ဖွတ်ကျထိုင်းသူဌေး
တရားမ၀င်သေးခင်
အေးဆေးအဟုတ်
စက်ရုံလုပ်တော့
အကုတ်ခံရ
ဂျေးလ်အောင်းရပေါ့။
မက-၁၉၃ယောက်
ကျားက-၄၁ယောက်
၂၃၄ယောက်တောင်
ပြောမဆုံးပေါင်ပေါ့။
သူဌေးကတရားမ၀င်
တရားမ၀င်တဲ့အလုပ်သမား
စီမံချက်ကြားမှာ
*ကား*ကြပေရော့
ဟောတော့ဟောတော့
ငါမတော့(Talk)ချင်
ပြင်စမ်းကွဲ့ ...အိုသူဌေးငဲ့
မျက်ရည်နဲ့ ဒို့ မြန်မာတွေကို နင်ကြင်နာလှည့်ဦး...။**
ပြီးခဲ့တဲ့ဖေဖော်ဝါရီလပထမအပတ်တုန်းကထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မှာ ထိုင်းစစ်ကောင်စီကကြီးမှူးပြီးဌာနဆိုင်ရာအဖွဲ့ စုံပါဝင်ပါဝင်သောပူးပေါင်းအဖွဲ့ က စီမံချက်အရတရားမ၀င်ရွှေ့ ပြောင်းအလုပ်သမားတွေကိုရော၊သူတို့ ကိုခိုင်းစေတဲ့ အလုပ်ရှင်ကိုယ်စားလှယ်(မန်နေဂျာတွေ)ကိုပါဖမ်းဆီးခဲ့ပါတယ်။ အဲဒီအချိန်မှာမြန်မာနိုင်ငံအစိုးရကိုယ်စားထိုင်းနိုငှ်ု့ဆိုင်ရာမြန်မာသံအမတ်ကြီးနဲ့  စစ်သံမှူးတို့ ကထိုင်းအစိုးရကိုပန်ကြားခဲ့တာကြောင့် မဲဆောက်ထောင်ထဲမှာ၁၂ရက်နေခဲ့ကြပြီးသကာလတရားမ၀င်ရွှေ့ ပြောင်းအလုပ် သမား(၂၃၇)ဦးကိုနှစ်သုတ်နှစ်ရက်ခွဲပြီးဖေဖော်ဝါရီလ၁၈ရက်နဲ့ ၁၉ရက်တွေမှာ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားပေါါ်ကနေတရားဝင်ပြန်လည်လွှဲပြောင်း လွတ်မြောက်စေခဲ့ပါတယ်။
( မဲဆောက်မြို့ မှာတရားမ၀င်ရွှေ့ ပြောင်းအလုပ်သမားအများဆုံး
အဖမ်းခံခဲ့ရသောMTSစက်ရုံမှာ
ခြောက်ကပ်နေတယ်။)
အဲဒီလို(၂၃၇)ဦပြန်လည်လွတ်မြောက်ကြရာမှာတရားမ၀င်ရွှေ့ ပြောင်းအလုပ်သမား အများဆုံးအဖမ်းခံခဲ့ရသောMTSစက်ရုံအလုပ်ရှင်၃ဦးကOSSရုံးသို့  လာရောက်အကြံဥာဏ်တောင်းခံခဲ့ပါတယ်။
(ဦးမိုးကြိုး-ဒေါါ်ပိတောက်ဝါ
ဒေါ်မြစန္ဒာ(အလုပ်သမားညွှန်ကြာ
ဒုတိယဦးစီးမှူး)တို့ ၎ဦးအား
MTSစက်ရုံထဲမှာတွေ့ ရပုံ)
OSSရုံးတာဝန်ခံအရာရှိဦးမိုးအောင်ခိုင်၊မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှား မှုကော်မတီ(JACBA)မှဦးမိုးကြိုးတို့ ကသူတို့ ၃ဦးကိုလက်ခံတွေ့ ဆုံပြီး ထိုင်းဥပဒေအတိုင်းစက်ရုံကိုတရားဝင်ဖြစ်အောင်အရင်လုပ်ဖို့ ၊အခုပြန်လွှတ်လိုက် တဲ့အလုပ်သမားတွေကိုပြန်ခေါါ်ပြီးထပ်မံစက်ရုံလည်ပတ်နိုင်ရေးမကြိုးစားဖို့ ၊ ရှင်းရှင်းပြောရရင်ထိုင်းလ၀ကဥပဒေအရ၄၅ရက်ထောင်ဒဏ်သတ်မှတ်ခံရပြီး တရားမ၀င်အလုပ်သမားတစ်ဦးချင်းစီအတွက်ငွေဒဏ် ၆၀၀၀ဘတ်ကိုအလုပ်ရှင်ကပေးဆောင်ရပေမယ့်အလုပ်သမားတွေဟာ ထောင်နေရက်၁၂ရက်ရှိခဲ့တာမို့ လို
့ထိုင်းလ၀ကဥပဒေအရ၁ရက်ကို(၂၀၀) ဘတ်နူန်းအလုပ်သမား၁ဦးကို၂၄၀၀ဘတ်အလုပ်ရှင်သက်သာသွားတာနဲ နှစ်နိုင်ငံချစ်ကြည်ရေးအစိအစဉ်အရ့ ထောင်ဒဏ်ငွေဒဏ်လျော့ပေါ့သက်သာခွင့် ခံစားရတာကိုဦးမိုးအောင်ခိုင်ကရှင်းပြပါတယ်။
(ကူသိမ်းကြဟေ့...ကူမကြဟေ့
ကလေးမလေး၁၅ဦးကအားလုံးသော(၂
အထုပ်အပိုးတွေပြန်လာယူချိန်
အကျိုးဆောင်တွေပါ)
ဒါ့အပြင်ဦးမိုးကြိုးကလည်းတရားမ၀င်လုပ်ငန်းထူထောင်မှုနဲ့ တရားမ၀င်ရွှေ့ ပြောင်း အလုပ်သမားခိုင်းစေမှုကိုထိုင်းဥပဒေအကိုးအကားတွေနဲ့ အလုပ်ရှင်၃ဦးကိုရှင်းပြခဲ့ ပါတယ်။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+ဒီလူ့ ကြယ်+
**သြော်...ကျွတ်ကျွတ်..ကျွတ်

No comments:
Post a Comment