ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 7, 2014

=== မျိုသိပ်ရင်းသာ===

>
အိမ်တံခါး ဖွင့်ဝင်လိုက်သည်နှင့် သမီးလေးရဲ့ ငိုသံကို ကြားလိုက်ရသည်။ ဘာများဖြစ်လို့ပါလိမ့်လို့ တွေးမိ ရင်း လွယ်ထားသည့် စလင်းဘတ်အိတ်နှင့် လက်ထဲက ဆွဲခြင်းလေးကို သံမံတလင်းပေါ်သို့ ခပ်သွက်သွက် လွှတ်ချလိုက်မိသည်။ ကျွန်မ၏ ဒေါ်လေးက သမီးလေးကို ချီပွေ့ထားရင်း ချော့မြှူနေသည်။ သမီးလေးမှာ ငိုခဲလှသော ကလေးဖြစ်သဖြင့် ယခုလို စူးစူးဝါးဝါး ငိုနေခြင်းကို စဉ်းစားမရနိုင် ဖြစ်နေမိသည်။ အတွေးတွေ ကို ခနရပ်ပြီး ရေချိုးခန်းဆီ သုတ်သုတ်လှမ်းကာ ခြေလက်တို့ကို ခပ်မြန်မြန် ဆေးကြောနေမိသည်။ ပြီးနောက် အိမ်ရှေ့ဘက်သို့ ပြန်ထွက်လာပြီး ဒေါ်လေးထံမှ သမီးလေးကို ပွေ့ချီယူလိုက်သည်။ ထိုအထိ သမီးလေးမှာ တစ်ကိုယ်လုံး ရဲရဲတွတ်နေအောင် ငိုကြီးချက်မ ဖြစ်နေတုန်းပင်။ သမီးလေးကို ပွေ့ချီထား ရင်း နှုတ်မှလည်း တတွတ်တွတ် ချော့မြှူနေမိသည်။ ကျွန်မလက်ထဲရောက်တော့ သမီးလေးက အသံကျယ် ကြီးနှင့် အော်မငိုတော့ပေမယ့် တရှိုက်ရှိုက် ဖြစ်နေဆဲပင်။ သမီးရဲ့ မျက်လုံးအိမ်မှ မျက်ရည်ပေါက်ကြီးများ တလိမ့်လိမ့် စီးကျနေသည်ကို ကြည့်ရင်း ကျွန်မကိုယ်တိုင် မျက်ရည်ကျလာမိသည်။ သနားလိုက်တာ သမီးလေးရယ်... ။ သမီးလေး ဘာကြောင့် ငိုရသည်ကို မစဉ်းစားတတ်နိုင်။ သမီးလေးမှာ မွေးကတည်း က လေနာလည်း မပါ။ အလွန် သန္ဓေကောင်းသော ကလေးဖြစ်၍ အစဉ်အမြဲ မျက်နှာပြုံးချိုနေတတ်သည့် ကလေးဖြစ်သည်။ ခဏကြာမှ သမီးလေး ဤမျှ သည်းသည်းထန်ထန် ငိုကြွေးရခြင်းမှာ ၀မ်းသွားချင်သော်လည်း မသွားနိုင်၍ ငိုနေခြင်းဖြစ်ကြောင်း သိရတော့သည်။ သမီးလေးမှာ အသက်ခြောက်လ ပြည့်ပြီး ဖြစ်သော်လည်း ဖြည့်စွက် စာ မကျွေးသေးဘဲ နို့ဘူးသာ တိုက်နေဆဲဖြစ်ရာ ယခုလို ၀မ်းမသွားနိုင်ခြင်းကို တစ်ခါမျှ မဖြစ်ဖူးခဲ့။ ကျွန်မ မှာ မိုးလင်းက မိုးချုပ် အလုပ်တစ်ဖက်နှင့်မို့ သမီးလေး ခြောက်လပြည့်လျှင် ဆရာဝန်ဆီ ပြန်ပြရန် ရှိသည် ကိုလည်း မသွားဖြစ်သေးဘဲ ဖြစ်နေချိန် ဖြစ်သည်။ မိခင်ပီပီ သမီးလေးရဲ့ငိုသံကို ကြာရှည် မခံစားနိုင်သည် မို့ သမီးလေးကိုချီပြီး သမီးလေးရဲ့ ခါးအောက်ပိုင်းနားလေးကို လက်ကလေးဖြင့် အသာအယာ ပွတ် သပ်ပေးရင်း ကိုယ်ပါ မျက်ရည်တွေတွေ ကျနေမိတော့သည်။ နောက်ဆုံး သမီးလေးက အနာခံပြီး ၀မ်းကို ညှစ်လိုက်ရာ ၀တ်ထားသော Diaper တွင် သွေးစ အနည်းငယ် ပင် ပါလာတော့သည်။ သမီးလေး ငိုလိုက်သည်မှာ ပြောစရာပင် မရှိ။ (မရိုသေ့ စကား) ၀မ်းမှာ မာကျစ် လွန်းသောကြောင့် သမီးလေးခမျာ တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေအောင် ကြိုးစားပမ်းစား သွားရရှာသည်။ ကျွန်မ သန့်ရှင်းရေးလုပ်ပေးသည်ကိုပင် မခံနိုင်လောက်အောင် သမီးလေး နာကျင်ခံစားရရှာသည်။ ကျွန်မ လည်း သမီးလေးကို သန့်ရှင်းရေး လုပ်ပေးပြီးသည်နှင့် ချော့မော့ကာ သိပ်လိုက်သည်။ ငိုရ နာကျင်ရနှင့် ပင်ပန်းလွန်း၍ ထင်သည်။ သမီးလေးမှာ ကျွန်မရင်ခွင်တွင် ခနချင်း အိပ်ပျော်သွားရှာတော့သည်။ + + + + + + "သမီးလေး ဘာဖြစ်လို့ အဲဒီလို ဖြစ်တာလဲ မသိဘူး။ သူ နို့ဘူးပဲ စို့တာပဲဟာ...။ ၀မ်းချုပ်စရာ ဘာမှ မရှိပါ ဘူး" နောက်တစ်နေ့ရောက်တော့ ညီမလေးကို ကျွန်မ ပြောမိသည်။ "မမရေ... အမှန်က နင်မသိလို့ ...။ ငါတို့ မီးမီးလေးကို ထမင်းကို ကျေနေအောင် ချေပြီး ကျွေးနေတာ တစ်ပတ်လောက် ရှိနေပြီ" "ဟယ် ... ဟုတ်လား။ ငါက ဆရာဝန်ဆီ ပြန်သွားပြပြီးမှ ဖြည့်စွက်စာ ကျွေးရမယ့် အစီအစဉ်ကို မေးမလို့ လုပ်ထားတာ။ ငါကလည်း မအားတာနဲ့ မသွားဖြစ်သေးဘူး။ ငါကတော့ ကလေးကို အစာပျော့ပျော့လေးကို အရင် ကျွေးစေချင်တာ... တော်ကြာ ကလေးရဲ့အစာအိမ်က နို့ဘူးပဲ စို့ရာကနေ ချက်ချင်းကြီး အစာမာ ကို ပြောင်းကျွေးလိုက်တော့ မကျေညက်ဘဲ ဖြစ်နေမှာစိုးလို့" "အမယ်လေး... မမရယ်...။ ငါတို့လည်း သိပါတယ်ဟ...။ နင်ကလည်း...။ ငါတို့က နင်ပြောသလိုကြီး ကလေးကို ချက်ချင်း အစာမာ ကျွေးပါ့မလား။ ထမင်းကို ပျော့နေအောင် ချေပြီးမှ ခွံကျွေးတာပါ... နင့်သမီး က ရေလည်း အရမ်းကြိုက်တယ်...။ ရေသောက်လိုက် ... ထမင်းလေး စားလိုက်နဲ့။ ညနေဆိုရင်လည်း ငှက်ပျောသီးတစ်လုံး စားသေးတယ်" "အေးပါဟာ.... ငါ့သဘောကတော့ သမီးလေးကို ထမင်း အရင်မကျွေးခင် Cracker လေးကို နို့လေးနဲ့ ခပ်ပျစ်ပျစ်လေး ဖျော်ပြီး အရင်ကျွေး... နောက် တစ်ပတ်နှစ်ပတ်လောက်နေမှ ထမင်းကို ဆန်ပြုတ်လို လုပ်ပြီး သေချာကျေအောင် ချေပြီးမှ ကျွေးစေချင်တာ ... ငါ ဆရာလုပ်တာ မဟုတ်ပါဘူးဟာ... ငါက ကိုယ် တိုင်လည်း မလုပ်ပေးနိုင်တော့ ... " ကျွန်မစကားသံက အဆုံးမှာ တိုးတိမ်သွားသည်။ ဟုတ်သည်လေ။ ကျွန်မက ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင် မို့ မနက် ၇:၁၅ ဆိုလျှင် လာကြိုသည့်ကားနှင့် အိမ်က ထွက်ရသည်။ ရုံးချိန်က မနက် ၈း၃၀ မှ ညနေ ၅း၃၀ ဆိုပေမယ့် ကားလမ်းပိတ်တာနှင့် ဘာနှင့် ဆိုလျှင် အိမ်ကို အစောဆုံး ည ၇း၀၀ (သို့) ၇း၃၀ လောက် မှ ပြန်ရောက်တတ်သည်။ ထို့ကြောင့် သမီးလေးရဲ့ ကိစ္စအားလုံးအတွက် အိမ်သားတွေကိုသာ အားကိုးရ သည်။ တစ်နေ့တာလုံး သမီးလေးကို ချီပိုး ထိန်းကျောင်း၊ နို့ဘူးတိုက်၊ စားစရာကျွေး၊ ရေချိုး၊ သန့်ရှင်းရေး လုပ်၊ ပြီးတော့ သမီးလေးအ၀တ်တွေ လျှော်၊ မီးပူတိုက် စတဲ့အလုပ်တွေဟာ မိခင်တစ်ယောက်အနေနဲ့ ကျွန်မကိုယ်တိုင် လုပ်ရမည့် အလုပ်တွေပါ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မိုးလင်းက မိုးချုပ် အလုပ်ထွက်လုပ်နေရတဲ့ အိမ်ရှင်မတစ်ယောက်အနေနဲ့ သမီးရဲ့တာဝန်တွေကို ပိတ်ရက်မှသာ လုပ်ပေးနိုင် ပါသည်။ ရှားရှားပါးပါး ပိတ်ရက်လေး တစ်ရက်ကို သမီးလေးနဲ့ ဆော့ကစား၊ လုပ်စရာရှိတာတွေကို သမီးလေးကို ချီရင်း တစ်ဖက်က လုပ်နှင့် ကုန်ဆုံးစေရသည်။ သူငယ်ချင်း မိတ်ဆွေတချို့က ကျွန်မကို ပြောကြသည်။ နင် အလုပ်မလုပ်လည်း ရရဲ့သားနဲ့ ...။ နင့်ယောက်ျားတစ်ယောက်လုံး ရှာနိုင်တာပဲ... အလကား အလုပ် ထွက်လုပ်နေတယ်တဲ့။ အလကားတော့ ဘယ်သူမှ ကိုယ့်သားသမီးကို ခွဲပြီး အလုပ် ထွက်မလုပ်ချင်ပါ။ ယခုခေတ်မှာ ထိုက်သင့်သော လစာနှင့် သင့်လျော်သော ခံစားခွင့်တချို့ကြောင့် ကိုယ့်မိသားစုရှေ့ရေးကို ကြည့်ပြီး အလုပ်လုပ်နေရခြင်းပါ။ ထိုသို့ ပြောသော မိတ်ဆွေများကို ကျွန်မ ဘာမှ မတုံ့ပြန်မိပါ။ ပြုံး၍သာ ကြည့်နေမိသည်။ ကျွန်မ ရင်ထဲကို သူတို့မှ မမြင်နိုင်တာလေ ...။

 + + + + + + +

"ဟယ်... သမီးလေး ငိုနေပြန်ပြီ။ ဟိုတစ်ခါလို ဖြစ်ပြန်ပြီ ထင်တယ်...။ ငါ စိတ်ညစ်ပါတယ်ဟာ...။ နင်တို့ကို ငါ မှာထားတယ်လေ...။ ကလေးရဲ့ဝမ်း ပုံမှန် ပြန်ဖြစ်တဲ့အထိ စောင့်ပြီးမှ ထမင်းကျွေးပါလို့...။ ခုတော့ ကလေးခမျာ ခံစားရပြန်ပြီ...။သနားပါတယ်...ငါ့သမီးလေး" ကျွန်မ ရုံးက ပြန်ရောက်ရောက်ချင်း တစ်ညမှာ သမီးလေး ငိုနေသံ ကြားလိုက်ရ၍ ကျွန်မက ညီမလေးကို ခပ်ဆတ်ဆတ်လေး ပြောလိုက်မိသည်။ လူက ရုံးမှာ စိတ်ပင်ပန်းလာတာက တစ်မျိုး၊ အိမ်ပြန်ရောက်တော့ သမီးလေး ၀မ်းမသွားနိုင်၍ ငိုနေသည်ကို ကြုံလိုက်ရတာက တစ်မျိုးကြောင့် လူက စိတ်တိုမိသလို ဖြစ်ကာ ညီမလေးကို အပြစ်တင်လိုက်သည်။ ညီမလေးက - "အေးပါ ... ငါလည်း မကျွေးပါဘူး...။ ဒီနေ့ ငှက်ပျောသီးပဲ စားတာ...တခြား ဘာမှ မကျွေးဘူး...။ နောက် ဆို နင့်သမီးကို ဘာမှ မကျွေးဘူး စိတ်ချ...။ နို့ဘူးပဲ တိုက်မယ်" ညီမလေးကလည်း ကျွန်မကို စိတ်ဆိုးကာ ဘုဆတ်ဆတ်ပြောပြီး လှည့်ထွက်သွားတော့သည်။ ကျွန်မမှာ အလုပ်က ပြန်လာလာချင်း အ၀တ်အစားပင် မလဲနိုင်ဘဲ သမီးလေးကို ချီပိုးရင်း ချော့မြှူနေလိုက်သည်။ စိတ်ထဲမှာလည်း ကလေးကို တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် နို့ဘူးပဲ တိုက်နေပြီး ၀မ်းပုံမှန်ဖြစ်သွားမှ အစာပျော့ပျော့ကို စကျွေးပါလို့ မှာထားသည့်ကြားက ခုလိုဖြစ်ရသည်မို့ အိမ်သားတွေကို စိတ်ဆိုးမိသည်။ အဓိကကတော့ သမီးလေး နာကျင်မှုကို မခံစားစေလိုခြင်းသာ။ "နင်တို့ငယ်ငယ်တုန်းကလည်း ဒီလိုပဲ ကျွေးမွေးပြီး ထိန်းကျောင်းလာတာ။ ဒီအရွယ်က ဒီလိုပဲ ဖြစ်တတ်တာ ချည်းပဲ။ နောက်ဆို ပုံမှန်အတိုင်း ဖြစ်သွားမယ့်ဥစ္စာ....။ သူ့အရွယ်နဲ့သူ ကျွေးသင့်တဲ့ အစားအစာကို ကျွေး ရတာပဲ..." အဒေါ်တစ်ယောက်က လေသံ အေးအေးနှင့် ပြောပြီး ကျွန်မအနားက ထွက်သွားပါသည်။ ထိုနေ့မှ စ၍ နောက်ရက်များတွင် အိမ်သားများ ကျွန်မအပေါ် အေးစက်လာကြသည်ဟု ခံစားလာမိသည်။ ပြောစရာ ဆိုစရာရှိလျှင် ပြောဆိုကြသော်လည်း ယခင်ကလောက် ဟက်ဟက်ပက်ပက် မရှိကြတော့ဟု ကျွန်မစိတ်ထဲ ထင်မြင်မိသည့်အခါ ရင်ထဲမှာ နာကျင် ၀မ်းနည်းလာမိသည်။ ညဘက် အိပ်ရာထဲတွင် အိပ်ပျော်နေသော သမီးလေးကို ကြည့်ရင်း ကျွန်မတစ်ယောက်တည်း ကြိတ်ငိုမိသည်။ ကျွန်မက သမီးလေးအပေါ် စိုးရိမ်ပူပန် မှုဟာ သမီးလေးကို မိခင်နှင့်မခြား မေတ္တာစေတနာနဲ့ ပြုစုစောင့်ရှောက်ပေးသူတို့အတွက် စိတ်အနှောင့် အယှက် ဖြစ်သွားလေပြီလား။ ကျွန်မ အလုပ်သွားနေချိန်မှာ အိမ်မှာ ရှိသမျှ လူအားလုံးဟာ သမီးလေးကို ၀ိုင်းဝန်း ချီပိုး ထိန်းကျောင်းပေးနေကြသည်မှာ သူတို့ကိုယ် သူတို့ ပင်ပန်းရကောင်းပင် မသိ။ ဒါကို ကျွန်မ သိလျက်နဲ့ အပြစ်တင် ပြောဆိုမိသည်ကို သူတို့ စိတ်ကွက်သွားကြပြီလား။ တကယ်တော့ ကျွန်မရဲ့သမီးလေးကို တစ်အိမ်သားလုံး တုန်နေအောင် ချစ်ကြတာ ကျွန်မ အသိပါ။ သမီးလေးဟာ ကျွန်မဘက်မှာရော၊ ကျွန်မအမျိုးသားဘက်မှာပါ မြေးဦးလေးမို့ အကုန်လုံးက ၀ိုင်းပြီး ချစ်ကြ သည်းကြတာလည်း ကျွန်မအသိပါ။ ဒါပေမယ့်လည်း ကျွန်မရဲ့ မိခင်စိတ်အရ သမီးလေးကို ဘာကြောင့်မှ မငိုကြွေးရစေချင်တာ၊ သမီးလေးကို အမြဲ ပြုံးရယ်ရွှင်မြူးနေစေချင်တာတွေကြောင့် အိမ်သားတွေအပေါ် အပြစ်တင် ငြူစူခဲ့မိခြင်းသာ။ အခုတော့ ကျွန်မ မှားမှန်း သိခဲ့ပါပြီ။ ကျွန်မရဲ့ တဇွတ်ထိုးဆန်ဆန် စိုးရိမ်မှု အပေါ် စိတ်ခုသွားတဲ့ မိသားစုဝင်များကိုလည်း ကျွန်မ နားလည်ပေးတတ်ခဲ့ပါပြီ။ ဒါကြောင့် ခုနေအခါမှာ ကျွန်မရင်ထဲမှာ မျိုသိပ်ပြီး သိမ်းထားတဲ့ စကားတွေကို တစ်ချိန်ချိန် မိသားစုများကို ဖွင့်ဟခွင့် ရမယ်ဆိုရင် ကျွန်မ ပြောလိုက်ချင်ပါတယ်...။ "သမီးလေးကို ချစ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ......။ 

စာဖတ်ပရိသတ်များ အားလုံးကို လေးစားလျက် 

+မြ၀တီဇော်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)