>
ဘာလိုလိုနှင့်၂ဝ၁၄လို့ နာမည်တပ်ခံထားရတဲ့နှစ်တနှစ် မကြာခင်မှာ ကုန်ဆုံးတော့မည်။ ၂ဝ၁၅လို့ ကျွန်မတို့အားလုံးသတ်မှတ်ထားကြတဲ့ နှစ်အသစ်တနှစ်ထဲ စီးမျောနေထိုင်ကြရဦးမည်။ တကယ်တော့ ဒါဟာ ဘာမှထူးဆန်းတဲ့ကိစ္စလည်း မဟုတ်ပါဘဲ။ နေထိုင်ရှင်သန်ခွင့်ရနေကြတဲ့ ကာလ အပိုင်းအခြားတစ်ခုကို ကြံဆစ်တွေလို ဆစ်ပိုင်းကြည့်နေကြလို့သာရယ်။
သံသရာက မလွတ်မြောက်နိုင်သေးသရွေ့ မဆုံးနိုင်သေးတဲ့ကာလရှည်ကြီးပဲ မဟုတ်လား။ အဲသည်ကာလရှည်ကြီးတစ်ခုကို လောကီသုံးလွယ်ကူအောင် ပညတ်တင်မှတ်ကြသည်။ သမုတိ သစ္စာ… လောကီအရ မှန်ကန်မှူတစ်ခုအနေနှင့် ကျွန်မတို့အားလုံး လက်ခံထားကြ ရသည်။ ဖြတ်သန်းနေစဉ် ခရီးရှည်ကြီးတစ်ခုကို နာရီ နေ့ရက် လတွေ နှစ်တွေနှင့် မှတ်ကြသည်။ နေနှင့် ကမ္ဘာကြီးတို့တစ်ပတ်လည်မှုအပေါ်တည်မှီပြီး ထုံ့ပိုင်းမှတ်သားကြသည်။
တကယ်တော့ ပုံမှန်နေ့ရက်တွေထဲက တစ်ရက်မျှသာ။ ခုတစ်ညအိပ်ပြီး နောက်တမနက် မိုးလင်းသည့်အတိုင်းသာ၊ နာရီလက်တံတစ်ခုကနေ အနီးဆုံးနောက်လက်တံတစ်ခုကို ပြောင်းရွှေ့ခြင်း မျှသာပါပဲ။ ထားပါတော့။ လူသားတစ်ယောက်အနေနှင့် ကိုယ်နေထိုင်ဖြတ်သန်းခဲ့သော မကြာခင်မှာ ကုန်ဆုံးသွားတော့မည့်နှစ်တနှစ်အား သတိတရကျေးဇူးတင်စွာ ပြန်ငဲ့ကြည့်ဖြစ်ခဲ့ပါသည်။
ငဲ့ကြည့်မိစဉ်ပထမဆုံးအတွေးမှာ ၂ဝ၁၄ဟာ ကျွန်မအတွက် ကောင်းသောနှစ်၊ ဆိုးသောနှစ် ရယ်လို့ နှစ်တနှစ်အပေါ်ပုံချပစ်ရမှာ မတရားရာများကျလေမလားဟုပင်။
"ဟဲ့ မယ်နု သူ့ကြွေးရှိက ဆပ်ရလိမ့်"ဆိုတာလို...။
မမြင်နိုင်သော အပိုင်းအခြားတစ်ခု၌ ပြုကျင့်ခဲ့ဖူးသော ကုသိုလ် အကုသိုလ်တို့၏ တစ်ပါတည်း နောက်က လိုက်နေမှုအပေါ် ကြေနပ်သည်ဖြစ်စေ၊ မကြေနပ်သည်ဖြစ်စေ၊ ပျော်ရွှင်သည်ဖြစ်စေ၊ နာကျင်ရသည်ဖြစ်စေ လက်ခံရုံ။ ကျွန်မ၌ ငြင်းပယ်ခွင့်လည်း ရှိမှ မရှိပါလေ။ အဲသည့်အခါ ငါ့ကျမှ ဖြစ်ရလေခြင်း ဆိုတာတွေ ပျောက်သွားကာ အသံမထွက်နိုင်ဘဲ အံကြိတ်၍သာ နေတတ်လာသည်။ တေးထားခြင်းကား မဟုတ်၊ နာကျင်လွန်း၍သာ အံကြိတ်မိပါသည်။ ဘယ်သူမပြု မိမိမှုပါပေ...။
ပြီးခဲ့သောနှစ်က ဖြစ်ဖြစ်သမျှကို ပြန်လည်ယူဆောင်၍ အာရုံ၌တင်လျှင် အရင်ဦးစွာ သတိရမိသည်မှာ ကျန်းမာရေးပင်ဖြစ်သည်။ လေးဆယ်ကို တော်တော်လေးကျော်လာသော မိန်းမတစ်ယောက် အတွက် နှစ်ဆယ်ကျော်-သုံးဆယ်မိန်းမတစ်ယောက်၏ ကျန်းမာရေးနှင့် မတိုင်းထွာ လိုပါ။ လေးဆယ်ကျော် မိန်းမတို့၏ဖြစ်နေကျ ရောဂါဇယားအတိုင်း ကျွန်မ၌ အကုန်လုံးရှိလေသည်။ သက်သက်သာသာနေသော်မှ မသက်သာ။ သည်နှစ်ပိုင်းအတွင်းမှာ သိသိသာသာ၊ ဘယ်လောက်ပင် အိပ်စက်စေကာမူ မနက်လင်းသည်နှင့် နွမ်းနေသောပန်းတစ်ပွင့်လိုသာ ရှိရသည်။ ကြည်လင်စွာနိုးထ လန်းဆန်းရသောနေ့များ လက်ချိုးရေလျှင်ပင် ရလောက်သည်။ ကိုယ်တွေလက်တွေ ညောင်းညာ ကိုက်ခဲသည်ဆိုတာကတော့ စကားအနေနှင့်ပြောလျှင်ပင် အပ်ကြောင်းထပ်၍ ရှက်စရာဖြစ်တော့မည်။
ဘာရောဂါမှလည်း ပြောရလောက်အောင် မယ်မယ်ရရ မရှိ။ chest pain-ဘယ်ဘက် ရင်ဘတ်အောင့်ပြီး ဆေးခန်းရောက်သွားသောနေ့တွေမှာ ECG ရိုက်တိုင်း နှလုံးရောဂါရှိပါစေ ဆုတောင်းရသည်။ မကြာခဏ တရှောင်ရှောင်နာမကျန်းဖြစ်နေမှုအတွက် ဖွယ်ဖွယ်ရာရာနာမည်လေးတစ်ခု တပ်ချင်မိသည်။ ခုလို ရောဂါအကောင်အထည် နာမည်ပြစရာမရှိတာသည်ပင် မျက်နှာငယ်ငယ် အားငယ်ရသေးသည်။
ထုတ်ပစ်ခဲ့ရသော သည်းခြေကြောင့် အစာမကြေဖြစ်မှုကတော့ မြင်သာလွန်းစွာ၊ အသည်းတစ်ခုထဲ၏ စွမ်းဆောင်နိုင်မှုဖြစ်သော အစာချေ အဆိပ်ထုတ်ခြင်းသည် သည်းခြေမရှိတော့သောအခါ စစ်တလင်းဝယ် နောက်လိုက်ဗိုလ်ခြေ မပါဘဲ တစ်ဦးတည်းထွက်တိုက်နေရသော စစ်သူကြီးနှင့် အလားတူသည်။ အစားလေး နည်းနည်းများလိုက်သည်နှင့် အကုန်ပြန်အန်တာမှ ဘိုက်ထဲက ကလီစာတွေတောင် အပြင်ကို တစ်ခါထဲ ပါသွားပြီလားထင်ရသည်။ ပြီးတာနှင့် အန်ရလွန်းသောကြောင့် လူက မျော့ကာ ပုံလဲလုလုအခြေအနေရောက်ရပြန်သည်။ သည်တော့ အစာကို မည်မျှပင်ကြိုက်သော်ငြား အများကြီး မစားသင့်ဟု ကိုယ့်ဖာသာဆုံးဖြတ်သည်။ တစ်ဖန် ကြိုက်သောအစာများကို မြင်အပ်သည်ရှိသော် ထိုဆုံးဖြတ်ချက်ကို ကိုယ့်ဖာသာ သတိရလျှက်က မေ့ချင်ယောင်ဆောင်ရသည်။ ဤသို့လျှင် စားလိုက်-အန်လိုက်သံသရာ၌ ခွေပျော့နေကျင့်ရလာတော့သည်။
နာကျင်ရောဂါတွေများတော့ ခန္ဓာ၏အပြစ်ကို ကွက်ကွက်ကွင်းကွင်းမြင်တာပေါ့ဟု အကောင်းဘက်က တရားရသယောင် လှည့်တွေးရသည်။ တကယ်တော့ တရားရခြင်းမဟုတ်၊ သံဝေဂရခြင်း၊ တရားရခြင်းနှင့် စိတ်ဓါတ်ကျဆင်းခြင်းတို့သည် ဆင်တူသယောင်နှင့် ကွဲလွဲလှသည်။ ခန္ဓာကြီးဟာ အပြစ်ချည်းပါလား၊ မမြဲတဲ့တရားပါလားဟု နာစဉ်မှာ တွေးတောခြင်းသည် တရားအစစ်ရခြင်း မဟုတ်၊ နေထိုင်မကောင်းစဉ် သက်သာလိုသက်သာငြား ဖြေတွေးခြင်းမျှသာဖြစ်သည်။ နာမကျန်းနေခိုက် စိတ်သွားတိုင်း ကိုယ်မပါမှု အပေါ် စိတ်ဓါတ်ကျဆင်းခြင်းသာ ဖြစ်လေသည်။ တကယ့်တကယ် နေထိုင်ကောင်းသောအခါ (ခေတ်စကားနှင့် ပြောရလျှင်) ပြန်လည်၍ ဖလမ်းဖလမ်းထမြဲ၊ အတောင်ပံပြန်ခတ်မြဲ၊ ခန္ဓာ၏ အချိန်နှင့် အမျှ ဖြစ်ပျက်ပြောင်းလဲလျက်ရှိသော အပြစ်အနာအဆာ၊ အသေအပျက်များကို မတွေ့ မသိ၊ သတိမမူ မေ့လျော့မြဲပင်တည်း။
ကျန်းမာရေးပြီးသော် အလုပ်အကိုင်အကြောင်း ပြောချင်သည်။ မှတ်မှတ်ရရ သည်အလုပ်ကို အင်တာဗျူး သွားရစဉ် ဖေ့စ်ဘုတ်ပေါ်တက်ကာ စတေးတပ်စ်တင်ဖြစ်ခဲ့သည်။ သည်အလုပ်ကို ရချင်လွန်းသောကြောင့် (ဆုတောင်းခြင်းအမှုကို မယုံသော်ငြား စိတ်အင်အားတစ်ခုအဖြစ်နှင့်) “ရပါစေ ဆုတောင်းပေးကြပါ အခု အင်တာဗျူးသွားနေတယ် လမ်းမှာ”ဟုဆိုကာ ဆယ်လ်ဖီလိုက်သေးတာ မှတ်မိသည်။ တကယ်လည်း သည်အလုပ်ကိုရခဲ့တော့ ကိုယ်လိုချင်သောအလုပ်မို့ ကြေနပ်မှုက ပြောပြနိုင်ဖွယ်မရှိ။
တကယ့်တကယ်အလုပ်ဝင်ရသောအခါ မျှော်လင့်ထားသည်ထက်ပိုသော စိမ်ခေါ်မှုများအတွက် တွေ့ကြ ပြီ ပေါ့ကွာဟုဆိုကာ အားရကြေနပ်ရမည်လား၊ သည်ခက်ခဲတဲ့အလုပ်ကိုမှ ရွေးချယ်မိတာ မှားတာပဲဟု ဆိုကာ စိတ်ပျက်လက်လျှော့ရမည်လားပင် မသိ။ မကြာပါ၊ ကျွန်မနှင့်အလုပ်၊ အလုပ်နှင့်ကျွန်မ တစ်သားတည်း ဖြစ်သွားကာ အိမ်ပြန်ချိန်ပင် မေ့လျော့ရသည်အထိ။ သို့သော် စိတ်နှစ်ကိုယ်နှစ် ပင်ပမ်းရသမျှ အထက်လူကြီးများ၊ ကိုယ်နှင့်အတူ လုပ်ဖော်ကိုင်ဘက်များ၏ အသိအမှတ်ပြုမှုအပေါ် ဝမ်းသာရသည်။ ကုမ္ပဏီကြီးများ၏ထုံးစံ လူတစ်ဦးချင်းစီ၏ လုပ်ရည်ကိုင်ရည်ကို လစဉ်စာရင်း ဇယားများအပေါ်မှာ မူတည်ကာ တွက်ချက်အဖြေထုတ်လေ့ရှိတာမို့ တစ်ယောက်ချင်းစီ၏ ကြိုးစားလုပ်ကိုင်မှု ရလာဒ်သည် ညာ၍ မရနိုင်ပါပေ။ အချုပ်ဆိုရလျှင် အလုပ်အကိုင်နှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကို ကြေနပ်အားရခဲ့သည်ဟု ဆိုချင်ပါသည်။
နောက်ဆုံးငဲ့ကြည့်မိသည်က လူမှုဆက်ဆံရေးဖြစ်သည်။ အသက်သာ လေးဆယ်ကျော်ကြီး ဖြစ်လာပြီ၊ လူမှုဆက်ဆံရေးနှင့်ပတ်သက်လျှင် ကျွန်မက ခုထိ သင်ယူနေရတုန်းပင်ဖြစ်သည်။ အစစ်မှန်း အတုမှန်း ရေရေရာရာ မကွဲပြားသောမျက်နှာများထဲမှာနေထိုင်ရင်း သေသည်အထိလည်း သင်ယူရဦးမှာ သေချာသည်။ ကျွန်မ အဘိုးပြောခဲ့သလို အဖြောင့်တိုင်းသာထား၊ ဘယ်လောက်လာ ချိတ်ချိတ် မချိတ်မိနိုင်ဘူးဆိုသည်မှာ မှန်လွန်းလှသည်။ အဖြောင့်အတိုင်းထားနိုင်ဖို့သာ ကျွန်မ ကြိုးစားရပါသည်။
လူတွေမှာ ဘာသာစကားရယ်လို့ကွဲပြားနေကာ ဘယ်လိုဘာသာစကားမှ မပြောဘဲ စိတ်ချင်းဆက်သွယ် ပြောဆို သိနားလည်လို့ရစေနိုင်လျှင် ဘယ်လိုများနေပါ့ဟု တွေးမိဖူးသည်။ သည်လို ဆိုရင်တော့ဖြင့် ကြောက်မက်ဖွယ်ဟု ချက်ချင်းပင် အတွေးဝင်သည်။
လူ့စိတ်ဟူသည် ဘယ့်ကလောက်များ ဖြူစင်သောအရာမို့ပါလိမ့်။ တစ်ယောက်စိတ်ကို တစ်ယောက် က ကောင်းသည် ဆိုးသည်မဟူ မြင်တွေ့နိုင်ပါက နောက်ဆက်တွဲပြဿနာတွေကဖြင့် များပြားရှုပ်ထွေးချိမ့် မည်ပေ။ စိတ်ကို လျှော်ဖွပ်ရသောအလုပ်မှာ ခက်ခဲပေစွ၊ ဘယ်လောက်ပင်ကြိုးစားစေကာမူ အလုံးစုံဖြူစင်နိုင်ခဲလှသည် မဟုတ်ပါလား။
ပတ်သက်ဆက်ဆံခဲ့ရသောသူတွေဆီက ကျွန်မ အများကြီးရခဲ့ပါသည်။ နာယူစရာ၊ နာကျင်စရာ၊ ပျော်ရွှင်ဖွယ်ရာ၊ ဝမ်းနည်းဖွယ်ရာ စသည်များ များပြားလွန်းသည်။ တစ်ချို့က အလုံပိတ် သစ်သားသေတ္တာတစ်လုံးလို၊ တစ်ချို့ကျတော့ မှန်လုံသေတ္တာတစ်လုံးလို...။
မည်သို့ပင်ဖြစ်စေ ပြသလောက် မြင်ကြရပြီး ပေးသလောက်သာ ရနိုင်ကြပါ၏။ သည့်ထက်ပိုပြီး မရနိုင်၊ မမျှော်လင့်စကောင်းပါပေ။ ခံစားမှုအခြေခံသော ပတ်သက်ဆက်ဆံမှုတိုင်း၌ “ပေးတိုင်းပြန်မရတာ အချစ်ဟုခေါ်သလား”ဆိုသော သီချင်းလို၊ အတုန့်အလှယ်ဟူ၍ မမျှော်လင့်ကောင်းရာဟု သိမှတ် နားလည်ခဲ့ရလေပြီ။
အကောင်းအဆိုးများအားလုံးသည် နှစ်တနှစ်နှင့် မဆိုင်၊ ကံသည် အလုပ်ဟုဆိုလျှင် မိမိပြုလုပ်ခဲ့သော အလုပ်သည်သာ မိမိ၏ကံဖြစ်လေသည်။ မိမိ၏ ကံ အကောင်းအဆိုးသည် မိမိ၏ အလုပ် အကောင်းအဆိုးသာဖြစ်သည်ဆိုတာ သံသယမရှိလိုပါ။ အကောင်း၌ ပျော်မွေ့စဉ် အဆိုးတို့ကြုံလာခိုက် မယ်နုကို နှလုံးသွင်း အားမွေးရသည်။ “ဟဲ့ မယ်နု သူ့ကြွေးရှိက ဆပ်ရလိမ့်”ဆိုတာလို...။
အဘိုးအကြောင်း နည်းနည်းပြောချင်သေးသည်။ ကျွန်မမှာ အဘိုးဆီက များစွာရလိုက်သည်ဟု ထင်သည်။ အထူးသဖြင့် စိတ်နေစိတ်ထား၊ အဘိုး၏စိတ်နေစိတ်ထားက လူဖြောင့်စိတ်တိုဖြစ်ကာ တစ်ခုခုဆို ပေါက်ကွဲလိုက်ရမှ၊ တည့်တည့်ပြောလိုက်ရမှ ကြေနပ်သူ။ ကျွန်မက အဘိုးလောက် မဖြောင့်စေကာမူ အဘိုးလိုပင် စိတ်တိုသူဖြစ်လေသည်။ အဘိုးသည် အပေါ်ယံ ပကာသနမုန်းသူလည်း ဖြစ်သည်။ တခါက အဘွားက ဆွေမျိုးမကင်းသော အလှူတစ်ခုသို့ သွားချင်သည်။ ထိုအလှူမှာ ကိုယ့်ရှိတာနှင့် မတိုင်းမထွာ ဂုဏ်လုပ်ထားသော အလှူမို့ အဘိုးကမူ အဘွားအား မသွားစေလိုပေ။ နောက်ဆုံး အဘိုးကပြောသည်မှာ “ဒီအလှူက နင်သွားမှ ဗျောတီးမှာလား”ဟူ၍။
သည်လိုပါပေ။ တခါတခါ ကျွန်မ တွေးမိသည်များက မရည်ရွယ်ပါဘဲ ကန့်လန့်တိုက်သလို ဖြစ်နေ တတ်သည်။ ဘေးထွက်နေတတ်သည်။ ခုလည်း အဘိုးပြောသလို တွေးနေမိသည်မှာ (အားလုံး၏ မေတ္တာတော်ကိုခံယူ၍ ပြောရလျှင်) ၂ဝ၁၄ကတော့ ကျွန်မ နှုတ်ဆက်ဆက် မဆက်ဆက် ကျန်ခဲ့မှာပဲ၊ အဲလိုပဲ ၂ဝ၁၅ကလည်း ကျွန်မ ကြိုကြို မကြိုကြို ရောက်လာမှာပဲဟူ၍ ဖြစ်လေသည်။
အဘိုးဆိုလို့ အဘွားကိုပါ တနွယ်ငင်တစင်ပါ သတိရမိသည်။ အဘွားက ကျွန်မတို့ညီအစ်မတတွေ ခုန်ပေါက်ပျော်နေလျှင် မကြိုက်၊ တဟီးဟီးလုပ်နေလျှင် မကြိုက်၊ ခပ်လှမ်းလှမ်းကနေ မျက်စောင်းတခဲခဲနှင့် ရှိတတ်သည်။ အဲသည်တုန်းကတော့ ကျွန်မတို့အရွယ်ကလည်း ဘာမှ မဟုတ်တာကိုပင် ရယ်မောပစ်လိုက်ချင်သည့် အရွယ်ကိုးလေ။ ခုတော့ ကျွန်မ အဘွားကို နားလည်နိုင်ပြီ။
ခရစ်စမတ်ရယ်လို့၊ နျူးရီးယားရယ်လို့ ခုန်ပေါက်ပျော်မြူးနေသူများအား "ဘာများပျော်စရာရှိသတုန်း"ဟု မျက်လုံးစွေကြည့်တတ်ပြီ။ ဂွတိုက်ချင်စိတ်နှင့်မဟုတ်ဘဲ အော်တိုဖြစ်လာသော “ရင်လှိုက်သည်းလှိုက် မခံစားတတ်မှု”ပင် ဖြစ်လေသည်။
သြော်...ကျွန်မ အသက်ကြီးလာပါပြီကော....
မည်သို့ပင်ဖြစ်စေ ကျွန်မ၏ ဂွကျကျစိတ်ကို ရင်ထဲမှာပင် သိမ်းဆည်းကာ မိတ်ဆွေများအားလုံးနှင့်အတူ Merry X’mas & Happy New Yearဟု ခုန်ပေါက်ပျော်မြူးလိုက်ပါရစေ….။
“Merry X’mas & Happy New Year to all of you
”
CHEERS !!
၊
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
Author: ချစ်ကြည်အေး

Thursday, December 25, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment