>
**ငြိမ်းချမ်းရေး အမေနဲ့ စစ်တလင်းမြေ**
ရင်ထုမနာ ဒေါသများကို မောင်းတင်မထား
ညည်းတွားရမဲ့ သောကတွေအား မောင်းနှင်ထုတ်နိုင်စွမ်းတဲ့ အမေ ၊
အေးမြ ငြိမ်းချမ်းခြင်း လမင်းကို
တိုင်းပြည်ရဲ့ ကောင်းကင်မှာ
ထာဝရ ချိတ်ဆွဲ
ဆို့နင့် ကြေကွဲဘွယ် စစ်မုန်တိုင်းကို ကျောခိုင်းပြီး
ကမ္ဘာသစ်ထဲ တိုးတက်ခြင်း ခြေလှမ်းများနဲ့
အင်အားအပြည့် ရဲရဲရင့်ရင့် ချီတက်ချင်တဲ့ အမေ ။
ဟန်ဆောင်မှုကင်း ၊ လွတ်လပ်ပွင့်လင်းတဲ့ အပြုံးပန်းများ
အိနြေ္ဒရရ မျက်နှာပေါ်မှာ လန်းလန်းဆန်းဆန်း ဖူးပွင့် သီကုံးရင်း
ပူလောင်ပြင်းပြတဲ့ အမှောင် ဘ၀များကို
တဒင်္ဂ အလင်းသစ် ပေးနိုင်စွမ်းတဲ့ အမေ ။
အကြောက်တရား ဆိုတာ
ဖောက်ပြားတဲ့သူတွေမှာ တွယ်ကပ်နေတဲ့
နောက်ဆုံးပေါ် ရောဂါဆိုး တမျိုး မဟုတ်လား
ရိုးသား မြင့်မြတ်တဲ့ ဂုဏ်ပုဒ်ကို သယ်ပိုးလို့
ခိုးစား အကျင့်ပျက်သူများအား တုန်လှုပ်စေတဲ့ အမေ ။
ဇွဲ သတ္တိကြီးပုံက
တဟုန်းဟုန်း လောင်နေတဲ့မီးခဲကို ပြာမဖုံးသလို
လက်ရုံးရည် နှလုံးရည် ပြည့်စုံသူများအတွက်
အဆုံးအရှုံး နေ့ရက်တွေ ကမ္ဘာမှာ မမွေးဖွားသေးဘူး ၊
သက္ကရာဇ်နှစ်ပေါင်းများစွာ အရှိန်ပြင်းပြင်း တောက်လောင်နေတဲ့စစ်မီး
ဗိုလ်ချုပ်ရဲ့ ချစ်သမီးပီပီ အပြီးသတ် ငြိမ်းသတ်ဖို့ ယတိပြတ် ဆုံးဖြတ်ထားတဲ့ အမေ ။
မြန်မာ့ ရာဇ၀င်ဟာ
အပျိုစင်လို စစ်အမဲစက် မစွန်းထင်းခဲ့ရင်လဲ အကောင်းသား
၊
ခုတော့ နာတာရှည် စစ်တလင်းမြေမှာစစ်ကို မယားငယ်လို ပိုးမွေးသလို မွေးထား ၊
စစ်တပ်ရဲ့ နေရာတကာအကြမ်းဖက်မှု ပယောဂများ ကြောင့်
ပိတ်ဆို့ခံ စီးပွားရေးတွေ ထုံထိုင်း ၊
မြင်းရိုင်းတစ်ကောင်လို
ကုန်ဈေးနှုန်းများ ဒုန်းစိုင်းကာ တက်ပြီးရင်းတက်
မွဲပြာတဲ့တိုင်းပြည်ဟာ
ကမ္ဘာ့အလယ် သိက္ခာတွေ ကျပြီးရင်းကျနေပါတယ် အမေ ။
အမျိုးသား ရင်ကြားမစေ့တဲ့ အကွဲအပြဲ အပေါက်အပြဲ အင်္ကျီကိုဝတ်ဆင်ရင်း
ကျနေတဲ့ စီးပွားရေး ဆံပင်တွေ မဖြီးမသင် ဖရိုဖရဲ
ပိန်ချုံးပြီး
လူမမာရုပ် ပေါက်နေတဲ့ နိုင်ငံမှာ
အသံတိတ် ကြွေးကြော်သံတွေ ဆူညံနေပါတယ် အမေ ။
သွေးစွန်းပေနေတဲ့ ကြယ်ပွင့်တွေ ပုခုံးမှာ တပ်ဆင်ရင်း
စစ်ကို ထမ်းပိုးထားသူ စစ်ဗိုလ်ချုပ်ကြီးများ အမြင်ကျယ်ရင်ဖြင့်
လှိုင်းထန်နေတဲ့ သမိုင်းရိုင်းကို မောင်းထုတ်
ဆင်းရဲခြင်း စစ်ပင်လယ်ကို ဆွဲဆုတ်
လှပတဲ့ ငြိမ်းချမ်းရေး တေးတစ်ပုဒ်တော့
အနာဂတ် နိုင်ငံတော်မှာ အတူတကွ တီးမှုတ်သီဆို နိုင်ကောင်းပါရဲ့ အမေ။
အောင်ခိုင်မြင့်
**********************************************
**ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာပြည်ငြိမ်းချမ်းရေး**
အောင်မြင်ခြင်း ၊ ဆုံးရှုံးခြင်း
အဆိုးအမှား ၊ အမှန်တရား
ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်း
ဘ၀ရဲ့ လောကဓံတရားများကို
အကြောက်တရားကင်းမဲ့စွာ ရင်ဆိုင်နေတယ် ။
ဆန်းသစ်တဲ့ ငြိမ်းချမ်းရေး အတွေးအခေါ်
ခေတ်သစ်ကို ပုံဖော်တည်ဆောက်
အမျိုးသားပြန်လည် သင့်မြတ်ရေး ၊
ရေရှည်ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက်
စွန့်လွှတ်ပေးဆပ်လျက်
ငြိမ်းချမ်းစွာ ဆန့်ကျင်တုန့်ပြန်
စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ရက်စက်မှုများကို
မတုန်မလှုပ် ရင်ဆိုင်နေတယ် ။
စု စည်းညီညာမှ တိုင်းပြည်သာယာမယ် ၊
ဖိနှိပ်ဖောက်ပြန်မှုများကို ဒူးထောက်အညံ့မခံနဲ့
"အမျိုးသားပြန်လည် သင့်မြတ်ရေး
ခြိမ်းခြောက်တဲ့အပြုအမူတွေ မလုပ်ဖို့
ခေါင်းဆောင်တိုင်းမှာ တာဝန်ရှိတယ် "
ဒေါ်စု ဒီမိုကရေစီ လှုပ်ရှားမှုရဲ့
ငြိမ်းချမ်းရေး သင်္ကေတ ဖြစ်တယ် ။
ယုံ ကြည် ချက်များနဲ့ ဒေါ်စုနှလုံးသား
လွတ်လပ်မှု ၊ တရားမျှတမှု ၊ ငြိမ်းချမ်းမှုများ
မြန်မာပြည်ရဲ့ လူ့အခွင့်ရေး ၊ ဒီမိုကရေစီထွန်းကားရေးနဲ့
အမှန်တရား အတွက်
ငြိမ်းချမ်းစွာ ဆက်လက်တိုက်ပွဲဝင်နေတယ် ၊
စစ်အာဏာရှင်တစ်စုက
သူမကို ဆက်လက်ဖမ်းဆီးဖို့
သက်တမ်းတိုးလိုက်ခြင်းဟာ
ပြည်သူ့ဆန္ဒကို စော်ကားလိုက်တာဖြစ်တယ် ။
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ်ကြောင့်
မြန်မာပြည်မှာ တော်လှန်ရေးသမားဟာ
စူဆိုက်ဗုံးသမား၊ အကြမ်းဖက်သမား ဖြစ်မသွားတာဖြစ်တယ် ။
အပြုသဘောဆောင်တဲ့ ဝေဖန်မှုကို
စိန်ခေါ်မှုတခုလို့ယူဆကြတယ် ၊
အမိမြေကို မျိုးချစ်စိတ်ရှိသူများကို
အဆိုးမြင်ဝါဒီများလို့
စစ်အာဏာရှင်တစ်စုက အမည်တပ်တယ် ၊
ငြိမ်းချမ်းရေးကို ချစ်တဲ့ပြည်သူများ
အကြမ်းဖက်သမားလို့ မခေါ်ပါနဲ့ ။
စစ်အာဏာရှင်တွေဖိနှိပ်အုပ်စိုးတဲ့မြန်မာ့သမိုင်းမှာ
ငြိမ်းချမ်းရေးနဲ့မျှော်လင့်ခြင်းတွေ
ပျောက်ကွယ်ခဲ့တာကြာပြီ ၊
"ဆွေးနွေးအဖြေရှာခြင်းနဲ့
လုံးလုံးလျာလျား ပျက်ဆီးခြင်းကို တခုခုရွေးချယ်ရမယ် "
ငြိမ်းချမ်း ပျော်ရွှင်တဲ့အနာဂတ်ကို
အတူတကွ လက်တွဲဖော်ဆောင်ရမယ်
၊
ငြိမ်းချမ်းတဲ့ နေ့ရက်များကို ယုံကြည်ရင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့
အကြမ်းမဖက်တဲ့ ငြိမ်းချမ်းရေးနည်းလမ်းကို အမြဲထောက်ခံနေတယ် ၊
လှုပ်ရှားမှုမရှိပဲ
အဖြစ်အပျက်တခုကို ထိုင်မစောင့်နဲ့ ၊
ဖိနှိပ်မှုကို ဆန့်ကျင်တဲ့
ပြည်သူ့အင်အားကို ပြသရမယ် ။
+အောင်ခိုင်မြင့်+
( ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ )
**********************************
**ငြိမ်းချမ်းရေး နတ်မိမယ်လို တိုးတက် ပြောင်းလဲခြင်း ၀တ်စုံသစ်ကို ၀တ်ဆင်နေပြီ**
ငါတို့ဟာ ရေ လယ်ခေါင်မှာ သင်္ဘောလို ဘ၀ တိမ်းမှောက်ခဲ့ဘူးပြီ..၊
သူတို့ကစစ်ကန္တာရထဲ ပြန်လည် သင့်မြတ်ရေး ရေဗူး ပေါက်ခဲ့ဘူးတယ်..။
သူမဟာ ငြိမ်းချမ်းရေး နတ်မိမယ်လို ကယ်တင်ဖို့ ရောက်လာလေသလား...။
အိမ်ခန်းကျဉ်းထဲ အမုန်းအရှုံးတွေကို တစ်ယောက်ထဲ အပိုင်ယူ
အနိုင်အပြုံးများအား အလံထူ ပြီး ကမ္ဘာအနှံ့ မျှဝေခံစား
စွန့်လွှတ် ခန်းနား ချိုမြိန် စူးရှတဲ့ ရသ ၊
လောက လူသား
အတ္တတွေ အရည်ပျော်သွားတဲ့ အထိ
အပြစ်အနာနဲ့
စစ်ကမ္ဘာ ဟာ သူမကြောင့် ပွဲလယ်တင့်ခဲ့ပြီ..။
သိမ်မွေ့တဲ့ သောက အလွမ်းများနဲ့ ဘ၀လမ်းကြမ်း
ရုန်းထွက်ရင်း
အခက်အခဲ အကြပ်အတည်းတွေထဲ လဲကျခဲ့
ကယ်သူမဲ့ အမှန်တရား
နေ့ရက် ၊ မျက်နှာလွှဲ အဆိုးအမှား အဖြစ်အပျက်
တန်ဖိုးကြီး သမိုင်းစာမျက်နှာ အောက်မှာ တစ်ယောက်ထဲ
တည်ငြိမ် ရင့်ကျက်ခြင်း ဘ၀သင်ခန်းစာများ မလိုချင်လဲ ရယူခဲ့တယ်..။
ကျနော်တို့ယုံကြည်ချက်တွေ ပြန်လည်ကောက်ရလို့
့
မိဘမဲ့ ကလေးတစ်ယောက်ရဲ့ မျက်လုံးတွေ အရောင်တောက်လာ သလိုမျိုး
ကျနေတဲ့ စိတ်ဓာတ်တွေဟာ
ဟနေတဲ့ အတိတ် တံခါးမှာ
ဝင်လိုက် ထွက်လိုက်
ခဏ ခဏ လွတ်ကျတတ်တဲ့
ကမ္ဘာ့အတွေးအခေါ်ကို အမှီလိုက်ကောက်နေရတယ်..။
အမျိုးကောင်းတွေမို့ ရာဇ၀င်ဟောင်းမှာ မလဲေ လျာင်းချင်တော့
အငြိုးအတေး အပြစ်တွေကို လက်ညှိုးထိုးခဲ့လက်တွေ
သွေးအေးအေး အချစ်တေးတွေနဲ့ လက်ချင်းဆွဲ နှုတ်ဆက်ကြ...၊
ငါတို့ရဲ့ ပြိုင်ဖက်က နောက်ပြန်မလှည့်ကြေး လမ်းစဉ်ဖြစ်တယ်..။
အမာရွတ်ကို အတွေးအခေါ်နဲ့ လုံအောင်ဖုံးတယ်..။
သံသယအား တိုးမလာအောင် အမှောင်ကို အလင်းပြတယ်..။
ဒုက္ခ ဆူးခက်တွေ လှပတဲ့ ပန်းလို အသွင်ပြောင်း
အနာဂတ်ဟာ တိုးတက် ပြောင်းလဲခြင်း ၀တ်စုံသစ်ကို ၀တ်ဆင်နေပြီ..။
အောင်ခိုင်မြင့်
၃၀ စက်တင်ဘာလ ၂၀၁၂
************************************
++++အမေ++
ဒုက္ခတွေ တောင်လိုပုံတဲ့ လောကထဲ
ဘုရားသခင်က
လူကြုံနဲ့ ပို့လိုက်လို့
အမေနဲ့ သားသမီးများ
မရေရာတဲ့ ဘ၀မှာ တွေ့ဆုံခဲ့ကြတာများလား...။...
ကောင်းကင်ထက်က လောကဓံတရားရဲ့ ရိုက်ချက်
မြေပြင်အောက် စနစ်တကျပျက်နေတဲ့ စနစ်ပျက်
ဘ၀လမ်းမှာ အတ္တများ မှိုတက်
အမေ့အပြုံးတွေ ပြိုပျက် နေတာ ကြာပြီ....။
အမှောင်တွေကို အဆိုးအမှားများကျောပိုးရင်း
ရွေးချယ်တင်မြောက်မထားတဲ့ ကံတရားက
ကြုံရာမှာ ထိုးအိပ်နေရော့သလား..၊
ဗလောင်းဗလဲမြန်တဲ့ ဥပဒေများ စိတ်ဖောက်
ဗလောင်ဆူစဲ
အဆွေးစိတ်တွေနဲ့ အမေ တစ်ယောက်
ဖောက်ပြန်တတ်တဲ့စစ်လေရူး မွှေနှောက်လို့
အဝေးရောက် သားသမီးများ အိမ်တံခါးလာခေါက်မှာကို
နေ့စဉ်နေ့တိုင်း စောင့်ကြို မျက်ရည်စို နေတဲ့ အမေ....။
တိုက်ပွဲဝင်အလွမ်းတွေ အပြည့်အမောက်နဲ့
တောက်ခေါက် အံကြိတ် သောကများမြိုသိပ်
ကမ္ဘာ့ရွာမှာ အမေ့မြေကိုမှ ရွေးပြီးတက်နေတဲ့ ကုန်ဈေးနှုန်းတွေကြား
ရင်တထိတ်ထိတ်နဲ့အရိပ်လိုချင်လို့ နေပူထဲ
ငြိမ်းချမ်းရေးကို ဘ၀တခုလုံးပေးဆပ်ဝယ်နေတဲ့ အမေ....။
အမှန်တရားဆိုတာ
စက်ပျက်နေတဲ့ ရထားလို
လိုရာခရီးကို အခက်အခဲကြားမှာ အနှေးနဲ့အမြန်ရောက်ရမယ်လို့ ယုံကြည်တဲ့အမေ..။
မပြိုလဲတဲ့ သစ်ပင်လို အရိပ်တွေဖြာကျ၊
မီးအိမ်လို အလင်းတွေ မျှဝေ ၊
စစ်မီးလောင်နေတဲ့ခေတ်ထဲမှာ
စမ်းရေလို အေးမြစေတဲ့ အမေ......။
အောင်ခိုင်မြင့်
( အမေများနေ့အထိမ်းအမှတ် )
*
*************************
လောကရဲ့ ငြိမ်းချမ်းရေး သမီးပျိုကို ကမ္ဘာကြီးက
မတ်တပ်ရပ် လက်ခုပ်တီး ၊အလင်း ကော်ဇောခင်းပြီး ကြိုဆိုတယ်..
ငတ်မွတ် ခေါင်းပါး ၊ အကျင့်ပျက် ခြစားမှုများ တိုက်ဖျက်မဲ့ လက်တွေလိုတယ် ၊
ဘ၀ပျက်များကို သေတွင်းနက်ထဲ တွန်းပို့မဲ့ လက်နက်တွေ မလိုဘူး ..။
ကမ္ဘာကြီးဟာ သူကိုယ်တိုင် စိုက်ပျိုးတဲ့ စစ်တောထဲ
မျက်ရည်မြစ်မှာ အကြိမ်ကြိမ် ရေတိမ်နစ် နေခဲ့တယ် ..။
သောကတွေ တိုက်စားလို့ ဖောက်ပြားခဲ့ နေ့ရက်တွေ အာဖရိကမှာ ရှိတယ် ..။
စနစ် လမ်းလွဲကို အလိုက်မှားလို့ ငိုကြွေးနေစဲ လမ်းများ အာရှမှာ တွေ့တယ် ။
ကမ္ဘာစစ်နဲ့ လက်ထပ် ပေါင်းသင်း ၊ ပျော်ရွှင်ခြင်းများ ဥရောပမှာ ပျောက်ဆုံးဘူးတယ် ..။
ငါတို့ သေမင်း နိုင်ငံတော်ဟာ ကမ္ဘာ့ မကောင်းမှုမှန်သမျှကို
ပုံတူကူး
ပြဿသနာအားလုံးအား မသိကျိုးကျွံ ပြုကာ
ကိုယ့်ကိုကိုယ် ရူးချင်ယောင်ဆောင်ဖို့ ကြိုးစားနေလား ..။
ဝေဒနာတွေ တပွေ့တပိုက်နဲ့ မျက်ပြူးဆန်ပြာ
ယနေ့ကမ္ဘာမှာ
သေချာတာတစ်ခုက ဟစ်တလာတွေ ထပ်မလိုတော့ဘူး ..။
မိဘမဲ့ ကမ္ဘာဟာ ကျိန်စာသင့် နေ့ရက်တွေ မရပ်မနား ဖြတ်သွားရင်း
မကောင်းမှုများနဲ့ လည်ပင်းဖက် ကြီးပြင်းခဲ့တယ် ..။
မသမာသူတွေက အကောက်ကြံမှုကို အမှောင်မှာ အားထုတ်
ကမ္ဘာအိုဟာ မျက်ရည်စိုကို လူမသိအောင် သုတ်တယ် ..။
အလကား ကမ္ဘာရယ်လို့ ကံကြမ္မာက အပြစ်မတင်စေဖို့
ပတ္တမြားမှန်လျှင် နွံမနစ်စေရဘူး
ပြိုကွဲ ပျက်စီးခါနီး သစ္စာတရားနဲ့ဘာသာရေး လူမျိုးရေး အစွန်းရောက်တွေ
မီးဟုန်းဟုန်းတောက်
ဥပဒေမဲ့ နှလုံးသား
ဒဏ်ရာများကို အနာဂတ်မှာ ကုစားရဦးမယ် ..။
ချိန်ကိုက်ဗုံးကို ခေါင်းအုံးအိပ်တဲ့ ကမ္ဘာမှာ
အရေးပေါ် အတွေးအခေါ်နဲ့ မျက်နှာသစ်
သံသယများနဲ့ အနီးမှုန် အဝေးမမြင် ၊
တိုးတိုးတိတ်တိတ် ပွင့်လင်း မြင်သာမှုများ
ယုံကြည်ခြင်းအား ပြတင်းတံခါးလို ဖွင့်လှစ်ထားဖို့ လိုအပ်တယ် ..။
ဟန်ဆောင် မျက်နှာဖုံးတွေအောက်
ရင်ထဲ မီးတောက်နေတဲ့ ကမ္ဘာ
ငြိမ်းချမ်းရေး ရေအေးအေး တစ်ခွက်လောက်
အမြည်းမစားပဲ အငမ်းမရ သောက်ကြည့်ချင် တယ် ..။
အတိတ် ပိတ်ဆို့ခံ လောကရဲ့ ငြိမ်းချမ်းရေး သမီးပျိုကို
စစ်မက် ကမ္ဘာကြီးက မတ်တပ်ရပ် လက်ခုပ်တီး
ကောင်းကင်ဝေဟင်ထဲ အမြင့်ပျံ ချိုးဖြူငှက်
လက်ချင်းယှက်
နံနက်ခင်းက အလင်း ကော်ဇောခင်းပြီး ကြိုဆိုတယ်..။
+အောင်ခိုင်မြင့်+
၁၈ ဇွန်လ ၂၀၁၂
အမေစု ကျန်းမာစေကြောင်း အဝေးတစ်နေရာက ဆုမွန်တောင်းရင်း အမေ့အတွက် ကဗျာဟောင်းလေးကို ပြန်လည် မျှဝေ ဖော်ပြလိုက်ပါတယ် ခင်ဗျာ..

Friday, June 19, 2015
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment