**မဲဆောက်မြို့ ကမြန်မာလုပ်သားတွေ
ဆရာမိုးဆိုရင်လာထားဟေ
လာလေရင်လည်းဗဟုသုတပွား
သိသင့်တာတွေပြောသွားသဗျား။
သူများနဲ့ မတူအောင်စွမ်းဆောင်ပေ
မိသားစုပုံစံတွေ့ ဆုံသလေ
ချစ်လို့ လျှော့စေမရှိငြား
မုန်းလို့ တိုးစေမရှိသား
အရင်းခံအမှန်သာသူပြောကြား။
သူပြောသွားသမျှပြန်သုံးသပ်
အကဲခပ်ဖို့ အများဆုံးဖြတ်
ဆက်လက်ရပ်....ဆက်လက်ရပ်...**
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မှာမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှား မှုကော်မတီ(JACBA)အကြီးအကဲဖြစ်သူဆရာမိုးဟာအခုလိုတနဂံနွေနေ့ မှာ သူတည်ထောင်ထားတဲ့နေ့ သစ်အလက(ပင်မ)ကျောင်းရဲ့ အရံကျောင်းခွဲဖြစ်တဲ့ မဲဆောက်မြို့ မြောက်ဘက်က၀ပ်မွန်ခွန်နိမိတ်ထိုင်းဘုန်းကြီးကျောင်းမှာ ပညာဒါနပြုရင်ပြု၊ဒါမှမဟုတ်စက်ရုံအလုပ်ရုံတစ်ခု၊နှစ်ခုကိုသွားရင်း ထိုင်းဥပဒေပါအလုပ်သမားအခွင့်အရေးနဲ့ တာဝန်၉BE-2541)အကြောင်း၊ထိုင်းလ၀ကဥပဒေ(BE-2522)အကြောင်း၊ မြန်မာနိုင်ငံကအသစ်ထုတ်ပေးမယ့်*အစိမ်းရောင်နိုင်ငံကူးလက်မှတ်စာအုပ်ကြီး* အကြောင်း၊လောလောလတ်လတ်ထိုင်းဆင်းကတ်ကိုင်ဆောင်သူတိုင်းအတွက် အင်မတန်အရေးကြီးတဲ့အွန်လိုင်းကဆင်းကတ်မှတ်ပုံတင်နည်းအကြောင်း၊ တလွဲသတင်းမှားနဲ့ အများကြောက်နေကြတဲ့စီမံချက်နဲ့ အဖမ်းအဆီးအကြောင်း အပါအ၀င်ပျော်ပျော်ရွှင်ရွှင်ဗဟုသုတပေးခဲ့တာပေါ့ဗျာ။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+ဒီလျှပ်စီး+
(ဓာတ်ပုံ---မဲဆောက်မြို့ သိုးမွှေးစက်ရုံ့တစ်ရုံထဲမှာဒီနေ့ ဆရာမိုးကွင်းဆင်း ပညာပေးဆွေးနွေးခဲ့တာပါ။)

No comments:
Post a Comment