စက်တင်ဘာလ ဂျူးနှစ်သစ်ကူးကာလမှ စတင်ခဲ့သည့်  ပါလက်စတိုင်းတို့ ၏
အကြမ်းဖက်တိုက်ခိုက်မှုများမှာ တစ်လနီးပါးကြာလာသော်လည်း
အဆုံးသတ်မည့်  အရိပ်အယောင်မတွေ့ ရသေးပေ။ ဂျေရုဆလင်မြို့
ဘာသာရေးနယ်မြေအတွင်းမှ စခဲ့ သည့် အကြမ်းဖက်တိုက်ခိုက်မှု
များသည် ဂျေရု ဆလင်တစ်မြို့လုံးသာမက အနောက်ဘက်ကမ်းနှင့်
ဂါဇာကမ်းမြောင်ဒေသအထိ ပျံ့ နှံ့ ခဲ့ သည်။ တစ်လအတွင်း၌ပင်
သေနတ်ပစ်ခတ်မှု၊ ဓားထိုးမှု စသည့်အကြမ်းဖက်မှုများကြောင့် 
အစ်္စရေးလူမျိုးငါးဦး သေဆုံးခဲ့သည်။ အစ်္စရေးလုံခြုံရေးတပ်ဖွဲ့များ၏
ပစ်ခတ်မှုကြောင့် အနည်းဆုံးပါလက်စတိုင်း ၂၆ ဦး သေဆုံး
သွားခဲ့ ပြီဖြစ်သည်။ ၄င်းတို့ အနက် ၁၀ ဦးမှာအကြမ်းဖက်
တိုက်ခိုက်မှု ပြုလုပ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ များက
ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ ကျန် ၁၆ ဦးမှာ အဓိကရုဏ်းဖြစ်ပွားစဉ်
၎င်းတို့ က ခဲများဖြင့်ပစ်ပေါက်ခဲ့ သဖြင့် အစ်္စရေးရဲများက
ပစ်ခတ်နှိမ်နင်းစဉ် သေဆုံးခဲ့ကြခြင်းဖြစ်သည်။ ထိခိုက်
ဒဏ်ရာရရှိသူ ပါလက်စတိုင်းလူမျိုးများရာချီရှိနေသည်။
အစ်္စရေးနှင့်ပါလက်စတိုင်းပဋိပက်္ခပြေငြိမ်းရေး ဆွေးနွေး
ညှိနှိုင်းမှု၌ ရလဒ်ကောင်းများ ထွက်လာစရာမရှိပုံရ သည့်
အခါတွင် အကြမ်းဖက်တိုက်ခိုက်မှုများ စတင်ခဲ့သည်ဟု
သိရသည်။ယခုတစ်ကြိမ် ပါလက်စတိုင်းများ၏ အကြမ်းဖက်
တိုက်ခိုက်မှုသည် အစ်္စရေးခေါင်းဆောင်များကို အကျပ်ရိုက်
စေခဲ့ သည်။ ရာစုနှစ်ထက်ဝက်ကျော် အဖိနှိပ်ခံဘ၀အဆုံးသတ်
ပြီး လွတ်လပ်သည့်နိုင်ငံဖြစ်မည့် အခွင့်အလမ်းများမှာလည်း
ပိတ်ဆို့ခံနေရသည့်  ပါလက်စတိုင်းပြည်သူတို့ မှာ
မျှော်လင့် ချက်ကင်းမဲ့ နေကြသည်။ နှစ်ရှည်လများ
သံတမန်ဆွေးနွေးပွဲများ၌လည်း သဘောတူညီချက်မရဘဲ
ပျက်ပြားသွားသည့်အပြင် လတ်တလောအကြမ်းဖက်မှု
များ တိုးမြှင့်လာခြင်းကြောင့်  အစ်္စရေးနှင့်ပါလက်စတိုင်း
စစ်ပွဲအသစ်ကြီး (Intifada) တစ်ခု အစပျိုးနေပြီလားဟု စိုးရိမ်မှုများ
ရှိနေကြသည်။ အစ်္စရေးတို့ က ဂျေရုဆလင်မြို့ရှိ
Temple Mountဘာသာရေးနယ်မြေကိုအပိုင်သိမ်းရန်
လျှို့ဝှက်ကြံစည် နေသည်ဆိုသည့် ကောလာဟလ
သတင်းများကြောင့် ဂျူးနှစ်သစ်ကူးကာလတွင် အကြမ်းဖက်မှုများ
စတင်လာ ခြင်းဖြစ်သည်။ ဂျူးတို့ ကTemple Mount ဟုသတ်မှတ်
ထားသော ဘာသာရေးအထွတ်အမြတ်နယ်မြေတွင်
အစ်္စလာမ် ဘာသာဝင်တို့ ၏ တတိယအထွတ်အမြတ်အထားဆုံး အယ်အက်စာဗလီဝတ်ကျောင်းလည်းရှိနေသည်။
၁၉၆၇ ခုနှစ် အရှေ့ အလယ်ပိုင်းစစ်ပွဲပြီးဆုံးပြီးနောက်တွင်
ထိုဘာသာရေးနယ်မြေကို မွတ်စလင်များကဆက်လက်အုပ်ချုပ်
စီမံခဲ့ သည်။ ဆယ်စုနှစ်ပေါင်းများစွာသဘောတူထားသည့်
အစီအစဉ်အရ ထိုဘာသာရေးမြင့်မြတ်နယ်မြေအတွင်းသို့
မွတ်စလင်မဟုတ်သူများ ၀င်ရောက်လည်ပတ်ခွင့်ရှိသော်လည်း
ဝတ်ပြုရှိခိုးခွင့်မပြုပေ။ ယခုနှစ်များအတွင်း ထိုမြင့် မြတ်
နယ်မြေသို့လာရောက်လည်ပတ်သည့်  ဂျူးလူမျိုးအရေအတွက်
တိုးလာသည့်အပြင် ဂျူးလူမျိုးများ ပိုမိုဝင်ရောက်ခွင့်ရရှိရေးကို
ဘာသာရေးတက်ကြွလှုပ်ရှားသူများက တောင်းဆိုနေကြသဖြင့်
အစ်္စရေးအစိုးရက အစီအစဉ်ပြောင်းရန် ကြံစည်နေသည်ဟု
ပါလက်စတိုင်းတို့ က စိုးရိမ်နေကြသည်။
ထိုနယ်မြေကို ဘာသာရေးအရလည်းကောင်း၊
အမျိုး သားရေးအရလည်းကောင်း အရေးပါသည့် နေရာ
အဖြစ် ပါလက်စတိုင်းတို့ က အပြင်းအထန်ကာကွယ်
နေကြသည်။ အရှေ့ အလယ်ပိုင်းတွင် အကြမ်းဖက်မှုများ
ပျံ့ နှံ့နေ မှုကြောင့်  အယ်အက်စာဗလီကြီး ဖျက်ဆီးခံရမှုကို
စိုးရိမ်နေ ကြသည်။ အစ်္စရေးအစိုးရအနေဖြင့်လက်ရှိ
သဘောတူထားသည့်အစီအစဉ်ကိုလေးစားလိုက်နာမည်ဟု
အကြိမ်ကြိမ်ကတိပြုထားပါလျက် ပါလက်စတိုင်းနှင့်
မွတ်စလင်ဘာသာရေးခေါင်းဆောင်များက အကြမ်းဖက်
မှုများဖြစ်စေရန် လှုံ့ ဆော်နေသည်ဟု အစ်္စရေးအာဏပိုင်များက
တုံ့ ပြန်စွပ်စွဲပြောဆိုသည်။ ယခုရက်ပိုင်းအတွင်း ပါလက်စတိုင်း
တို့ ၏ အကြမ်း ဖက်တိုက်ခိုက်မှုများကို တတိယမြောက်
ပါလက်စတိုင်း အုံကြွမှုအသစ်(New Intifada)
ဟု ဝေဖန်ပြောဆိုသူများ ရှိသော်လည်း ထိုကဲ့ သို့ 
သတ်မှတ်ရန်အချိန်စောသေးသည် ဟု တချို့ ကသုံးသပ်သည်။
၂၀၁၀ ပြည့် နှစ် ဒုတိယမြောက်ပါလက်စတိုင်းအုံကြွမှု တွင်
ထိုစဉ်က အစ်္စရေးအတိုက်အခံခေါင်းဆောင် အေရီယာရှရွန်က
ထိုမြင့်မြတ်နယ်မြေသို့ လာရောက်လည်ပတ်ခဲ့မှုကြောင့် 
ပါလက်စတိုင်းများကို ပိုမို၍ဒေါသထွက်စေ ခဲ့ ခြင်းဖြစ်သည်။
အစ်္စရေးလုံခြုံရေးတပ်ဖွဲ့ များ၏ အုပ်ချုပ် မှုအောက်တွင်
နှစ် ၅၀ ကျော်ကြာနေခဲ့ ရပြီး လွတ်လပ် ရေးရတော့မည့် 
မျှော်လင့်ချက်မှေးမှိန်နေခြင်းကလည်း ဒုတိယအုံကြွမှုကို
ဖြစ်စေသည့် အကြောင်းတစ်ချက်ဖြစ်ခဲ့ သည်။
ဒုတိယမြောက် ပါလက်စတိုင်းအုံကြွမှုနှင့် ယခုအကြမ်းဖက်
မှုများတွင် မတူကွဲပြားမှုများရှိနေသည်။ ယခုဖြစ်စဉ်တွင်
ပါလက်စတိုင်းသမ်္မတ မာမွတ်အာဘတ်စ်သည်အစ်္စရေး
အာဏာပိုင်များနှင့်ပူးပေါင်းကာဒေသတွင်းလုံခြုံအေးချမ်းမှု
ရှိရန် ကြိုးပမ်းအားထုတ်မှုကို တွေ့ ရှိရသည်။
၎င်းသည် အကြမ်းဖက်မှုများကိုအတိအလင်း ဆန့် ကျင်သူဖြစ်သည်။ ဒုတိယမြောက်အုံကြွမှုတွင်နောက်ကွယ်၌ ပါလက်စတိုင်း
စစ်သွေးကြွအုပ်စုများရှိနေပြီး ၄င်းအုပ်စုခေါင်းဆောင်များက
နောက်ကွယ်မှကြိုးကိုင်၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ခြင်း
ဖြစ်သော်လည်း ယခုအုံကြွမှုတွင် ၄င်းအကြမ်း ဖက်အုပ်စုများ
ပြိုကွဲနေပြီး ခေါင်းဆောင်များမှာလည်း အစ်္စရေးထောင်များတွင်
အကျဉ်းကျနေကြသည်။ ယခုအကြမ်းဖက်မှုဖြစ်စဉ်ကို
လေ့လာကြည့် လျှင် နိုင်ငံရေးအုပ်စုများနှင့်အဆက်အစပ်မရှိဘဲ
ပါလက်စတိုင်းလူငယ်များသည် မိမိဆန်္ဒအလျောက်
အစ်္စရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များကို ဆန့် ကျင်တိုက်ခိုက်
ခဲ့ ကြခြင်း ဖြစ်သည်ကို တွေ့ ရှိရသည်။ ပါလက်စတိုင်း
တစ်ကိုယ်တော်တိုက်ခိုက်ရေးသမား များ ဖြစ်နေခြင်းကြောင့် 
အစ်္စရေးတို့ က စစ်ရေးနည်းလမ်းဖြင့်အဖြေရှာရန်ခက်ခဲနေသည်။
ထိုအကြမ်းဖက်မှုများ မည်မျှကြာကြာဆက်လက်ဖြစ်ပွား
နေမည်ကိုလည်း အစ်္စရေးအာဏာပိုင်တို့က ခန့် မှန်းရခက်နေသည်။ ဓားဖြင့်တိုက်ခိုက်မှုများ မြင့်တက်နေမှုကြောင့်  အစ်္စရေးပြည်သူများက
ကြောက်လန့်နေကြသည်။
ဂျေရုဆလင်မြို့တော်ဝန်နှင့် အစ်္စရေးနိုင်ငံရေး ခေါင်းဆောင်များက
သေနတ်ပိုင်ဆိုင်ထားသည့် ဂျူးလူမျိုးများအနေဖြင့်ခွင့် ပြုချက်
ရယူပြီးမှသာ သေနတ်များကို သယ်ဆောင်သွားလာရန်
တိုက်တွန်း ခဲ့ သည်။ အစ်္စရေးနိုင်ငံတစ်ဝန်းတွင် လုံခြုံရေး
တင်းကျပ်ထား ရသည့်  အခြေအနေဖြစ်ပေါ်နေသည်။
ဓားဖြင့်တိုက်ခိုက်သည့်  ဖြစ်စဉ်များတွင် အစ်္စရေးရဲတပ်ဖွဲ့ သို့မဟုတ်
လက်နက်ကိုင်ထားသည့်  အရပ်သားများကဓားဖြင့်တိုက်ခိုက်
သည့်  ပါလက်စတိုင်းများကိုချက်ချင်းပင်ပစ်သတ်ခဲ့ ကြသည်။
ထိုလုပ်ရပ်များကြောင့်  အစ်္စရေးနှင့်ပါလက်စတိုင်း
များကြားတွင် မုန်းတီးမှုနှင့်တင်းမာမှုများ တိုးလာခြင်း
ဖြစ်သည်ဟု သိရသည်။
လတ်တလောအကြမ်းဖက်တိုက်ခိုက်မှုများ အဆုံး သတ်ရေး
အတွက် ၀န်ကြီးချုပ်နေတန်ယာဟုနှင့်သမ်္မတ အာဘတ်စ်တို့ ၏
အခန်းကဏ္ဍအရေးပါသော်လည်း ၄င်းတို့ နှစ်ဦးလုံးမှာ
ပြင်ပမှဖိအားပေးမှုများနှင့်ရင်ဆိုင်နေရသည်။ အစ်္စရေးသဘောထား
တင်းမာသူများနှင့်  ပြည်သူ အချို့ က ၀န်ကြီးချုပ်နေတန်ယာဟုအား
ပါလက်စတိုင်း တို့ အပေါ်တွင် ပိုမိုပြင်းထန်သော
အရေးယူဆောင်ရွက် မှုများပြုလုပ်ရန် ဖိအားပေးနေကြသည်။ ၀န်ကြီးချုပ်နေတန်ယာဟုသည် ဂျေရုဆလင်မြို့နှင့်
အနောက်ဘက်ကမ်းဒေသတွင် လုံခြုံရေးတပ်ဖွဲ့ များကို
ထူထပ်စွာဖြန့် ကြက်ချထားပြီးဖြစ်သည်။ ပါလက်စတိုင်း
ဆန်္ဒပြသူများကို နှိမ်နင်းရာတွင် တပ်ဖွဲ့ ဝင်များလိုက်နာ ရမည့်  စည်းကမ်းများကိုလည်း လျှော့ပေါ့ပေးထားသည်။
ပါလက်စတိုင်းလူမျိုးများအပေါ် အစ်္စရေးတပ်ဖွဲ့  များက
ပြင်းထန်စွာနှိမ်နင်းနှိပ်ကွပ်မှုကြောင့်  အကြမ်း ဖက်မှုများ
ပိုမိုမြင့် တက်နိုင်သည့်အပြင် နိုင်ငံတကာ၏
ပြစ်တင်ရှုတ်ချမှုကိုလည်း ခံရဖွယ်ရှိနိုင်သည်။
ပါလက်စတိုင်းဒေသတွင် တည်ငြိမ်အေးချမ်းမှုကို ထူထောင်
နိင်လျှင် ပါလက်စတိုင်းသမ်္မတ မာမွတ်အာဘတ်စ်အတွက်
နိုင်ငံရေးအကျိုးရှိနိုင်သည်။ လွတ်လပ်သောပါလက်စတိုင်း
နိုင်ငံ ထူထောင်ရေး အတွက် ညှိနှိုင်းဆွေးနွေးမှုများကို
နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ သော်လည်း ရလဒ်ထွက်ပေါ်
မလာခြင်းမှာ ၀န်ကြီးချုပ်နေတန်ယာဟု၏ သဘောထား
တင်းမာမှု ကြောင့် ဖြစ်သည်ဟု အပြစ်တင်ပုံချနေသည့် 
သမ်္မတ အာဘတ်စ်ကိုလည်း ပါလက်စတိုင်းလူမျိုးများက
မကြိုက်ကြတော့ပေ။ ထိုကဲ့ သို့ သောအခြေအနေ၌
ပါလက်စတိုင်းအကြမ်း ဖက်မှုများ မြင့် တက်လာမည်
သာဖြစ်သည်။ မစ်္စတာ အာဘတ်စ်သည်အစ်္စရေးအစိုးရနှင့်  လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုကို ပေါ်ပေါ်ထင်ထင်ပြုလုပ်နေလျှင် မစ်္စတာအာဘတ်စ်သည် ပျော့ညံ့၍ညံ့ဖျင်းသည့် ခေါင်းဆောင်အဖြစ်
ပါလက်စတိုင်းတို့ က သတ်မှတ်ကြ တော့မည်ဖြစ်သည်။
မည်သို့ ပင်ဖြစ်စေ အနာဂတ်မျှော်လင့် ချက်ကင်းမဲ့  နေသည့်
ပါလက်စတိုင်းလူငယ်များ၏ တစ်ကိုယ်တော် တိုက်ခိုက်မှုများကို အစ်္စရေးနှင့် ပါလက်စတိုင်း ခေါင်းဆောင်နှစ်ဦးက မည်သည့်
အတိုင်းအတာအထိ ထိန်းချုပ်နိုင်မလဲ၊ ၄င်းမေးခွန်းအတွက်
အဖြေမရှိလျှင် အစ်္စရေးပါလက်စတိုင်း ပဋိပက်္ခမှာ
အဆုံးမမြင်နိုင်သေးပါ ဟု အေပီသတင်းဌာနမှ
ဂျိုးဇက်ဖက်ဒါမန်က ဝေဖန် သုံးသပ်ထားသည်။
+ထွန်းတောက်+

No comments:
Post a Comment