ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, January 10, 2015

===လွမ်းတယ် ကော်ဖီခါးခါးရေ===….

>
ခုလို လမ်းဘေးမှာ ရယ်ဒီမိတ်ကော်ဖီခပ်ညံညံတစ်ခွက်ကို သောက်နေချိန်လည်း သူ့ကို ကျွန်တော်သိပ်သတိရတာပဲ…။ တကယ်ဆို ဒီနေ့က ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆုံတွေ့မှု နှစ်ပတ်လည်ဗျ…။ ခုလိုပြောရင်း သူ့ကိုထပ်သတိရသေးတယ်ဗျာ သူက ကျွန်တော်စကားပြောလို့ ဗျာတို့ ဗျတို့သုံးရင် သိပ်သဘောကျတတ်တာ…။ ခပ်ကြမ်းကြမ်းမောင်းဖြတ်သွားတဲ့ ဘတ်စ်ကားကိုလှမ်းငေးရင်း ကျွန်တော်ကုန်ခါနီးအေးစက်စက် ကော်ဖီကိုမော့လိုက်ပြီး တစ်ချက်ပြုံးမိသွားပြန်တယ်…။ ဒါပေမယ့် ကျွန်တော့်မျက်ဝန်းတွေကတော့ အရည်ကြည်တစ်ချို့ သန်းနေကြလိမ့်မယ်…။ ဘာလို့လည်းဆိုတော့ သူနဲ့ကျွန်တော် ဘတ်စ်အတူစီးခဲ့ဖူးတဲ့အချိန်ကို ထပ်ပြီးသတိရသွားလို့ပါပဲ…။ ချွေးသိပ်မထွက်တတ်တဲ့သူက ဘတ်စ်ကားပေါ်မှာကျတော့ နဖူးတို့ နှာခေါင်းတို့မှာ ချွေးတွေသီးနေရောဘဲ…။ ကျွန်တော်က အကျီင်္လက်စလေးနဲ့သုပ်ပေးတဲ့အခါ သူကျွန်တော့်ကိုနူးနူးညံ့ညံ့လေးပြန်ပြုံးပြတဲ့အပြုံးကို ကျွန်တော်မျက်လုံးထဲ ခုထိစွဲနေတုန်းပဲ…။ သူသာ ကျွန်တော်နဲ့ခုချိန်မှာအတူတူရှိနေရင် ကျွန်တော်တို့နှစ်ပတ်လည်အမှတ်တရအဖြစ် ကျွန်တော်တို့ဘုရားအတူတူသွားဖြစ်လိမ့်မယ် ပြီးတော့ သူနဲ့ထိုင်နေကျ ကော်ဖီဆိုင်က သစ်ရိပ်ပင်အောက်မှာ သူကြိုက်တတ်တဲ့ ထောင်ကျော်တန် ခါးဆိမ့်ကော်ဖီလေးကို သူနဲ့အတူ သောက်ဖြစ်နေကြလိမ့်မယ်… ကျွန်တော်ကြိုက်တတ်တဲ့ 1960၀န်းကျင်လောက်က ခပ်ငြိမ့်ငြိမ့်လေး စီးဆင်းနေမယ့် ခေတ်ဟောင်း အင်္ဂလိပ်သီချင်းသံကို နားထောင်ရင်းပေါ့…။ စားပွဲထိုးကောင်လေးက ထူးထူးဆန်းဆန်း အစ်ကို သတင်းစာဖတ်ဆိုပြီး ကျွန်တော့်ရှေ့ကို ဒီနေ့ထုတ်မြန်မာ့အလင်းသတင်းစာလာချပေးသွားတယ်…။ စိတ်မပါပေမယ့် ဟိုလှန်ဒီလှောရင်း ရုပ်ရှင်ကြော်ငြာကိုမြင်တော့လည်း သူ့ကိုသတိရပြန်တယ်…။ သူကရုပ်ရှင်သိပ်ကြိုက်တော့ ကျွန်တော့်ကို “ကိုကိုရုပ်ရှင်လိုက်ပြနော်”လို့ ခနခနပူဆာတတ်တယ်ဗျ…။ သူသာ ခနခနပူဆာတာ ကျွန်တော်တို့နှစ်ယောက်အတူ ရုပ်ရှင်ကိုနှစ်ခါပဲကြည့်ဖူးကြတယ်…။ တကယ်တော့ ကျွန်တော်က ခပ်ဆိုးဆိုးပေပေကောင်တစ်ယောက်ပါ…။ ကျွန်တော့်ဒဏ်တွေကို သူတော်တော်လည်းခံရပါတယ်…။ ကျွန်တော့်ကိုသူလမ်းခွဲသွားတာ သူမှန်ပါတယ်…။ ဒါနဲ့များတောင် ကျွန်တော်ဆိုတဲ့ကောင်က “ကလေးကိုယ့်ကိုယူမယ်မဟုတ်လား”လို့ ခနခနမေးတတ်သေးတာ…။ သူကလည်း ကျွန်တော့်ကိုအားမနာတမ်း “ခင်ဗျားကိုဘာလို့ယူရမလဲ”လို့ ဖြေတတ်သေးတာ…။ ကျွန်တော့်ရာဇ၀င်မှာ မိန်းကလေးတစ်ယောက်ကို စွဲလန်းတာတို့ လွမ်းဆွတ်တာတို့ဆိုတာ ရှိခဲ့တာမှမဟုတ်ဘဲ…။ ခုတော့ ကော်ဖီခါးခါးရေ…မင်းကို ကိုယ်လွမ်းဆွတ်သတိရ တတ်နေတယ်လို့ ပြောပြရင် မင်းတော့ ဟက်ဟက်ပက်ပက်ဟားတိုက်ရယ်မောနေမှာပဲ သေချာတယ်…။ ကျွန်တော့်ဘ၀မှာ ကြုံဆုံခဲ့သမျှမိန်းမတွေထဲမှာတော့ ကျွန်တော့်အချစ်ဦးပြီးရင် သူ့ကိုအချစ်ဆုံးပါလို့ သူ့ကိုပြောဖူးပါတယ်…။ ကျွန်တော်သိပါတယ် ကျွန်တော့်အချစ်ဆုံးဖြစ်ရတဲ့ အပေါ်မှာ သူလိုမိန်းကလေးက ဂုဏ်ယူဝင့်ကြွားနေမှာမှမဟုတ်ဘဲ…။ ပြီးတော့ ကျွန်တော်ချစ်သလို သူကျွန်တော့်ကို မချစ်ပါဘူး အဲဒါကို ကျွန်တော်အသေချာသိနေခဲ့တယ်…။ ဘုရားရေ…. ယောက်ျားတန်မဲ့ ကျွန်တော်သူ့ကိုလွမ်းလို့ မျက်ရည်ကျတယ်တဲ့ဗျာ…။ ဆောင်းမနက်ခင်းရဲ့ နေရာင်နွေးနွေးက ကျွန်တော့်ထိုင်လက်ဖက်ရည်စားပွဲ တစ်ခုလုံးကို ဖြာကျနေလေရဲ့….။ နေရောင်အောက်မှာ ကျွန်တော်မျက်ရည်စက်တွေ လက်ခနဲဖြစ်သွားတာ ဘယ်သူတွေများမြင်မိသွားကြပြီလဲ…။ လက်ဖနောင့်နဲ့ ခပ်ကြမ်းကြမ်းတစ်ချက်သုတ်လိုက်ရင်း Mild Seven Light စီးကရက်တစ်လိပ်ကိုမီးညှိလိုက်တယ်…။ “ကိုကိုက အဲစီးကရက်နဲ့ မတည့်ဘဲနဲ့လည်း သောက်နေတာပဲ”လို့ ခပ်စွာစွာသူပြောတဲ့အသံကိုကြားယောင်မိပြန်တယ်…။ သူနဲ့အတူရှိစဉ်က ဖြတ်ထားပေမယ့် သူကျွန်တော့်ကိုစွန့်ခွာသွားကတည်းက ဒီစီးကရက်တွေကို ပြန်သောက်ဖြစ် နေတာပါ….။ ကော်ဖီခါးခါးရေ………….. ကိုယ်တရှိုက်မက်မက်နမ်းခဲ့ဖူးတဲ့ မင်းပါးပြင်တွေ မင်းနှုတ်ခမ်းထူထူလေးတွေကို လွမ်းလိုက်တာကွာ… မိန်းကလေးတွေထဲမှာ အရပ်ရှည်တဲ့ထဲပါပေမယ့် ကျွန်တော်နဲ့ယှဉ်ရပ်တိုင်း ကျွန်တော့်ပခုံးအောက်မှာရှိနေတတ်တဲ့ သူ ကျွန်တော့်နဖူးကို ခြေဖျားလေးထောက်ပြီးနမ်းခဲ့ဖူးတာကိုလွမ်းတယ်…. လမ်းလျှောက်တိုင်း ကျွန်တော့်လက်ကိုခိုတွဲပြီးဖြစ်ဖြစ် ကျွန်တော်လက်တွေရဲ့ထွေးဆုတ်ကိုင်ထားတာကိုဖြစ်ဖြစ် ကလေးတစ်ယောက်လို အမြဲကြည်နူးနေတတ်တဲ့ သူ့ကိုလွမ်းတယ်…. တခါတလေ သူက ကျွန်တော်ခါးကိုဖက် ကျွန်တော်က သူ့ပခုံးကိုသိုင်းဖက်ပြီး လမ်းလျှောက်တဲ့အခါ ကျွန်တော့်ကို မော့မော့ပြီးစကားလှမ်းပြောတဲ့ သူ့ဟန်ပန်လေးကိုလည်းလွမ်းတယ်….. အစားပုတ်တဲ့ ကျွန်တော့်ချစ်သူလေးက ကျွန်တော့်ရှေ့မှာ ဟန်မဆောင်ပဲမများဘဲ သူ့ကြိုက်တတ်တဲ့ အစားစာတွေကို အားရပါးရစားနေပုံတွေကိုလည်း လွမ်းတယ်…….. ကျွန်တော်နဲ့အတူထမင်းစားရင် ကျွန်တော့်အတွက် စိတ်ရှည်လက်ရှည်အသားနွင်ပေးတတ်တာတွေကိုလည်း လွမ်းတယ်…… သူကြော်ပေးဖူးတဲ့ ကြက်ဥထမင်းကြော်ပူပူနွေးနွေးလေးကို လွမ်းတယ်…… ကော်ဖီခါးခါးမသောက်နိုင်လို့ ကျွန်တော့်အတွက် နို့တွေထည့်ဖျော်ပေးတတ်တဲ့ သူ့ကော်ဖီလေးကိုလွမ်းတယ်…….. 

+မိုးငွေ့+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)