>
အိပ်ချင်မပြေသေးပဲ နိုးထလာရတဲ့ မနက်ခင်းပဲ။ နိုးနိုးချင်း မျက်စိ
မဖွင့်နိုင်သေးခင် နားထဲမှာ အသံတခု ကြားရတယ်။
ပြောရရင် နားထဲမှာ အသံတွေ ကြားနေတတ်တာ ကြာပြီ။
ပြန်တွက်ကြည့်ရင် နှစ်နဲ့ချီနေပြီ ဆိုပါတော့။
ခက် ခက်ရချည်ရဲ့… နား (သို့မဟုတ်) နားရွက်ရဲ့အလုပ်က
အသံတွေကို နားထောင်ဖို့ ကြားရဖို့ မဟုတ်လား၊ ဒီတော့
နားကနေတဆင့် အသံကြားရတာ ဘာများ ထူးဆန်းသလဲလို့
မေးစရာရှိတယ်။ ဒီလိုပါ… ကြားလေ့ရှိတဲ့
အသံတွေထဲမှာ စက်ကရိယာတွေ ပစ္စည်းတွေ၊ မော်တော်ယာဉ်တွေ၊
တယ်လီဖုန်း ရေဒီယို၊ ကက်ဆက် အစရှိတာတွေက ထွက်လေ့
ထွက်ထရှိတဲ့ အသံမျိုးတွေသာမက မိုးထစ်ချုန်းသံ၊ လေတိုးသံ၊ လှိုင်းပုတ်သံ၊ ပြီးတော့
လေချွန်သံ၊ ခေါင်းလောင်းသံ၊
ဖန်ပုလင်းတွေ အချင်းချင်း ရိုက်ခတ်သံ၊ သတ္တ၀ါတွေရဲ
့ အော်မြည်သံ ခပ်ဆန်းဆန်းတွေ၊ အရာဝတ္ထုအချင်းချင်း
တခုနဲ့တခု ထိခိုက် ပွတ်တိုက်သံ၊ တစုံတခုကို ဆွဲယူ တွန်းရွှေ
့လိုက်တဲ့အသံ၊ လမ်းလျှောက်ဖိနပ်အမျိုးစုံက အသံ၊ နောက်ဆုံး
ကိုယ့်နာမည်ကို တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး၊ ဝေးဝေးက
တမျိုး နီးနီးက တမျိုး ခေါ်နေတတ်တဲ့ အသံတွေပါ ပါတယ်။
အဲဒီလိုအသံတွေထဲမှာ တချို့အသံတွေက ကိုယ်နဲ့အကျွမ်းတဝင်
ရင်းနှီးပြီးသား ဖြစ်ပေမဲ့ တချို့အသံတွေကတော့ တကယ့်ကို
အဆန်းတကြယ်နဲ့ အစိမ်းသက်သက်ရယ်။ တချို့အသံတွေက
စူးစူးရှရှနဲ့ ပီသကြည်မြ၊ တချို့အသံတွေကတော့ မသဲမကွဲ
ပလုံးပထွေးနဲ့။ အဲဒီ အသံတော်တော်များများဟာ
ဘယ်နေရာကနေ ဘယ်လို ရောက်လာကြတယ်ဆိုတာ
သေသေချာချာ မသိဘူး။ စဉ်းစားလို့လည်း မရဘူး။
တခါတခါမှာ ဟိုးအဝေးကြီးက လွင့်လာတဲ့အသံတွေ
ဖြစ်နေတတ်သလို တခါတခါမှာကျတော့ အနားနား လာကပ်ပြီး
ခေါ်နေ ပြောနေသလိုလို၊ တချို့အချိန်တွေမှာဆို
နားထဲမှာ တခုခု၊ ဒါမှမဟုတ် တယောက်ယောက်က လာဝင်ထိုင်ပြီး
တတွတ်တွတ်နဲ့ ပြောနေတာမျိုး၊ ဒါမှမဟုတ်
တီးတိုးပြောနေသလိုမျိုး၊ ဒါမှမဟုတ် လေသံသဲ့သဲ့နဲ့ ပြောနေသလိုမျိုးကို ကြားရတာ။
ဘာပဲဖြစ်ဖြစ် ကြားလိုက်ရသမျှ အသံ တော်တော်များများကတော့
အဆန်းတွေချည်းပါပဲ။ ကို်ယ်တိုင်ကပဲ ညံ့တာလား၊
အသံတွေကပဲ အမျိုးအမည် စုံလင်ပြီး ထူးခြားကြတာလား
ဆိုတာကတော့ အဖြေထုတ်မရတဲ့ ပုစ္ဆာတပုဒ်ပါ။
တွေးလက်စ အတွေးကို မြန်မြန်ဖြတ်ပြီး လောလောဆယ်
ကြားနေရတဲ့ အသံကို စူးစမ်းဖို့ ကြိုးစားတယ်။
အခုကြားနေရတဲ့ အသံကတော့ စည်းချက်ညီညီ ပြီးတော့
အရှိန်မှန်မှန် ခုတ်မောင်းနေတဲ့ မြို့ပတ်ရထား အဟောင်း
တစီးဆီက ထွက်လာတဲ့အသံမျိုးပဲ။ အသံက ခပ်လုံးလုံးနဲ့ လေးထိုင်းထိုင်းဟန်
ပေါက်နေတာကိုကတမျိုးထူးခြားတယ်။ အဲဒီအသံ ဘယ်ကလာတာပါလိမ့်...
အသံလာရာကို ဟိုဟိုဒီဒီ လိုက်ရှာကြည့်တော့ မြင်ကွင်းထဲကို အဖြူရောင်
လေးထောင့်စပ်စပ်အရာတခု ဝင်လာတယ်။
ပြီးတော့ အဲဒီအရာဟာ တုန်ခါနှုန်းတခုခုနဲ့ တုန်ခါနေတယ်။
စိတ်ကပဲ ထင်လို့လား သူကိုယ်တိုင် တကယ်ပဲ တုန်ယင်
လှုပ်ရှားနေတာလား မသေချာဘူး။ သေချာတာကတော့
အဲဒါဟာ လွန်ခဲ့တဲ့ ခြောက်လလောက်က စတိုးဆိုင်ကြီး
တခုကနေ ကိုယ်တိုင် ရွေးချယ်ဝယ်ယူလာခဲ့တဲ့ အဝတ်လျှော်
စက်တလုံးဖြစ်တယ် ဆိုတာပဲ၊ အဝတ်လျှော်စက်က ထွက်နေတဲ့
အသံဟာ အစဉ်အမြဲကြားနေကျ ရင်းနှီးနေတဲ့ အသံတခုသာ
ဖြစ်သင့်တယ် မဟုတ်ဘူးလား။ ဘာကြောင့်များ ဒီအသံကို
ရုတ်တရက် မကျက်မိတာပါလိမ့်။ တဆက်တည်းမှာ တွေးမိတာ…
ဒါဆို ဒီမနက် ဘယ်သူ အဝတ်လျှော်သွားတာလဲ။ ပုံမှန်ဆို
ဒီအချိန်ဟာ အဝတ်လျှော်လေ့ရှိတဲ့ အချိန်မျိုးမဟုတ်ဘူး။
ပြီးတော့ အိမ်သားတွေထဲမှာ ဒီအချိန် အဝတ်လျှော်လေ့ရှိတဲ့သူ
တယောက်မှ မရှိဘူး။ အားလုံးလည်း
အလုပ်သွားကြပြီ။ ဒီတော့ တယောက်ယောက်က စက်ကို
အလုပ်ခိုင်းခဲ့တယ် ဆိုတာ သေချာပြီ၊ အခု စက်က
သူ့အလုပ် သူ လုပ်နေပြီ။
မြင်နေရတဲ့ အဝတ်လျှော်စက်ဟာ အရှေ့ဖက်ကနေ တံခါးဖွင့်ပြီး
အဝတ်ထည့်ရတဲ့စက်မျိုး။ စတီးရောင် ခပ်ပြောင်ပြောင်
ဘောင်ထူထူကွပ်ထားတဲ့ တံခါးပုံစံက လေးထောင့်မဟုတ်ပဲ
အဝိုင်းဖြစ်နေတာ၊ ပြီးတော့ ပလတ်စတစ်သား
ဖြူဖြူကြည်ကြည်နဲ့ လုပ်ထားပုံရတဲ့
အဲဒီတံခါးကနေတဆင့် အတွင်းထဲကို ထွင်းဖေါက်ပြီး
မြင်နေရတာ ဒီစက်ရဲ့ ထူးခြားချက်တခုလို့ ဆိုရမယ်။
ဘာပဲဖြစ်ဖြစ် ခုနက
ဆူညံသံဟာ အဲဒီအဝတ်လျှော်စက်က လာတယ်ဆိုတာ
ဟုတ် မဟုတ်၊ စက်ကို တယောက်ယောက်က
လည်ပတ်စေခဲ့တာ ဟုတ် မဟုတ် သေသေချာချာ
သိရဖို့လိုတယ်။ ဒါကြောင့် အနားကို သွားကြည့်ဖို့
ဆုံးဖြတ်လိုက်တယ်။
အနားရောက်တော့ အသံတွေ ပိုညံလာတယ်။
ဟုတ်တာပေါ့ ခုနက ကြားရတဲ့ ရထားသံလိုလို
အသံဟာ အဲဒီအဝတ်လျှော်စက်ဆီက
ထွက်နေတဲ့ အသံပဲ။ ခိုင်လုံတဲ့ အဖြေတခု
ရလိုက်တာမို့ နည်းနည်း စိတ်သက်သာသွားတယ်။
ဒါနဲ့ စက်ကို မျက်နှာချင်းဆိုင်ပြီး ထိုင်ချလိုက်တယ်။
တံခါးဝိုင်းနဲ့ မျက်နှာနဲ့ တတန်းထဲ ဖြစ်သွားတယ်။
တံခါးကနေတဆင့် အထဲကို မြင်နေရတယ်။ အထဲမှာ
အရောင်အသွေးစုံလင်တဲ့ အဝတ်စတွေ တရစ်ပြီးတရစ်
ပျော်ပျော်ပါးပါး လည်ပတ်နေကြတာဟာ ရောင်စုံပန်းပွင့်
ဝိုင်းဝိုင်းကြီး တပွင့်လိုပဲ။ သူတို့နဲ့ အတူတူ ကိုယ်ပါ
ရောနှောပျော်ရွှင်လာတယ်။ ကြားနေရတဲ့ အသံကိုလည်း
အနည်းငယ် နှစ်လိုစ ပြုလာတယ်။
ကြည့်ပါအုံး… ပျော်စရာကောင်းလိုက်တာ၊ မျက်စိရှေ့မှာ
ပန်းပွင့်တွေ၊ ရောင်စုံပန်းပွင့်တွေ၊ အရောင်တမျိုးပြီး တမျိုး၊
အဆင်တမျိုးပြီး တမျိုး ရောနှောပြောင်းလဲနေတဲ့ ပန်းပွင့်တွေ။
ကြည့်နေရင်းမှာ ပန်းရောင် ပွင့်ချပ်တွေ၊ မကြာခင်မှာ
အဖြူရောင်ကို နက်ပြာက အနားကွပ်ထားတဲ့ ပွင့်ချပ်တွေ၊
နောက်တခါ ရိုးတံ စိမ်းစိမ်းနဲ့ အနီရောင် နှင်းဆီတွေ၊ အဝါရောင်
ကျူးလစ်ပန်းတွေ… ရောင်စုံပန်းခင်းကြီးထဲမှာ ပန်းရောင်စုံတွေ
တဖျတ်ဖျတ်နဲ့။ ကိုယ် ပျော်ရွှင်မှုနဲ့အတူ လက်ခုပ် လက်ဝါးတီးပြီး
အသံထွက်အောင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိတယ်။
အနားမှာ ဘယ်သူမှ ရှိမနေဘူး၊ ကိုယ့်ကို ဘယ်သူမှ ကြည့်မနေ
ဘူး ဆိုတာ သိနေပေမဲ့ မလုံမလဲ ဘေးကို ငဲ့ကြည့်လိုက်မိတယ်။
ပြီးတော့ ကိုယ့်ရယ်သံကို ကိုယ်တိုင်သဘောကျပြီး အားရဝမ်းသာ
ဆက်ရယ်နေလိုက်တယ်။
ကြည့်ကောင်းကောင်းနဲ့ ကြည့်နေရင်းမှာ စက်ရဲ့လည်ပတ်နေ
တဲ့နှုန်းက တဖြည်းဖြည်း ပိုမြန်လာတယ်။ ပြီးတော့ အဲဒီ
စတီးလ်ရောင်ဘောင်ကွပ်ထားတဲ့ တံခါးအဝိုင်းကပါ အထဲက
အဝတ်တွေနဲ့ အတူတူ တချက်ပြီး တချက် လိုက်လည်လာတယ်။
အဲဒီတံခါးချပ် လည်နေလိုက်တဲ့အသံဟာ လေချွန်သံလိုလို
တရွှီရွှီနဲ့၊ ခုနက ကြားနေရတဲ့ ရထားသံလို အသံမျိုးထဲမှာ
အဲဒီအသံဆန်းတခုပါ ပူးတွဲပါလာတာ။ မဟုတ်သေးပါဘူး…
ဒီတံခါးက ဒီလိုလည်စရာ ဘာအကြောင်းရှိလို့လဲ။
တံခါးဆိုတာမျိုးဟာ ဟန်နဲ့ ပန်နဲ့ တည်တည်တံ့တံ့
အိနြေ္ဒသိက္ခာနဲ့နေရတဲ့ ပစ္စည်းမျိုး မဟုတ်ဘူးလား။
တပ်ဆင်အသုံးပြုထားတဲ့ နေရာဒေသနဲ့ လိုအပ်ချက်တွေကို
လိုက်လို့ အမျိုးအမည်၊ အရွယ်အစား၊ ပုံပန်းသဏ္ဍာန်
မတူညီကြသော်လည်း တံခါးတခုချင်းစီမှာ ဘယ်သူနဲ့မှ
မတူတဲ့၊ ဘယ်သူ့ဆီမှာမှာ မရှိနိုင်တဲ့ တင်းကျပ်လုံခြုံမှု၊
စည်းစနစ်ကျမှုနဲ့ သေသပ် ခန့်ညားတဲ့ အရှိန်အ၀ါမျိုးကို
ပိုင်ဆိုင်ကြတာချည်း မဟုတ်ဘူးလား။ ဘာလို့များ သူများလည်တိုင်း
လွယ်လင့်တကူ လိုက်လည်နေရတာပါလိမ့်။ အတွေးတွေနဲ့အတူ
မျက်လုံးကိုပွတ်ပြီး နောက်တကြိမ် သေသေချာချာ ပြန်ကြည့်တယ်။
ဟုတ်တယ် ကိုယ် မြင်တာ မမှားဘူး… အ၀တ်လျှော်စက်ရဲ့
တံခါးအဝိုင်းက တကယ်လည်နေတာပဲ၊ လည်တာမှ တရစ်ပြီး
တရစ် တပတ်ပြီး တပတ်ကို မွှတ်နေအောင်ကို လည်တာ။
တဖြည်းဖြည်းနဲ့ လည်နေတဲ့ အရှိန်ကလည်း မြန်သည်ထက်
မြန်လာတယ်။ စက်ရဲ့ ကိုယ်ထည်ကလည်း တလစပ်
တုန်ခါလာတယ်။ စိတ်ထဲမှာတွေးနေတာက အခုလို
တုန်ယင်နေတဲ့စက်ကို အသာ ဖက်ထားလိုက်ရင် ငြိမ်သွားမလား၊
တုန်ခါနေတာ သက်သာသွားမလားလို့ပဲ။ ကိုယ့်အတွေးကို
ကိုယ်တိုင် ပြန်သဘောကျမဆုံးဖြစ်ပြီး နောက်ထပ်တကြိမ်
အားပါးတရ ရယ်မောမိပြန်တာ။
* * * * * * *
အဆက်မပြတ် လည်ပတ်နေတဲ့ စက်ရဲ့ အသံ၊ ပြီးတော့
တံခါးချပ် လည်နေတဲ့အသံနဲ့ စက်ရဲ့ တုန်ယင်လှုပ်ရှားမှုတွေ
ပေါင်းစပ်လိုက်တဲ့အခါမှာ ဘယ်တုန်းကမှ မကြားဖူးတဲ့ အသံဆန်းဆန်းတမျိုး
ပေါ်ထွက်လာတာတယ်။
မြင်နေရတဲ့ အဝိုင်းထဲမှာတော့ ရောင်စုံပန်းပွင့်တွေ တပွင့်ပြီး
တပွင့် မရပ်မနား ပွင့်နေဆဲ။ အဲဒီအချိန်မှာ ခေါ်သံတခု ကြားရတယ်။
သိပ်မသံကွဲတာမို့ နားစိုက်ထောင်ကြည့်တယ်။ နောက်တခါ
ထပ်ခေါ်ပြန်တယ်။ ဒါ ကိုယ့်နာမည်ကို ခေါ်နေတာပဲ။ ခေါ်နေတာမှ ပီပီသသကြီးကို
ခေါ်နေတာ။ အသံလာရာကလည်း အဲဒီ
တံခါးချပ်ဆီကပဲ။ စက္ကန့်ပိုင်းအတွင်းမှာ ခေါ်နေတဲ့ အသံက
ပိုကျယ်လာတယ်၊ ပြီးတော့ ပိုပြီး ကြည်လင်ပြတ်သားလာတယ်။
တယောက်ယောက်က တံခါးအပြင်ကို ခေါင်းထွက်ပြီး
လာခေါ်နေသလိုကို ပီပီသသကြီး ကြားလာရတာ။
အသံကို နားစိုက်နေရင်း တံခါးရဲ့ အတွင်းဖက်ထဲကို
လှမ်းကြည့်လိုက်တော့ ခုနက မြင်နေရတဲ့ ပန်းပွင့်တွေထဲမှာ ရုတ်တရက်
နှင်းလို ဖြူဖြူအရာတွေ ဖုံးလွှမ်းသွားလိုက်တာ မြင်နေရသမျှ မြင်ကွင်းဟာ ဖွေးဆွတ်နေတဲ့
နှင်းပြင်ကြီး ဖြစ်သွားတော့တာပဲ။ ရောင်စုံပန်းပွင့်တွေလည်း
နှင်းတွေကြားထဲမှာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားတော့တယ်။
အဲဒီအချိန်မှာ ခေါ်နေတဲ့အသံဟာ ဆက်တိုက်ဖြစ်လာရုံတင်မက
ရုတ်တရက် ၀ုန်း ဆို တံခါးပွင့်လာတယ်။ ပွင့်လာတဲ့ တံခါးကနေ
နှင်းစက်တွေဟာ အရှိန်ပြင်းပြင်းနဲ့ သွန်ချလိုက်သလို
ဖွေးကနဲ ထွက်ကျလာတယ်။ ပြီးတော့ ထပ်ခါတလဲ ကြားနေရတဲ့
ခေါ်သံက တကယ့်ကို နီးနီးကပ်ကပ်ကနေ ခေါ်လိုက်သလိုပဲ။
ဒါနဲ့ ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ပဲ ချစ်စရာ
ရောင်စုံပန်းပွင့်တွေရှိတဲ့နေရာ၊ အဖြူရောင် နှင်းပွင့်တွေ ရှိတဲ့နေရာထဲကို
ကျေကျေနပ်နပ်ကြီး တိုးဝင်သွားလိုက်တော့တယ်။
ဖွေးဆွတ်အောင် ကျနေတဲ့ နှင်းတွေကြားထဲမှာ
ပန်းရောင်စုံတွေဟာ ချမ်းခိုက်ပြီး တုန်ယင်နေကြတာ
တွေ့ရတယ်။ ပွင့်အာနေတဲ့ နီညိုရောင်ရင့်ရင့် ပန်းပွင့်လေးက
မင်းရော မချမ်းဘူးလား လို့ ကိုယ့်ကို ခပ်တိုးတိုး မေးလာတယ်။ နှင်းပွင့်တွေ
တွေ့လို့ ပျော်နေတာ ချမ်းဖို့တောင် မေ့နေတယ်လို့ ပြန်ပြောလိုက်တော့ သူက
အက်ရှရှအသံနဲ့ ရယ်တယ်။ နှင်းတွေနဲ့ ပျော်နေလိုက်တာ
အချိန်တွေ ဘယ်လောက် ကုန်သွားတယ်ဆိုတာ ကိုယ် တကယ် မသိပါဘူး။
ပြီးတော့ နှင်းတွေကြားထဲမှာ ဆော့ရင်း မောပြီး
အိပ်ချင်လာတယ်။ အိပ်ရာကနိုးရင် ပြန်ဆော့ကြမယ်
နှင်းကလေးတွေရေ လို့ နှုတ်ဆက်ပြီး တခဏ အိပ်မောကျ
သွားတယ်။ ဒါပေမဲ့ နိုးလာတဲ့အချိန်မှာ ဖွေးဆွတ်ဆွတ်
နှင်းပွင့်လေးတွေ မရှိကြတော့ဘူး။ နှင်းတွေ ဘယ်ပျောက်သွား
ပါလိမ့်လို့ အကဲခတ် စူးစမ်းနေတုန်းမှာ ခုနက ချမ်းအေးတုန်ယင်နေကြတဲ့
ပန်းရောင်စုံတွေက ခေါင်းတမော့မော့နဲ့ မင်္ဂလာပါ လို့ တညီတညာထဲ
နှုတ်ဆက်ကြတယ်။ နှင်းတွေကို
နှမြောတသစွာ လိုက်ရှာနေချိန်မို့ သူ့ရဲ့နှုတ်ဆက်စကားကို
ခွန်းတုံ့မပြန်ဖြစ်ဘူး။ အဲဒီအချိန်မှာ တလက်လက်တောက်ပနေတဲ့
အဝါရောင် ကျူလစ်ပန်းအငုံကလေးက လာပြောတယ်။
နှင်းတွေ ကုန်သွားပြီ အိမ်တွင်းပုန်းနေစရာ မလိုတော့ဘူး
လွတ်လွတ်လပ်လပ်နေ၊ ပျော်သလိုသာ နေနော် တဲ့။
ယောင်နနနဲ့ ကိုယ် ခေါင်းညိတ်ပြလိုက်တယ်။ ဒါပေမဲ့
ပန်းရင့်ရောင် တိုက်ဂါးလီလီ ပန်းပွင့်ကြီးကတော့
သူ့အသံသြသြကြီးနဲ့ လှမ်းပြောတယ်… မကြာခင်
မိုးတွေရွာတော့မှာ သေချာသတဲ့။ မိုးလုံတဲ့ နေစရာနေရာ
တခု အမြန် ရှာထားပေတော့ တဲ့။
သူ့စကား မဆုံးခင်မှာပဲ လေနည်းနည်းတိုက်လာတယ်။
ပြီးတော့ လေနဲ့အတူ မိုးစက်မိုးပေါက် သေးသေးလေးတွေ
တပေါက်နှစ်ပေါက် ကျလာတာ သိလိုက်တယ်။ ခုနက
တိုက်ဂါးလီလီပွင့်ကြီးကတော့ ငါ မပြောလား ဆိုတဲ့ ပုံစံမျိုးနဲ့
မိန့်မိန့်ကြီး ပြုံးလို့။ မိုးစက်တွေကို အံ့သြတကြီး ငေးကြည့်နေ
တုန်းမှာ အညိုရောင်ဖျော့ဖျော့ မှိုပွင့်ကြီးက ကလေးမ…
လာ လာ ဒီမှာ မိုးလာခိုလှည့်… လို့ လှမ်းခေါ်တယ်။ ကြီးမား
ကျယ်ပြန့်တဲ့ မှိုပွင့်ကြီးအောက်ကို အပြေးကလေးသွားပြီး
မိုးခိုနေရင်းက မိုးရေတွေ စိုစိုရွှဲနေတဲ့ ရောင်စုံပန်းပွင့်တွေကို
လှမ်းကြည့်မိတယ်။ မိုးရွာနေပေမဲ့ သူတို့အားလုံး ပျော်နေကြတာပဲ။
တဝေါဝေါ ရွာသွန်းနေတဲ့ မိုးသံတွေအောက်မှာ သီချင်းတွေ ဆိုရင်း
တပျော်တပါး ယိမ်းထိုး ကခုန်နေကြတာ။ သူတို့ကို ကြည့်ရင်း
ကိုယ်ပါ အလိုလို မြူးတူး ပျော်ရွှင်လာတယ်။ ဒါနဲ့ မှိုပွင့်ကြီး အောက်က ထွက်၊
မိုးရေစက်တွေကြားထဲကို တိုးဝင်သွားပြီး ရောင်စုံပန်းကလေးတွေနဲ့
အတူတူ ရောနှော ကခုန်နေမိတယ်။ မိုးသံတွေနဲ့အတူ နားထဲမှာ
ပျော်စရာ သီချင်းသံတွေ ပြည့်နှက်လို့။ အရင်က ကြားနေကျ
အမည်မဖေါ်နိုင်တဲ့ အသံဆန်းဆန်းတွေ မကြားရတော့ပဲ
ပန်းကလေးတွေရဲ့ စကားသံတွေ၊ ရယ်မောသံတွေ၊ မိုးစက်တွေရဲ့
တေးသံတွေ၊ ပျော်စရာ သီချင်းသံတွေပဲ နားထဲမှာ ပြည့်လျှံနေတော့တယ်။
နေထိုင်ရှင်သန်လာခဲ့ရတဲ့
ဘ၀တလျှောက်မှာ တခါမှ ဒီလောက် မပျော်ဖူးဘူးလို့
ကိုယ်ဟာ့ကိုယ် သိနေတယ်။
မိုးက ဗြုန်းဆို ရုတ်တရက် တိတ်သွားတယ်။ တပျော်တပါး
ကခုန်နေကြတဲ့ ပန်းကလေးတွေရဲ့ ချစ်စဖွယ် အကပဒေသာလည်း
တိ ကနဲ ရပ်သွားတယ်။ သီချင်းသံတွေအားလုံးလည်း
တိတ်ဆိတ်၊ တိတ်ဆိတ်တာမှ အသံတွေ အကုန်လုံး ဘာဆိုဘာမှ
မကြားရတော့တာ၊ ပြောရရင် ပတ်ဝန်းကျင်တခုလုံး
အပ်ကျသံတောင် မကြားရတော့လောက်အောင်ကို
တိတ်ဆိတ်သွားတယ်။ အဲဒီလို အသံတွေတိတ်သွားပြီး
စက္ကန့်အနည်းငယ်အကြာမှာတော့ အလင်းရောင်တွေ
အားလုံးလည်း ပျောက်ဆုံးပြီး ဘာဆိုဘာမှ မမြင်ရတော့အောင်
မှောင်အတိ ကျသွားခဲ့တယ်။ ထိတ်လန့်တုန်လှုပ်စပြုလာတဲ့
စိတ်ကို ကြိုးစားပြီး တည်ငြိမ်အောင် နေကြည့်တယ်။ ပြီးတော့
ပါးစပ်ကနေအသံထွက်ကြည့်ဖို့ ကြိုးစားတယ်။ စောစောက
စကားလာပြောတဲ့နီညိုရောင် ပန်းပွင့်လေး၊ ဒါမှမဟုတ် အဝါရောင်
ကျူလစ်ပန်းအငုံ၊ဒါမှမဟုတ် အသံသြရှရှနဲ့ ပန်းရင့်ရောင်
တိုက်ဂါးလီလီပန်းပွင့်ကြီး၊ ပြီးတော့ မိုးကာပေးတဲ့ မှိုပွင့်ကြီး
တယောက်မဟုတ် တယောက်ကို ခေါ်ကြည့်ချင်တယ်။
ဒါပေမဲ့ အသံတွေက လည်ချောင်းဝမှာတင် ပျောက်ဆုံးသွားတယ်။
ကိုယ်ကတော့ အသံထွက်အော်လိုက်တာပဲ၊ ဒါပေမဲ့ အသံဟာ
အပြင်ကို ရောက်မသွားပဲ လမ်းခုလတ်မှာတင် ပျောက်ဆုံးလို့။
နားထဲမှာ ဘာသံမှ မကြားရတော့တာ သိပ်ဆန်းကြယ်တာပဲ။
* * * * * * *
ဘာကိုမှ မကြားရ၊ ဘာကိုမှ မမြင်ရနဲ့ အချိန်တွေလည်း
ဘယ်လောက် ကုန်သွားတယ် မသိဘူး။ အိပ်ခန်းပြတင်းဝမှာ
အစာလာစားနေကျအဝါရောင် ငှက်လှလှလေးနှစ်ကောင်
ပျံလာတာကို ရုတ်တရက် တွေ့လိုက်ရတယ်။ ခါတိုင်းဆို
သူတို့ရဲ့ စကားသံ ကျလိ ကျလိကို မကြားချင်မှ
အဆုံး၊
အခုတော့ သူတို့လည်း တိတ်ဆိတ်လို့ပါလား။ ပြီးတော့
ဘေးဘီဝဲယာကို လိုက်ကြည့်မိတယ်။ နားထဲမှာ ကြားနေကျ
အသံတွေ၊ ကြားနေမကျတဲ့ အသံတွေ၊ ထူးခြား ဆန်းပြားတဲ့
အသံတွေ ဘာဆို ဘာမှ မကြားရတော့ဘူး၊ ပြီးတော့ ခုနက
အသံညံနေတဲ့ အဝတ်လျှော်စက်၊ သူနဲ့အတူ လိုက်လည်နေတဲ့
တံခါးအဝိုင်း၊ သီချင်းသံ ကျယ်ကျယ်လောင်လောင်နဲ့အတူ ကခုန်နေတဲ့
ရောင်စုံပန်းပွင့်တွေ၊ တယောက်ယောက်က
ကိုယ့်နာမည်ကို ပီပီသသ ခေါ်လိုက်တဲ့အသံ၊ အဖြူရောင် နှင်းပွင့်
အဆုပ်အခဲတွေ၊ သည်းသည်းမဲမဲ ရွာချလိုက်တဲ့ မိုးရေစက်တွေ၊
မိုးတိတ်ပြီးချိန်မှာ အမှောင်အတိ ကျသွားတာတွေ…။
ဘယ်ရောက်ကုန်ကြပြီလဲ။
အိပ်ရာထဲမှာ လှဲလျောင်းနေရာကနေ ထပြီး ပြတင်းပေါက်ကို
တွန်းဖွင့်လိုက်တယ်။ ဆန်စေ့တွေ ထည့်ထားတဲ့ အနက်ရောင်
ယွန်းခွက်ကလေးထဲက ဆန်စေ့နည်းနည်းယူပြီး ဝရန်တာ
ဘောင်ပေါ်မှာ ခပ်ကျဲကျဲပက်ချပေးလိုက်တယ်။ စားစရာ
တွေ့သွားရင် ငှက်ကလေးတွေဆီက ကြားနေကျ
စကားသံတွေ ထွက်လာမှာပဲလို့ တွေးမိတာ မှားသွားတယ်။
သူတို့နှစ်ကောင်ဟာ စားစရာရှိတာကို အသံမထွက်ပဲ စားနေကြတယ်။
ပတ်ဝန်းကျင်တခုလုံးကလည်း ငြိမ်သက် တိတ်ဆိတ်လို့။
ပြတင်းပေါက်ကနေ ခွာပြီး အိမ်အနောက်ဖက်မှာ ချထားတဲ့
အဝတ်လျှော်စက်ဆီကို တလှမ်းချင်း ပြီးတော့ မရဲတရဲနဲ့
သွားကြည့်တယ်။ သူ့နေရာမှာသူ တိတ်တိတ်ဆိတ်ဆိတ်
ငြိမ်ငြိမ်သက်သက် ရှိနေတဲ့ အဝတ်လျှော်စက်ကို တွေ့လိုက်ရတော့
ကိုယ့်နားကို ကိုယ် မယုံသင်္ကာနဲ့။ ဒါဆို ခုနက ဆူဆူညံညံနဲ့
အသံတွေဟာ သူ့ဆီက မဟုတ်ဖူးပေါ့။ ရုတ်တရက် တွေသွားတယ်။
ပြီးတော့ အထိတ်တလန့်နဲ့။
အကြားအာရုံကို ခံစားနိုင်တဲ့ နားရွက်ဆိုတဲ့အရာတွေ ရှိမှ
ရှိသေးရဲ့လားဆိုတာကို စမ်းသပ်ကြည့်ဖို့ လက်တွေကို
မြှောက်လိုက်တယ်။ ထိတ်လန့်စိုးရိမ်စိတ်ကြောင့်
တ၀က်တပျက်နဲ့ လေထဲမှာ ရပ်တန့်သွားတဲ့ လက်တွေကို
နားရွက်နားကို ရောက်အောင် ကြိုးစားပြီး ရွှေ့ယူလိုက်တယ်။
ဘုရားရေ… နားရွက်တွေကို စမ်းလို့ မရပါလား…
နားရွက်တွေကို ရှာလို့ မတွေ့တော့ဘူး…
တကယ်ပဲ နားရွက်တွေ မရှိတော့ဘူးလား။
ဒါမှမဟုတ် လက်ချောင်းတွေက ခံစားမှုကင်းမဲ့ပြီး
ထုံကျဉ်နေတာများလား။ အဲဒီလိုတွေးပြီး လက်ဝါးနှစ်ဖက်ကို
စူးစူးစိုက်စိုက် ငုံ့ကြည့်လိုက်မိတယ်။ မဟုတ်သေးပါဘူး
ဒီလက်တွေက ပုံမှန်ပါ၊ ခုနက တုန်ခါနေတဲ့
အ၀တ်လျှော်စက်ကိုတောင် ဒီလက်တွေနဲ့ ထိန်းထား
ခဲ့သေးတာပဲ မဟုတ်လား။ မရေမရာ အတွေးတွေနဲ့
တွေဝေပြီး စက္ကန့်နည်းနည်း ငြိမ်နေမိတယ်။ ခဏနေတော့
လက်နဲ့စမ်းလို့ မတွေ့တဲ့ နားရွက်တစုံကို မှန်ထဲကနေ တဆင့်
ရှာဖွေလို့ ရနိုင်တာပဲဆိုတဲ့ အသိတချက် လင်းကနဲ ၀င်လာတယ်။
ဒါနဲ့ မှန်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခြေစုံရပ်နေတဲ့နေရာကနေ
မှန်ထားတဲ့နေရာဆီ မရောက်ခင် စပ်ကြားမှာ ရထားခဲ့ဖူးတဲ့
ဘုရားစာတချို့ကို တပိုင်းတစ ရွတ်လိုက်မိသေးသလိုပဲ။
မှန်အနားကို ရောက်တော့ ရုတ်တရက် မကြည့်ရဲသေးဘူး
ကိုယ့်နှလုံးခုန်သံကို ကိုယ်တိုင်ပြန်ကြားနေရတယ်။
ရင်တထိတ်ထိတ်နဲ့ မှန်ကို မျက်နှာချင်းဆိုင်၊ အကြည့်တွေကို
နားရွက်ရှိရာနေရာကို ဖြည်းဖြည်းလေး၊ ပြီးတော့ မရဲတရဲနဲ့
ရွှေ့လိုက်တယ်။
အိုး… မှန်ထဲမှာ တွေ့လိုက်ရတဲ့ ကိုယ့်ပုံရိပ်ကို သေချာအောင်
အခါခါ အထပ်ထပ်ပြန်ကြည့်ရင်း အင်မတန် ၀မ်းသာ
ပျော်ရွှင်သွားတယ်။
ဟုတ်တယ်… ကိုယ်လိုက်ရှာနေတဲ့
နားရွက်တွေဟာ မျက်နှာရဲ့ ဘယ် ညာ တဖက်တချက်စီမှာ ပုံမှန်အနေအထားနဲ့
နေရာမှန်မှန် ချိတ်တွယ်လို့ပါပဲ။
တဆက်တည်းမှာ အဲဒီနားရွက်တွေဟာ အသံတွေကို
ကြားနိုင်စွမ်းရှိသေးရဲ့လားဆိုတာ သိရဖို့ အနီးစပ်ဆုံး
စမ်းသပ်မှုအနေနဲ့ အိမ်ဝက လူခေါ်ခေါင်းလောင်းလေးကို သွားလှုပ်ကြည့်တယ်။
ခေါင်းလောင်းလေးဆီက ချိုလွင်တဲ့
အသံသာသာကို ကြားလိုက်ရတော့ ဘယ်လောက် စိတ်အေးသွားတယ်ဆိုတာ
ပြောမပြတတ်အောင်ပါပဲ။
အဲဒီနောက်မှာ ဝမ်းသာပျော်ရွှင်မှုတွေနဲ့အတူ အသံတိုးတိုးထွက်
လို့ ရယ်မောလိုက်မိတယ်။ ကိုယ့်ရယ်သံကို ကိုယ်တိုင် ပီပီပြင်ပြင် နားနဲ့ဆတ်ဆတ်
ပြန်ကြားလိုက်ရတဲ့အခါ ကိုယ်ဟာ
ကုန်လွန်ခဲ့တဲ့အချိန်တွေမှာ ရယ်မောခြင်းကို မေ့လျှော့ နေခဲ့သူ
တယောက်ပါလားလို့ သတိပြန်လည်လာတယ်။
ပြီးတာ့ ကိုယ့်ရယ်သံကို ကိုယ်တိုင် နားထောင်ရတာ
အရသာတွေ့ပြီး ရယ်ပြီးရင်း ရယ်…
မရပ်မနား ရယ်မောနေမိတော့တာ…။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+သက်ဝေ+
-
၂၀၁၅ ဇူလိုင်လ - Idea မဂ္ဂဇင်း နှစ်ပတ်လည် အထူးထုတ် တွင် ဖေါ်ပြပြီးဖြစ်သည်။

Monday, October 12, 2015
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment