ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, January 11, 2015

==လူထုကျန်းမာရေး(၀က်ခြံနဲ့ ဆားဝက်ခြံကို လွယ်လွယ်လေး ဖယ်ရှားမယ်)==

>
**Public Health** 

ဝက်ခြံ ဆိုတာ... အဆီရယ် ချွေးရယ်.. ချေးညှော် တွေရယ် ပေါင်းပြီး ထွက်လာရတာပါ။ အဲ့ဒီတော့ မပေါက်ခင် ကာကွယ် ချင်တယ်ဆိုရင်.....

 ၁။ မျက်နှာကို အမြဲ သန့်စင်အောင်ထားပါ။

ညအိပ်ခါနီးတိုင်း မျက်နှာကို သန့်စင်အောင် ဆေးပြီးမှ အိပ်တာ အကောင်းဆုံးပါ။ မိတ်ကပ်၊ သနပ်ခါး၊ တနေ့လုံး ကပ်ညိနေတဲ့ ဖုန်တွေ ကနေ... ည အိပ်နေတဲ့ အချိန်မှာ ပိုးမွှားတွေ ပေါက်ဖွား နိုင်ပြီး ၀က်ခြံ တွေ ပေါက်ဖို့လမ်း ဖြစ်လာတတ်လို့။

၂။အဆီပြန် တတ်တဲ့ အသားအရည် ပိုင်ရှင်များက အစားအသောက် စားတဲ့အခါ အဆီအစိမ့်နဲ့ နို့ထွက် ပစ္စည်းကို ရှော့စားပေးပါ။ တနေကုန် အလုပ်လုပ်၊ ကျောင်းသွား.. လှုပ်ရှားသွားလာ နေရတဲ့ သူများ အနေနဲ့ တစ်ရှုးသန့်သန့်ကို ဆောင်ထား တတ်တဲ့ အလေ့အကျင့် လုပ်ပေးသင့်တယ်။ အဆီပြန်လာတဲ့ အခါ တစ်ရှုးကို ၂ လွှာ ရှိရာကနေ တလွှာ ခွာပြီး ညင်ညင်သာသာ သုတ်ပစ်ပြီး သန့်စင်ပေးပါ။ တစထက် တစ အဆီပြန်မှု နည်းသွားပါလိမ့်မယ်။ နောက်တခုက။ ။ ခရမ်းချဉ်သီးနဲ့ ပေါင်းတင် ပေးခြင်းက အဆီ ပြန်ခြင်းကို သက်သာ စေပါတယ်။ လွယ်လွယ်လေးနော်.....၂နည်း ရှိတယ်။

နည်း ၁။ ( ၁) ခရမ်းချဉ်သီး ကြီးကြီးနဲ့ မာမာ တလုံးကို ယူပြီး ထိပ်ဖူးကို စိတ်ပါ။
 (၂) သကြားအဖြု တစ်ဇွန်းစာကို ပန်းကန်ပြားထဲ ထည့်ပြီး ခရမ်းချဉ်သီး ထိပ်ဖူးနဲ့ သုတ်လိမ်းပါ။
( ၃) မျက်နှာပြင်ပေါ်ကို နေရာအနှံ့ စသုတ်လိမ်း ပေးပါ။
 (၄။) ၁၀ မိနစ် ထားပြီး.. ရေဆေးလိုက်ပါ။ ပြီးပါပြီ။

နည်း ၂၊ ။
 ၁။ ခရမ်းချဉ်သီးကို စိတ်ပါ။ အလယ်သားကို ဖယ်ပြီး အဲ့ဒီ အလယ်သား (အရည်)နဲ့ မျက်နှာပြင်ကို သုတ်လိမ်း လိုက်ပြီး ၁၀မိနစ်ထားပြီးမှ ရေးဆေးပါ။ ပြီးပါပြီ။ (သတိပြုရမှာက တချို့ အသားအရည် တွေက အဲ့လို ပေါင်းတင်ပြီးရင် ပြီးပြီးချင်း ခန အဆီပြန်တာ သက်သာပေမဲ့ အနည်းငယ် မဲသွားတတ်တယ်.. လန့်မသွားပါနဲ့ မတည့်လို့ မဟုတ်ပါဘူး။ နောက်တစ်ရက်ဆို နဂို အသားတိုင်း ပြန်ဖြစ် သွားမှာပါ။ နှစ်ပတ်ကို တစ်ခါ လုပ်ပေးလို့ ရပါတယ်။ ) ပြီးတော့... ခရမ်းချဉ်သီးက နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန် ရောင်ခြည် ဒဏ်ကို ကာကွယ် ပေးနိုင်လို့.. အရေပြား ကင်ဆာနဲ့ အိုးမင်း ရင့်ရော်ခြင်းကို လျော့ကျစေတယ်။ ၃။ အဲ့လို စနစ်တကျ နေသားကျ သွားတဲ့အခါ... ချွေးထွက် များတယ် ဆိုရင်တောင်.. တခြား အဆီတွေ ချေးညှော်တွေ နည်းကျဉ်း လွန်းတဲ့ အတွက် ၀က်ခြံ မပေါက် နိုင်တော့ပါဘူး။ တခုတော့ ရှိတယ်နော်.... ၀က်ခြံ ပေါက်တာ... အသားအရည် ကျန်းမာမှုနဲ့ ဆိုင်သလို... သွေးသား နဲ့လဲ ဆိုင်လို့... အမျိုးသမီးများ ရာသီ လာချိန်များနဲ့ ယောက်ျားလေးများ လူပျိုဖော် ၀င်စ ချိန်တွေဆို.. ပေါက်လာ တတ်တာလဲ သဘာဝပါ။
ကဲ.. ၀က်ခြံ ပေါက်လာပြီ ဆိုပါစို့....

၁။ ပထမနဲ့ အရေးကြီးက “ မညှစ်ပစ်ဖို့ပါ။” ။ လက်သည်းမှာ ကပ်နေနိုင်တဲ့ ရောဂါ ပိုးမွှားတွေက ၀က်ခြံ ထိပ်ဝ ( သွေးထွက်ရာ နေရာ) နဲ့ ထိမိ ၊ ဖိမိတဲ့ အခါ အသားထဲကို ၀င်ရောက်ပြီး အနာကိုလည်း ရင်းစေသလို.. ပွားနှုန်းလည်း မြန်နိုင်ပါတယ်။ နောက်တခုက အမာရွတ် ဖြစ်ကျန် ခဲ့တာပါ။

၂။ မှဲ့တဲ့ အထိ စောင့်ပါ။ ( ၀က်ခြံ ရှိလို့ မရှက်ပါနဲ့ ပိုမဆိုးအောင် ဂရုစိုက်ပါ။) မှဲ့လာတဲ့ အခါ သူ့သဘာဝ အတိုင်း အဆံလေးက အပြင်ကို ညွတ်ကျပြီး ထွက်သွား ပါလိမ့်မယ်...။ အဲ့ဒိအခါမှ တစ်ရှုးဆ သန့်သန့်နဲ့ ဖြစ်ဖြစ် လက်သန့်သန့်နဲ့ ဖြစ်ဖြစ် အလွယ်တကူ ဖယ်ရှား နိုင်ပါတယ်။

 လေးစားချစ်ခင်သော

+မုန်တိုင်း+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)