လက တခြမ်းပဲ့နေတယ်
ဘယ်မှာ လဲကွယ်
မင်းခြေရာ အလင်းရောင်တွေ
အများကြီး သောက်မိလို့
ကိုယ် မအိပ်နိုင်ဘူး။
ကြယ်တွေကို ရေတွက်နေရင်း
အသက်ကြီး သွားတာတောင်
မသိလိုက် ပါလား။
ကိုယ့်ရင်ပတ်ပေါ် ကြွေကျသွားတာ
ကြယ်တစ်စင်းလား
နှလုံးသား တစ်စုံလား
ကိုယ့်လက်နဲ့ ထိလုလု
ကောင်းကင်ပြိုကျ
ကိုယ် လန့်နိုး ခဲ့ပြီ။ ။
.................................
+ပုံရိပ်+
ည…
လက တခြမ်းပဲ့နေတယ်
ဘယ်မှာ လဲကွယ်
မင်းခြေရာ
အလင်းရောင်တွေ
အများကြီး သောက်မိလို့
ကိုယ် မအိပ်နိုင်ဘူး။
ကြယ်တွေကို ရေတွက်နေရင်း
အသက်ကြီး သွားတာတောင်
မသိလိုက် ပါလား။
ကိုယ့်ရင်ပတ်ပေါ်
ကြွေကျသွားတာ
ကြယ်တစ်စင်းလား
နှလုံးသား တစ်စုံလား
ကိုယ့်လက်နဲ့ ထိလုလု
ကောင်းကင်ပြိုကျ
ကိုယ် လန့်နိုး ခဲ့ပြီ။ ။
.................................
+ပုံရိပ်+
No comments:
Post a Comment