန်ဘွန် ဒက်လီဂါကလပ် ဒေါ့မွန်အသင်းမှ နောက်တန်းကစားသမား မက်ဟမ်းမဲကိုခ်ါယူရန်ပစ်မှတ်ထားလာခြင်းဖြစ်သည်။ ဗာမေလန်အား စာချုပ်ခေါ်ယူခဲ့သည့်ဘာစီလိုနာအသင်းသည်လည်း ကနဦးစာချုပ်အရ ပြောင်းရွှေ့ ကြေးယူရို ၁၅ သန်းပေးရမည်ဖြစ်ပြီး ထပ်ဆောင်းပြောင်းရွှေ့ကြေးအဖြစ် ယူရိုလေးသန်း ထပ်ပေးမည်ဖြစ် ကြောင်း သိရသည်။ အာဆင်နယ်အသင်းကမူ ၎င်းတို့ ၏ နောက်တန်းကစားသမား ဗာမေလန်သည် အလွတ်ပြောင်းရွှေ့ ကြေးဖြင့်  ဘာစီလိုနာအသင်းသို့ အမြဲတမ်းစာချုပ်တစ်ရပ်ချုပ်ဆိုကာ ပြောင်းရွှေ့ သွားခဲ့ ခြင်းဖြစ်ကြောင်း အာဆင်နယ်အသင်းဝက်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။(ငွေကြယ်)  

**ဆွမ်ဆီးကွင်းလယ်လူဂက်ဇ်မန်းအားပေါင်ခုနစ်သန်းဖြင့်  ကျူပီအာခေါ်ယူသွားမည်**
ကျူပီအာအသင်းသည် ဆွမ်ဆီး အသင်းကွင်းလယ် ကစားသမား ဂက်ဇ်မန်းအား ခေါ်ယူရန် မျက်စိကျလျက်ရှိပြီး အသက်(၂၆)နှစ်အရွယ်ကွင်းလယ်ကစားသမားဂက်ဇ်မန်း အား ကျူပီအာအသင်းအနေဖြင့် ပြောင်းရွှေ့ ကြေး ပေါင်ခုနစ်သန်းဖြင့် ခေါ်ယူသွားမည်ဖြစ်ကြောင်းလည်းသိရသည်။ ကွင်းလယ်ကစားသမား ဂက်ဇ်မန်း သည် ဆွမ်ဆီးအသင်းနှင့် အတူ ပရီမီး ယားလိဂ်၌ ဘောလုံးရာသီနှစ်ရာသီ ကြာကစားပေးခဲ့ သူဖြစ်သည်။ ဆွမ် ဆီးအသင်းသည် ဆန်းဒါးလန်းအသင်း၌ အငှားချထားသောကီဆောင်ယန်အသင်းသို့ ပြန်လည်ရောက်ရှိလာခြင်း ကြောင့်အသင်း၏ ကစားကွက်ကို ပြန်လည်ပုံဖော်ရန်ရှိနေကြောင်း ဆွမ်ဆီးအသင်းနည်းပြ ဂယ်ရီမွန့် က ပြော ကြားခဲ့သည်။ ထို့ကြောင့် ဆွမ်ဆီးအသင်းသို့ ကီဆောင်ယန် ပြန်လည်ရောက်ရှိလာပါက အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန်ရုန်းကန်ရနိုင် သည့်ဂက်ဇ်မန်း အနေဖြင့် အသင်းမှထွက်ခွာဖွယ်ရှိသည် ဆိုသည့်သတင်းများထွက်ပေါ်လျက်ရှိပြီး ကျူပီအာအသင်းနည်းပြ ဟယ်ရီ ရက်နက်အနေဖြင့်ကနေဒါနွယ်ဖွား နယ်သာလန်ကြယ်ပွင့် ဂက်ဇ်မန်းအား ပြောင်းရွှေ့ ကြေးပေါင် ခုနစ်သန်းဖြင့်ခေါ်ယူနိုင်မည်ဟု ပြောကြားလာခြင်း ဖြစ်သည်။ ကွင်းလယ်ကစားသမား ဂက်ဇ် မန်းသည် ပြီးခဲ့သည့်ဘောလုံးရာသီနှစ်ရာသီအတွင်း ဆွမ်ဆီးအသင်းနှင့် အတူ ၉၃ ပွဲပါဝင်ကစားပေးခဲ့ ရာတွင် ၂၀၁၃ ခုနှစ်တွင် လိဂ်ဖလားကိုဆွတ်ခူးနိုင်ခဲ့သည့် အပြင် ပြီးခဲ့သည့်ရာသီကလည်း ဆွမ်ဆီးအသင်းနှင့် အတူ ယူရိုပါလိဂ် ၁၁ ပွဲအထိ ပါဝင်ကစားပေးနိုင်ခဲ့ သူဖြစ်သည်။(နိုင်လင်းကြည်) 

**ချီလီကွင်းလယ်လူဂါရီမက်ဒဲလ်အား အင်တာမီလန်က ပေါင် ၁၀ သန်းဖြင့်စာချုပ်ချုပ်ဆို**

ကမ်္ဘာ့ဖလားတွင် ချီလီအသင်းနှင့်အတူ ခြေစွမ်းပြခဲ့ သည့်ကာဒစ်စီးတီးအသင်းမှ ကွင်းလယ်ကစားသမား ဂါရီမက်ဒဲလ်အား အင်တာမီလန်က ပေါင် ၁၀ သန်းဖြင့်စာချုပ်လိုက်သည်။ အသက် ၂၇ နှစ်ရှိဂါရီမက်ဒဲလ်သည် ၂၀၁၃ ခုနှစ် သြဂုတ်လက စပိန်ကလပ် ဆီဗီလာမှ ပေါင် ၁၁ သန်းဖြင့်ရောက်ရှိ လာခြင်းဖြစ်သည်။ ၄င်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပွဲ ၃၄ ပွဲပါဝင် ကစားခဲ့ ပြီး တန်းဆင်းခဲ့ရသည်။ (ကောင်းမြတ်သူ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)