ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 8, 2015

==ကိတ်ဝင်းစလတ်ရဲ့ အသက်လေးဆယ်မှာယုံကြည်မှုပိုလာတာနဲ့  ယခုလအတွင်းဟိုအကြောင်း။ဒီအကြောင်း၊သူတို့ အကြောင်း==

>
**အသက်လေးဆယ်မှာယုံကြည်မှုတွေပိုရှိလာတဲ့ကိတ်ဝင်းစလတ်**

 Titanicရုပ်ရှင်ရဲ့ မင်းသမီးချော ကိတ်ဝင်းစလတ်ဆိုရင် မြန်မာရုပ်ရှင်ချစ်ပရိသတ်များအားလုံးလိုလို
 နှစ်သက်မိတဲ့  ဟောလိဝုဒ်ကြယ်ပွင့်  တစ်ဦးပါ။ သူဟာအောက်တိုဘာ ၅ရက်က အသက်လေးဆယ်ပြည့်ခဲ့ပါပြီ။ အသက်လေးဆယ်ဆိုတဲ့အရွယ်အပိုင်းအခြားတစ်ခုမှာ သူဟာ ရင့်ကျ က် မှုတွေ၊ အတွေ့ အကြုံတွေနဲ့ အတူ အနုပညာအရည်အသွေးတွေ ပိုမိုပြည့် ဝလာခဲ့ ပြီး ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုတွေရရှိလာကြောင်း အက်စ်ကွာရီမဂ်္ဂဇင်းနဲ့ ပြုလုပ်ခဲ့ တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ ပါတယ်။

ထို့ ပြင်သူဟာ ရုပ်ပိုင်းဆိုင်ရာကိုလည်း ကြံ့ခိုင်သန်မာနေစေရန် သတိနဲ့ အမြဲကြိုးစားခဲ့ ပြီး ကိုယ်ခန်္ဓာကျန်းမာဖို့ကလည်း သူ့ ရဲ့ အသက်မွေးဝမ်းကျောင်း ဖြစ်တဲ့  အနုပညာလုပ်ငန်းတွေအတွက် အရေးပါကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့ ပါတယ်။ ယခုကဲ့ သို့  အသက်လေးဆယ်ပြည့် ခဲ့ သည့်  မင်းသမီးတစ်ယောက်ရဲ့  ခံစားချက်နဲ့ ပတ်သက်လို့  မေးမြန်းခဲ့ ရာမှာကိတ်ဝင်းစလတ်က ““ကျွန်မအသက်လေးဆယ်ပြည့် လို့  အသက်ကြီးနေပြီလို့  မခံစားရပါဘူး။ ဒါပေမယ့်  စိတ်တော့လှုပ်ရှား မိတယ်။ အခုတော့ လွန်ခဲ့ တဲ့  နှစ်နှစ်ကခံစားချက်မျိုးနဲ့  မတူတဲ့ ခံစားချက်တွေ ရရှိလာတယ်””လို့  ဖက်ရှင်မဂ်္ဂဇင်းတစ်ခုရဲ့  အင်တာဗျူးမှာ ဖြေကြားခဲ့ပါ တယ်။သို့သော် အော်စကာဆုပိုင်ရှင်မင်းသမီးက ပရိသတ်များအနေဖြင့်  အသက်လေးဆယ်ပြည့် သွားပြီဖြစ်သော မင်းသမီးတစ်ဦးကို ပိုမိုချောမောလာသည်ဟု မတွေးထင်ကြမည်မှာသေချာပါကြောင်းလည်း ဆိုခဲ့ ပါတယ်။ လတ်တလောမှာ ကိတ်ဝင်းစလတ်ဟာAppleကုမ်္ပဏီကို စတင်တည်ထောင်ခဲ့ သူတစ်ဦးဖြစ်တဲ့  စတိဗ်ဂျော့စ်ရဲ့ဘ၀ အကြောင်းကိုရိုက်ကူးထားတဲ့ ရုပ်ရှင်မှာ စတိဗ်ဂျော့စ်ရဲ့ သူငယ်ချင်းဖြစ်သူနေရာမှာ ပါဝင်သရုပ်ဆောင်ထားပြီး အဆိုပါရုပ်ရှင်ကိုနယူးယော့ခ်ရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသခဲ့ပါတယ်။ (အေးပြည့်)  

**သမီးဖြစ်သူရဲ့ မင်္ဂလာဆောင်ကိုတက်ရောက်ခွင့်မရခဲ့ ကြတဲ့တွမ်ခရုစ်နဲ့ နီကိုးလ်ကစ်ဒ်မန်း**

 ဟောလိဝုဒ်ရဲ့နာမည်ကျော်တွဖြစ်ကြတဲ့ မင်းသားတွမ်ခရုစ်နဲ့  သရုပ်ဆောင်မင်းသမီးချော နီကိုးလ်ကစ်ဒ်မန်းတို့ နှစ်ဦးဟာ ပြီးခဲ့ တဲ့ လအတွင်း က လန်ဒန်မှာကျင်းပခဲ့ တဲ့  သူတို့ ရဲ့  သမီးဘယ်လာ ရဲ့  မင်္ဂလာဆောင်ကိုတက်ရောက်ခွင့် မရခဲ့ ကြပါဘူး။ သူတို့ ရဲ့ သမီးဖြစ်သူက မိဘနှစ်ပါးကို ဖိတ်ကြားခြင်း မရှိတာကြောင့်  မတက်ရောက်ဖြစ်ခဲ့ ကြတာပါ။ အသက်(၂၂)နှစ်အရွယ် မိတ်ကပ်နဲ့  ဆံပင် အလှဖန်တီးရှင် ဘယ်လာဟာ သူ့ ရဲ့ ချစ်သူ မက်ဇ်ပါကာနဲ့  ဒေါ်ချက်စတာဟိုတယ်မှာ မင်္ဂလာပွဲဆင်နွှဲခဲ့ရာမှာ မိခင်ဖြစ်သူအနေနဲ့ မတက်ရောက်ဖြစ်ခဲ့ တာနဲ့  ပတ်သက်ပြီး နီကိုးလ်က သူဟာသမီးဖြစ်သူမင်္ဂလာဆောင်ကို ဖိတ်ကြား ခြင်းမခံရတဲ့ အပြင် မင်္ဂလာဆောင်မယ့် ရက်ကို သိတောင်မသိရှိခဲ့ ဘူးလို့  နယူးယော့ခ်ပို့ စ်က ဖော်ပြ ခဲ့ ပါတယ်။ ဖခင်ဖြစ်သူတွမ်ခရုစ်ကတော့ သမီးဖြစ်သူရဲ့  မင်္ဂလာစရိတ်အတွက် အကုန်ကျခံပေးခဲ့ ပေမယ့်  တက်ရောက်ခဲ့ ခြင်းတော့မရှိပါဘူး။ ဘယ်လာဟာ နီကိုးလ်နဲ့ တွမ်ခရုစ်တို့ ရဲ့မွေးစားကလေးနှစ်ဦး အနက်က သမီးအကြီးဖြစ်ပြီး ဘယ်လာနဲ့အတူ ကွန်နောဆိုတဲ့  သားလေးတစ်ဦးကိုပါ ၁၉၉၅ ခုနှစ် က ခေါ်ယူမွေးစားခဲ့ ကြတာဖြစ်ပါတယ်။(အေးပြည့်) 

**ဗန်ဟားနဲ့ မ်ာရင်ဟိုတို့ အပေါါ်ဂျိုဟန်ခရိုက်ဖ်ဝေဖန်ခဲ့ ** 

မန်ယူနည်းပြဗန်ဟားလက်ထက်တွင် မန်ယူ၏ကိုယ်ပိုင်ကစား ဟန်မှာပျောက်ဆုံးနေသလို ချယ်လ်ဆီးနည်းပြမော်ရင်ဟို၏အပြုအမှုများမှာလည်း လက်ခံနိုင်စရာမရှိကြောင်း ယခင်ဘာစီလိုနာကစားသမား ဟောင်း ဂျိုဟန်ခရိုက်ဖ်က ဝေဖန်ခဲ့ သည်။ပရီမီယာလိဂ်ပွဲစဉ်(၈)၌ မန်ယူမှာ အာဆင်နယ်အားသုံးဂိုးပြတ်ဖြင့် အရေးနိမ့် ကာဇယားထိပ်မှ တတိယနေရာအထိကျဆင်းသွားခဲ့ ရပြီး ဗန်ဟားလ်က အဆိုပါအရှုံး အတွက် ၎င်းအစီအစဉ်ချမှတ်ထားသည့် အတိုင်း အကောင်အထည် ဖော်ကစားနိုင်ခြင်းမရှိသော ကစားသမားများအား စိတ်ဆိုးဒေါသထွက် လျက်ရှိကြောင်း သိရသည်။ 

ဂျိုဟန်ခရိုက်ကမူ မန်ယူအနေဖြင့်  အာဆင်နယ်အား ရလဒ်ပိုင်း အပြင် ခြေစွမ်းပိုင်းအရလည်းရှုံးနိမ့် ခဲ့ပြီး ပွဲတစ်ပွဲလုံးကိုလည်းစိုးမိုး ထားနိုင်ခြင်းမရှိကြောင်းထောက်ပြခဲ့သည်။ဗန်ဟားလ်လက်ထက်မှ စတင်၍ မန်ယူမှာ ကိုယ်ပိုင်ကစားဟန်ပျောက်ဆုံးသွားခဲ့ ပြီး ယခင် ကစားဟန်အတိုင်းပြန်လည်ကစားနိုင်ရန်အသင်းတာဝန်ရှိသူများ အနေဖြင့်  ဆောင်ရွက်သင့် ကြောင်းလည်း ခရိုက်ဖ်ကဆိုခဲ့ သည်။ 
““မန်ယူက အသင်းကြီးတွေနဲ့ ကစားရင်ရလဒ်ကောင်းပြီး အသင်း ငယ်တွေနဲ့ကစားရင် အမြဲအခက်တွေ့တတ်တာထူးဆန်းပါတယ်။ ကျွန်တော်ပြောတာက ရလဒ်ပိုင်းမဟုတ်ပါဘူး။အင်္ဂလန်အသင်းတွေက သူတို့ ကိုယ်ပိုင်ကစားဟန်နဲ့  သူတို့ ရှိပါတယ်။အခုတော့ မန်ယူရဲ့ ကိုယ် ပိုင်ကစားကွက်ပျောက်နေတယ်”” ဟု ဂျိုဟန်ခရိုက်ဖ်က ဝေဖန်ခဲ့ သည်။ 

ထို့ ပြင် ချယ်လ်ဆီးနည်းပြမော်ရင်ဟို၏ရာသီအစ ကလပ်အသင်း ဆေးဝန်ထမ်းဖြစ်သူကာနီရိုနှင့် ဖြစ်ပွားသောပြဿသနာ၊ ဆောက်သမ်တန် အားရှုံးနိမ့် ပြီးနောက် ပြုမူခဲ့ သောအပြုအမူနှင့်  ပတ်သက်၍ ပွဲကြီးကြပ်ခွင့် ဆုံးရှုံးခဲ့ သည့်  ဖြစ်စဉ်များသည် ဘောလုံးလောကသားများ အတွက် လက်ခံနိုင်စရာမရှိကြောင်း၊ မိမိ၏အရှုံးကို ကာကွယ်ရန် အတွက် အလုပ်ဖြင့် သာ သက်သေပြရမည်ဖြစ်ကြောင်း၊ ဘောလုံးပွဲကို ကြည့် ရှုနေသည့် လူအများထဲတွင် ကလေးများပါ ပါဝင်နေသည့် အတွက်ပညာပေးဆန်သည့် အပြုအမူသာစံပြအနေဖြင့်  ပြုမူသင့် ကြောင်း ပြောကြားခဲ့ သည်။
(မေလဲ့ သင်း) 

**အင်္ဂလန်အသင်း၏ ယူရို၂၀၁၆ ခြေစစ်ပွဲများတွင်နာက်တန်းကစားသမား ဂျွန်စတုန်း လွဲချာ်လိမ့်မည်** 

 အင်္ဂလန်နှင့်  အဲဗာတန်နောက်တန်းကစားသမား ဂျွန်စတုန်းသည် ဒူးဒဏ်ရာရရှိထားခဲ့  ခြင်းကြောင့် အက်စ်တိုးနီးယား၊ လစ်သူရေးနီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည့် အင်္ဂလန်အသင်း၏ ယူရို၂၀၁၆ ခြေစစ်ပွဲများတွင် လွဲချာ်လိမ့် မည်ဖြစ်သည်။ 
အသက်(၂၁)နှစ်အရွယ်ရှိ အဲဗာတန်နောက်တန်းကစားသမား ဂျွန်စတုန်းသည် ဂွတ်ဒီ ဆင်ပါ့ခ်၌ အဲဗာတန်အသင်းနှင့် လီဗာပူးအသင်းတို့  တစ်ဖက်တစ်ဂိုးစီသရေပွဲဖြစ်ခဲ့ သည့် ပရီ မီယာလိဂ်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ ခြင်းဖြစ်သည်။ ထို့ကြောင့် အင်္ဂလန်အသင်း၏ ကွင်းလယ်ပိုင်းနှင့် နောက်တန်းခံစစ်ပိုင်းအတွက် အင်္ဂလန်အသင်းနည်းပြ ရွိုင်းဟော့ဂ်ဆန်က စပါးအသင်းမှ တောင်ဆန်နှင့်  ကီလီဝေါ်ကာတို့ ကို ခေါ်ယူထားခဲ့ ပြီး ကီလီဝေါ်ကာအား ခံစစ်ပိုင်းတွင် အရန်အဖြစ်အသုံးပြုရန် ခေါ်ယူထားခဲ့  ကြောင်း သိရသည်။ အင်္ဂလန်အသင်းသည် အောက်တိုဘာ ၉ ရက်တွင် အက်စ်တိုးနီးယားအသင်း နှင့်  လည်းကောင်း၊ အောက်တိုဘာ ၁၂ ရက်တွင် လစ်သူရေးနီးယားအသင်းနှင့်  လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ နောက်တန်းကစားသမား ကီလီဝေါ်ကာသည် မတ်လအတွင်းက အီတလီနှင့်  ကစားခဲ့  သည့်  ခြေစမ်းပွဲစဉ်တွင် နောက်ဆုံးပါဝင်ကစားပေးခဲ့ခြင်းဖြစ်ပြီး ကွင်းလယ်ကစားသမား တောင်ဆန်သည်လည်း ဇွန်လအတွင်းက ဆလိုဗေးနီးယားအသင်းနှင့်  ကစားခဲ့ သည့်  ပွဲစဉ်တွင် အင်္ဂလန်အသင်းအတွက် နောက်ဆုံးကစားပေးခဲ့ ခြင်းဖြစ်သည်။
 ယူရို ၂၀၁၆ ပြိုင်ပွဲကို ပြင်သစ်မြေ၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲအတွက် ခြေစစ်ပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိရာတွင် အင်္ဂလန်အသင်းသည် အုပ်စု( န )၌ ရှစ်ပွဲကစား၊ ရှစ်ပွဲနို င်ဖြင့်  အုပ်စုကို ဦးဆောင်လျက်ရှိသည်။(ငွေကြယ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)