**၀ါရင့်မင်းသားကြီးများဒဏ်ရာအသီးသီးရရှိခဲ့ကြသည့်Expendables 3 ဇာတ်လမ်းတွဲသစ်**
သြဂုတ်လထဲတွင် ဖြန့်ချိပြသမည့် Expendables ဇာတ်လမ်းတွဲသစ် Expendables 3 တွင် အဓိက ပါဝင် သရုပ်ဆောင်ထားသူ အက်ရှင် မင်းသားကြီး စတားလုန်းက ယင်း ဇာတ်ကားတွင် ဒဏ်ရာအကြီးအကျယ် ရရှိခဲ့ပါကြောင်းနှင့် အနုပညာသက်တမ်း တစ်လျှောက်တွင် ရရှိသည့်ဒဏ်ရာ အတိမ်အနက်အလိုက် ဇာတ်ကား များကိုလည်း စာရင်းပြုစုထားပါ ကြောင်း ၀န်ခံပြောကြားခဲ့သည်။ ““ရမ်ဘိုနဲ့ Expendablesဇာတ် ကားတွေမှာ များသောအားဖြင့် လည်ပင်းနောက်ဘက်နဲ့ ကျောရိုး တွေကို ထိခိုက်မိတာများပါတယ်၊ တစ်ခါတလေ အရိုးအဆစ်တွေ လွဲသွားတတ်ပါတယ်၊ ဒါပေမယ့် ကိစ်္စမရှိပါဘူး၊ ကောင်းသွားပါလိမ့် မယ်””ဟု မင်းသားကြီးစတားလုန်းက ဆိုသည်။
Expendables 3 ဇာတ်ကားတွင် စတားလုန်းနှင့်အတူ ၀ါရင့်အက်ရှင် မင်းသားကြီးများ ဖြစ်ကြသည့် မင်းသား Banderas၊Jason Statham နှင့် ဂျက်လီတို့ ပါဝင်ထား ကြပြီး ““ရိုက်ကူးရေးရဲ့ပထမရက်မှာပဲ ဒဏ်ရာရခဲ့ပါတယ်၊ ခေါင်မိုးကနေ ရဟတ်ယာဉ်ပေါ်ကို ခုန်တက်ရာမှာ ဒူးဒဏ်ရာရရှိခဲ့တာပါ၊ ဒါပေမယ့် ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး၊ ကျွန်တော့်ကို အသက်အရမ်းကြီး နေပြီ ထင်မှာစိုးလို့ပါ””ဟု အသက် (၅၃) နှစ်အရွယ် စပိန်မင်းသား Banderasက ဆိုသည်။ Expendables 3ဇာတ်ကားကို သြဂုတ် ၄ ရက်တွင် လန်ဒန်၌ စတင်မိတ်ဆက်ပြသခဲ့ပြီး သြဂုတ် ၁၅ ရက်တွင် အမေရိကန်၌Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးမှ စတင်ဖြန့်ချိ ပြသသွားမည်ဖြစ်သည်။ ထို့အပြင် စတုတ်္ထမြောက် ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုများလည်းရှိနေပြီး ယင်းဇာတ်ကားသစ်တွင် ဂျိမ်းစ်ဘွန်း မင်းသားဟောင်းကြီး Pierce Brosnan လည်း ပါဝင်သရုပ်ဆောင်ရန် အတည် ပြုထားကြောင်း သိရသည်။(မျိုးစန်္ဒာမောင်)
လီဗာပူးဂိုးသမား ပီပီရေနာအား ဘိုင်ယန်မြူးနစ်က စာချုပ်ရန် သဘောတူ
လိုက်ပြီဖြစ်သည်။ ဂိုးသမား ရေနာအား စာချုပ်ရန် ဆေးစစ်ဆေးမှုအတွက်
ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဂျာမန်ကလပ်က တွစ်တာဝက်ဘ်ဆိုက်တွင် ကြေညာ
ထားသည်။
စပိန်ဂိုးသမားရေနာသည် စီမွန်မက်နိုးလက်ကို စာချုပ်လိုက်ပြီးနောက်
နည်းပြ ဘရီဒန်းရော်ဂျာလက်ထက်တွင် ရေပန်းစားမှု နည်းလာသည်။ အသက်
၃၁ နှစ်ရှိ ရေနာသည် ၂၀၀၅ ခုနှစ်က မာဆေးဆိုက်သို့ ပြောင်းလာပြီး ပွဲပေါင်း
၃၉၄ ပွဲ ပါဝင်ကစားပေးခဲ့သည်။(ကောင်းမြတ်သူ)
** HIV ရောဂါပိုး ရှိနေသူ မိခင်များအတွက် ရန်ပုံငွေထူထောင်မည့်ဗစ်တိုးရီးယားဘက်ခမ်း**
ကမ်္ဘာကျော် ဖက်ရှင်ဒီဇိုင်နာနှင့်
ပေါ့ပ်ကြယ်ပွင့်ဟောင်းတစ်ဦးဖြစ်သူ
ဗစ်တိုးရီးယားဘက်ခမ်းက ညနေပိုင်း
ပွဲတက်ဝတ်စုံများအပါအ၀င် အ၀တ်
အထည်ပေါင်းများစွာကို လေလံတင်
ရောင်းချကာ ရရှိလာသည့်အကျိုး
အမြတ်များအား တောင်အာဖရိကရှိ
ှုံHIV ရောဂါပိုးရှိနေသူ မိခင်များ
အတွက် ရန်ပုံငွေထူထောင်ရန်နှင့်
ယင်းရောဂါနှင့်ပတ်သက်သည့် အသိ
ပညာများပေးဝေရာတွင် အသုံးပြု
သွားမည်ဖြစ်ကြောင်း ဆိုသည်။
အဆိုပါလေလံတင်ရောင်းချမည့်
အ၀တ်အစားများတွင် ဗစ်တိုးရီးယား
၏ ဒီဇိုင်နာတစ်ဦးအနေဖြင့်လည်း
ကောင်း၊ Spice Girls ပေါ့ပ်အဖွဲ့၏
အဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့်
လည်းကောင်း ဖက်ရှင်ရှိုးပွဲများ၊ ပါတီ
များတွင် ၀တ်ဆင်ခဲ့သည့် အထင်ကရ
ပွဲတက်ဝတ်စုံများ၊ ဦးထုပ်၊ ဖိနပ်၊
အိတ်၊ လက်ဝတ်ရတနာများနှင့် အခမ်း
အနားဝတ်စုံများလည်း ပါဝင်ကြောင်း
သိရသည်။
ယင်းလေလံပွဲမှ ရရှိငွေများဖြင့်
တောင်အာဖရိက၊ ဆွစ်ဇာလန်နှင့်
ကင်ညာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း
ကိုးနိုင်ငံတွင် မိခင်မှ ကလေးသို့
ှုံ HIV ရောဂါပိုးမကူးစက်နိုင်ရန်
ကာကွယ်တားဆီးရေးလုပ်ငန်းများ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
UNAIDS၏ စစ်တမ်းများအရ
၂၀၁၃ ခုနှစ်တွင် တောင်အာဖရိကရှိ
HIV ရောဂါပိုး ရှိနေသူ ၂၄ ဒသမ ၇ သန်းအနက်
အမျိုးသမီးများမှာ ၅၈ ရာခိုင်နှုန်းရှိပြီး
၈၅ ရာခိုင်နှုန်းမှာ HIV ရောဂါပိုး
ရှိနေသည့် ကိုယ်ဝန်ဆောင်မိခင်များ
ဖြစ်ကြောင်း သိရသည်။(မျိုးစန်္ဒာမောင်) **စပိန်လက်ရွေးစင်အဖြစ်မှ အနားယူရန်ဇာဗီ ကြေညာ**
ဘာစီလိုနာနှင့် စပိန်ကွင်းလယ်ကစားသမား ဇာဗီဟာနန်ဒက်ဇ်သည် နိုင်ငံ့လက်ရွေးစင်အဖြစ်မှ အနားယူရန် ကြေညာလိုက်သည်။ အသက် ၃၄ နှစ်ရှိ ဇာဗီသည် စပိန်အတွက် ကမ်္ဘာ့ဖလားနှင့် ဥရောပချန်ပီယံဖလားနှစ်လုံးကို ဆွတ်ခူးပေးနိုင်ခဲ့သည်။ ၄င်းသည် ၂၀၀၈ ခုနှစ်က စပိန်အသင်းနှင့်အတူ ဥရောပချန်ပီယံဖလားဆွတ်ခူးပေးခဲ့သည်။(ကောင်းမြတ်သူ)
**ကာဒစ်ကွင်းလယ်လူ ဂျော်ဒန်မတ်အား ကျူပီအာစာချုပ်ချုပ်ဆို**
ကာဒစ်ကွင်းလယ်ကစားသမား ဂျော်ဒန်မတ်အား ကျူပီအာက ပေါင် ၆ သန်းဖြင့် စာချုပ်လိုက်သည်။ အသက် ၂၂ နှစ်ရှိ ဂျော်ဒန်မတ်အား ကျူပီအာက လေးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်သည်။ မတ်သည် နွေရာသီတွင် ကာဒစ်မှ ကျူပီအာက ခေါ်ယူခဲ့သော ဒုတိယကစားသမားဖြစ်လာသည်။ ၄င်း မတိုင်မီက တိုက်စစ်မှူး စတီဗင်ကော်ကာကို ပေါင် ရှစ်သန်းဖြင့် ကျူပီအာက ခေါ်ယူခဲ့သည်။(ကောင်းမြတ်သူ)

No comments:
Post a Comment