ယခုလို မိုးရာသီရောက်တဲ့အခါ မြွေအန်္တရာယ်ကို သတိ ပြုသင့်ပါတယ်။ မြို့လယ်ခေါင်တိုက်ခန်းတွေမှာ မြွေသတ်္တ၀ါ ကိုမြင်တွေ့ ရခဲသော်လည်း သစ်ပင် လယ်မြေ မြက်ချုံပေါ များကာ ရေစပ်စပ်ရှိတဲ့ ဥပမာရန်ကုန်တိုင်းဒေသကြီး အတွင်းက တောင်ဥက်္ကလာ၊ မြောက်ဥက်္ကလာ၊ သာကေတ နှင့် ဒဂုံမြို့သစ် စတဲ့မြို့နယ်တွေမှာတော့ မြွေကိုတွေ့ရတတ် ပါတယ်။ မြန်မာပြည်ရှိ အဆိပ်ပြင်းတဲ့မြွေနှစ်မျိုးမှာ မြွေပွေး နှင့် မြွေဟောက်တို့ဖြစ်ကြပြီး၊ မြွေပွေးအဆိပ်က လူ့ခန်္ဓာ ကိုယ်သွေးခဲတဲ့စနစ်ကို ထိခိုက်ပျက်စီးစေတာကြောင့် မြွေပွေးကိုက်ခံရပါက သွေးမတိတ်ဘဲ ဦးနှောက်၊ အစာလမ်း ကြောင်းတွေမှာ သွေးယိုစိမ့်ခြင်းအပြင်၊ ဆီးထဲမှာသွေးပါ ပြီး ကျောက်ကပ်ပျက်စီးတတ်ပါတယ်။ မြွေဟောက်အဆိပ် ကတော့ အာရုံကြောစနစ်ကို ထိခိုက်တာကြောင့် လူနာက မှိန်းလာပြီး အာရုံခံစားမှုမရှိတော့ဘဲ ထုံကျင်လာကာ နောက်ဆုံးမှာ အာရုံကြောတွေပျက်စီးပြီး ကြွက်သားလှုပ် ရှားမှုအားပျော့ အသက်ရှုခြင်းနှင့် အဆုပ်ကို ထိခိုက်လာ ပါတယ်။ အမှန်တကယ်တော့ မြွေတွေက လူမြင်တိုင်း လိုက်ကိုက် တတ်ကြတာမဟုတ်ပါဘူး။ မလွဲမရှောင်သာတဲ့ အချိန် ကြမှသာ သူ့ကိုတစ်စုံတစ်ခုက အန်္တရာယ်ပြုမယ်လို့ထင် တဲ့အခါမှာ သူ့ကိုယ်သူကာကွယ်သည့်အနေဖြင့် လူကိုကိုက် ခြင်းသာဖြစ်ပါတယ်။ မြွေအဆိပ်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ အကိုက်ခံရတဲ့ နေရာမှာ နာကျင်မှုဖြစ်စေပါတယ်။ မြွေအစွယ်ကြောင့် ဒဏ်ရာအပေါက်မှ သွေးထွက်တတ်ပြီး တစ်ခါတလေ အဆင်မသင့်ရင် ထိုဒဏ်ရာပေါက်မှတစ်ဆင့် မေးခိုင်ပိုးဝင်နိုင်ပါတယ်။
အကယ်၍ အဆိပ်ပြင်းတဲ့မြွေ အကိုက်ခံရပါက ဒဏ်ရာ ပတ်ဝန်းကျင်မှာ ငါးမိနစ်အတွင်း ပြင်းထန်စွာ ရောင်ရမ်း နာကျင်မှုဖြစ်ကာ မီးလောင်ဒဏ်ရာကဲ့သို့  အရည်ကြည် ဖုများ ပေါ်ထွက်လာပါတယ်။ ဒါ့အပြင် ကိုက်ခံရတဲ့နေရာ တစ်ဝိုက် ကြွက်သားနဲ့ အရေပြားတွေ ပျက်စီးပြီး နောက် ဆုံးမှာ ပုပ်သွားတဲ့အထိ ဆိုးဝါးနိုင်တယ်။ ကိုက်လိုက်တဲ့ မြွေရဲ့အစွယ်အနက်၊ သူထုတ်လိုက်တဲ့  အဆိပ်ပမာဏနဲ့  အကိုက်ခံရတဲ့နေရာပေါ်မူတည်ပြီး အဆိပ်ပြန့်တာ အနှေး အမြန် ကွာခြားပါတယ်။ ဥပမာ-ဦးခေါင်းပိုင်း၊ မျက်နှာ၊ လည်ပင်းတို့ကို အကိုက်ခံရပါက နှလုံးသွေးပြန်ကြောနှင့် နီးစပ်တာကြောင့် အဆိပ်ပျံ့တာလည်း ပိုမြန်ဆန်ပါတယ်။
<br /> (၁) monovalent နှင့်polyvalent ဟူ၍ မြွေဆိပ်ဖြေ ဆေး နှစ်မျိုးရှိပါတယ်။monovalentက သတ်မှတ်ထားတဲ့  မြွေအမျိုးအစားတစ်မျိုးတည်းအတွက်သာ သုံးနိုင်ပြီး၊ polyvalent ကတော့ မြွေအမျိုးအစားတစ်မျိုးမကတဲ့  အဆိပ်များကို ပြေပျောက်စေပါ တယ်။ ဒါကြောင့် သုံးရမည့် မြွေဆိပ်ဖြေဆေးဟာလည်း မတူကြတာမို့  မြွေကိုက်ခံရရင် (ဖြစ်နိုင်ပါက) ကိုက်တဲ့မြွေကိုပါ တစ်ပါတည်း ဆေးရုံယူ သွားပြဖို့ လိုအပ်ပါတယ်။ မြွေကလည်း ကိုက်ပြီးတာနဲ့ အပြေးမြန်တာကြောင့် မိမိအကိုက်ခံရတဲ့မြွေ၏ အဆင် သဏ္ဌာန်ကို မှတ်မိအောင်ကြည့်ထားပါ။ (မြွေဟောက်က ပါးပြင်းထောင်လေ့ရှိလို့ ခြေမျက်စိအပေါ်ကို ကိုက်တတ်ပြီး၊ မြွေပွေးကတော့ ခြေမျက်စိအောက်ကို ကိုက်လေ့ရှိပါတယ်။ အဆိပ်ရှိမြွေ၏ ဦးခေါင်းဟာ များသောအားဖြင့် တြိဂံပုံ သဏ္ဌာန် ဖြစ်ပါတယ်။)
(၂) ဒုတိယအကြိမ် ထပ်အကိုက်မခံရအောင် မြွေနဲ့ဝေး ရာကို ရှောင်ထွက်သွားပါ။ ချုံပုတ်နဲ့ဝေးရာ ညီညာပြန့်ပြူး တဲ့မြေက စိတ်ချရပါတယ်။ သို့သော် ဟိုးအဝေးကြီးကို တစ်ရှိန် ထိုးထွက်ပြေးဖို့ မလိုပါဘူး။ ပြေးလွှားခြင်းက နှလုံးခုန်မြန် ဆန်ကာ ခန်္ဓာကိုယ်ထဲသို့ အဆိပ်ပြန့်လွယ်ပါတယ်။
(၃) စိတ်ချရတဲ့နေရာလို့ ယူဆပါက ငြိမ်ငြိမ်လေးလှဲချ၍ အသက်ကို မှန်မှန်ရှုပါ။ စိတ်ငြိမ်ငြိမ်ထားပါ။ စိုးရိမ်ထိတ် လန့်ခြင်းက နှလုံးခုန်မြန်ဆန်စေပြီး မြွေဆိပ်တွေမြန်မြန် ပြန့်လာစေတတ်ပါတယ်။
(၄) အဆိပ်ပြင်းတဲ့မြွေ အကိုက်ခံရတဲ့အခါ ချက်ချင်းဆို သလို ရောင်ကိုင်းလာစေတာကြောင့် ဥပမာ-ခြေထောက် ကို ကိုက်ခံရရင် ဖိနပ်ချွတ်ပါ။ ဘောင်းဘီရှည်ဝတ်ထားရင် ခေါက်တင်ပါ။ အကယ်၍ လက်ကိုကိုက်ခံရပါက လက်စွပ် လက်ပတ်နာရီတွေကို ချွတ်ပါ။ အင်္ကျီလက်ကို အပေါ်သို့  ခေါက်တင်ပါ။
(၅) မြွေကိုက်ခံရလျှင် မြွေကိုက်ဒဏ်ရာ၏ အထက်နားမှ ကြိုးဖြင့်ကျပ်ကျပ်စည်း၊ ဓားသန့်သန့်ကို မီးကင်ပြီး အနာ ပေါက်ကိုချဲ့ကာ မြွေဆိပ်များကို ပါးစပ်ဖြင့်စုပ်ထွေးထုတ် ပစ်ရမယ်လို့ ရှေးယခင်ခေတ်ကဆိုကြသော်လည်း၊ ယခု မျက်မှောက်ခေတ်မှာတော့ ဒဏ်ရာကို ဓားနဲ့ခွဲခြင်းက သွေးထွက်လွန်၍ မြွေဆိပ်ပိုပြန့်တတ်ပြီး မေးခိုင်ပိုးပါဝင် တတ်၍ ရှေးနည်းကို မသုံးသင့်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် မြွေကိုက်ခံရတဲ့အခါ - (က) သွေးနဲ့အဆိပ်ရည်တွေကို ကုန်စင်အောင်ညှစ်ပါ။
(ခ) အဆိပ်မပြန့်စေဖို့အတွက် ဒဏ်ရာ၏ နှစ်လက်မ သို့မဟုတ်၊ သုံးလက်မအထက်အပေါ်နားကနေ အ၀တ် ပတ်တီးတင်းတင်းစည်းနှောင်ပါ။ (ဆွဲသားအလက်စတစ်စ တွေကို မသုံးပါနှင့်၊ သွေးတိတ်ပတ်တီးမစည်းရ။) (ဂ) ပြင်ပကူးစက်ပိုးမ၀င်စေဖို့  မြွေကိုက်ခံရတဲ့နေရာ ကို ဆပ်ပြာ၊ ရေတို့ဖြင့် စင်ကြယ်စွာဆေးပါ။ (ကာဘော် လစ်ဆပ်ပြာ သို့မဟုတ် ဒတ်တောလ်ပိုးသတ်ဆပ်ပြာရ နိုင်ရင် ပိုကောင်းပါတယ်။)
(ဃ) ရေခဲမအုံပါနှင့်။
(င) ၎င်းရှေးဦးသူနာပြုစုပြီးတဲ့အခါ အဆိပ်တွေမပြန့် အောင် ငြိမ်ငြိမ်လေးနေပါ။ ဆေးရုံဆေးခန်းသို့သွားတဲ့ အခါမှာလည်း ခန်္ဓာကိုယ်ကို အတတ်နိုင်ဆုံး ငြိမ်ငြိမ်လေး ထားပြီးနေပါ။
(၆) တောရွာတွေမှာတော့ ပိုးထိတယ်လို့ ခေါ်ဆိုလေ့ရှိ ပါတယ်။ အောက်ပါအိမ်တွင်းကုထုံးလေးများကလည်း မြွေဆိပ်အန်္တရာယ်မှ ကာကွယ်ပေးနိုင်တာကြောင့် အရေး ပေါ်အသုံးပြုနိုင်ရန် မှတ်သားထားသင့်ပါတယ်။ - မြင်းခွာရွက်စားပါ။ မြင်းခွာရွက်ကိုကြိတ်၍ ရလာသော အရည်ကို လူးပေးပါ။ - ကြက်သဟင်းရွက်စားပါ။ ကြက်သဟင်းပင်အမြစ်ကို ထောင်းထု၍ ရေစိမ်သောက်ပါ။ - ဆေးခါးကြီးပင်(ခေါ်)ရှမ်းဆေးခါးကြီးပင် အခြောက် မှုန့် ထမင်းစားဇွန်းတစ်ဇွန်းကို ရေနွေးဆူဆူမတ်ခွက်ကြီး တစ်လုံးနှင့်ဖျော်၍ လက်ဖက်ရည်ကြမ်း ပန်းကန်နှစ်လုံး သောက်ပါ။ အကယ်၍ ဆေးခါးကြီးပင် အစိမ်းရရှိပါက ဆေးပင်လက်တစ်ဆုပ်ကို ရေသုံးပုလင်းထည့်၍ တစ်ဝက် ခန်းအောင်ကျိုပြီးသောက်ပါ။ မြွေကိုက်ခံရသူဟာ ရေ အလွန်ဆာတာကြောင့် ရေကျက်အေး အသင့်ထား၍ ဆေးရည်တစ်ဇွန်းခန့်သောက်ပြီးနောက် ရေဆာတိုင်း ၎င်းရေကျက်အေးသောက်ပါ။ (သတိလစ်၍ သွေးအန်နေ သူလူနာပင် ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။) - မြွေကိုက်ခံရတဲ့အခါ မြွေအစွယ်ရာနှစ်ပေါက်ဖြစ် တာကြောင့် ကြက်ဥအစိမ်းကို ဒဏ်ရာနဲ့တိုင်းပြီး အပေါက် နှစ်ပေါက်ဖောက်၍ ကပ်ပေးပါ။ ကြက်ဥက ဒဏ်ရာထဲက အဆိပ်ကို မိနစ်ပိုင်းအတွင်း စုပ်ယူသွားပါလိမ့်မယ်။ လိုအပ် ရင် နောက်ထပ် ကြက်ဥအသစ်ကို သုံးနိုင်ပါတယ်။ (ကြက်ဥ ကို ခွဲကြည့်ရင် မြွေဆိပ်တွေ့ပါတယ်။ ထိုကြက်ဥကို သေသေ ချာချာစွန့်ပစ်ဖို့တော့ လိုပါတယ်။) - ဣဿရမူလီအမြစ်ကို သွေးလိမ်းပေးခြင်းဖြင့် မြွေ ဟောက်အဆိပ်ကို တစ်မုဟုတ်ချင်း ပြေစေနိုင်ပါတယ်။ - သကြားသီးအစေ့နှင့် အရွက်တို့ကို ထောင်းထုကာ သတ်္တုရည်လိမ်းကျံပေးခြင်းဖြင့် အဆိပ်ပြေစေနိုင်ပါတယ်။ - နေအိမ်ခြံဝင်းထဲတွင် ပင်စိမ်းပင်စိုက်ပျိုးထားခြင်းဖြင့် မြွေအန်္တရာယ်မှ ကင်းဝေးစေ နိုင်ပါတယ်။ မြွေကိုက်ဒဏ်ရာ ပေါ် ပင်စိမ်းရွက်ကို ကြိတ်အုံပေးခြင်းဖြင့် အဆိပ်ပြေစေပါ တယ်။ - မြွေကိုက်ခံရပါက၊ ဆေးရုံဆေးခန်းသို့မသွားခင် အဆိပ် ရဲ့ စုဖွဲ့မှုကို အပူနဲ့တိုက်ထုတ်တဲ့အနေဖြင့် ဆားရည်ပျစ်ပျစ် ဖျော်သောက်ပေးပါ။ - သင်္ဘောသီးအကင်းကို ထိပ်မှဖြတ်ပြီး မြွေအကိုက် ခံရသည့်နေရာတွင် ကပ်ပေးခြင်းဖြင့် အဆိပ်ဖြေကာ အနာ အမြန်ဆုံးကျက်စေပါတယ်။ - ခြံနှင့်
အိမ်ပတ်ဝန်းကျင်ကို ဆီးဖြူသီးဖြန့်ပစ်ထားပါ။ - ခြံပတ်ပတ်လည်ကိုKiss me quick ပင်၊ ရှဥ့်မတက်ပင်၊ နှင်းဆီပင် စတဲ့ဆူးခက်များပါရှိသော အပင်များစိုက်ပျိုး ထားခြင်းဖြင့် မြွေမလာနိုင်အောင် တာဆီးနိုင်ပါတယ်။ မြွေအကိုက်မခံရအောင် မြက်ဖုတ်များ၊ မြေတွင်းများနှင့် သစ်ခေါင်းပေါက်များကို ဝေးဝေးရှောင်ပြီး သွားလာပါ။ အိမ်မွေးခွေးများက မြွေအန်္တရာယ်ကို ကြိုသိမြင်တတ်လို့  ခွေးတွေစူးစူးဝါးဝါးဟောင်ရင် ဂရုတစိုက်စစ်ဆေးပါ။ ညဘက်အပြင်ထွက်တဲ့အခါမှာလည်း လက်နှိပ်ဓာတ်မီး နှင့် မြွေကို အသံဖြင့်ခြောက်လှန့်နိုင်စေဖို့  ဒုတ်(တုတ်)ရှည် ရှည် ဆောင်သွားပါ။ မြွေရှိတတ်တဲ့ တချို့မြို့ နယ်များတွင် ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်၊ ရေမြောင်းများကို သန့်ရှင်း ရေးဂရစိုက်ကြပါရန်နှင့် မိမိအိပ်ရာ ကုတင်အပေါ်၊ အောက်တို့ကို သတိနှင့်ဆင်ခြင်၍ မြွေအန်္တရာယ်မှ ကာကွယ်ကြပါရန် သတိပေးနှိုးဆော်လိုက်ရပါတယ်။ ။
+တင်ထက်ထက်ဇော်+
**Public Health**

No comments:
Post a Comment