** နီကိုးရှာဇင်ဂါ နှင့်ဟာမီတန်လမ်းခွဲပြီ**
နီကိုးရှာဇင်ဂါအနေဖြင့်လူးဝစ် ဟာမီတန် နှင့် လက်ထပ်ပြီး သားသမီးနှင့်ဘ၀ကို အခြေတကျ နေထိုင်လိုသော်လည်း ဟာမီတန်အနေဖြင့် ထိုသို့ လုပ်ဆောင် ရန် ဆန်္ဒမရှိသောကြောင့် ရှာဇင်ဂါ အက်မှ လမ်းခွဲရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်ဟုMirror
က ဖော်ပြသည်။
၎င်းတို့ ၏ မိတ်ဆွေဖြစ်သူက ပြောကြားရာတွင် ““လူးဝစ်ကစပြီး လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ တယ်။ နီကိုက လူးဝစ်ဆီက ဒီ့ ထက်ပိုတဲ့  ဆက်နွှယ်မှု ကို မျှော်လင့်ထားပေမယ့်လည်း လူးဝစ်က နောက်တစ်ဆင့်တက်ဖို့ ရည်ရွယ်ချက်မရှိတဲ့  သဘောမှာရှိနေ တယ်””ဟု ဆိုသည်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာက အင်တာ ဗျူး တစ်ခုတွင် အစောပိုင်းက ၀င်ငွေစံချိန်တင်ရရှိ ထားသော ဇာတ်ကားမှရရှိသော ၀င်ငွေထက် ယခု တစ်ပတ် ရုံတင်ပြသခဲ့ သော ဇာတ်ကားသစ် ၏ ၀င်ငွေမှာ နှစ်ဆခန့် ပိုမိုများပြားသည် ဟုဘီဘီစီသတင်းဌာနကဖော်ပြသည်။
ရှာဇင်ဂါက ““ကျွန်မဘ၀ရဲ့  အပျော် ဆုံးအချိန်ကို လူးဝစ်နဲ့ တွေ့ မှ ခံစား တတ်ခဲ့ တာပါ။ လူးဝစ်က ဆန်းကျယ်ပြီး ဘယ်သူနဲ့  မှ မတူတဲ့  နှစ်လိုဖွယ်အမျိုးသားတစ်ဦး ပါ။ တစ်နေ့နေ့မှာ လှပပြီး ချစ်စရာ ကောင်းတဲ့  ကလေးလေးတွေကို မွေးဖွားဖို့ ကျွန်မတို့  နှစ်ဦးစလုံးမှာ ဆန်္ဒရှိနေကြတယ်””ဟု ပြောကြားခဲ့ သည်။
သို့ သော် ဟာမီတန်က ““ဒီလိုအချိန် မှာ ကျွန်တော့်အနေနဲ့ မိသားစုနဲ့ ဖော်မြူလာဝမ်း ပြိုင်ပွဲတွေဆီကိုပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော့်  မိသားစုက ကျွန်တော့်အတွက် အရမ်း အရေးပါပြီး အခုအချိန်မှာ ဘ၀က ပြည့်စုံနေတယ်လို့  ခံစားနေရတယ်။ အခု သူ(နီကိုး)နဲ့  ကျွန်တော်က မိတ် ဆွေတွေဖြစ်ပြီး ရှေ့ လျှောက် ပူးပေါင်းလုပ်ဆောင်နေရတဲ့ အရာတွေလည်း ရှိနေပါသေးတယ်”” ဟု ဆိုခဲ့ သည်။
အသက် (၂၆)နှစ်အရွယ်ရှိ ဟာမီ တန်သည် ရှာဇင်ဂါထက် ခုနစ်နှစ် ငယ်ကာ အိမ်ထောင်ပြုရန် အစီအစဉ် မရှိသေးဘဲ လူပျိုဘ၀ဖြင့်သာ နေထိုင် လိုသေးသည်။ ပေါ့ပ်အဆိုတော် ရှာဇင်ဂါက ဖော်မြူ လာဝမ်း ကားမောင်းသမား ဟာမီတန် နှင့် အကျေအလည်ဆွေးနွေးခဲ့ပြီး နောက် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့  ခြင်းဖြစ် သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာက ဟာမီတန်သည် ၎င်းတို့ နှစ်ဦးစလုံးတွင် များပြားသည့်  အလုပ်အချိန်ဇယားများ ရှိနေသည့် အတွက် လက်ထပ်ဖို့  မဖြစ်နိုင် သေးကြောင်း ပြောကြားခဲ့ သေးသည်။
၎င်းတို့ နှစ်ဦးသည် ၂၀၀၇ ခုနှစ် ကတည်းက လက်တွဲလာခဲ့ ပြီး ရှစ်နှစ် တိုင်တိုင် ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် စုံတွဲလည်းဖြစ်သည်။ (မေလဲ့သင်း)
**ရီးယဲလ်မက်ဒရစ်နှင့် အာဆင်နယ်အသင်းတို့က အသည်းအသန် အလိုရှိနေသော်လည်း
ဒေါ့မွန်တွင်ပင်ဆက်ကစားရန်မာကိုရူးစ်ဆုံးဖြတ်**

ဂျာမနီလက်ရွေးစင် ကွင်းလယ်ကစား သမား မာကိုရူးစ်သည် ရီးယဲလ်မက်ဒရစ်နှင့် အာဆင်နယ်အသင်းတို့က အသည်းအသန် အလိုရှိနေသော်လည်း ဘွန်ဒက်လီဂါတွင် အမှတ်ပေးဇယားအောက် ရောက်နေသော ဒေါ့မွန်အားကူညီရန် ၂၀၁၇ အထိသက်တမ်း ရှိသော စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ သည်။
အသက် (၂၅)နှစ်အရွယ်သာရှိသေး သော ၎င်းကစားသမားသည် လာမည့် နွေရာသီတွင် ဒေါ့မွန်နှင့်ချုပ်ဆိုထားသော စာချုပ်မှာ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး ဒေါ့မွန်နှင့် ယခင်ချုပ်ဆိုထားသော စာချုပ်အရ ပေါင်သန်း ၂၀ ပေးလျှင် ထွက်ခွာခွင့် ရှိသည် ဆိုသည့်  အချက်လည်းပါဝင်ရာ ကမ်္ဘာ့ထိပ်တန်း ကွင်းလယ်ကစားသမားကို ပေါင်သန်း၂၀ ခန့်  ဖြင့် အရခေါ်ယူရန် အာဆင်နယ်နှင့် ရီးယဲလ် မက်ဒရစ်တို့ က အစဉ်တစိုက် ကြိုးပမ်းခဲ့ ကြ သည်။
ဘိုင်ယန်မြူးနစ်အသင်းကလည်း အသင်းပိုမိုအင်အားတောင့်တင်းရန် ရူးစ်ကို အလိုရှိနေသည်။ သို့ သော် ဂျာမန်သတင်းစာ ရူးစ်နစ်ခရူး ကတ်နှင့် ဒေါ့မွန်ရေဒီယိုတို့ က ဖော်ပြခဲ့ ရာတွင် ရူးစ် အနေဖြင့် ၂၀၁၇ အထိ သက်တမ်းရှိသော စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ ပြီး အသင်း ကို ဘွန်ဒက်လီဂါတွင် ဆက်လက်ရပ်တည်နိုင် အောင် ကြိုးပမ်းသွားမည်ဟု ဖော်ပြကြသည်။ ပြီးခဲ့ သည့်  စနေနေ့က ဒေါ့မွန်အနေဖြင့် ယခုနှစ်ဘောလုံးရာသီ၏ ဒုတိယမြောက် နိုင်ပွဲ အဖြစ် ဖရိုင်းဘတ်ကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင် ယူနိုင်ခဲ့ သည်။ (မေလဲ့ သင်း)
**မက်္ကဆီကိုဂိုးသမား အိုချိုအာ အားခေါ်ယူရန် ပရီမီယာလိဂ် ကလပ်အသင်းများအပြိုင်စိတ်ဝင်စားနေ**
အင်္ဂလန်ပရီမီယာလိဂ် ကလပ်အသင်းများဖြစ်ကြသည့်  အာဆင်နယ်နှင့်  လီဗာပူးအသင်းတို့ သည် လာမည့် ဘောလုံးရာသီ မစတင်မီကာလအတွင်း အသင်းကို အားဖြည့်ပြင်ဆင်မှုများပြုလုပ်ရန်အတွက် မာလာဂါအသင်း၏ မက်္ကဆီကိုဂိုးသမား အိုချိုအာ အားခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြောင်းသိရ သည်။ လီဗာပူးအသင်းမှာ လာမည့်နွေရာသီကာလအတွင်း အရည်အသွေးမြင့်  ဂိုးသမားတစ်ဦးကို မဖြစ်မနေခေါ်ယူအားဖြည့်ရန် ပြင်ဆင်နေပြီး ပြီးခဲ့ သည့်  ကမ်္ဘာ့ဖလားပြိုင်ပွဲတွင် အံ့ အားသင့် ဖွယ် လက်စွမ်းပြသခဲ့ သည့်  အိုချိုအာအား ခေါ်ယူရန် စိတ်ဝင်စားလာခဲ့ ခြင်းဖြစ်သည်။
လီဗာပူးအသင်းအနေဖြင့် ပြီးခဲ့သည့်  ဇန်န၀ါရီအပြောင်းအရွှေ့ကာလ ကတည်းက ထိပ်တန်းအဆင့် ရှိ ဂိုးသမားတစ်ဦးကို ခေါ်ယူရန် စီစဉ်နေ ခြင်းဖြစ်ပြီး ကာဆီးလက်စ်၊ ရက်ဒီစသည့် ကစားသမားများကို ခေါ်ယူရန် ကြိုးပမ်းခဲ့  သော်လည်း အောင်မြင်ခဲ့ခြင်းမရှိပေ။ ထို့ ကြောင့်  လီဗာပူးနည်းပြဖြစ်သူ ဘရန်ဒန် ရော်ဂျာမှာ လာမည့် နွေရာသီတွင် အိုချိုအာ အား ခေါ်ယူသွားရန်ဆန်္ဒရှိနေခြင်းဖြစ်ပြီး စာချုပ် လျော်ကြေး အပါအ၀င် ပေါင် ၁၅ သန်းခန့်  ပေးချေရန် အသင့် ရှိနေကြောင်း သိရသည်။
ထို့ပြင် အာဆင်နယ်အသင်းမှာ လည်း အသင်းနှင့်  အနာဂတ်မရေရာ ဖြစ်နေသည့်  ပိုလန်ဂိုးသမား ဆက်ဇက် စနီ၏ နေရာတွင် အစားထိုးရန် ဂိုးသမားတစ်ဦးကို ရှာဖွေနေခြင်း ဖြစ်ပြီး မက်္ကဆီကိုအသင်း၏ နာမည်ကျော် အိုချိုအာအား ခေါ်ယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ အသက် (၂၉)နှစ် အရွယ် မာလာဂါဂိုးသမားအိုချိုအာ မှာ ပြီးခဲ့သည့် နှစ်က မာလာဂါ အသင်းသို့ ပြောင်းရွှေ့ ရောက်ရှိ လာ ခဲ့ သူဖြစ်ပြီး မက်္ကဆီကို လက်ရွေးစင်အသင်း အတွက်လည်း ပွဲပေါင်း ၆၀ကျော် ပါဝင်ကစားခဲ့ သူ ဖြစ်ကြောင်း သိရသည်။ (ကိုရဲ)

No comments:
Post a Comment