နားခိုချစ်ဖြစ်
သုံးနှစ်ခွဲကြာအလွမ်းလား...**
ဒီနေ့ ချစ်သမီးခွေးမမာစီလေး၏၂လပြည့်အောက်မေ့ဘွယ်ကိုသူမ လဲလျောင်းရာမာစီကုန်းလေးပေါါ်ကမြုပ်နှံနေရာမှာပြုလုပ်ကြသည်။ ဘာမှထူးထူးခြားခြားမလုပ်ကြပါ။မဲဆောက်မြို့ နေ့ စသ်အလက မှ၇တန်းကျောင်းသားမောင်ချစ်သူကိုခေါါ်ကာဆရာမိုး၏သမီးနှင့်သားငယ် တို့ ကပါအမှတ်တရအောက်မေ့ပွဲပြုလုပ်ကြသည်။ သူမမုပ်နှံနေရာမှာအြမွှေးတိုင်ထွန်းသည်။ဖယောင်းတိုင်ထွန်းသည်။ **ဘ၀ဆက်တိုင်းဆက်တိုင်းဒီလိုချစ်စရာခွေးမလေးကို(၀ါ)၃နှစ်ခွဲကာလအတွင်း မည်သည့်လူကိုမှရန်မလုပ်ဘူးသောခွေးမလေးကိုမလိုမှန်းထားပြီးအစာထဲ အဆိပ်ထည့်ကျွေးခြင်းမှကင်းလွတ်ရပါလို၏..**ဟုဆုတောင်းပေားကသည်။ အသက်ကဖြင့်၂နှစ်ကျော်စကာားကတတ်မျတတ်ဖြစ်သည့်သားငယ် ကလည်းပါးစပ်ကဘာမှန်းမသိပဲသူ့ ထက်ကြီးသူများဆိုသလို လိုက်ဆိုရှာသည်။
မနေ့ တစ်နေ့ ကမိုးရွာထားသဖြင့်မြေကြီးကစိုစွတ်နေသည်။ ထို့ ကြောင့်မာစီလေးကိုအလွမ်းပြေတစ်လတစ်ခါအလောင်းပြန်ဖော် ကာကြည့်သည့်အစီအစဉ်ကိုပေါက်တူးဖြင့်တူးဖော်ပေးရသောကျောင်းသားက မလုပ်ပါနှင့်ဦးဟုတောင်းပန်ရာမတူးဖော်ဖြစ်တော့ချေ။ သမီးမာစီရေ....မဲဆောက်မြို့ ကျောင်းကြီးဘုန်းကြီးကျောင်းနားက ထိုင်းအိမ်တစ်အိမ်မှာသမီနဲ့ ခပ်ဆင်ဆင်တူတဲ့ခွေးမတစ်ကောင်ရှိတယ်ကွဲ့ ။ သေချာာကည့်ရင်မတူတာမို
့နေ့ စဉ်နေ့ တိုင်းပဲအဲဒီနားကိုအဖေဆိုင်ကယ်စီးသွာဒ ပြီးခပ်လှမ်းလှမ်းကနေသမီးမာစီအမှတ်နဲ့ လွမ်းပါတယ်
ကွယ်။ အဖေ..တကယ်ပြောတာပါ။သမီးနဲ့ အဝေးကဆိုရင်ခပ်ဆင်ဆင်တူတဲ့ အဲဒီခွေးမကို အဖေနေ့ တိုင်းဖြတ်ဖြစ်အောင်ဖြတ်ပြီးကြည့်နေဆဲပါသမီးရယ်။ သမီးကအဖေ့ကိုကြိုနေကျလေ။ ပြီးတော့သမီးက၃နှစ်ခွဲကာလပတ်လုံးအဖေတို
့အိမ်နှးနားချင်းမြန်မာပြည်သား တွေရော၊တစ်ပတ်မှာ၅ရက်နေ့ သစ်အလကကျောင်းကိုလိုက်လာတာမို့ 
ကျောင်းကကလေးတွေ၊ဆရာဆရာမတွေကပါသျွးကိုသတိရနေကြတယ်သမီးရဲ့ ။ သမီးကြောင့်ဘယ်သူမှဒဏ်ရာအနတြရရတာမရှိ။သမီးကဘယ်သူ့ ကိုမှ မကိုက်ခဲခဲ့သလိုအဖေ့ သမီးနဲ့ သားငယ်ကသမီးရဲ့ ဆော့ဖော်ဖော့ဖက်တွေလေ။ ဒါကြောင့်သူတို့ ကသမီးကိုအမျတ်တရအောက်မေ့ဘွယ်လုပ်တိုင်း သူတို့ မောင်နှမနှစ်ယောက်ပါကြတာသမီးရဲ့ ။ သမီးကိုတကယ်လွမ်းဆွတ်တသသတိရနေကြတာပါ
သမီး။ **သမီးရင်းလို နားခိုချစ်ဖြစ် သုံးနှစ်ခွဲကြာအလွမ်းလား...*
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+ဒီလျှပ်စီး+
**သမီးရင်းလို

No comments:
Post a Comment