ဥရောပ ယူ-၂၁ ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်တွေကို ဇွန် ၂၁ ရက်မှာ ဆက်လက်ယှဉ်ပြိုင်ကစားမှာဖြစ်ပါ တယ်။ ဒီပွဲစဉ်တွေမှာဆားဘီးယားနဲ့  ချက်၊ ဂျာမနီနဲ့  ဒိန်းမတ်၊ ဆွီဒင်နဲ့  အင်္ဂလန်တို့ရဲ့ပွဲတွေက ပရိသတ် အတွက် ရင်ခုန်ရဦးမှာပါ။ ဗိုလ်စွဲမယ် လို့  အပြိုင်ရေပန်းစားနေတဲ့  ဂျာမနီ၊ အင်္ဂလန်တို့ ရဲ့  ပွဲဆက်အောင်ပွဲခံမှုတွေက လက်တွေ့မှာဖြစ်ပေါ်နိုင်မလားဆိုတာလည်း စောင့် ကြည့် ရမှာ ဖြစ်ပါတယ်။
**ဂျာမနီနှင့် ဒိ န်းမတ်**
(*ဂျာမနီ..ယူ-၂၁အသင်း)
အုပ်စုဒုတိယပွဲစဉ်အဖြစ် ကစား မယ့်  ဂျာမနီအတွက် အမှတ်ပြည့် ရ ရေး ၊ုန်းကန်ရဦးမှာ ဖြစ်ပါတယ်။ ဂျာမနီဟာ ယူ-၂၁ ပွဲစဉ်တစ် လျှောက်မှာ ဒိန်းမတ်နဲ့ တွေ့ ဆုံမှုတော့ မရှိခဲ့ပါဘူး၊ ဂျာမနီရဲ့ နောက်ဆုံး ကစားခဲ့ တဲ့  ငါးပွဲရလဒ်ကိုကြည့် ရင် နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်တွေနဲ့  ဖြတ်သန်းနိုင်ခဲ့ သလို ဒိန်းမတ် တို့ကလည်း နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲ၊ှုံးရလဒ်တွေဖော်ဆောင်ခဲ့ တာ မို့  အားထုတ်မှုချင်းတူညီနေပါတယ်။ ဂျာမနီအသင်းမှာတိုက်စစ်မှူးတွေအဖြစ် အာဆင်နယ်မှာကစားနေတဲ့  ဂနာဘရီ၊ ဟော့ဖန်ဟိန်းမှာကစားနေ တဲ့  ဗော်လန်၊ ကိုင်ဆာစယော့တန် အသင်းမှာခြေစွမ်းပြနေတဲ့  ဟော့မန်း တို့ ရှိနေတာမို့ ထက်မြက်တဲ့ တိုက်စစ်ကိုပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာဖြစ် ပါတယ်။ ကွင်းလယ်မှာလည်း လီဗာ ပူးမှာကစားနေတဲ့  အမ်မရီကန်၊ မိန့် ဇ် အသင်းမှာကစားနေတဲ့  ယူနက်မာလီ၊ ရှော်လ်ကေးမှာကစားနေတဲ့ မက်စ် မေယာတို့ က တိုက်စစ်၊ ခံစစ်လိုက်ပါ နိုင်သူတွေဖြစ်တာမို့ ဂျာမနီဟာ ဒိန်းမတ်ကိုကျော်ဖြတ်နိုင်ပါလိမ့် မယ်။ ဒိန်းမတ်တို့  လက်ရှိကစားအားနဲ့  တစ်ဦးချင်းစွမ်းရည်က ဂျာမနီကို မခု ခံနိုင်ပါဘူး၊ ဒီပွဲမှာဂျာမနီတို့ အနိုင် မပြတ်သားပေမယ့်ကပ်ပြီးအနိုင်ယူသွားဖို့ အခွင့် အရေး များနေတာတော့အမှန်ပါပဲ။
**ဆွီဒင် နဲ့အင်္ဂလန်**
(အင်္ဂလန်..ယူ-၂၁အသင်း)
၂၀၀၉ ခုနှစ်က နောက်ဆုံးတွေ့ ဆုံခဲ့ရတဲ့ ရလဒ်ကိုကြည့်ရင် တစ်ဖက် သုံးဂိုးစီ သရေပွဲဖြစ်ထားပါတယ်။ လတ်တလောကစားခဲ့ တဲ့  ဆွီဒင်ရဲ့  နောက်ဆုံးငါးပွဲရလဒ်မှာလည်း သုံးပွဲ နိုင်၊ နှစ်ပွဲသရေနဲ့ ၊ရှုံးပွဲမရှိအောင် အားထုတ်နိုင်ခဲ့ ပါတယ်။ အင်္ဂလန်တို့ ကတော့ နောက်ဆုံးငါးပွဲမှာလေးပွဲ နိုင်တစ်ပွဲ၊ှုံးထားပေမယ့် ဒီပွဲမှာ အင်္ဂလန်တို့ သုံးမှတ်ပြည့်ရယူနိုင် အောင် စွမ်းဆောင်နိုင်ပါလိမ့် မယ်။ တိုက်စစ်မှာ စပါးမှာ ကစားနေတဲ့ ဟာရီကိန်း၊ ၀က်စ်ဘရွန်းမှာကစား နေတဲ့  ဘရာဟီနို၊ ဘန်လေမှာကစားနေတဲ့  ဒန်နီအင့် တို့ က စွမ်း အားပြည့် တိုက်စစ်ဆင်ကစားနိုင် ကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်မှာဘန်လေမှာကစား နေတဲ့ ဒန်နီအင့်တို့က စွမ်းအား ပြည့်  တိုက်စစ်ဆင်ကစားနိုင်ကြသူတွေဖြစ်ပါတယ်။ ဒါ့အပြင် ကွင်း လယ်မှာ ချယ်လ်ဆီးမှာကစားနေတဲ့  ချာလိုဘတ်၊ စပါးမှာ ကစားနေတဲ့ တွမ်ကာ၊ိုး၊ နော့ဝှစ်မှာကစားနေတဲ့ ရက်မွန့်၊ မန်ယူမှာကစားနေတဲ့ လင်ဘတ်၊ ဆောက်သမ်တန်မှာ ကစားနေတဲ့ ၀က်ပ၊ိုဆီတို့ဟာလည်း ဘောလုံးဖြန့် ဝေမှုအပိုင်း ရော၊ တိုက်စစ်၊ ခံစစ်တွေမှာလည်း လိုက်ပါ ဖြည့် ဆည်းနိုင်မှုတွေမှာပါ အားထားရသူတွေ ဖြစ်ပါတယ်။ ဆွီဒင်တို့ ကတော့ အုပ်စုက ကျော်လွှား ဖို့ အတွက် အခက်အခဲတွေရှိနေပြီး အုပ်စုအတွင်းမှာလည်းအားအနည်းဆုံးအသင်း ဖြစ်ပါတယ်။ ဒါကြောင့်  ဒီပွဲစဉ်မှာဆွီဒင်တို့ အမြင့်ဆုံးရလဒ်ကသရေဖြစ်ပြီး အဖြစ်နိုင်ဆုံးရလဒ်က အင်္ဂလန်တို့ နိုင်ဖို့  ရာခိုင်နှုန်းများနေတာတော့ အမှန်ပါပဲ။
**ဆာဘီးယားနှင့် ချက်**
ဒီနှစ်အသင်းရဲ့ နောက်ဆုံးတွေ့ ဆုံမှုရလဒ်ကိုကြည့် ရင် ဆာဘီးယားတို့ ဟာ နိုင်ပွဲရထားတာမို့  ချက်အသင်း ဟာ လက်ရှိခြေစွမ်းအရ ဆားဘီး ယားကိုခက်ခက်ခဲခဲရင်ဆိုင်ရပါလိမ့်မယ်။ ဆာဘီးယားတိုက်စစ်မှာဒူဒီဗစ်၊ ပီဆစ်၊ ကာဗရစ်တို့ ရှိတာကြောင့်  အင်အား တောင့် တင်းနေပါတယ်။ နောက်တန်းမှာကော်ဒိုဗာမှာကစား နေတဲ့  ပန်တစ်၊ ရက်တောမှာကစားနေ တဲ့ 
လာဇစ်၊ ပတ်ကိုဗစ်၊ ပါတီဇန်မှာကစားနေတဲ့  ဆာကိုဗစ်တို့ က အမှားအယွင်းနည်းနည်းနဲ့  ကစားတတ်သူတွေဖြစ်တာမို့  ချက်တိုက်စစ်မှူးတွေလွယ်လွယ်ကူကူထိုးဖောက်လို့ မရ နိုင်ပါဘူး။ ဆာဘီးယားအသင်းဟာ ယူ-၂၁ လက်ရှိချန်ပီယံစပိန်ကို ကျော်ဖြတ်ပြီး အခုလိုနောက်ဆုံးဗိုလ်လုပွဲစဉ်တွေ အထိတက်ရောက်ခဲ့တာဖြစ်တာမို့ ချက်အသင်းသတိထားကစားရမယ့် ပွဲဖြစ်ပါတယ်။ ချက်အသင်းရဲ့  လတ်တလောနောက်ဆုံးကစားခဲ့ တဲ့  ငါးပွဲရလဒ်ကိုကြည့်ရင် နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးမှတ်တမ်းရှိနေပြီး ဆာဘီးယားတို့ ကတော့ နိုင်ပွဲသုံးပွဲရထားပေမယ့်  တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်တွေရရှိထားပါတယ်။ ပြည်တွင်းအခြေစိုက် ကစားသမားတွေနဲ့  စုဖွဲ့ထားတဲ့  ချက်အသင်းဟာ အုပ်စု(A) မှာ နောက်တစ်ဆင့်တက်ရေး ဖော်ဆောင်ဖြစ်နိုင်ပေမယ့် ဆာဘီး ယားလိုအသင်းမျိုးကိုကျော်လွှားဖို့ မလွယ်တာတော့အမှန်ပါပဲ။
ဒါပေ မယ့် အိမ်ရှင်ဆိုတဲ့အားသာချက်နဲ့ ချက်အသင်းကစားသမားတွေ ဖိအားပေးကစားပါလိမ့် မယ်။ ယူ-၂၁ ပြိုင်ပွဲသမိုင်းမှာချန်ပီယံတစ်ကြိမ်ဖြစ်ခဲ့ ပြီး ဒုတိယသုံးကြိမ်ရရှိထားတဲ့ ဆာဘီး ယားတို့ အခုပြိုင်ပွဲမှာမှတ်တမ်းသစ်ရေးထိုးနိုင်ရေး စွမ်းဆောင်ပါလိမ့်မယ်။ ။+မိုးမြင့်လင်းလက်+

No comments:
Post a Comment