ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 7, 2014

===အမှတ်တရ ဒီဇင်ဘာ==

>
ဒီဇင်ဘာလ ကျမ ဘဝရဲ့ ကောင်းခြင်းဆိုးခြင်း ခံစားချက်တွေ အများဆုံး ရှိခဲ့တဲ့လ... အမှတ်တရ တွေ ..ကြည်နူးပျော်ရွှင်ခြင်းတွေ ..နာကျင်ကြေကွဲခြင်းတွေ ..ထင်မထားတဲ့ အပြောင်းအလဲတွေ မြိုသိပ်ခဲ့ရခြင်းတွေ .. တကယ်ကို အများကြီးပါဘဲ ... ပြောရမယ်ဆိုရင်တော့ ဒီဇင်ဘာလ ဆိုတာ..ကျမ ဘဝရဲ့ နာရီalarm တခု လို့ ပါဘဲ... .. ။ ဒီဇင်ဘာဆိုတဲ့ အသံကြားလိုက်တာနဲ့ အဲဒီအမှတ်တရ တွေ ခံစားချက်တွေ အားလုံးက ကျမ အတွက် အဖန်ဖန် အခါခါ အသစ်ဖြစ်လို့ ...နာကျင်ခဲ့ရတဲ့ ခံစားချက်တွေ မြိုသိပ်ခဲ့ရတာတွေ စွန့်လွှတ်ခဲ့ရတာတွေ ရှိခဲ့ပေမဲ့လည်း ကျမဒီဇင်ဘာကို မုန်းမသွားခဲ့ပါဘူး ။ ခံစားချက်ကသပ်သပ် ခံယူချက်က သပ်သပ် ဆိုတဲ့ စိတ်ထားမျိုး ဘဲထားခဲ့ပါတယ် ။ကျမ အတွက် အမှတ်တရ အရှိဆုံးလ တလ အနေနဲ့ ဒီဇင်ဘာကို အသိအမှတ် ပြု ခဲ့တယ် ။ ဒီဇင်ဘာရဲ့ အငွေ့ သက်က အေးမြခြင်းဆိုပါတော့ ။ တချို့ကလည်း ဒီဇင်ဘာကို အမျိုး မျိုး တင်စားကြပါတယ် ။အမည်နာမ အမျိုး မျိုး နဲ့ ခေါ်ဝေါ်ကြတယ်။ ကျမ ကတော့ အမှတ်တရ ဒီဇင်ဘာလို့ဘဲ တင်စားပါရစေ။ နှစ်တနှစ် ရဲ့ အဆုံးသတ်ကာနီး အချိန်ရောက်တိုင်း ဒီဇင်ဘာဟာအေးမြမှု့တွေကို သယ်ဆောင်လို့် ရောက် ရှိလာတတ်တယ် ။ အေးမြမြ အငွေ့အသက် နဲ့အတူ ဒီဇင်ဘာဟာ သူရောက်ရှိလာကြောင်း အကြောင်းကြားနေကြ ။ နိုဝင်ဘာလ ကုန်ဆုံးသွားတဲ့ ညတညကနေ နိုးထလာတဲ့ ကျမ ...အိပ်ယာကနိုးလို့ ခုတင်အောက် ခြေချ လိုက်ချိန် အေးစက်နေတဲ့ ကြမ်းခင်းရဲ့ အထိအတွေ့က ဒီဇင်ဘာဟာ သူရောက်နေပြီဆိုတဲ့ အကြောင်း အသိပေးလိုက်သလိုလို ..။ဒီနှစ်ရဲ့ ဒီဇင်ဘာကို ကျမ သိပ်ကြိုက်တဲ့ mocha တခွက်ဖျော်လို့ နွေးနွေးထွေးထွေး ကြိုဆိုမိတယ်... ခုတင်မှာခြေလေးတွဲလောင်းချထိုင်လို့ ကော်ဖီ နွေးနွေးလေးရဲ့ အရသာကို တစိမ့်စိမ့် ခံစားနေရင်းနဲ့ ကျမ အတွက် ဒီဇင်ဘာဟာ ကောင်းသော အေးမြခြင်းတွေနဲ့ ပြည့်စုံ ပါစေလို့ လည်း တိတ်တခိုး ဆုတောင်းခဲ့မိတယ် ။ တချိန်တုန်းက ရင်ခုန်ခဲ့ဖူးတဲ့ ဒီဇင်ဘာကာလတွေကို ပြန်သတိရမိတယ်...အတိတ်ကို ခဏလေး ပြန်သွားမိသည် .. ။ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ ဒီဇင်ဘာ မနက်ခင်း မြူ တွေကြားထဲမှာ ကျောင်းသွားခဲ့ရတဲ့ အချိန်တွေ ... ဒီဇင်ဘာ နှင်းဝတ်ရုံ အောက်မှာ စားခဲ့ဖူးတဲ့ မုန့်ဟင်းခါး ပူပူနွေးနွေး တပွဲကိုလည်း သတိရ မိပြန်ရော ။ငယ်ငယ်တုန်းကတော့ ကော်ဖီ မကြိုက်သူမို့ ကော်ဖီသောက်ဖို့ထက် မနက်စာ မုန့်ဟင်းခါးတို့ ခေါက်ဆွဲသုတ်တို့ စားရင်းနဲ့ ဟင်းခါးပူပူလေးသောက် ခဲ့တာလည်း လွမ်းမိသလိုလို... အခုတော့ မနက်စာ ဆိုတာနဲ့ ကော်ဖီခွက်သာ ကိုင်မိတော့တာပါဘဲ .. အစပိုင်းက " ကျမ ကော်ဖီ သိပ်မကြိုက်ဘူး " ဆိုတာကနေ " ကော်ဖီသောက်ရမှ ကျေနပ်သလိုကို ဖြစ်နေတာ "ဆိုတဲ့ အဆင့်ကို တိုးတက်ရောက်ရှိလာတဲ့ အတွက် ပြောင်းလဲ လာတဲ့ အနေအထားတွေကိုလည်း မှတ်မှတ်ထင်ထင် သတိထားမိပြန်သည် ။ ဒီဇင်ဘာရောက်တိုင်း မှန်သေချာကြည့်မိသည် ။ကိုယ့်ကိုကိုယ် လည်းစကားပြန်ပြောဖြစ်သည် ။ အသက်တနှစ်ကြီးလာတော့မယ်နော် .. ဒီတနှစ်အတွင်း ဘာတွေလုပ်ခဲ့လည်း ဘာတွေ ရရှိခဲ့လည်း ဘာတွေဆုံးရှုံးသွားလည်း အမြဲတမ်း ပြန်မေး ဖြစ်ခဲ့သည် ...။ကိုယ့်ဘာကို အမေးအဖြေ လုပ်ရင်း ရင်မောခဲ့ရတာကိုလည်း ဒီဇင်ဘာအမောလို့ အမည်တပ်ရမယ် ထင်ပါရဲ့ ။ ဒီဇင်ဘာကုန်ဆုံးလို့ နောက်တနှစ်အကူးအပြောင်း အချိန်လေးကို အိပ်ယာထဲကနေ တိတ်တိတ်ဆိတ်ဆိတ် ဖြတ်ကျော် ခဲ့ရတဲ့အချိန်တိုင်း ကျမရင်ထဲကနေ ခပ်တိုးတိုးဆိုမိတဲ့ သီချင်းတွေ ပြောမိတဲ့စကားတွေ ကဗျာ မဖြစ်တဖြစ် ချရေးမိတဲ့ စာလုံးတွေ ..ဒါတွေအားလုံးကို ရော ဘယ်လိုအမည်တပ်ရမလည်း ... ဒီဇင်ဘာ ည အတွေးများလို့ ပြောရင် ကဗျာဆန်မလားဘဲနော် ...။ တချို့သော သူများအတွက် အဲလိုnew year ညတွေဟာ ဆူညံအသက်ဝင်နေသလောက် ကျမအတွက်ကတော့ ဒီဇင်ဘာလရဲ့ နောက်ဆုံးညတည မို့ အေးစက်ခြင်းတွေနဲ့ နာနာကျင်ကျင် နှုတ်ဆက်နေမိသလိုပါဘဲ ။ သေချာတာကတော့ ကျမနေထိုင်ရာအိမ်ရဲ့အပြင်ဘက်မှာ မှောင်မည်း သိပ်သည်းလွန်းနေတယ် ။ ကျမက ဒီဇင်ဘာညတွေကို တိတ်တိတ်ဆိတ်ဆိတ် ခံစားချင်တဲ့သူကိုးးးးးးးးး ....။ တချို့ သော ဒီဇင်ဘာညတွေဟာ.. အေးစက်မှု့ကို တိတ်ဆိတ်ခြင်းတွေက ဝန်းရံလိုက်တဲ့အခါ ပြောပြလို့မတတ်တဲ့ ကြောက်စရာ ကောင်းတဲ့ခံစားချက်ကိုပေးတတ်သလို ... ခံစားချက်တွေကို တိတ်တဆိတ်ဖွင့်ချ လို့ကောင်းတဲ့ ညတွေအဖြစ်လည်းပေးစွမ်းနိုင်ပါတယ် ။ဘယ်လိုဘဲဖြစ်ပါစေ..ကျမကတော့ ဒီဇင်ဘာညတွေကိုချစ်တယ်..။
ဒီဇင်ဘာဟာ 
တနှစ်နဲ့တနှစ် မတူတဲ့ ခံစားချက်တွေပေးလို့ 
ကျမအတွက်တော့ အမြဲတမ်း လှပနေဆဲပါဘဲ .... ..... ။ 

ဒီဇင်ဘာဟာ
 ကျမ အတွက် ချိုမြိန်တဲ့ ခံစားချက်တွေ ပေးခဲ့ဖူးတယ်..

. ဒီဇင်ဘာဟာ 
ကျမအတွက် နာကျင်တဲ့ ခံစားချက်တွေ ပေးခဲ့ဖူးတယ်... 
ဒီဇင်ဘာဟာ 
ကျမကိုရယ်မော စေခဲ့ဖူးတယ်..
. ဒီဇင်ဘာဟာ 
ကျမကိုငိုကြွေးစေခဲ့ဖူးတယ်..

 ဒီဇင်ဘာဟာ 
ကျမအတွက် အမှတ်တရ တွေအများကြီးချန်ထားပေးခဲ့ဖူးတယ်...

 ဒီဇင်ဘာဟာ 
ကျမအတွက် သတိရမိစရာတွေလည်း သယ်ဆောင်လာတတ်သေးတယ်... 

သိပ်ကို ချမ်းအေးတဲ့ ညတညမှာ
 ကော်ဖီပူပူခွက်လေးကို ကိုင်လိုက်
 လက်ကလေးနွေးလာရင် စာလေး ရိုက်လိုက်နဲ့
 ကျမ ဒီစာလေးကို ရေးခဲ့ပါသည် ။ 

2014ရဲ့ ဒီဇင်ဘာဟာ လည်း ကျမအတွက် တကယ်ကို အမှတ်တရ ဖြစ်စေမဲ့ခံစားချက်တခုကို လတ်တလော လေးတင် ပေးခဲ့ပါသည် ။ အဲဒီနေ့ဟာ ဒီနေ့ ...ဒီဇင်ဘာဟာ သူရောက်ရှိလာပြီး 6ရက်မြောက်နေ့ မှာ ကျမအတွက် ကြေကွဲစရာ ခံစားချက်တခုကိုပေးခဲ့တယ်...ကျမ ဒီနေ့ကို အမှတ်တရ နေ့စွဲလေးထဲ ထည့်ရေးထား လိုက်ပါပြီ ။ ကျမကတော့ နှစ်တနှစ် ကုန်ဆုံးကာနီးတိုင်း ရောက်လာ မဲ့ဒီဇင်ဘာ လပေါင်း များစွာကို ရင်ခုန်စွာစောင့်မျှော်နေမိဦးမှာပါ .... ...... ....... ။။။ 
( ပစ်ကို tag လုပ်တဲ့ အမ ဆွေလေးမွန်ကိုလည်း ကျေးဇူးပါနော် ) 

အားလုံးဘဲ SWEET DECEMBER ပါလို့ ....ချိုသော ဒီဇင်ဘာလေး ဖြစ်ပါစေရှင်.... 

+ပစ်ပစ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)