““ဆိုရေးရှိက၊ ဆိုအပ်လှ၏”” ဟူသော ဆုံးမ စာကို စေ့ငုသော် ဆိုရေးမရှိက မဆိုအပ်ကြောင်း ပေါ်လွင်လေသည်။ မိမိ၏နှုတ်မြွက် စကားအပေါ် ဆင်ခြင်ရန်
ကျေးဇူးရှင် မိဘ ဆရာသမား လူကြီးသူမများ သွန်သင်ဆုံးမခဲ့သော အဆိုအမိန့်များနှင့် ကျွန်ုပ်ဖတ်မှတ် လေ့လာမိသမျှတို့ကို နောင်လာနောက်သားတို့  အကျိုးငှာ လက်ဆင့် ကမ်းလိုက်ရပေသည်။ ကျွန်ုပ်တို့ယုံကြည်ကိုးကွယ်သော ဗုဒ်္ဓမြတ် စွာဘုရားသည် လူ၌ထွန်းသောစကား ခြောက် ခွန်းအနက် (၁)နှင့်(၂) ခွန်းကိုသာ ဆိုထိုက် ကြောင်း ပညတ်လေရာ ထိုစကားခြောက်ခွန်း ကား (၁) ဟုတ်မှန်၏။ အကျိုးလည်းရှိ၏။ တစ် ပါးသူနာ ကြားလိုသောစကားမျိုး၊
(၂) ဟုတ်မှန်၏။ အကျိုးလည်းရှိ၏။ တစ်ပါးသူမနာကြားလိုသောစကားမျိုး။
(၃) ဟုတ်မှန်၏။ အကျိုးကားမရှိ၊ တစ်ပါးသူ မနာကြားလိုသောစကားမျိုး။
(၄) မဟုတ်မမှန်။ သို့သော် အကျိုးကားရှိ၏။ တစ်ပါးသူနာကြားလိုသောစကားမျိုး၊
(၅) မဟုတ်မှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးနာကြားလိုသော စကားမျိုး။
(၆) မဟုတ်မမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါး မနာကြားလိုသောစကားမျိုးတို့ဖြစ်လေသည်။
သေချာစွာလေ့လာမိသော် ဗုဒ်္ဓဘာသာတွင် စကားတစ်ခွန်းအတွက် သတ်မှတ်ထားသော ကန့်သတ်ချက်များမှာ အံ့သြဖွယ်စေ့စပ်လှကြောင်းတွေ့ရလေရာ စကားတစ်ခွန်းကိုလွယ်ကူပေါ့ပါးစွာ မပြောထိုက်ကြောင်း ထင်ရှားစွာသင်မြင်ရပေတော့အံ့ ။ အမျိုးကောင်းသားသမီးများ နေ့စဉ်ရွတ်ဆို လေ့ရှိသော သြကာသ အစချီဘုရားကန်တော့ ချိုးတွင် ကာယကံ၊ ၀စီကံ၊ မနောကံဟု ပါဝင် လေသည်။ ဤ ““၀စီကံ”” ဆိုသည်မှာ မဆိုမပြောအပ်သောစကားများကို ဆိုပြောမိခြင်းကို ဆိုလိုပေသည်။ ထိုစကားတို့ကား မုသာဝါဒ (မဟုတ်မမှန်သောစကား)၊ ပိသုန၀ါစာ (ချော ပစ်ကုံးတိုက်စကား)၊ ဖရုဿဝါစာ(ရုံ့ရင်းကြမ်းတမ်းသောစကား)နှင့် သမ်္ဖပ်္ပလာပ၀ါစာ (သိမ်ဖျင်းသောစကား) တို့ ဖြစ်ပေသည်။ ဤ စကားတို့ သည် မည်သူ့ကိုမျှမပြောသင့် သော စကားများဖြစ်၍ အနန်္တ ငါးပါးကို ဆိုပြောမိပါ မူ ကံကြီးထိုက်အပြစ်ကျရောက်မည် ဖြစ်သည်။ ပညတ်တော်တွင် သံဃာသင်းကွဲစေသောစကား ကိုပြောမိပါမူ မဟာအ၀ီစိငရဲသို့ တိုင် ကျရောက် မည်ဖြစ်ရာ သံသရာကိုယုံကြည်ကြသော ဗုဒ်္ဓဘာသာဝင်တို့  ဆင်ခြင်ဖွယ်ရာပင်ဖြစ်သည်။ ဘာဝနာ ကမ်္မဋ္ဌာန်းစီးဖြန်းကြသူများသည် စကားပြောခြင်းကို ရှောင်ကျဉ်ကြသည်။ စိတ် ငြိမ်စွာနားနေခြင်းသည် ကမ်္မဋ္ဌာန်းစီးဖြန်းရာတွင် ““သမာဓိ”” ထူထောင်ခြင်းအတွက် အထောက်အပံ့ဖြစ်လေသည်။ ““သမာဓိ”” ကို ကောင်းစွာဆောက်တည်နိုင်မှ ““ပညာ”” ကို ရနိုင် လေရာ စကားပြောခြင်း၏ အကျိုးအပြစ်မှာ ထင်ရှားလှလေသည်။
ဘုရားလောင်း တေမိမင်း သားသည် စကားပြောခြင်းဖြင့် သက်ရောက်မည့်  သံသရာအကျိုးဆက်ကိုမလိုလားမူ၍ နှုတ်ဆိတ် နေခြင်းဖြင့်  ပါရမီကို ဖြည့် ကျင့် လေသည်။ လောကီနှင့်ဆက်ဆိုင်သော စကားအရာဆင်ခြင်ဖွယ်များကိုလည်း လက်ဆင့် ကမ်းပေဦး အံ့ ။ စကားများသောသူသည် ငွေတန်ပါလျှင် စကားမပြောသောသူသည် ရွှေတန်၏ဟု ကျွန်ုပ် ကြားဖူးလေသည်။ လုပ်သူသည် မပြော၊ ပြောသူ သည်မလုပ်၊ ၀စီဗေဒထိတိုင်းရှ၊ အပြောမတော် တစ်ခွန်း စသည်ဖြင့် စကားနှင့် ပက်သက်၍ ဆင် ခြင်ဖွယ်ရာများမှာ များလွန်းရကား မလိုလားအပ် သော စကားတစ်ခွန်းသည် မည်မျှအကျိုးပေး သန်ကြောင်း ဆင်ခြင်အပ်ပေသည်။ အစည်းအဝေးတစ်ခုတွင် နှုတ်ဆိတ်နေသူ တစ်ယောက်အား စိတ်မ၀င်စားသူဟု မမှတ်ယူ သင့် ၊ အကျော်အစောကိုလို၍ ပြောစွမ်းသူ၏ စကားကို မှတ်တည်ဆုံးဖြတ်ပြီးမှ လက်တွေ့ လုပ်ဆောင်ရာ၌ အဆင်မပြေပါမူ အသင်းအဖွဲ့တစ်ခုလုံး ဂုဏ်သိက်္ခာညှိုးနွမ်းဖွယ်ဖြစ်ပေမည်။
စကားကြီးဆယ်ခွန်း ကား..... (၁) ရေကူးညာတင်၊ (၂) ကောက်ပင်ရိတ် လှီး၊ (၃) ရေစီးဖောင်ဆန်၊
(၄) အိုးတန်ဆန်ခတ်၊ (၅) ဆီပွန်ကျည်ပွေ့ ၊ (၆) ဆင်ဝှေ့ ရန်ရှောင်၊ (၇) တောင်သူယာခုတ်၊ (၈) ကြက်ဆုပ်ခွပ်ပစ်၊ (၉) ရေစစ်ပမာ၊ (၁၀) ခတ်တင်မောင်းနင်း။ အနက် ကိုကား သင့် နီးစပ်ရာ ဆရာသမား၊ မိဘ၊ လူကြီး သူမတို့ ထံချဉ်းကပ် မေးလျှောက်ပါလျှင် သင့်  အားဝမ်းပန်းတသာ ရှာဖွေဖြေကြားကြပေလိမ့်  မည်။စကားတစ်ခွန်းကို လွယ်ကူပေါ့ပါးစွာမပြော ဆိုထိုက်ကြောင်း သင်မြင်တွေ့ လေပြီ။ တစ်ဦး တစ်ယောက်ကို ပြောဆိုခြင်းထက် နှစ်ယောက် ကိုပြောဆိုလျှင် ပို၍ဆင်ခြင်ရပေမည်။ လူအများကို မိုက်္ကရိုဖုန်းကိုင်၍ ပြောတော့မည်ဆို လျှင် သင်အထူးဆင်ခြင်ရပေတော့မည်။ ထိုထို တို့ထက် အင်တာနက်လူမှုကွန်ရက်စာမျက်နှာများတွင် ပြောတော့မည်ဆိုလျှင်ကား ဆိုဖွယ် မရှိ။ဗုဒ်္ဓဘာသာအဆုံးအမကို လေးစားနာယူသူ သင်သည် မျက်မှောက်ခေတ်အခါ နံရံတိုင်းနှင့်  လေထုထဲတွင် နားနှင့်  မျက်စေ့များရှိနေသည်ဟု သတိချပ်ခြင်းအားဖြင့် နှုတ်ရေးလိမ်္မာကြစေတော့သတည်း။
+၀င်းနိုင်(ဆက်သွယ်ရေး)+

No comments:
Post a Comment