+(ဖေဖော်ဝါရီလ၁၃ရက်၊၂၀၁၅-သောင်ရင်းနဂါး)+ နှစ်၁၀၀ပြည့်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကိုထိုငင်း-မြန်မာနယ်စပ်မဲဆောက်မြို့ နေ့ သစ်အလကကျောင်းမှာ
ယနေ့ မနက်ပိုင်းကကျင်းပကြသည်။ ယနေ့ အခမ်းအနားကျင်းပပြုလုပ်ပုံကိုဆရာဦးမျိုးမင်းအောင်ကယခုလိုရှင်းပြသည်။ **ဒီနေ့ ကျနော်တို့ နေ့ သစ်အလကကျောင်းကမြန်မာနိုင်ငံဗဟိုအစိုးရစစ်ဖြေဆိုမယ့် ၈တန်းကျောင်းသား၈ဦးရယ်၊ကရင်ပြည်နယ်အစိုးရစစ်စာမေးပွဲဖြေဆိုမယ့် ၄တန်းကျောင်းသား၂၃ဦးရယ်စုစုပေါင်း(၃၁)ဦးနဲ့ ဒေါါ်ယုဇနအမှူးပြုတဲ့တာဝန်ကျ ဆရာဆရာမ(၉)ဦးရယ်၊ကလေးတွေကိုလာရောက်ကူညီစောင့်ရှောက်တဲ့မိဘ အချို့ ရယ်ပူးပေါင်းပြီးဒီနှစ်၁၀၀ပြည့်ဗိုလ်ချုပ်အောင်ဆန်းမွေးနေကိုပြုလုပ်ကြပါတယ်။ တခြားကျောင်းသား၄၀၀ကျော်ကတော့အတန်းတင်စာမေးပွဲကြီးဖြေပြီးသွားလို့ လူစုကွဲသွားပါပြီ။ ဒီနေ့ ဗိုလ်ချုပ်အောင်ဆန်းကိုဂုဏ်ပြုတဲ့အနေနဲ့ ပဲပြုတ်နံပြားကိုစီစဉ်ပြီးကလေး၃၁ဦးနဲ့  မိဘတွေ၊ဆရာတွေကိုကျွေးမွေးပါတယ်။ဒီကျေင်းတည်ထောင်သူဆရာကြီးဦးမိုးကြိုး ကဗိုလ်ချုပ်အောင်ဆန်းဟာဂျပန်ပေးတဲ့စစ်ရာထူးအမှန်က ဒုတိယဗိုလ်ချုပ်ကြီးဖြစ်တဲ့အတွက်ဗိုလ်ချုပ်ကြီးအောင်ဆန်းလို့ ခေါါ်ရင်ရကြောင်းအပြင် ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့အောင်ဆန်းသူရိယဘွဲ့ ၊အောင်ဆန်းမြို့ ၊ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ဗိုလ်ချုပ်အောင်ဆန်းဈေး၊ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စတဲ့အထိမ်းအမှတ်တွေအကြောင်း ဥာဏ်စမ်းမေးမြန်းပြီးပြန်ရှင်းပြပါတယ်။ကျနော်ကဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အဓိဌာန်ကိုရွတ်ပြီးကလေ၆ဦးကဗိုလ်ချုပ်အောင်ဆန်းကိုသူတု့ ဘယ်လို ကြည်ညိုကြကြောင်းပြောသွားကြပါတယ်...**ဟုရှင်းပြသည်။
(ဒီနေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အခမ်းအနားမစမီနာရီဝက်အလိုမှာအစီအစဉ်တွေ၊
ဥာဏ်စမ်းမေးခွန်းေ
တွကိုတစ်ထိုင်ထဲရေးနေတဲ့ကျောင်းရဲ့ ဖခင်)
ယနေ့ အခမ်းအနားတွင်ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဂုဏ်ပြုပြောကြားကြသော ကျာင်းသား(၆)ဦးအနက်အကောင်းဆုံးပြောကြားသူဟုသတ်မှတ်ခံရသည့် မနောမိက**သမီးကအဌမတန်းကျောင်းသူပါ။သမီးကအခုခေတ်ခေါင်းဆောင်တွေနဲ့  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်အရည်အသွေးကွာခြားပုံနဲ့ အထွေထွေအနစ်နာခံ စိတ်ကိုနိုင်းယှဉ်ပြောပြသွားတာပါ..ဟုပြောဆိုသည်။
ယနေ့ အခမ်းအနားကျင်းပပြီးမကြာမီမဲဆောက်မြို့ တခွင်တွင်အငှားယာဉ် လိုက်မောင်းနေသောဦးမြိုင်မိသားစုကနှစ်၁၀၀ပြည့်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့  အထိမ်းအမှတ်အဖြစ်စခန်းသွင်းလေ့ကျင့် ထားသောကျောင်းသား(၃၁)ဦး အတွက်လိမ္မော်သီးနှစ်ဖာလာရောက်လှူဒါန်းသည်။

No comments:
Post a Comment