>
ကျွန်မတို့အိမ်ကို လတ်ချမီးရောက်တုန်းက အပျို၊၊ ရောက်ပြီး သုံးနှစ်လောက်ကြာမှ အိမ်နားက မောင်ထွန်းမြတ်နဲ့ အိမ်ထောင်ကျသွားခဲ့တာ။ ခုတော့ လတ်ချမီးက ကလေးတစ်ယောက်တောင် ရနေပြီ။ လတ်ချမီးက ကုလားမလေးဆိုပေမဲ့ အမည်းကြီးထဲက မဟုတ်ဘူး၊ ညိုစိမ့်စိမ့်လေးရယ်။ လတ်ချမီးအဘိုးက စစ်လက်ကျန်ကုလား။ မြန်မာအမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး လတ်ချမီးတို့အမေကို မွေးခဲ့တာ။ လတ်ချမီးတို့အမေက မြန်မာယောကျာ်းကို ယူပြန်တော့ လတ်ချမီးမှာက ကုလားသွေးရယ်လို့ တစ်မတ်ဖိုးလောက်ပါတော့တာ။
လတ်ချမီးဟာ ကုလားမလေးသာဆိုတယ် ကမ္မဝါဖတ်တော့မယ့်အတိုင်း။ ပြောလိုက်မှဖြင့် တကယ့် ထိပ်။
“အစ်မရယ် လတ်ချမီးလေ ဗုဒ္ဒဘာသာဝင် စစ်စစ်နော်၊ မိရိုးဖလာမဟုတ်ဘူး။ ကံ ကံ၏အကျိုးပေးဆိုတာကို ယုံတယ်နော်၊ ဒါပေမဲ့လေ ကံကိုယုံ၍ ဆူးပုံနင်းမယ့်သူတော့ လတ်ချမီးမဟုတ် နော် အစ်မ”
“အေ ညည်းကလည်းလေ ပြောမဲ့ဟာသာ ပြောစမ်းပါ။ ကတည်း အပျိုးနဲ့တင် ထန်းဖျားကို အတော်လေးရောက်နေပြီ”
“အိမ်က ကိုထွန်းမြတ်ရယ်လေ၊ သူ့အင်္ကျီလေးတစ်ထည် မီးပူကျွမ်းသွားလို့ ပူဆွေးနေလိုက်တာ။ နောက်တစ်ထည် အသစ်ဝယ်ပေးမှာပေါ့ဆိုလည်း မရဘူး။ မီးပူသာမကျွမ်းရင် နှစ်ထည်ရှိလာရမှာဆိုတဲ့ လူစားမျိုး အစ်မရဲ့ ခက်တယ်”
“အဲဒါနဲ့ ညည်း ကံ ကံ၏အကျိုးနဲ့ ဘာဆိုင်တုန်း ညည်းဟာက”
“သြော် အစ်မရယ် ဘယ်ပစ္စည်းမဆို အချိန်တန်လာရင် ပျက်စီးရတာပဲလေ၊ ကွဲတတ် ရှတတ်တဲ့ ပစ္စည်းများဆို ကွဲမယ် ရှမယ်၊ မီးကျွမ်းတတ်တဲ့ပစ္စည်းဆို မီးကျွမ်းမယ် ဒီလိုမဟုတ်လား၊ သူ့ဖြစ်ရ ပျက်ရမဲ့ ကံအတိုင်းပေါ့၊ အနတ္တ သူ့သဘောသူဆောင်တယ်လေ အစ်မရဲ့”
“အေးလေ အဲဒီတော့”
“အဲဒီတော့ အင်္ကျီဟာလည်း မီကျွမ်းချိန်တန်လို့ ကျွမ်းရပါသည်ပေါ့ အစ်မရဲ့၊ ဒီနေရာမှာ လတ်ချမီးမကလို့ မိုးပေါ်က နတ်သမီးပဲ ဆင်းတိုက်တိုက် ကျွမ်းမှာပဲ ဟီးဟီး”
“နေပါဦး ညည်းကရော ခါတိုင်းတိုက်နေကျဟာကို ဘာကြောင့် အဲ့လောက်နမော်နမဲ့ နိုင်ရတာတုန်း”
“ကိုရီးယားကား အဲလေ တီဗီကြည့်ရင်းနဲ့ ကောင်းခန်းရောက်တော့ မေ့ပြီး မီးပူကိုထောင်ထားရမဲ့ဟာ အပြားလိုက် ချထားလိုက်မိလို့လေ အစ်မရဲ့ အဟီး”
“ဖြစ်ရမယ် လတ်ချမီးတို့ကတော့လေ”
အဲဒီလိုပဲ လတ်ချမီးတစ်ယောက်ဟာ တခါတလေ ဟုတ်တော့မလိုလို ဟုတ်တော့မလိုလိုနဲ့ နောက်ဆုံးတော့ မဖြစ်မခြောက်လုပ်တော့တာ။
လတ်ချမီးက သူ့အဖေပေးခဲ့တဲ့ သီတာထွေးဆိုတဲ့ နာမည်ကို သိပ်ကြိုက်တာ။ ပြောရရင် သီတာထွေးဆိုတာ မှတ်ပုံတင်ထဲသာရှိပြီး အပြင်မှာ လတ်ချမီးပဲ တွင်နေတာ။ သူကတော့ လူထူပြီဆို သီတာထွေးကလေ သီတာထွေးကလေနဲ့ ပါးစပ်ဖျားက မချ ပြောတော့တာ။ သူ ဘယ်လိုပဲ သီတာထွေး ထွေး၊ လူတွေကလည်း လတ်ချမီး လတ်ချမီးနဲ့ တမီးထဲ မီးတာပဲ။ မသိရင်ဖြင့် လတ်ချမီးနဲ့ သီတာထွေးဟာ နှစ်ယောက်လိုလို ဘာလိုလို….။
လတ်ချမီးအပျိုတုန်းက ကျွန်မတို့အိမ်မှာ အိပ်ပေမဲ့ အိမ်ထောင်ကျသွားကတည်းက မနက်လာ ညပြန်ပဲ။ သူ့မှာ အကျင့်ကောင်းကလေးတွေ ရှိတယ်။ ဈေးဘိုးမခိုးဘူး၊ ဟင်းခိုးမစားတတ်ဘူး။ လိမ်မပြောတတ်ဘူး၊ စကားပြောရင်တော့ ပိဿလေးဘေးပစ်၊ တုတ်ထိုးအိုးပေါက် ပြောတတ်တယ်။ နေ့လည်နေ့ခင်းအချိန်အားတွေမှာ လတ်ချမီးက စက္ကူအိတ်ကလေးတွေ ယူချိုးတယ်။ တစ်ဘက်တစ်လမ်းက ငွေဝင်တာပေါ့လေ။ ကျွန်မတို့ကလည်း ဘာမှပြောမနေပါဘူး၊ အိမ်အလုပ်တွေ ထောင့်စေ့အောင်လုပ်ရင်ပြီးတာပဲကိုး။ အဲ့ဒီစက္ကူအိတ်လေးတွေသွားသွင်းတဲ့ စတိုးဆိုင်ပိုင်ရှင်က လတ်ချမီးကို ချိတ်တိတ်တိတ်ဆိုတော့ တကယ်များ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းမယ်ဆိုလို့ကတော့ ကျွန်မတို့က သဘောတူပြီးသား။ ဒါကို လတ်ချမီးက ဘာပြောတယ်မှတ်လဲ။
“လူပုံကိုက လမုသီး နားရွက်တပ်ထားတဲ့ရုပ်နဲ့ လတ်ချမီးတို့ ကြိုက်ဖို့ ဝေးပါသေး” တဲ့။ ကြည့် လမုသီး နားရွက်တပ်တဲ့ သူပဲ ပြောတတ်ပလေ။
လက်ဘက်ရည်ဆိုင်က ပလာတာအီကြာကွေးလုပ်တဲ့ ဖိုဆရာတရုပ်ကိုဆိုလည်း “ပေါက်စီ ဖနောင့်နဲ့ပေါက် ခံရတဲ့ ဖြူပြားပြားမျက်နှာနဲ့ အစ်မရာ၊ လတ်ချမီး မကြိုက်ပါဘူး” တဲ့။ ကဲ…ပုံကိုပေါ်ရော။ ဒီလိုနဲ့ လတ်ချမီးတို့ လင်ရွေးလာလိုက်တာ ရုံးစာရေးလေး မောင်ထွန်းမြတ်နဲ့ကျမှ ကျတော်မူတော့တာ။
“အချစ်မှာ ဆင်းရဲတာ ချမ်းသာတာ အဓိက မဟုတ်ပါဘူး အစ်မရာ၊ ညတစ်ရေးနိုး ကိုယ့်လင် ကိုယ်ထကြည့်လို့မှ ပြန်လန့်နေရမဲ့ ရုပ်တော့ မလိုချင်ပေါင်” တဲ့။
မောင်ထွန်းမြတ်က လူအေးလူရိုး၊ သဘောမနောကောင်းမို့ လတ်ချမီးကံကောင်းတယ် ဆိုရမယ်။ အိမ်ထောင်သက် တစ်နှစ်အပြည့်မှာ မောင်ထွန်းမြတ်က လတ်ချမီးနားထဲကို ရွှေနားပွင့်ကလေးပေါ့၊ ခပ်သေးသေးနားကပ်လေးတစ်ရံ ဆင်ပေးတယ်။ ဒီတော့ မဆိုးဘူး၊ မယားကို ချစ်ရှာတယ် ပြောရမယ်။ ကျွန်မှာကုလား မယားတောသူဆိုတာလို လတ်ချမီးက ကျွန်လိုလည်း လင်ကို အလုပ်အကျွေးပြုတယ်၊ မယားတောသူလိုလည်းပဲ ဝတ္တရားကျေသကိုး။
အဲဒီတုန်းက လတ်ချမီးက သူ့နားက နားကပ်လေးပြတော့ ကျွန်မတို့ ဝမ်းသာကြရတယ်။ သူက လက်ဝတ်တန်ဆာနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ သူ့အယူအဆကို ပြောသေးတာ။
“အစ်မရာ လတ်ချမီးကလေ ကိုထွန်းမြတ် ဆင်လို့သာပါ။ ပစ္စည်းဥစ္စာရယ်လို့ မမက်မောပါဘူး။ သူဆင်ပေးတော့လည်း မရှိဝမ်းဆာပေါ့လေဆိုပြီး နားမှာ ခဏထားလိုက်ရတဲ့ သဘောပါ။ လိုအပ်တော့ ပေါင်နှံရောင်းချရတာပေါ့နော် အစ်မ”
“ဟယ် လတ်ချမီးရယ် နင့်ဟာက မိန်းမဆိုတာ နားကပ်လေးတစ်ရန်လောက်တော့ ဝတ်ဦးမှပေါ့၊ ဟိုနားဒီနား ပွဲသွားပွဲလာ လူကြည့်ကောင်းရုံလောက်တော့ ဝတ်ရမယ်လေ”
“အာ အစ်မကလည်း လူကြည့်ကောင်းဖို့အတွက်တော့ အစစ်မလိုပါဘူး အစ်မရာ၊ အစ်မ သိလား လတ်ချမီးတို့မှာ ကော့ရွှန်းဂျယ်ဝယ်ရီဆိုတာ ရှိတယ်။ လက်ဝတ်လက်စားအတုတွေလေ။ တစ်ဆင်စာဆို ဘယ်လောက်မှ မရှိဘူး၊ လှလည်း လှတယ်။ ပွဲလည်း တိုးတယ်။ အတုမှန်းတော့ လူသိတယ်။ ဒါပေမဲ့ ဘာဖြစ်လဲ အစ်မရယ်။ အတုဝတ်နိုင်သူက အတု၊ အစစ်ဝတ်နိုင်သူက အစစ်ပေါ့။ သူ့အထွာနဲ့သူပေါ့”
“လတ်ချမီးကတော့ အတုပဲဝတ်ရလို့ ဝမ်းမနည်းသလို အစစ်ဝတ်နိုင်တဲ့သူတွေကိုလည်း မနာလို မရှိပေါင်၊ သူတို့ကြည့်ပြီး မုဒိတာပွားရတာပေါ့ အစ်မရယ်။ ကုသိုလ်တောင် ရသေးတယ်။ ဒီကြားထဲ အစစ်ဝတ်ထားပြီး မထိန်းသိမ်းတတ်ရင် အန္တာရာယ်တောင် များသေး”
လတ်ချမီးပြောတော့လည်း ဟုတ်သလိုလို၊ အဲဒီကုလားမဟာ ဗမာအစစ်များဆိုလို့ကတော့ ကမ္မဝါတောင်ဖတ်မဲ့ဟာမပါဆိုနေ။ ဘာပဲပြောပြော ကျွန်မမှာ လတ်ချမီးလို အိမ်အကူတစ်ယောက်ရထားတာ အစစအရာရာစိတ်ချရပြီး အိမ်လုံတာမို့ လတ်ချမီးအပေါ် သွေးသားရင်းလိုတောင် ချစ်ခင်နေမိရတာပါပဲ။
@@@@@@@@@@@@@@@@@@@@@@
တစ်ရက်မတော့ လတ်ချမီးက လမ်းကနေ သူကောက်ရလာတဲ့ ဆွဲကြိုးကလေးတစ်ကုံး ကျွန်မတို့ကို လာပြတယ်။ လော့ကတ်သီးကလေးတောင် ပါသေး။ လက်နဲ့ ဆ ကြည့်လိုက်တဲ့အခါ ခပ်စီးစီးကလေးရှိတာမို့ တကယ့်ရွှေအစစ်လို့တောင် ထင်ချင်စရာ။ ဒါပေမဲ့ ကျွန်မတို့က တစ်သက်လုံး ပစ္စည်းအစစ်ဝတ်လာတာမို့ အတုမှန်းသိတယ်။ ဒါနဲ့ လတ်ချမီးကို ပြောရတယ်။
“အတုကြီးပါဟဲ့ လတ်ချမီးရဲ့။ သွားပြန်ရောင်းမိမှ အင်လာထုတယ်ဆိုပြီး ညည်း အချုပ်ထဲရောက်နေပါ့မယ်အေ”
“ဟုတ်လား အစ်မ၊ လတ်ချမီးကလည်း သွားမရောင်းပါဘူး အစ်မရယ်။ နားက နားကပ်လေးရယ်၊ ဟော ခု နောက်ထပ် ဆွဲကြိုးလေးရယ်ဆိုတော့ ပွဲတက်ဖို့ အတော်အဆင်ပြေသွားပြီ ဟီးဟီး”
“နင့်ဟာက အတုကြီးပါဆိုမှ”
“ဘာဖြစ်လဲ အစ်မရယ်၊ အတုဆိုတော့ လတ်ချမီး ဝတ်ရတာလည်း ပေါ့ပေါ့ပါးပါးရှိသလို ကျပျောက်တဲ့သူလည်း သိပ်မနှမျောရဘူးပေါ့ အစ်မရဲ့။ အစစ်ဆိုရင်တောင် နှမျောလွန်းလို့ ကျပျောက်တဲ့သူခမျာ ပူလောင်နေရဦးမယ်”
“ဒါတော့ ညည်းအယူအဆပေါ့အေ။ တို့ကတော့ တစ်သက်လုံး အစစ်ဝတ်လာတာ။ အစစ်ဝတ်မှပဲ လူက နေသာထိုင်သာရှိတာ။ ရင်အေးတာ။ စိတ်ချလက်ချရှိတာ။ အတုကြီးဝတ်ထားရင် လူက မလုံမလဲ၊ ရှက်သလိုလို ဘာလိုလိုနဲ့”
“အစ်မရယ် ဘာမလုံစရာ ရှိသလဲလို့၊ တုတု စစ်စစ် ကိုယ့်ပစ္စည်း ကိုယ့်ကိုယ်ပေါ် တင်တဲ့ဟာပဲ။ တကယ်ဆို အစစ်က မှ ပူလောင်တာ အစ်မရဲ့။ များများပိုင်ဆိုင်လေ များများပူလောင်လေ။ တောင်မြို့ဆရာတော်ကြီး ရေးထားတဲ့ စာအုပ်ထဲမှာ လူတွေဟာ ပိုင်ဆိုင်မှုများလေလေ၊ အနားမှာ ပုံထားတဲ့ မီးပုံကြီးက ပိုကြီးလေလေပဲတဲ့၊ လတ်ချမီးတို့ကျ ဘာမီးပုံမှ မပိုင်တော့ အေးချမ်းပါ့၊ အပူဆိုတာ ငရဲဓါတ်၊ အအေးဆိုတာက နိဗ္ဗာန်ဓါတ်တဲ့ အစ်မရဲ့”
လတ်ချမီးက အဲဒီလို….ကုလားမ။
@@@@@@@@@@@@@@@@@@@@@@
“အစ်မရေ လတ်ချမီး ဈေးက ပြန်လာပါပြီ။ ဒီနေ့လေ အစ်မကို ငါးနုသန်းရေချိုလေးကို ရှမ်းနံနံလေးအုပ်ပြီး ချက်ကျွေးမယ် သိလား။ နောက်ပြီး ပုဇွန်ချဉ်လေး သုတ်မယ်။ အရည်သောက်ကို ပဲနီလေး ဆူးပုပ်ခတ်မယ်။ တို့အစ်မတော့ လျှာရင်းမြက်ဖို့သာ ပြင်ထား”
“ဟမ် အစ်မ မျက်နှာလည်း မကောင်းပါလား။ ဘာဖြစ်နေတာလဲ။ ရေမိုးလည်း မချိုးရသေးဘူး၊ အလုပ်တိုက် မသွားဘူးလား ဒီနေ့”
ကျွန်မ လတ်ချမီးကို ဘာပြန်ပြောရမယ် မသိပါ။ မနေ့ညက ဆေးခန်းကို ဆိုက်ကားနဲ့အသွား လည်ပင်းက ဆွဲကြိုး ဘယ်နားကျခဲ့မှန်းမသိ။ ဆွဲကြိုးက ပုဇွန်ထုပ်ချိတ်ကလေးပဲ့နေတာ သတိထားမိပေမဲ့ ဒီလောက်မြန်မြန် ကျိုးမယ် ထင်မထားခဲ့။ ခုတော့ ကျပျောက်ခဲ့ရပြီ။
ဖြစ်ကြောင်းကုန်စင်ကို သိတော့ လတ်ချမီးက စိတ်မကောင်းဟန်နဲ့ပေမဲ့ ခပ်သာသာ ရယ်မောရင်းဆိုတယ်။
“ကဲ လတ်ချမီး မပြောဘူးလား အစ်မ၊ ဒီနေရာမှာ အစ်မဆွဲကြိုးက အတုသာဆို အစ်မ ဒီလိုဘယ်ခံစားနေရမလဲ။ အေးဆေးပဲ နောက်တစ်ကုံး ထပ်ဝယ်လိုက်မှာပေါ့။ ခုတော့ လက်ဝတ်ရတနာ အစစ်ပိုင်ရတာ ဘယ်လောက် ဒုက္ခပေးတယ်၊ ပူလောင်တယ်ဆိုတာကို သိပြီလား အစ်မ၊ ဟိဟိ လတ်ချမီးတို့ အတုပိုင်တာ ဒီနေရာမှာ စိတ်အေးရတာပဲ”
“တော်စမ်းပါ လတ်ချမီးရယ် ငါ စိတ်ညစ်နေရတဲ့အထဲ၊ နင့်ဟာနင် ဟင်းချက်မှာ ချက်စမ်းပါ။ ငါလည်း စိတ်ပြေလက်ပျောက် ရေမိုးချိုးပြီး အလုပ်တိုက်သွားမယ်”
“ကောင်းတယ် အစ်မ၊ အလုပ်တိုက်သွား၊ ဒါမှ အလုပ်လုပ်နေတော့ အစ်မ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာ၊ နေ့လည်ကျ ဒရိုင်ဘာနဲ့ ထမင်းချိုင့်ထည့်ပေးလိုက်မယ် အစ်မ။ အဲ့ဒီတော့မှ ငါးနုသန်းအစစ်၊ ပုဇွန်ချဉ်အစစ်နဲ့ ပဲနီလေးဆူးပုပ်ခတ်ဟင်း အစစ်တွေ အစ်မစားကြည့်၊ လတ်ချမီးလက်ရာအစစ် ဟီးဟီး”
“လတ်ချမီးနော် နင်တော့ သေတော့မယ်၊ ငါ့လက်ဝါးကလည်း အစစ်နော် နင်မြည်းချင်လို့လား”
ဒီတော့မှ လတ်ချမီးက တဟီးဟီးလုပ်ရင်း မီးဖိုချောင် ဝင်တော်မူတယ်။
ကျွန်မလည်း ရင်နာနာနဲ့ပဲ ဒီတစ်ကြိမ်တော့ လတ်ချမီးပြောတာ ဟုတ်သလိုလိုရှိသားလို့ တွေးရင်းက ရေချိုးခန်းဝင်ဖို့လုပ်ရတယ်။ မီးဖိုချောင်ထဲက လတ်ချမီးမျက်နှာပေး ချဉ်စုတ်စုတ်ကိုတော့ မျက်စောင်းတစ်ချက် ထိုးဖြစ်အောင် လှမ်းထိုးလိုက်ရသေးတယ်။
ဗမာသာဆို ကမ္မဝါတောင် ကျွတ်ကျွတ်မြည်ဝါးစားမဲ့ကုလားမ…..
အတုမ…. ။
Author: ချစ်ကြည်အေး

Wednesday, August 6, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment