ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 12, 2015

==တွမ်ခရူးစ်နှင့်လမ်းခွဲခဲ့တာကောင်းတယ်ဆိုတဲ့နီကိုးလ်ကစ်ဒ်မန်း နဲ့  ယခုလအတွင်းဟိုအကြောင်း။ဒီအကြောင်း၊သူတို့ အကြောင်း==

>

**တွမ်ခရူးစ်နှင့်လမ်းခွဲခဲ့ ခြင်းသည်သူ၏အနုပညာခရီးအတွက်အခွင့်အလမ်းသစ်နှင့် အကောင်းဆုံးအရာများကိုပိုင်ဆိုင်ရရှိလာစေကြောင်း နီကိုးလ်ကစ်ဒ်မန်းပြောဆိုခဲ့**

  ဟောလိဝုဒ်ကြယ်ပွင့် တစ်ဦးဖြစ်သည့်  နီကိုးလ်ကစ်ဒ်မန်းက သူ၏ဘ၀တွင် ခင်ပွန်းဖြစ်သူ မင်းသားတွမ်ခရူးစ်နှင့်လမ်းခွဲခဲ့ ခြင်းသည် သရုပ်ဆောင်တစ်ဦး အဖြစ်လျှောက်လှမ်းနေသည့်  သူ၏အနုပညာခရီးအတွက်အခွင့်အလမ်းသစ် များကို ပေါ်လာစေခဲ့ ပြီး သူ့ ဘ၀တွင် အကောင်းဆုံးအရာများကိုပိုင်ဆိုင်ရရှိလာစေရန် ဦးတည်ဖြစ်လာခဲ့ သည်ဟု ယုံကြည်မိကြောင်းပြောဆိုခဲ့ သည်။ တွမ်ခရူးစ်နှင့်လမ်းခွဲခဲ့ပြီးနောက်တွင် သူ၏အနုပညာလမ်းကြောင်း တစ်လျှောက် အအောင်မြင်ဆုံးအရာဟု ဆိုနိုင်လောက်သည့်  အော်စကာဆုကိုလည်း ပိုင်ဆိုင်ခွင့် ရခဲ့ ကြောင်း၊ ယခုကဲ့ သို့ လမ်းခွဲခဲ့ ခြင်းကြောင့်  အလုပ်အပေါ် တွင် ပိုမိုအာရုံစိုက်နိုင်လာကြောင်း၊ သို့ သော်ထိုအချိန်များသည် ဘ၀တွင် အထီးကျန်ဆုံးသော အချိန်များဖြစ်ကြောင်း ဖွင့် ဟပြောဆိုခဲ့ သည်။ သူက ““လမ်းခွဲခဲ့ တဲ့ အချိန်အစပိုင်းမှာတော့ ကျွန်မလက်ရှိဘ၀ကြီးကနေ ထွက်ပြေးချင်စိတ်တွေပေါ်မိတယ်။ ကျွန်မတကယ့် လက်တွေ့ ဘ၀ကို ရင်မဆိုင် နိုင်ခဲ့ ဘူး။ ဒါပေမယ့် သရုပ်ဆောင်တစ်ယောက်ရဲ့ဘ၀မှာကောင်းမွန်တဲ့  အရာတစ်ခုကတော့ ကိုယ်ဆုံးရှုံးခဲ့ ရတဲ့ အရာတွေကို အခြားသူတစ်ဦးရဲ့  ဘ၀မှာ အစားထိုးပြီးတော့ ပြန်ရအောင်ယူနိုင်တယ်လေ။ ကိုယ့် ရဲ့ ဇာတ်ကောင် တစ်ဦးအဖြစ်နဲ့ပေါ့””ဟု ဗြိတိန်နေ့စဉ်သတင်းစာသို့  ပြောကြားခဲ့ သည်။

(ခင်ပွန်းသစ် ကိတ်အာဘန်နှင့် နီကိုးလ်)
ယခုအချိန်တွင် ကမ်္ဘာကျော်အဆိုတော်တစ်ဦးဖြစ်သည့်  ကိတ်အာဘန်နှင့်  လက်ထပ်ထားသော အသက် (၄၈)နှစ်အရွယ် နီကိုးလ်က လက်မထပ်မီက ကိတ်အကြောင်းကိုသူ့ အနေဖြင့်  သေသေချာချာမသိရှိခဲ့ သော်လည်း လက် ထပ်ပြီးနောက်ပိုင်းတွင် တစ်ယောက်အကြောင်းတစ်ယောက် နားလည်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ဆိုခဲ့ သည်။ လတ်တလောတွင် နီကိုးလ်သည် ““Photograph 51 ””ဟု အမည်ရသည့်  ပြဇာတ်တွင် မျိုးရိုးဗီဇစစ်ဆေးသူတစ်ဦးဖြစ်သည့်  ရိုစယ်လင်းဒ်ဖရန်ကလင် အဖြစ် ပါဝင်သရုပ်ဆောင်လျက်ရှိပြီး အဆိုပါပြဇာတ်၏ဇာတ်ညွှန်းကို စတင်ဖတ်ရှုချိန်က မျက်ရည်ပင်ကျခဲ့ ရကြောင်းလည်း သူက
ထုတ်ဖော်ပြောကြားခဲ့  သည်။(အေးပြည့်)  

**ကင်မ်ဘင်ဝူး၏မင်္ဂလာပွဲ**

 တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီးချော ကင်မ်ဘင်ဝူး၏မင်္ဂလာပွဲကို အောက်တိုဘာ ၁၁ရက်က ကျင်းပခဲ့ကြောင်း စွန်မ်ပီဒေါ့ကွန်းတွင် ဖော်ပြခဲ့ သည်။ ကင်မ်ဘင်ဝူး၏ အမျိုးသားသည် အနုပညာနယ်ပယ်ထဲမှမဟုတ်ဘဲ သူ့ ထက် အသက် တစ်နှစ်ခန့် ငယ်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူတို့ ၏ မင်္ဂလာအခမ်းအနားကို ဆွေမျိုးများ၊ ရင်းနှီးသည့် သူငယ်ချင်းများဖြင့် သာ သီးသန့် ကျင်းပခဲ့ သည်။ 

ကင်မ်သည် ခင်ပွန်းဖြစ်သူနှင့်  ချစ်သူအဖြစ်လက်တွဲနေခဲ့ ပြီဖြစ်ကြောင်းကို ပြီးခဲ့ သည့်  ဇွန်လက တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ ပြီး သူတို့ နှစ်ဦး၏ အတူတွဲကာ ရိုက်ကူးထားသော ဓာတ်ပုံများကို ကင်မ်၏လူမှုကွန်ရက်မီဒီယာပေါ်မှတစ်ဆင့်  ဖော်ပြခဲ့ သည်။ သူတို့ နှစ်ဦး၏ မင်္ဂလာသတင်းနှင့် ပတ်သက်၍ ကင်မ်က ““ကျွန်မတို့ နှစ်ယောက်တွေ့ ဆုံခဲ့ ကြတဲ့  အချိန်က တိုတောင်းတယ်ဆိုပေမယ့်  အနည်းငယ်သာရှိခဲ့ တဲ့  အဲဒီအမှတ်တရတွေကိုပဲ ကျွန်မတို့ ရဲ့  ဘ၀ တစ်လျှောက်မှာ ဖြန့် ခင်းပြီး ဘ၀ခရီးဆက်သွားမှာပါ””ဟု ဆိုခဲ့ သည်။ သူ၏အေဂျင်စီကလည်း ကင်မ်တို့ နှစ်ဦးသည် လွန်ခဲ့ သည့် သုံးနှစ်ခန့် က စတင်သိကျွမ်းခဲ့ ကြပြီး ၂၀၁၅ခုနှစ်အစပိုင်းတွင် ချစ်သူများဖြစ်ခဲ့ကြကြောင်း၊ သူတို့ နှစ်ဦးသည် တစ်မြို့တည်းသားချင်းများဖြစ်ကြ သည့် အတွက် ပိုမိုရင်းနှီးလာခဲ့ ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ သည်။ ကင်မ်ဘင်ဝူးသည် မော်ဒယ်လ်တစ်ဦးအဖြစ်လည်း အောင်မြင်လျက်ရှိပြီး ““ Good for You”” ၊””Phoenix””၊””Suspicious Family””၊””Manhole””စသည့် ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ခဲ့ သည်။(အေးပြည့်) 

**မော်ရင်ဟိုအနေဖြင့်အာစင်ဝင်းဂါးထံမှ ဘောလုံးပညာ သင်ယူရန်လိုအပ်နေသည်ဟု ဆောက်သမ်တန်နည်းပြကိုးမန်းက စကားစစ်ထိုးမှုပြုခဲ့**

 မော်ရင်ဟိုအနေဖြင့်အာစင်ဝင်းဂါးထံမှ လှပစွာကစားပြီး နိုင်ပွဲရယူတတ်သည့်မှော်ဆန်သည့်ဘောလုံးပညာ သင်ယူရန် လိုအပ်နေသည်ဟု ဆောက်သမ်တန်နည်းပြ ကိုးမန်းက စကားစစ်ထိုးမှုပြုခဲ့ သည်။ အောက်တိုဘာ ၃ ရက်က ယှဉ်ပြိုင်ခဲ့ သော ပရီမီယာလိဂ်ပွဲစဉ်(၈)၌ ချယ်လ်ဆီးက ဆောက်သမ်တန်အား သုံးဂိုး-တစ်ဂိုးဖြင့်  ရှုံးနိမ့် ခဲ့ ရာ မော်ရင်ဟိုက ဆောက်သမ်တန်၏ ခံစစ်အားပြု ကစားဟန်အပေါ်ဝေဖန်ပြစ်တင်ခဲ့ သောကြောင့်  ကိုးမန်းက ယင်းသို့  စကားစစ်ထိုးမှုပြုခဲ့ ခြင်းဖြစ်သည်။ ကိုးမန်းက““ မော်ရင်ဟိုရဲ့ နည်းဗျူဟာ ချဉ်းကပ်မှုအပေါ် ကျွန်တော်အမြဲသံသယရှိပါတယ်။ သူတို့က ဦးဆောင်ဂိုးတစ်ဂိုးစပြီးရပြီဆို နောက်ထပ်ဂိုးတွေထပ်သွင်းဖို့ ထက် ခံစစ်ကို အားပြုကစားတော့တာပါပဲ။ ဒါကြောင့်  တန်ပြန်တိုက်စစ်ကောင်းကောင်းကစားတတ်တဲ့ အသင်းမျိုးဆိုရင် သူတို့ဂိုးတွေဆက်တိုက်ပေးရတာပေါ့။အာဆင်နယ်ကတော့ ပြိုင်ဘက်ကို အသေသတ်နိုင်တဲ့  အသင်းပါ။ သူတို့ ရဲ့  မန်ယူကိုအနိုင်ကစားခဲ့ တဲ့  ပုံစံက ကျွန်တော့် ကို အမှတ်တရဖြစ်စေခဲ့ ပါတယ်။တိုက်စစ်ကို ကျယ်ကျယ်ပြန့် ပြန့်  ပုံဖော်ကစားပြီး မိနစ်၂၀အတွင်း မန်ယူလိုအသင်းမျိုး ကို ဖြိုလှဲနိုင်ခဲ့ တယ်။ ဒါကြောင့် မော်ရင်ဟိုအနေနဲ့  သူများကိုပဲ အပြစ်တင်နေမယ့်အစား အာစင်ဝင်းဂါးဆီက ဘောလုံးသီအိုရီတွေကို သင်ယူသင့် ပါတယ်”” ဟု ဆိုသည်။ 

ချယ်လ်ဆီးသည် အာဆင်နယ်အား စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ခဲ့ သော ပွဲစဉ်၌ နှစ်ဂိုး-ဂိုးမရှိဖြင့်  အနိုင် ယူနိုင်ခဲ့ ရာ မော်ရင်ဟိုက ၀င်းဂါးမှာချယ်လ်ဆီးနှင့် ရင်ဆိုင်ရတိုင်းအမြဲငိုကြွေးနေရသည်မှာ ရှက်စရာကောင်းကြောင်း ဝေဖန်ခဲ့ သည်။ သို့ သော် ချယ်လ်ဆီးမှာလက်ရှိပရီမီယာလိဂ်ပွဲစဉ်ရှစ်ပွဲ ကစားပြီးချိန်၌ နှစ်ပွဲသာအနိုင်ရရှိခဲ့ ပြီး အမှတ်ပေးဇယားအဆင့် (၁၆)နေရာတွင်သာ ရပ်တည်နေသည်။(မေလဲသင်း) 

**တစ်လအနားယူရတော့မယ့်ဒေးဗစ်ဆေးဗား**

 မန်စီးတီးကွင်းလယ်ကစားသမား ဆေးဗားက လူဇင်ဘတ်ကို အနိုင်ရရှိခဲ့ တဲ့  ယူရို-၂၀၁၆ ခြေစစ်ပွဲမှာခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ ပြီးနောက်မှာမာတာနဲ့ လူစားလဲခဲ့ ရပါတယ်။
 အခု တော့ အသက် (၂၉)နှစ်ရှိပြီဖြစ်တဲ့  စပိန်ကွင်းလယ်ကစားသမားဟာ မန်စီးတီးတိုက်စစ်မှူး အဂူရိုလိုပဲတစ်လတာ ဘောလုံးကစားနိုင်ဦးမှာမဟုတ်ဘူးလို့  ဂိုးဒေါ့ကွန်းက အတည်ပြုဖော်ပြ ထားပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်တဲ့  အစီရင်ခံစာမှာဆေးဗားရဲ့  ဒဏ်ရာကအနည်းငယ် ပြင်းထန်တာကြောင့်  အနည်းဆုံးတစ်လလောက် ကစားနိုင်မှာမဟုတ်ဘူးလို့ ပါရှိ တဲ့ အတွက် မန်စီးတီးအနေနဲ့  အရေးကြီးနေတဲ့  ပွဲစဉ်တွေကို ဒီကွင်းလယ်ဖန်တီးရှင်မပါဘဲ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ယခုရရှိတဲ့ ဒဏ်ရာကြောင့်  ဆေးဗားက ယူကရိန်းကို ရင်ဆိုင်ရမယ့်  ယူရို နောက်ဆုံး ခြေစစ်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးတိုက်စစ်မှူး အဂူရိုကလည်း တံကောက်ကြော ဒဏ်ရာရရှိခဲ့ တဲ့  အတွက် အနည်းဆုံးတစ်လလောက် အနားယူရမှာဖြစ်တဲ့အတွက် မန်စီးတီးအနေနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုကြုံတွေ့ ခဲ့ရတယ်လို့ မှတ်ချက်ပြုရမှာဖြစ်ပါတယ်။ အဂူရိုက ဒဏ်ရာရရှိ ခဲ့ ပြီးနောက် ငိုကြွေးနေခဲ့ တယ်လို ကလပ်အသင်းဖော်လည်းဖြစ် နိုင်ငံလက်ရွေးစင်အသင်း
ကစားဖော်လည်း ဖြစ်တဲ့  အော့တမန်ဒီရဲ့  အဆိုအရ သိရပါတယ်။(မေလဲသင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)