ပရီမီယာလိဂ်ကလပ် မန်ယူအသင်း သည် ယခုနှစ် နွေရာသီအပြောင်း အရွှေ့ကာလတွင် ဒီမာရီယာ၊ ဖယ်လ် ကာအို၊ လုခ်ရှော၊ ဟာရဲရား၊ ရိုဂျိုနှင့် ဘလိုင်းတို့ကို ခေါ်ယူကာ ပြောင်းရွှေ့ ကြေးပေါင် သန်း ၁၅၀ အထိ အသုံးပြု ထားခဲ့သည်။ မန်ယူအသင်း ခေါ်ယူခဲ့သည့် ကစားသမားသစ်များထဲတွင် ဒီမာ ရီယာနှင့် ဖယ်လ်ကာအိုတို့မှာ ကမ်္ဘာ့ အဆင့်ရှိ ကစားသမားများဖြစ်ကြောင်း မန်ယူတိုက်စစ်မှူးး ဗန်ပါစီက ဖွင့်ဟ ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် မန်ယူ အသင်းသို့ ဈေးကြီးကြီးဖြင့် ရောက်ရှိ လာခဲ့သည့် ကစားသမားသစ်များနှင့် ရေရှည်တွဲကစားမည်မဟုတ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြား ခဲ့သည်။ မန်ယူအသင်းသည် လုခ်ရှော၊ ဟာရဲရား၊ ရိုဂျိုနှင့် ဘလိုင်းတို့ကို ဈေးကြီးပေးမခေါ်ခဲ့ရသော်လည်း ရီးယဲလ်မက်ဒရစ်အသင်းမှ တိုက်စစ် မှူး ဒီမာရီယာကိုမူ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထား ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တိုက်စစ်မှူးး ဖယ်လ်ကာအိုကိုလည်း အပြောင်း အရွှေ့ရာသီပိတ်သိမ်းသည့် ရက်တွင် တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူ ထားခဲ့သည်။ အဆိုပါကစားသမားများ အနက် ဒီမာရီယာနှင့် ဟာရဲရားတို့မှာ မန်ယူအသင်းနှင့်အတူ စတင်ပွဲထွက် ကစားခဲ့ကြပြီးဖြစ်သည်။ လုခ်ရှော သည် ဒဏ်ရာပြဿသနာကြောင့်လည်း ကောင်း၊ ရိုဂျိုမှာ ဗြိတိန်အလုပ် ပါမစ် အခက်အခဲကြောင့်လည်းကောင်း ပွဲ ထွက်ကစားထားခြင်း မရှိသေးပေ။
သို့ရာတွင် ဖယ်လ်ကာအို၊ ရိုဂျိုနှင့် ဘလိုင်းတို့သည် စက်တင်ဘာ ၁၄ ရက်တွင် ကျူပီအာနှင့် ကစားမည့် ပရီမီယာလိဂ်ပွဲစဉ်တွင် မန်ယူအသင်း နှင့်အတူ စတင်ပွဲထွက်လာနိုင်မည်ဖြစ် သည်။ မည်သို့ဆိုစေ တိုက်စစ်မှူးး ဗန်ပါစီကမူ မန်ယူအသင်းခေါ်ယူထား ခဲ့သည့် ကစားသမားသစ်များနှင့် ရေရှည်တွဲဖက်ကစားရန် ရည်ရွယ် ထားခြင်းမရှိကြောင်း ထုတ်ဖော် ပြောကြားထားသည်။
[ငွေကြယ်]
( မန်ယူကစားသမားသစ်၂ဦး-ဒီမာရီယာ၊ဖယ်လ်ကာအို)
သို့ရာတွင် ဖယ်လ်ကာအို၊ ရိုဂျိုနှင့် ဘလိုင်းတို့သည် စက်တင်ဘာ ၁၄ ရက်တွင် ကျူပီအာနှင့် ကစားမည့် ပရီမီယာလိဂ်ပွဲစဉ်တွင် မန်ယူအသင်း နှင့်အတူ စတင်ပွဲထွက်လာနိုင်မည်ဖြစ် သည်။ မည်သို့ဆိုစေ တိုက်စစ်မှူးး ဗန်ပါစီကမူ မန်ယူအသင်းခေါ်ယူထား ခဲ့သည့် ကစားသမားသစ်များနှင့် ရေရှည်တွဲဖက်ကစားရန် ရည်ရွယ် ထားခြင်းမရှိကြောင်း ထုတ်ဖော် ပြောကြားထားသည်။
[ငွေကြယ်]

No comments:
Post a Comment