( ideadigezt.com မှ ဘာသာပြန်ဖော်ပြသည် ) ရှေးကတည်းကအဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တဲ့ အစွမ်းထက်ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ ယုံကြည်စွာသောက်သုံးကြည့်ပါ။ ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး။ ကောင်းကျိုးသာရစေတဲ့အစွမ်းထက်ဖျော်ရည်ဖြစ်ပါတယ်။ ဒီဖျော်ရည်ကို Beetroot ( စတိုးဆိုင်ကြီးများနှင့် သံဈေးတိုတွင်ဝယ်ယူရရှိနိုင်ပါသည် ) ၊
မုန်လာဥနီ တစ်တောင့်၊ ပန်းသီးတစ်လုံးပေါင်းစပ်ပြီး ဖော်စပ်ရတာပါ။ သစ်သီးအားလုံးကိုဆေးကြောသန့်စင်ပါ။ အခွံခွာပါ။ ပြီးရင်ဖျော်စက်ထဲထည့် ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက်သုံးနိုင်ပါပြီ။ သံပုရာသီး ၊ ရှောက်သီး ၊ သံပရိုသီး တို့ကိုလည်း လိုအပ်ရင်ထည့်သောက်နိုင်ပါတယ်။ . (*** ကိုယ်ဝန်ဆောင်များအတွက် --- ကိုယ်ဝန်ဆောင်များလည်းသောက်သုံးနိုင်ပြီး တန်ဆေးလွန်ဘေး ဖြစ်နိုင်သဖြင့် အများအပြား မသောက်သုံးသင့်ပါဘူး၊ Beetrootဟာကိုယ်ဝန်ဆောင်စဉ်စားသောက်နိုင်ပြီး ထိုမှ ဖောလစ်၊သံဓါတ်၊ ဗီတာမင် အေ၊အီး တို့ပါဝင်ပြီး အသည်းကိုကျန်းမာစေနိုင်သလိုကိုယ်ဝန်ဆောင်နေစဉ်သွေးကိုလည်းပိုမိုသန့်စင်ပေးပါတယ်။ Beetroot ကို ဖုတ်ပြီးစားနိုင်သလို ပြုတ်ပြီးလည်းစားသုံးနိုင်ပြီး ကိုယ်ဝန်ဆောင်နေစဉ်စားသုံးသင့်တဲ့အကောင်းဆုံးအစားအစာတစ်ခုဖြစ်ပါသည်။ . ဒါပေမယ့်အလွန်အကျွံ့ စားသုံးရင်တော့ မအီမသာဖြစ်ခြင်း၊ ၀မ်းပျက်ခြင်း၊ ထိုဥမှာပါဝင်သော နိုက်ထရိတ်ဓါတ်မှ ပို့အန်ချင်စိတ်ဖြစ်ခြင်း၊အားပျက်သကဲ့သို့ခံစားရခြင်းများ ဖြစ်စေနိုင်ပါတယ်။ . အထူးသဖြင့်ကိုယ်ဝန်ဆောင်များ အနေဖြင့် Beetrootတစ်မျိုးထဲစားခြင်းထက် အခြားအရသာရှိသောအသီးအနှံ့ ဟင်းရွက်များဖြင့်တွဲဖက်စားသုံးသင့်ပါသည်။***) ဒီဖျော်ရည်ရဲ့ အစွမ်းထက်ပုံတွေကတော့
. ( ၁ ) ကင်ဆာဆဲတွေကြီးထွားပြန့်ပွားခြင်းကို တားဆီးပေးပါတယ်။
( ၂ ) အသည်းကြီးထွားခြင်း၊ ကျောက်ကပ်ကြီးထွားခြင်း၊ ကပါယ်အိတ်ကြီးထွားခြင်းကို လည်းတားဆီးပေးပါတယ်။ ပြည်တည်နာဖြစ်ခြင်းကိုလည်း ကုစားနိုင်ပါတယ်။
( ၃ ) အဆုတ်ကိုအားတိုးစေပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။ .
( ၄ ) ခုခံအားစနစ်ကိုလည်း အားကောင်းစေပါတယ်။
( ၅ ) မျက်စိအာရုံကိုပိုကောင်းစေသလို၊ မျက်လုံးနီခြင်း၊ မျက်စိညောင်းခြင်းတို့ကိုလည်းသက်သာစေပါတယ်။ ( ၆ ) ကြွက်သားနားခြင်း၊ ကြွက်သားဒဏ်ဖြစ်ခြင်း ကိုလည်းပျောက်ကင်းစေပါတယ်။ .
( ၇ ) အသားကိုလှပစေပြီး ရွှန်းလဲ့တောက်ပစေပါတယ်။ ပိုမိုနုပျိုစေပါတယ်။
( ၈ ) အစာကိုကြေညက်စေနိုင်ပြီး အစာခြေစနစ်ပိုကို ပိုမိုကောင်းမွန်စေပါတယ်။
> ( ၉ ) အမျိုးသမီးများ မီယပ်သွေးပေါ်ချိန် တွင်ဖြစ်တတ်သောနာကျင်ခြင်းကိုလည်းလျှော့နည်းသက်သာစေပါတယ်။ .
( ၁၀ ) ဖျားနာခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
( ၁၁ ) ဥာဏ်ရည်ကိုတိုးတက်စေပြီး ဦးနှောက်ကိုပိုမိုကောင်းမွန်စေပါတယ်။
( ၁၂ ) ကိုယ်အလေးချိန်လျှော့ချနေသူများအနေနှင့်လည်းသောက်သုံးနိုင်ပါတယ်။ ဒီဖျော်ရည်ဟာ အားအင်ကိုတိုးစေသလို ကယ်လိုရီပါဝင်မှုကလည်းအနည်းဆုံးသောဖျော်ရည်ဖြစ်ပါတယ်။
. ( ၁၃ ) ကိုယ်ခန္ဓာအတွင်းက ကလီစာများပြန်လည်တည်ဆောက်ခြင်းကို အထောက်အပံ့ပေးပါတယ်။ ရောဂါတော်တော်များကို သက်သာအောင်အထူးအစွမ်းထက်သောဖျော်ရည်ဖြစ်ပါတယ်။ သောက်သုံးနည်းကတော့
ဖျော်ပြီးသားဖျော်ရည်အား မနက်စာမစားခင် ၁နာရီအလို ဗိုက်ထဲတွင် အစာမရှိချိန်မှာ သောက်သုံးရပါမယ်။ ပိုပြီးအာနိသင်သက်ရောက်ချင်သူများအနေနဲ့ တစ်နေ့ ၂ကြိမ် မနက်တစ်ကြိမ် နှင့် ညနေ၅နာရီတွင် ၁ ကြိမ် သောက်သုံးနိုင်ပါတယ်။ ၂ပါတ်အတွင်းခုခံအားစနစ်ထူးခြားသိသာပြောင်းလဲလာပါလိမ့်မယ်။ source : ideadigezt.com # Happy Mom Pregnancy Pillow Happy Mom ကိုယ်ဝန်ဆောင်ခေါင်းအုံးမှ ပြန်လည်မျှဝေသည်။
+ချိုးငှက်+
**Public Health**

No comments:
Post a Comment