ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, February 6, 2015

===ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း===

>
** ဂျက်ခ်စပဲရိုး မင်းသားကြီး ဂျော်နီဒက်ပ် ဒုတိယမြောက်လက်ထပ်**

အသက် (၅၁) နှစ်အရွယ် ရှိ နာမည်ကျော် ဂျက်ခ်စပဲရိုး မင်းသားကြီး ဂျော်နီဒက်ပ် သည် အသက် (၂၈)နှစ် အရွယ် မင်းသမီး အမ်ဘာ ဟာ့ဒ်နှင့် လက်ထပ်ပွဲကို ဖေဖော်ဝါရီ ၃ ရက်က ဟောလိ ၀ုဒ်ရှိ ဒက်ပ်၏ အိမ်၌ ကျင်းပ ခဲ့ကြောင်း သိရသည်။ ယင်းနောက် ဒုတိယမြောက် မင်္ဂလာပွဲကို ဘဟားမားစ်ရှိ ဒက်ပ်ပိုင်သော ကျွန်းပေါ်တွင် ပိုမိုခမ်းနားစွာ ကျင်းပနိုင်ရန် စီစဉ်ထားကြောင်းလည်းသိရသည်။
၎င်းတို့ နှစ်ဦးသည် ၂၀၀၉ ခုနှစ်က ရိုက်ကူးခဲ့ သော*The Rum Diary" တွင်တွေ့ ဆုံ ခဲ့ကြပြီး၂၀၁၄ ခုနှစ်တွင်စေ့စပ်ခဲ့ကြောင်း ဒက်ပ်က အတည်ပြုပြောကြားခဲ့ သည်။ ယခု အိမ်ထောင်သည် ဒက်ပ်၏ဒုတိယမြောက် အိမ်ထောင်ဖြစ်ပြီး ပြင်သစ် အဆိုတော်နှင့် သရုပ်ဆောင်မင်းသမီး ဗန်နက်စ်ဆာ ပါရာဒစ်နှင့် ပထမအိမ်ထောင်ရှိခဲ့  ကာ အိမ်ထောင်သက် ၁၄ နှစ်ကြာခဲ့ ပြီးနောက် ၂၀၁၂ ခုနှစ်တွင် လမ်းခွဲခဲ့ ကြသည်။ ဒက်ပ်တွင် ပါရာဒစ်နှင့်ရရှိခဲ့ သော အသက် (၁၅)နှစ်အရွယ် သမီးတစ်ဦးနှင့်အသက် (၁၂)နှစ် အရွယ် သားတစ်ဦးလည်းရှိသည်။(ခင်ခင်သက်)

**၂၀၁၅ ခုနှစ် ဂရမ်မီသတင်းနဲ့ ပရိသတ်အသည်းကိုခွဲလိုက်တဲ့ တေလာဆွစ်**

ဂရမ်မီဆုများရှင် တေလာဆွစ်သည် ယခု ၂၀၁၅ ခုနှစ် ဂရမ်မီ ဆုပေးပွဲတွင် ၎င်းဖျော်ဖြေမည်မဟုတ်ကြောင်း ပြီးခဲ့ သော တနင်္ဂနွေနေ့က ထုတ်ဖော်ပြောခဲ့သည်။ တေလာဆွစ်သည် လွန်ခဲ့ သော ဂရမ်မီဆုပေးပွဲများတွင် ထူးခြားစွာ တင်ဆက်ဖျော်ဖြေခဲ့ ပြီး သူ၏ပရိသတ်များက ယခုနှစ်တွင်လည်း သူ၏ ဖျော်ဖြေမှုကို အထူးစိတ်ဝင်စားလျက်ရှိရာ ယခုသတင်းသည် ပရိသတ် အားလုံး၏ မျှော်လင့်ချက်ကို ကုန်ဆုံးစေခဲ့ သည်။ ယခုနှစ် ဂရမ်မီဆုပေးပွဲတွင် ၀င်ရောက်မဖျော်ဖြေနိုင်ခြင်းနှင့် ပတ်သက်၍ တေလာက ““ဒီနှစ် ကျွန်မရဲ့ စီးရီးသစ် “၁၉၈၉” ရဲ့  နယ်လှည့် ဖျော်ဖြေပွဲကရှိနေတော့ ပြင်ဆင်နေတာနဲ့ အလုပ်ရှုပ်နေလို့ပါ။ ဒီနှစ်အချိန်တွေက ဒီခရီးစဉ်ပေါ်မှာပဲ အာရုံစိုက်ရမှာမို့ ပါ””ဟု ပြောခဲ့  သည်။ သို့ သော် သူမသည် ဂရမ်မီဆုပေးပွဲကို တက်ရောက်မည်ဖြစ်ပြီး ပရိသတ်နေရာတွင် ထိုင်ကာ အတူတကွ လိုက်ပါကခုန်ရင်း သူမ၏ ၂၀၁၅ ဂရမ်မီဆုအတွက် ရင်ခုန်မည်ဟု ဆက်ပြောခဲ့ သည်။
အသက် (၂၅)နှစ်ရှိပြီဖြစ်သည့်  တေလာသည် ယခုနှစ် ဂရမ်မီ ဆုပေးပွဲတွင် အကောင်းဆုံးဓာတ်ပြားဆု၊ အကောင်းဆုံး တေးသီချင်း ဆုနှင့် သူ၏ နောက်ဆုံး တေးစီးရီး ၁၉၈၉ မှ 'Shake it off" သီချင်းဖြင့် အကောင်းဆုံးပေါ့ ပ် ဖျော်ဖြေတင်ဆက်မှုဆုများ ရရှိမည်ဟု ထင်ကြေး ပေးခံရသည်။ တေလာသည် ၂၀၁၄ ခုနှစ်အထိ ဂရမ်မီဆု ခုနစ်ကြိမ်ရရှိ ထားပြီး အသက်အငယ်ဆုံး ဂရမ်မီဆုရှင်လည်းဖြစ်သည်။ (ခင်ခင်သက်) 

** လီဗာပူး အသင်းအတွက် ပွဲပေါင်း ၇၀၀ ကစား ပေးခဲ့သည့် တတိယမြောက်ကစား သမားစတီဗင်ဂျာရတ် ဖြစ်လာပြီ**

လီဗာပူးအသင်းခေါင်းဆောင် စတီဗင်ဂျာရတ်သည် ဖေဖော်ဝါရီ ၄ ရက်ညပိုင်းက ဘော်လ်တန်အသင်းနှင့်  ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေ ဖလားစတုတ်္ထအဆင့်ပြန်ကန်ပွဲတွင် လီဗာပူးအသင်းအတွက် ပွဲပေါင်း ၇၀၀ ပြည့်  ပွဲစဉ်အဖြစ် ပါဝင်ကစား ပေးခဲ့သူဖြစ်ပြီး လက်ရှိတွင် လီဗာပူး အသင်းအတွက် ပွဲပေါင်း ၇၀၀ ကစား ပေးခဲ့သည့် တတိယမြောက်ကစား သမားလည်း ဖြစ်လာခဲ့ သည်။ ဘော်လ်တန်အသင်းနှင့်  ပွဲစဉ်တွင် လီဗာပူးအသင်းခေါင်းဆောင် စတီဗင် ဂျာရတ်အား ပွဲချိန်ပြည့် ကစားရန် လီဗာပူးအသင်းနည်းပြ ဘရန်ဒန် ရော့ဂျာက ထည့် သွင်းအသုံးပြုခဲ့ ခြင်း ကြောင့် စတီဗင်ဂျာရတ်သည် လီဗာပူးအသင်းအတွက် ပွဲပေါင်း ၇၀၀ ကျော်ပါဝင်ကစားပေးခဲ့သည့် ကယ်လာဂန်နှင့်  ကာရေဂါတို့ နောက် တတိယမြောက်ကစားသမားလည်း ဖြစ်လာခဲ့ သည်။
လီဗာပူးအသင်း ကွင်းလယ်ကစား သမား စတီဗင်ဂျာရတ်သည် ၎င်း၏ ဘောလုံးသမားဘ၀တစ်လျှောက်လုံး ကို လီဗာပူးအသင်း၌သာ ကုန်ဆုံး စေခဲ့ပြီး လီဗာပူးအသင်း၌ ပွဲပေါင်း ၇၀၀ ပြည့် မြောက်ခဲ့ သည်။ ယခင်က လီဗာပူးအသင်းအတွက် ပွဲပေါင်း ၇၀၀ ပြည့် မြောက်ခဲ့ သည့် ကစားသမား များမှာ ကယ်လာဂန်နှင့် ကာရေဂါ တို့ ဖြစ်ပြီး ကယ်လာဂန်သည် လီဗာပူး အသင်းအတွက် ပွဲပေါင်း ၈၅၇ ပွဲ ကစားပေးခဲ့ သူဖြစ်ပြီး ကာရေဂါမှာ လီဗာပူးအသင်းအတွက် ပွဲပေါင်း ၇၃၇ ပွဲ ပါဝင်ကစားပေးထားပြီး ဖြစ်သည်။ ကွင်းလယ်ကစားသမား စတီဗင်ဂျာရတ်သည် လက်ရှိတွင် လီဗာပူး အသင်းနှင့် အတူ ပွဲပေါင်း ၇၀၀ ပြည့် မြောက်ခဲ့ သော်လည်း နွေရာသီအပြောင်းအရွှေ့ ကာလတွင် အမေရိကန်ကလပ် အယ်လ်အေ ဂလက်ဆီအသင်းသို့  ပြောင်းရွှေ့  ကစားမည်ဖြစ်ကြောင်းလည်း သိရ သည်။ (ငွေကြယ်) 

**လာမည့်  နွေရာသီအပြောင်းအရွှေ့  ကာလ အတွင်းရီးယဲလ်ကွင်းလယ်လူ ခီဒီယာအားခေါ်ယူ ရန်ဘိုင်ယန်စီစဉ်နေ** 

ဂျာမန်ဘွန်ဒက်လီဂါ ကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် လာမည့်  နွေရာသီအပြောင်းအရွှေ့  ကာလ အတွင်း အသင်း၏ ခံစစ်ကို အားဖြည့် ရန်အတွက် ရီးယဲလ်အသင်း ၏ ကွင်းလယ်လူ ခီဒီယာ
အားခေါ်ယူ ရန် စီစဉ်နေကြောင်းသိရသည်။ ဘိုင်ယန်မြူးနစ် အသင်းမှာ လာမည့် ဘောလုံးရာသီမတိုင်မီ ကွင်း လယ်အဖျက်အားသန် ကစားသမား တစ်ဦးကို မဖြစ်မနေခေါ်ယူသွားရန် ဆန်္ဒရှိနေပြီး ရီးယဲလ်အသင်းတွင် အနာဂတ်မသေမချာ ဖြစ်နေသည့်  ခီဒီယာအား စိတ်ဝင်စားလာခဲ့ခြင်း ဖြစ်သည်။ ခီဒီယာမှာလည်း ရီးယဲလ် အသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး ပုံမှန်ပွဲထွက်ခွင့် ရရှိမည့်  အသင်း တစ်သင်းသို့  ပြောင်းရွှေ့ ကစားရန် ပြင်ဆင်နေပြီး ပြီးခဲ့ သည့်  ဘောလုံး ရာသီကတည်းက အင်္ဂလန်မြေသို့  ပြောင်းရွှေ့ရန် ပစ်မှတ်ထားနေ သော်လည်း အပြောင်းအရွှေ့မှာ ယခုအချိန်ထိ ဖြစ်မြောက်ခဲ့ ခြင်းမရှိ သေးပေ။ ထို့ ပြင် အာဆင်နယ် အသင်းမှာ ၎င်းအားခေါ်ယူရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ သော်လည်း လစာကိစ်္စ ညှိနှိုင်းမှုအဆင်မပြေသဖြင့်  ကြန့် ကြာ လျက်ရှိနေခြင်း ဖြစ်သည်။ ထို့ ကြောင့်  ဘိုင်ယန်မြူးနစ်အသင်း အနေဖြင့်  ခီဒီယာအား မြင့် မားသည့်  လစာငွေတစ်ရပ်ဖြင့်  ကြားဖြတ် ခေါ်ယူကမ်းလှမ်းသွားရန် စီစဉ်လျက် ရှိပြီး လာမည့် ဘောလုံးရာသီမတိုင်မီ တွင် အသင်းသို့အရောက်ခေါ်ယူ သွားဖွယ်ရှိကြောင်း ဂျာမန်မီဒီယာများ ကဖော်ပြခဲ့ ကြသည်။ (ကိုရဲ )

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)