>
တိုက်တန်းနစ်ဟုဆိုလိုက်လျှင် ဒါရိုက်တာဂျိမ်းစ်ကင်မရွန်းရိုက်ကူး၍ ပြင်သစ်မင်းသားချော လီယိုနာဒီုဒီကာပရီယိုနှင့် မင်းသမီးချော ကိတ်ဝင်းစလက်တို့ ပါဝင်သရုပ်ဆောင်ခဲ့ ကြသော ကမ်္ဘာကျော်ရုပ်ရှင်ဇာတ်ကား ကြီးကို ပြေး၍မြင်ယောင်မိကြပေလိမ့် မည်။ တိုက်တန်း နစ် ရုပ်ရှင်ဇာတ်ကားကို အော်စကာဆု ၁၁ ဆုရရှိသော ကမ်္ဘာကျော်ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ဖြစ်လာ အောင် ရုပ်ရှင်အတတ်ပညာရှင်တို့က ငွေကြေးနှင့် အချိန်များစွာ အကုန်ခံပြီး စနစ်တကျစီစဉ်ရိုက်ကူးခဲ့ ကြ သည်။ တကယ့် ဖြစ်ရပ်မှန်ကို အနုပညာရသနှင့်  ပေါင်းစပ်ပြီး ကမ်္ဘာ့ရုပ်ရှင်ကြည့်  ပရိသတ်တို့ ကို တသသ စွဲကျန်ရစ်အောင် တင်ဆက်နိုင်ခဲ့ သည်။ အောင်မြင်မှု ထူးခြားစွာရရှိခဲ့ သော ဇာတ်ကားဖြစ်သည့် အတွက် သရီး ဒီရုပ်ရှင်အဖြစ်သို့ ပင် ပြောင်းလဲရိုက်ကူးခဲ့ကြပြီ ဖြစ် သည်။တိုက်တန်းနစ် ရုပ်ရှင်ဇာတ်ကားမှာ ကြီးကျယ်ခမ်းနား သလိုယင်းဇာတ်ကား၏ ကျောထောက်နောက်ခံ တကယ့် ဖြစ်ရပ်မှန်ကလည်း တစ်ကမ်္ဘာလုံးကိုတုန်လှုပ်သွားစေခဲ့သည်။
ရာစုနှစ်တစ်စု ကြာမြင့် ခဲ့ ပြီဖြစ်သော်လည်း တိုက်တန်းနစ်၏ အဖြစ်သနစ် အကြောင်းရင်း မှန်များကို စူးစမ်းလေ့လာလျက် သုတေသနလုပ်ကာ အဖြေရှာနေကြဆဲပင် ဖြစ်သည်။
**တည်ဆောက်မှု နောက် ခံသမိုင်း**
တိုက်တန်းနစ်ဆိုသည်မှာ ၁၉၁၂ ခုနှစ်က အသစ်စက် စက် ရေချခဲ့ ပြီး ပထမဆုံးခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံ ဆောက်သမ်တန်မြို့မှ ခရီးသည်ပေါင်း ၂၂၂၇ ဦးကို တင်ဆောင်၍ အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့ သို့  ခရီးနှင်ခဲ့ သော သင်္ဘောကြီး၏အမည်ဖြစ်သည်။ တိုက်တန်းနစ်ကို နှစ်ဆယ်ရာစု၏ အစပိုင်းကာလတွင် ထိုစဉ်က သင်္ဘောတည်ဆောက်မှုအတတ်ပညာနှင့် သင်္ဘောပုံစံများအရ အဆင့် အမြင့်ဆုံးဖြင့်  ခမ်းနားကြီး ကျယ်စွာတည်ဆောက်ခဲ့ ကြသည်။ တိုက်တန်းနစ် တည်ဆောက်ရာတွင် လုပ်သားအင်အား ၁၇၀၀၀ ကို အသုံး ပြုခဲ့သည်။ ရေလုံအောင် အလွယ်တကူပိတ်နိုင်သော အခန်းများဖြင့်  ဖွဲ့စည်းတည်ဆောက်ထားပြီး ပထမတန်းစား အခန်းများ၏ တည်ဆောက်မှုကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၅၅၀၀၀ အထိပင် ရှိခဲ့ သည်။ သင်္ဘောကိုယ်ထည်ကို စတုရန်းပေ ၃၀၀ စီရှိသော သင်္ဘောသုံးသံမဏိပြားများဖြင့်  တည်ဆောက်ခဲ့ ကြသည်။ မမျှော်မှန်းနိုင်သောအကြောင်းကြောင့်  သင်္ဘောကိုယ် ထည်တွင် ထိခိုက်ပျက်စီးမှုရှိလာခဲ့ ပါက ထိခိုက်ပျက်စီး သည့်  နေရာ၏ အခန်းကို အလုံပိတ်လိုက်ပါက ထို အလုံပိတ် အခန်းထဲ၌သာ ရေများဝင်ရောက်နိုင်ပြီး ကျန် နေရာများသို့ ရေများပျံ့ နှံ့ ၀င်ရောက်သွားခြင်းမရှိ အောင် စီစဉ်တည်ဆောက်ခဲ့ ကြသည်။ သင်္ဘောနှစ်စင်း တိုက်မိခြင်းကဲ့သို့သော အဆိုးရွားဆုံးအခြေအနေမျိုး ကြုံတွေ့ ခဲ့ ရလျှင်ပင် တစ်စင်းလုံးစုံးစုံးမြုပ်သွားရန် အနည်း ဆုံး ၂၄ နာရီမှ ၇၂ နာရီအထိ ကြာမြင့် အောင် တည်ဆောက်ခဲ့ ကြသည်။
ရည်ရွယ်ချက်မှာသင်္ဘောနစ်မြုပ်မှု နှင့်  ကြုံတွေ့ခဲ့ ရပါက အကူအညီများခေါ်ယူနိုင်ရန် လုံလောက်သည့် အချိန်ရရှိရေးအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ခဲ့ ကြခြင်းဖြစ်သည်။
** ဖြစ်စဉ်အစ**
၁၉၁၂ ခုနှစ် ဧပြီ ၁၂ ရက်တွင် တိုက်တန်းနစ် သင်္ဘောကြီး၏ခရီးစဉ်ကို စတင်ခဲ့ ကြသည်။ အဆိုပါ သင်္ဘောကြီးတွင် လိုက်ပါစီးနင်းကြသော သင်္ဘောစီး ခရီးသည်များသည် ဤသင်္ဘောခရီးစဉ်ဖြင့်  လိုက်ပါခွင့်  ရရှိရန် လအတန်ကြာကပင် ကြိုတင်လက်မှတ်များကိုဝယ်ယူထားခဲ့ ကြသူများ ဖြစ်ကြသည်။ သင်္ဘောခရီးစဉ် တစ်လျှောက်လုံးတွင် ခရီးသည်များ၏ မျှော်လင့် ချက် အတိုင်း အစစအရာရာ ပြည့် စုံမှုနှင့်  ပျော်ရွှင်ချမ်းမြေ့မှု များကို တိုက်တန်းနစ်က ပေးစွမ်းဖြည့် ဆည်းပေးနိုင် ခဲ့ သည်။ ဧပြီလ ၁၅ ရက် ညခုနှစ်နာရီခွဲခန့် တွင် တိုက်တန်းနစ် သင်္ဘောထံသို့  ကယ်လီဖိုးနီးယား မီးသင်္ဘောမှ သတင်း ပေးပို့ ချက်တစ်ခု ရောက်ရှိလာခဲ့ သည်။ ကယ်လီဖိုးနီးယား သင်္ဘော၏တောင်ဘက် ငါးမိုင်ခန့်အကွာတွင် ဧရာ မရေခဲတောင်ကြီးသုံးလုံးကို တွေ့ မြင်ခဲ့ ရကြောင်း သတင်းပေးပို့ချက်ပင်ဖြစ်သည်။ ထိုနေ့ည ၁၁ နာရီခွဲတွင် တိုက်တန်းနစ်သည် နယူးဖောင်လန် ကျွန်း၊ ဂရင်းဘင့် ၏ တောင်ဘက် ၉၅ မိုင်အကွာတွင် ရောက်ရှိနေခဲ့ သည်။ ည ၁၁ နာရီ မိနစ် ၄၀ တွင် အမှောင် ထုအတွင်း၌ ခုတ်မောင်းနေသော တိုက် တန်းနစ်သင်္ဘောကြီးသည် ကယ်လီဖိုးနီးယား မီးသင်္ဘော က သတိပေးခဲ့ သည့်  ဧရာမရေခဲတောင်ကြီးကို အလွန်နီးကပ်သည့်  အကွာအဝေးအရောက်တွင် ဘွားကနဲ တွေ့ မြင်လိုက်ရသည်။ ရေခဲတောင်နှင့်မတိုက်မိစေရန် အတတ်နိုင်ဆုံး ကြိုးစား ရှောင်တိမ်းခဲ့ သော်လည်း တိုက်တန်းနစ် သင်္ဘောကြီး၏ဦးပိုင်း လက်ယာဘက်အခြမ်းသည် မျောနေသော ဧရာမရေခဲတောင်ကြီးနှင့် ပွတ်တိုက်ကာ သင်္ဘောဦးပိုင်းရှိ ထိပ်ဆုံးအခန်း ခြောက်ခန်းမှာပွင့်  ထွက်သွားခဲ့ သည်။
**စတင်နစ်မြုပ်မှု**
ပျက်စီးသွားသောအခန်းများတွင် သင်္ဘောစက်ခန်း လည်း ပါဝင်ခဲ့ ရာ ထိခိုက်မှုဒဏ်ကြောင့်  ဘွိုင်လာမှ ရေပူ များနှင့်  ရေနွေးငွေ့ များ ပန်းထွက်လာခဲ့ သည်။ ဘွိုင်လာမီးထိုးသမားများမှာ စက်ခန်းမှထွက်ပြေးကြပြီး အခန်းတံခါးကို လုံအောင်ပိတ်ခဲ့ ကြသည်။ ပွင့် ထွက်သွားသော အခန်းများအတွင်းသို့  ပင်လယ်ရေများ စီးဝင်ရောက်ရှိလာကာ ယင်းရေလုံခန်းများ၌ ရေပြည့် သွားသည်နှင့် သင်္ဘောဦးပိုင်းကြီး လေးလံကာ ရှေ့ သို့  ဦးစိုက်ကျလာ တော့သည်။ သန်းခေါင်ကျော် နံနက် ၂ နာရီတွင် သင်္ဘောပဲ့ ပိုင်းမှာ လေထဲမြောက်တက်နေပြီး ရှေ့ ပိုင်း၌ ရှိနေသည့်ခေါင်းတိုင်ကြီးမှာရေထဲသို ပြုတ်ကျသွားခဲ့ သည်။
** နှ စ် ပို င်းပြတ် ခြင်း**
ထိုအချိန်တွင် သင်္ဘောမှာ ၄၅ ဒီဂရီ တိမ်းစောင်းနေပြီး သင်္ဘောခါးလည်ပိုင်းသည် နှစ်ပိုင်းပြတ်လု အခြေအနေသို့ ရောက်ရှိနေခဲ့ သည်။ ထိုနေရာတွင် သက်ရောက်နေ သည့် ဖိအားမှာ တစ်စတုရန်းလက်မပေါ်တွင် ၁၅ တန် ပမာဏအထိ ရှိနေခဲ့သည်။ ယင်းသက်ရောက်မှုအား ကြောင့်ပင် သင်္ဘောရက်မကြီးကျိုးပြီး သင်္ဘောဝမ်းဗိုက် အောက်ခံသံမဏိပြားများ ကွေးကောက်တွန့်လိမ်သွား ခဲ့ သည်။ ထိုအချိန်တွင် တန်ချိန် ၁၆၀၀၀ အလေးချိန်ရှိသော ပင်လယ်ရေထုကြီး ၀င်ရောက်လာမှုကြောင့် သင်္ဘော ဦးပိုင်းပြတ်ကျသွားကာ တစ်နာရီလျှင် ၁၃ မိုင်နှုန်းဖြင့်  ပင်လယ်ကြမ်းပြင်ဆီသို့  ကျဆင်းသွားခဲ့ သည်။ နံနက် ၂ နာရီခွဲခန့် တွင် ပဲ့ ပိုင်းသည်လည်း တဖြည်းဖြည်း နစ်မြုပ်ပြီး ရေမျက်နှာပြင်အောက် ပေတစ်ရာအရောက် တွင် ပေါက်ကွဲကာ တန်ချိန်များစွာရှိသော ပစ်္စည်းများသည် ရေထဲတွင် လွင့် စင်ပျံ့ နှံ့ကုန်တော့သည်။ ဤသို့ ဖြင့်  တိုက်တန်းနစ် သင်္ဘောကြီးသည် အသက်ကယ်လှေများဖြင့်  ထွက်ခွာခြင်းမပြုနိုင်သည့် ခရီးသည် ၁၅၀၀ ကျော်နှင့် အတူ ပင်လယ်ရေမျက်နှာပြင်အောက် ၁၂၆၁၂ ပေအနက်ရှိ ပင်လယ်ကြမ်းပြင်ပေါ်၌ ထာဝရအိပ်စက်ခဲ့ ရတော့သည်။
**နစ် မြုပ် မှု မြန် ဆန် လွန်းခြင်း**
တိုက်တန်းနစ် တည်ဆောက်ခဲ့ သည့်  ကာလက သင်္ဘောများ တည်ဆောက်ရာတွင် အကြောင်းကြောင်း ကြောင့်  နစ်မြုပ်ခဲ့ ပါက စတင်နစ်မြုပ်ချိန်မှ စုံးစုံးမြုပ်သွား သည်အထိ အနည်းဆုံး ၂၄ နာရီခန့် ကြာမြင့် စေ ရန် ပုံစံထုတ်၍ တွက်ချက်တည်ဆောက်ခဲ့ကြသည်။ မူလတွက်ချက်ထားသည့် အတိုင်း စုံးစုံးမြုပ်သွားရန် ကြာမြင့် မည့်  အချိန်အတွင်း သင်္ဘောစီးခရီးသည်များနှင့်  သင်္ဘောသားများမှာ အသက်ကယ်လှေများဖြင့် ထွက်ခွာရန် သို့တည်းမဟုတ် အခြားသော ကယ်ဆယ်ရေးအကူ အညီများကို ရယူနိုင်ရန် အချိန်ကောင်းစွာရရှိမည်ဖြစ် သည်။ တိုက်တန်းနစ်ကို သမားရိုးကျသင်္ဘောများတည် ဆောက်မှုနည်းပညာထက် ပိုမိုသာလွန်ကောင်းမွန် အောင် စီစဉ်ခဲ့ပါလျက် တကယ့် လက်တွေ့ ဖြစ်ရပ်တွင် ရေခဲတောင်နှင့်တိုက်မိပြီး သုံးနာရီမျှပင်မပြည့်သော အချိန်အတွင်း၌ လုံးဝနစ်မြုပ်သွားခဲ့ ရသည်။
** နှ စ် ပေါင်းရှ စ် ဆယ် အကြာ**
တိုက်တန်းနစ်သင်္ဘောနစ်မြုပ်ပြီး ခရီးသည် ၁၅၀၀ ကျော်သေဆုံးမှုသည် တစ်ကမ်္ဘာလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။ တိုက်တန်းနစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီး နှစ်ပေါင်းရှစ်ဆယ်ကျော်မျှ ကြာမြင့် ခဲ့ သည့်  တိုင်အောင် ဤမျှ မြန်မြန်ဆန်ဆန် နစ်မြုပ်ခဲ့ရသည့် အကြောင်းရင်းကို သိပ်္ပံပညာရှင်များက တပ်အပ်သေချာ အဖြေရှာ၍မရခဲ့ကြပေ။
**သဲလွန်စ**
၁၉၈၅ ခုနှစ်၊ စက်တင်ဘာလတွင် ဘော့စ်ဘောလတ် ဆိုသူ အဏ်္ဏ၀ါဗေဒ ပညာရှင်တစ်ဦးက ပင်လယ်ရေ မျက်နှာပြင်အောက် ၁၂၆၁၂ ပေအနက်ရှိသည့် ပင်လယ်ကြမ်းပြင်တွင် တိုက်တန်းနစ် သင်္ဘောပျက်မှ အပျက်အစီးအစိတ်အပိုင်းများကို စတင်တွေ့ ရှိခဲ့ သည်။ ယင်းနောက် ခြောက်နှစ်အကြာ ၁၉၉၁ ခုနှစ်တွင် ကနေဒါနိုင်ငံ သဘာဝအရင်းအမြစ်များဆိုင်ရာဌာနမှ ပင်လယ်ကြမ်းပြင်ဆိုင်ရာ ဘူမိဗေဒပညာရှင် စတိဗ် ဘလတစ်စ် ခေါင်းဆောင်သော သိပ်္ပံစူးစမ်းရေးအဖွဲ့သည် ဆိုဗီယက်လုပ် မီယာရေငုပ်သင်္ဘောနှစ်စင်းဖြင့်  နစ်မြုပ်နေ သော တိုက်တန်းနစ်သင်္ဘောမှ အစိတ်အပိုင်းများကို စူးစမ်းလေ့လာခဲ့ သည်။ တိုက်တန်းနစ်သင်္ဘောကြီး၏ ကိုယ်ထည်မှ ပြတ်ထွက်လွင့် စင်နေခဲ့ သော သံတုံးတစ်တုံး ကို တွေ့ ရှိကောက်ယူခဲ့ ပြီး လေ့လာသုတေသနပြုခဲ့ ကြ သည်။အဆိုပါသံတုံး၏ အနားစွန်းများသည် အချွန်အတက် များဖြစ်နေပြီး ကွေးညွှတ်ထားသည့်  သွင်ပြင်လက်္ခဏာ တစ်စုံတစ်ရာကို မတွေ့ ရှိကြရပေ။ သုတေသနပညာရှင် များသည် အဆိုပါ တိုက်တန်းနစ်သင်္ဘော ကြီး၏သံပြား ကို လက်ရှိခေတ်သုံးအရည်အသွေးမြင့်  သံမဏိပြားတစ်ခု နှင့်  တွဲဖက်၍ ဟိုက်ဒရောလစ်ဖိအားသုံးပြီး တစ်ပြိုင်နက် ထုချလိုက်ရာ တိုက်တန်းနစ်သင်္ဘော၏ သံမဏိတုံးမှာဆတ်ခနဲ နှစ်ပိုင်းကျိုးထွက်သွားသော်လည်း လက်ရှိ ခေတ်သုံး သံမဏိတုံးကမူ ကျိုးထွက်မသွားဘဲ တွဲ၍ခံနေ ကြောင်း တွေ့ရှိခဲ့ရသည်။ တိုက်တန်းနစ်သင်္ဘော၏ သံမဏိတုံးမှာ ပင်လယ်ရေအောက်တွင် နှစ်ပေါင်းရှစ် ဆယ်နီးပါး ရှိနေခဲ့ သည့်အတွက်ကြောင့်  ယခုကဲ့ သို့ ကျွတ်ဆတ်သွားရခြင်းမဟုတ်ဘဲ အဆိုပါ သံမဏိကို ထုတ်လုပ်စဉ်ကတည်းကပင် ကျွတ်ဆတ်ခဲ့ခြင်းဖြစ် ကြောင်းကိုလည်း လေ့လာတွေ့ ရှိခဲ့ကြသည်။ ၁၉၁၂ ခုနှစ်က နစ်မြုပ်ခဲ့ သော တိုက်တန်းနစ်သင်္ဘောပျက်မှ ပစ်္စည်းအမျိုးပေါင်း ၁၅၀ ခန့် ကို ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလက ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ အဏ်္ဏ၀ါ ပြတိုက်တွင် အများပြည်သူကြည့် ရှုနိုင်ရန် စတင်ပြသခဲ့ သည်။ အံ့ သြဘွယ်ကောင်းသည့် အချက်မှာတိုက်တန်းနစ် သင်္ဘော၏ သံမဏိထည် အစိတ်အပိုင်းများသည် ပင်လယ်ရေအောက်တွင် နှစ်ပေါင်းရှစ်ဆယ်ကျော်နေခဲ့ ရသော်လည်း တိုက်စားမှု လုံးဝမရှိခဲ့ ခြင်းပင်ဖြစ်သည်။
**ရရှိခဲ့ သောသင်ခန်းစာများ**
အကယ်၍သာ တိုက်တန်းနစ်သင်္ဘောသည် ရေခဲ တောင်ကြီးကို ရှောင်လွှဲခြင်းမပြုနိုင်ဘဲ တည့် တည့်ဝင် တိုက်ခဲ့မည်ဆိုပါက သင်္ဘောဦးပိုင်းရှိအခန်းအချို့သာ ပျက်စီးဘွယ်ရှိပြီး ယခုကဲ့ သို့ စုံးစုံးမြုပ်ရသည့် အဖြစ် ဆိုးမျိုးကို ကြုံတွေ့ ခဲ့ ရမည်မဟုတ်ပေ။ တကယ့် ဖြစ်ရပ်၌ မူ ရေခဲတောင်ကြီးကို ရှောင်တိမ်းလိ က်သည့်အတွက် တိုက်တန်းနစ်သင်္ဘော၏ ဘေးတစ်လျှောက်မှ သံမဏိ ပြားများသည် မာကျောလှသော ရေခဲတောင်ကြီးနှင့် ပွတ်တိုက်မိခဲ့သည့်အတွက် ကျိုးပဲ့ပြီး သင်္ဘောကိုယ် ထည်ကို ပွင့်ထွက်သွားစေခဲ့ ခြင်းဖြစ်သည်။ ကမ်္ဘာ့ရေကြောင်းပို့ ဆောင်ရေးလောကတွင် တိုက် တန်းနစ်သင်္ဘောကြီး၏အဖြစ်သနစ်မှတစ်ဆင့်  ဆင်ခြင်သတိပြုဖွယ်ရာ သင်ခန်းစာများစွာကို ရရှိခဲ့ကြသည်။ ထိုထိုသော သင်ခန်းစာပေါင်းများစွာထဲမှ သိပ်္ပံပညာရှင် တို့ အတွက် ကြီးမားသော နည်းပညာဆိုင်ရာသင်ခန်း စာများကိုလည်း ရရှိခဲ့ ကြသည်။
တိုက်တန်းနစ်သင်္ဘောကြီးကို ခမ်းနားကြီးကျယ်စွာ တည်ဆောက်ခဲ့ သည်ဟုဆိုသော်လည်း ခမ်းနားကြီးကျယ် မှုနှင့် လိုက်လျောညီထွေမဖြစ်ခဲ့သော နည်းပညာအားနည်းချက်များသည် အကြီးမားဆုံးသော သင်ခန်း စာ ဖြစ်ခဲ့ သည်။ ထိုစဉ်က သံမဏိပြားများထုတ်လုပ်ရာတွင် တူးဖော်ရရှိသော သံမဏိအရိုင်းများ၌ ပါဝင်ဖွဲ့ စည်းနေ သော ဆာလ်ဖာပါဝင်ကိန်းကို လျှော့ချခြင်းမပြုနိုင်ခဲ့ သည့်အတွက် ဆာလ်ဖာပါဝင်ကိန်းမြင့် မားသော သံမဏိပြား များ၏Tensile Strength
ခေါ် ဆန့် ထွက်နိုင်သည့် အားမှာ သင်္ဘောတည်ဆောက်မှုနှင့်  လားလားမျှမထိုက်တန် အောင် နိမ့် ကျခဲ့ သည်။ ကျွတ်ဆတ်ပြီး အလွယ်တကူ ကျိုးပဲ့နိုင်သော သင်္ဘောသံမဏိပြားများသည် လူ့ အသက်ပေါင်းများစွာ ဆုံးရှုံးမှုနှင့်  ကြီးစွာသောပျက်စီးမှုများကို ဖြစ်ပွားစေခဲ့ သည့် အပြင် ကမ်္ဘာအရပ်ရပ်ရှိအများပြည်သူတို့  ၏ စိတ်နှလုံးကိုပါ တုန်လှုပ်ခြောက်ခြားသွားစေခဲ့  သည်။တိုက်တန်းနစ်သင်္ဘောကြီးတွင် လိုက်ပါခဲ့ကြသော ခရီးသည်ပေါင်း ၂၂၂၇ ဦးအတွက် အရေးပေါ်အသုံးပြု နိုင်သည့်  အသက်ကယ်လှေအရေအတွက်မှာ ခရီးသည် နှင့် မမျှအောင် အလွန်နည်းပါးခဲ့ သည့် အတွက် အသက် ကယ်လှေများဖြင့်  ထွက်ခွာခြင်းမပြုနိုင်သော ခရီးသည် ၁၅၀၀ ကျော်တို့  အသက်ဆုံးရှုံးခဲ့ကြရသည်။
တိုက်တန်းနစ်သင်္ဘောကြီး၏ နစ်မြုပ်မှုမှာ မြန်ဆန် လွန်းသည်ဟု ဆိုစေကာမူ၊ အကယ်၍ ဤမျှမြန်မြန် ဆန်ဆန်နစ်မြုပ်ခဲ့လျှင် ဆိုသည့် အချက်ကို ကြိုကြို တင်တင် မတွေးမိခဲ့ ကြခြင်းကြောင့် လည်း အချိန်တို အတွင်း၌ ကြီးမားသောပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ် စေခဲ့ သည်။ တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်စဉ်က မာကိုနီ၏ ကြိုးမဲ့ ကြေးနန်းကုမ်္ပဏီဝန်ထမ်း ဒေးဗစ်ဆန်းနော့ဖ်သည် တိုက်တန်းနစ်သင်္ဘောကြီးပေါ်တွင် လိုက်ပါတာဝန်ထမ်း ဆောင်ခဲ့ ပြီး သင်္ဘောကြီး ဘေးဒုက်္ခကျရောက်မှုအခြေ အနေကို အခြားသင်္ဘောများဆီသို့ အကြောင်းကြား သတင်းပေးပို့ ခဲ့ သော်လည်း ထိုစဉ်က ကုန်သွယ်ရေ ကြောင်း လောကတွင် မြန်နှုန်းမြင့် ရေယာဉ်ငယ်များကို မတည်ဆောက်နိုင်ခဲ့ကြသည့်အတွက် အချိန်မီ ကယ်ဆယ်ခြင်းမပြုနိုင်ဘဲ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့  ကြရခြင်း ဖြစ်သည်။ တိုက်တန်းနစ်သင်္ဘော မတော်တဆမှု ဖြစ်ပွားခဲ့ ပြီး နှစ်ပေါင်းတစ်ရာအကြာတွင်စကြ၀ဠာအတွင်းရှိ နက်္ခတ် သိပ်္ပံဆိုင်ရာ ဖြစ်စဉ်တစ်ခုက တိုက်တန်းနစ် သင်္ဘောကြီး နှင့် တကွ လူ့ အသက် ပေါင်း ၁၅၀၀ ကျော်ကို ဇီဝိန်ချုပ် ငြိမ်းစေခဲ့ ခြင်းဖြစ်ကြောင်း ဖော်ထုတ် တွေ့ ရှိခဲ့ ကြသည်။
၁၉၁၂ ခုနှစ် ဧပြီလက နှစ်ပေါင်း ၁၄၀၀ လျှင် တစ်ကြိမ်သာဖြစ်ပေါ်နိုင်သည့်  ကမ်္ဘာနှင့် လ အနီးကပ်ဆုံး သောဖြစ်စဉ်သည် ကမ်္ဘာ့ပထ၀ီရေမျက်နှာပြင်ကို သာမန်ထက်ထူးကဲစွာ မြင့်တက်စေခဲ့ သည် အလွန် ထူးကဲလှသော ဒီရေတက်မှုကြောင့်  နယူးဖောင်လန်ကျွန်း ဒေသတစ်ဝိုက်ရှိ ဧရာမရေခဲတောင်ကြီးများသည် ပင်လယ်ကြမ်းပြင်မှကြွတက်ကာ ပင်လယ်ရေပြင်တွင် မျောပါရွေ့ လျားခဲ့ ကြသည်။ သာမန်ဒီရေတက်ချိန်များတွင်မူ အဆိုပါ ရေခဲ တောင်ကြီးများသည် ထုထည်နှင့် အရွယ်ပမာဏ ကြီးမားလွန်းလှသဖြင့် ပင်လယ်ကြမ်းပြင်မှ ကြွတက် နိုင်ခြင်း မရှိပေ။ တန်ချိန်နှစ်သိန်း အလေးချိန်ရှိသော ရေခဲတောင်ကြီးသည် တိုက်တန်းနစ်သင်္ဘောနှင့်  တိုက်မိ စဉ်က ရွေ့ လျားမျောပါနှုန်း တစ်နာရီလျှင် ၂၆ မိုင်ရှိနေခဲ့  သည်။ ထိုစဉ်က ရေခဲတောင်များလေ့လာစောင့်ကြည့် ရေးအစီအစဉ်ကို ချမှတ်နိုင်ခြင်းမရှိခဲ့ သဖြင့် ထိုသို့ သော အဖြစ်ဆိုးမျိုးကို ကြုံတွေ့ခဲ့ ကြရခြင်းလည်း ဖြစ်သည်။
တိုက်တန်းနစ် အဖြစ်ဆိုးကြီး ဖြစ်ပေါ်ပြီးနောက် နှစ်ပေါင်း တစ်ရာကျော်လွန်မြောက်လာချိန်၌မူ
တိုက် တန်းနစ်-၂ ဟု အမည်ပေးထားသော ယခင်တိုက်တန်းနစ် ပုံစံတူ သင်္ဘောကြီးတစ်စင်းကို ဖင်လန်နိုင်ငံအခြေစိုက်ကမ်္ဘာကျော်ရေကြောင်းအင်ဂျင်နီယာရင်းကုမ်္ပဏီဖြစ် သည့်  ဒယ်လ်တာမင်းကုမ်္ပဏီက ပုံစံထုတ်ကာ တပ်ဆင် တည်ဆောက်ရန် ကြိုးပမ်းနေပြီဖြစ်သည်။
အလျား ၂၇၀ မီတာ၊ အမြင့် ၅၃ မီတာရှိပြီး တန်ချိန်သုံးသောင်း အလေးချိန်ရှိသည့် 
တိုက်တန်းနစ်-၂ သင်္ဘောကြီး၌ အခန်းပေါင်း ၈၄၀ ပါဝင်မည်ဖြစ်ပြီး ခရီးသည်
နှစ်ထောင်ကျော်ကို တင်ဆောင်နိုင်မည်ဖြစ်သည်။ တိုက်တန်းနစ်၏
မူလရေလမ်းကြောင်းဖြစ်သည့်  ဗြိတိန် နှင့်  အမေရိကန်ပြည်ထောင်စုအကြား၌ပင်
ပြေးဆွဲရန် စီစဉ်ထားကြသည်။
အကယ်၍ တိုက်တန်းနစ်-၂ စီမံကိန်းသည် အမှန် တကယ် ရုပ်လုံးပေါ်လာခဲ့ လျှင်သော်မှ
ယခင်တိုက်တန်း နစ်၏အဖြစ်ဆိုးမျိုးကို ကြုံတွေ့ နိုင်တော့မည်မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ပြောင်းလဲတိုးတက်လာသော သံမဏိသန့်စင်ထုတ်လုပ်ရေး
နည်းပညာ၊ မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက်၊ ဂြိုလ်တုလမ်းပြ မြေပုံစနစ်၊ ကုန်သွယ်ရေကြောင်း လုံခြုံရေးအစီအမံ၊ ရေခဲတောင် လေ့လာစောင့် ကြည့် သတိပေးရေး စီမံချက်၊ အရေးပေါ် လေကြောင်းအကူအညီပေးရေး အစီအစဉ် စသော အဆင့် မြင့် နည်းပညာများက ယခင်တိုက်တန်းနစ် သင်္ဘောကြီး၏မအောင်မြင်ခဲ့ သောခရီးစဉ်ကို တိုက်တန်း နစ်-၂အား လွယ်ကူချောမွေ့ စွာ ဖြတ်သန်းသွားစေနိုင်လိမ့်  မည်ဟု မျှော်လင့် ရသောကြောင့်ပင် ဖြစ်ပေသည်။
+သိပ်္ပံစာရေးဆရာကိုကိုအောင်+

Thursday, October 8, 2015
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment