ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, January 10, 2015

==ကျွန်မက ထားခဲ့တဲ့သူ မဟုတ်ပါဘူး “ကို”===

>
ကျွန်မက ထားခဲ့တဲ့သူ မဟုတ်ပါဘူး “ကို” တစ်ကယ်ဆို ချန်ထားခံခဲ့ ရတဲ့သူရယ်ပါ။ ချန်ထားခံခဲ့ရတဲ့ စိတ်ခံစား မှုကို “ကို” နားလည်ချင်မှလည်း နားလည်မယ်။ ခံစားတတ်ချင်မှလည်း ခံစားတတ်မယ်။ ချစ်တဲ့သူရဲ့ ကျောခိုင်းခြင်းကို ခံစားခဲ့ ဖူးတဲ့ မိန်းမတစ်ယောက်အနေနဲ့ မျှော်လင့်ချက်တွေ တစ်နင့်တစ်ပိုးနဲ့ ဘယ်လောက်ထိ အားငယ်ခဲ့မယ်ဆိုတာ “ကို” ကတော့ သိနိုင်ခဲ့မယ်မထင်ဘူး။ တစ်ကယ်တော့ အဲဒီအချိန်ကဆို ကျွန်မက ဖြူစင်တဲ့ ယုန်ဖြူလေး တစ်ကောင် ရယ်ပါ။ “ကို့” အပြုံး “ကို့” ရဲ့ မှာတမ်းတွေ အောက်မှာ ကျွန်မက မလူးသာ မလွန့်သာ ချစ်ပိုက်ကွန်မှာ ကျေကျေနပ် နပ် အမိခံခဲ့တဲ့ သူတစ်ယောက်လေ။ ကျွန်မကို ကျောခိုင်းသွားခဲ့ပြီ ထားသွားခဲ့ပြီလို့ သိတဲ့ အချိန်မှာတောင် အချစ်နဲ့ ပတ်သတ်ပြီး နောင်တ မရခဲ့ဖူးတဲ့ မိန်းမတစ်ယောက်ဖြစ်ခဲ့ဘူးတယ်။ “ကို့” ကို ချစ်ခဲ့မိခဲ့လို့ တစ်ချက်လေးမှ နောင်တမရဘူးတဲ့ မိန်းမပါ။ “ကို” ကဖြင့် ကျွန်မကို သိပ်ချစ်ခဲ့တာပါ။ ဒါဟာ ကံကြမ္မာရဲ့ လှည့်စားမှုပါလို့ မျက်လုံးစုံမှိတ်ပြီး ကိုယ်ချစ်နေရတာကိုပဲ ကျေ နပ် ခဲ့ဘူးတဲ့မိန်းမ။ သူပျော်ရင် ပျော်နေပါစေ ကျွန်မမျက်ရည်ကျလည်း ခန်းလိုလျှင် ခန်းသွားပါစေ “ကို့” အပြုံးကိုပဲ ကန့်လန့်ကာ နောက်ကွယ်က မျက်ရည်တွေနဲ့ ကြိတ်ပြုံးနေတဲ့ မိန်းမတစ်ယောက်လည်း ကျွန်မ ဖြစ်ဘူးခဲ့တယ်။ လွမ်းလိုက်တာ “ကို” ရယ်လို့ နှုတ်က မဆိုမိသော်ငြား မျက်ဝန်းက စကားတွေကိုဖြင့် “ကို့” ကို ဖတ်စေချင်ခဲ့ တယ်။ ကျွန်မမှားသွားတယ် သိလား “ကို”။ နှောင်းလွန်းမှ သိသွားခဲ့မိတာ။ နှစ်ပေါင်းများစွာကြာမှ သိသွားခဲ့တာ။ နားလည်သွားခဲ့တာ။ “ကို” က ကျွန်မကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးဆိုတာပဲ။ ကျွန်မရဲ့ မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ အားလုံး ကျိုးပျက်သွားခဲ့တယ်။ ကျွန်မထိန့်လန့်သွားခဲ့တယ်။ တစ်ကယ်ဆိုရင် အစစအရာရာ “ကို့” ရဲ့ စိတ်ကို နားလည်ထားပြီးသားလို့ ထင်ထားခဲ့တာ။ တစ်ကယ်တော့ ကျွန်မက “ကို” လိုအပ်မှ ရှာဖွေခံရတဲ့ ပစ္စည်း အဟောင်း လေးတစ်ခုရယ်ပါ။ မလိုအပ်ဘူးဆိုတဲ့ အချိန် “ကို့” အနားက ပျောက်ကွယ်သွားသူဟာ ကျွန်မပဲ ဖြစ်ခဲ့ရတယ်။ ကျွန်မဘက်က တစ်ဖက်သတ်ယုံကြည်မှုတွေနဲ့ ကန်းနေခဲ့တာပဲ။ နှောင်းလွန်းမှ သိသွားခဲ့ရတယ်။ အချစ်ကို နောက်ထပ်ရှာဖွေဖို့ကိုတောင် လက်တွန့်သွားတဲ့အထိ။ ကျွန်မရဲ့စိတ်တွေ အိုမင်းခဲ့ရတယ်။ အသက်ရှုသံတွေဟာ အရင် ကလောက် အားမပါတော့တာ ကိုသိနေခဲ့တယ်။ အသက်ရှင်တယ်ဆိုရုံလေး သာဘ၀ကိုဖြတ်သန်းခဲ့တယ်။ ကျွန်မ ကိုယ်တိုင်ပဲ ကျေကျေနပ်နပ် “ကို့” ကိုစွန့်လွှတ်ခဲ့တယ်။ အဲဒါကို ချန်ထားခဲ့တယ်လို့ မဆိုသာပါဘူးနော်။ လွတ်လွတ် လပ်လပ် ပျံပါစေဆိုတဲ့ ဆန္ဒတစ်ခုတည်းရယ်ပါ။ “ကို” နဲ့ပတ်သတ်တဲ့ စိတ်ခံစားမှုအားလုံးဟာ ကျွန်မရဲ့အသိမှာ ပျောက်ကွယ်သွားခဲ့တယ်။ ဘာဆိုဘာမှ မရှိတော့ဘူး။ စိတ်နာသွားတာလား သွေးအေးသွားတာလား စိတ်ဆိုးသွားတာလား ကိုယ်တိုင်တောင် မဝေခွဲနိုင်ခဲ့ပါ ဘူး။ ကျွန်မထင်တာတော့ မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားတဲ့ ကမ္ဘာမှာ ကျွန်မကိုယ့်ကိုယ်ကို သတ်ပစ်လိုက်တယ်။ ဒီစိတ်နဲ့ အသက်မရှင်ချင်တော့ဘူးလေ။ ကမ္ဘာသစ်ကို ကျွန်မသွားခဲ့တယ်။ ကျွန်မထံမှာ အတိတ်မရှိဘူး။ မချစ်ခဲ့ဖူး ဘူး။ ကမ္ဘာသစ်မှာ စိတ်သစ်လူသစ်နဲ့ ကျွန်မရဲ့ အနာဂတ်ကို ပြန်လည်တည်ထောင်တယ်။ ကျွန်မထံမှာ အမုန်းလဲ မရှိဘူး။ နာကျည်းတာလဲ မရှိဘူး။ တမ်းတစရာလဲမရှိဘူး။ အနာဂတ်ကိုပဲ လှမ်းကြည့်ရင်း ရောင်နီသန်းနေတဲ့ တက်သစ်စ နေ၀န်းရဲ့ မျှော်လင့်ခြင်း မနက်ဖြန်တွေကိုပဲ တမ်းတတယ်။ ဖြစ်စေချင်တာ တစ်ခုတော့ ရှိသေးတယ် “ကို” ကျွန်မလိုမျိုး နောက်ထပ် ဘယ်မိန်းကလေးကိုမှ ထပ်ပြီး မလှည့်စားပါနဲ့လား ။ အချစ်နဲ့သစ္စာကို တစ်ထပ်တည်းဖြစ်အောင် ကြိုးစားကြည့်ပါလား။ မိန်းမတွေဟာ ကိုယ့်ချစ်သူ ကိုယ့်အပေါ်မှာ သစ္စာရှိစေချင်တာပါ။ အချစ်ခံချင်တာထက် သိတတ်စွာ သစ္စာဆိုတာကို မြဲမြံစေချင်တာပါ။ ဘ၀ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းပါ။ ဒါပေမယ့် ပျက်တော့ မပျက်စေနဲ့။ အလှအပကို မြတ်နိုးပါ ဒါပေမယ့် လှတာကို လိုချင်လို့ ငတ်တော့မငတ်ပါစေနဲ့။ ချန်ထားခဲ့သူဟာ ကျွန်မမဟုတ်ပါဘူး “ကို” ကျွန်မက နာကျင်မှုတွေနဲ့ နေရာဟောင်းက ပြေးထွက်လာခဲ့တဲ့သူပါ။ ဒီနေ့ ဒီအချိန်ကစပြီး ကျွန်မရဲ့ ဘ၀ထဲမှာ အတိတ်ဆိုတာမရှိတော့ဘူး။ နာကျင်တယ် ဆိုတာ မရှိတော့ ဘူး။ တစ်ခါက ကျွန်မဆိုတာ မရှိတော့ဘူး။ ခုရပ်တည်နေစဲ ကျွန်မသာလျှင် ကျွန်မရဲ့ဘ၀ပဲ။ ကျွန်မရဲ့ အတိတ်ပဲ ။ ကျွန်မရဲ့ သမိုင်းတစ်ရပ်ပဲ။ ဆိုးခဲ့သည် ဖြစ်စေ ကောင်းခဲ့သည် ဖြစ်စေ ဘ၀သစ်မှာ ကျွန်မလိုချင်ခဲ့တဲ့ တောင့်တခဲ့တဲ့ အေးချမ်း တဲ့ မိသားစုဘ၀လေးကို တည်ဆောက်မယ်။ ကံအကြောင်းမလှလို့ ဘ၀ဟာ ခက်ထန်ချင်လျှင် ခက်ထန်နေပါစေ လှိုင်းလေ ကြမ်းချင်လျှင်လည်း ကြမ်းနေပါစေ အခုရနေတဲ့ ကျွန်မရဲ့ ဘ၀လေးကို ဘယ်တော့မှ လက်မလွှတ်ဘူး။ ခံစားရရင်လဲ အတူတူ စံစရာ ရှိလဲ အတူတူ။ အနှစ်နှစ် အလလက ကျွန်မတောင့်တခဲ့ဘူးတဲ့ အေးအတူ ပူအမျှ ဆိုတဲ့ ဘ၀လေးကို ကျွန်မပိုင်ဆိုင်ခဲ့ပြီ။ ဒါကြောင့် ကျွန်မကို ချန်ထားရစ်ခဲ့တဲ့သူလို့ ခေါင်းစဉ်မတတ်ပါနဲ့လား “ကို” ကျွန်မက ချန်ထားခံခဲ့ရလို့ ကောက်ရိုးလေးတစ် မျှင်ကို ဆွဲမိရင်း အသက်ရှင်ရာကို ကြိုးစားရုန်းထွက်ခဲ့ရတဲ့ သူမို့လို့ပါ။

----????????????????????????????????????

 Posted by ဆွေလေးမွန်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)