**ပြည်သူ့ အားကို
ဒို့ ကိုးစားလျှင်
ဓားသွားလည်းထက်
ခြေလှမ်းသွက်၏....**
ထိုင်းနိုင်ငံအခြေစိုက်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)
ရဲ့ ၂၀၁၅ ပြက္ခဒိန်ဟာဒီနေ့ ထွက်ပါပြီဗျို့ ။
မြန်မာပြည်သားစာစောင်အတွက်လစဉ်ရံပုံငွေထည့်ဝင်နေသူတွေကလွှဲလို့ 
အခု၂၀၁၅ ပြက္ခဒိန်ကိုရံပုံငွေအဖြစ်ရောင်းချမှာဖြစ်ပါတယ်။မြန်မာရွှေ့ ပြောင်း
အလုပ်သမားတွေကို ပြက္ခဒိန်၁ခု(၂၅ဘတ်)နှုန်းနဲ့ ရောင်းချမှာဖြစ်ပြီး
အခြားသောအေဂျင်စီတွေ၊NGOsတွေ၊ပြင်ပမိတ်ဆွေတွေကိုတော့
ပြက္ခဒိန်၁ခု(၅၀ဘတ်)နှုန်းနဲ့ ရောင်းချမှာဖြစ်ပါတယ်။
မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဟာပြီးခဲ့တဲ့
၂၀၀၈ခုနှစ်ကစပြီးနှစ်စဉ်မပျက် ပြက္ခဒိန်ထုတ်ဝေဖြန့် ချီခဲ့ပြီးအခု၂၀၁၅ ပြက္ခဒိန်ဟာ
၇နှစ်မြောက်ခြေလှမ်းဖြစ်ပါတယ်။
ပြောရရင်..။မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေဆိုတဲ့ပြည်သူ့ အားကို
ယုံကြည်ကိုးစားစွာနဲ့ ထုတ်ဝေဖြန့် ချီလိုက်တာပါ။
**ပြည်သူ့ အားကို
ဒို့ ကိုးစားလျှင်
ဓားသွားလည်းထက်
ခြေလှမ်းသွက်၏....**တဲ့။
ဒီဖိုင်းအပြင်အဆင်က*သီဟမောင်မောင်*ရဲ့ လက်ရာပါ။
+'ဒီလျှပ်စီး+

No comments:
Post a Comment