**အန်ဂျလီနာဂျိုလီနဲ့  ဘရက်ပစ်ထ်တို့ ရဲ့ ရုပ်ရှင်သစ်
“By the Sea””
ရုပ်ရှင်သစ်မှာ ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့  ကြယ်ပွင့် 
စုံတွဲတစ်တွဲဖြစ်တဲ့  အန်ဂျလီနာဂျိုလီနဲ့  ဘရက်ပစ်ထ်တို့
ဇနီး မောင်နှံနှစ်ဦး စလုံးပါဝင်သရုပ်ဆောင်ထားကြပါတယ်။
အဲဒီရုပ်ရှင်ရဲ့  ဇာတ်ဝင်ခန်း တစ်ခန်းမှာတော့ သူတို့ မောင်နှ
ံ နှစ်ဦး အပြင်းအထန်ရန်ဖြစ်ခဲ့ကြပေမယ့် အပြင်မှာတော့
သူတို့နှစ်ဦးဟာ ရန်ဖြစ်ခဲပါတယ်လို့  မကြာသေးမီက ပြုလုပ်ခဲ့ တဲ့ 
အင်တာဗျူးတစ်ခုမှာ မင်းသမီးဂျိုလီက ဆိုခဲ့ ပါတယ်။
အဆိုပါရုပ်ရှင်မှာသူတို့နှစ်ဦးဟာ လမ်းခွဲခဲ့ကြတဲ့
ဇနီးမောင်နှံနှစ်ဦး အဖြစ် ဂျိုလီက ဗန်နက်စာနေရာမှ
လည်းကောင်း၊ ဘရက်ပစ်ထ်က ရိလန်းဒ် နေရာမှလည်းကောင်း
ပါဝင် သရုပ်ဆောင်ထားပါတယ်။ ယင်း ရုပ်ရှင်ကို ပြီးခဲ့ တဲ့
သောကြာနေ့က ရုပ်ရှင်မိတ်ဆက်ပွဲပြုလုပ်ခဲ့ ပြီး ပြသခဲ့ပါတယ်။
၎င်းရုပ်ရှင်မိတ်ဆက်ပွဲမှာရုပ်ရှင် ကို အမြည်းသဘောအနေနဲ့ 
ဇာတ် ၀င်ခန်း အနည်းငယ်ကိုသာထုတ်လွှင့်  ပြသခဲ့တဲ့အတွက်
ဇာတ်အိမ်ကိုခြုံငုံ မိခြင်းမရှိသည်နှင့် ပတ်သက်ပြီး ဂျိုလီ က
“ကျွန်မရဲ့ပရိသတ်ကိုရုပ်ရှင် သစ်မိတ်ဆက်တဲ့ အခါ
ရုပ်ရှင်သစ်နဲ့ ပတ်သက်တဲ့သဲလွန်စလေးတွေပေး မယ်။
သူတို့ ကို ရုပ်ရှင်တစ်ခုလုံးကြည့်  ပြီးသွားသလို
ခံစားရလာအောင်၊ ဒါမှ မဟုတ်ကြည့်ရတာပျင်းရိငြီးငွေ့လာ အောင်
ဘယ်တော့မှ မလုပ်ချင်ဘူး။ ကျွန်မကိုယ်တိုင်ကလည်းရုပ်ရှင်
တစ်ခုလုံးကို ပြသသွားတဲ့  ရုပ်ရှင်မိတ်ဆက်ပွဲတွေကို
မကြိုက်ဘူး။ မိတ်ဆက်ပြသ တာကို ကြည့် ပြီးတဲ့အချိန်မှာ
သိချင် တာတွေ၊ မေးခွန်းတွေကျန်ရစ်ခဲ့တဲ့  ရုပ်ရှင်မျိုးကို
ကြိုက်တာ။ အခုပြသသွားတာ ကျွန်မဖြစ်ချင်တဲ့ပုံစံနဲ့
တစ်ထပ်တည်းပါပဲ””လို့  Entertain- ment Weekly.comကို
ပြောကြား ခဲ့ ပါတယ်။
ယင်းမိတ်ဆက်ပွဲမှာ ပြသခဲ့ တဲ့ ရုပ်ရှင်ရဲ့ အစမှာ
ဘရက်ပစ်ထ်ဟာ ပင်လယ်ကမ်းခြေမှာတစ်ယောက်တည်း
ထိုင်နေပါတယ်။ အဲဒီနောက်မှာ တော့ သူတို့ဇနီးမောင်နှံနှစ်ဦး
တစ်ယောက်တစ်နေရာဆီမှာ ရှိနေပြီးအချိန်တွေကို
ကုန်ဆုံးစေတာကိုပြသခဲ့ပါတယ်။ ဘရက်ပစ်ထ်ဟာ
လက်ဖက်ရည်ဆိုင်မှာအချိန်ဖြုန်းနေပြီး ဂျိုလီက တော့
သူ့ အခန်းရှေ့ က လသာဆောင် မှာဆေးလိပ်တစ်လိပ်
ကိုရှိုက်နေပါ တယ်။ ရုပ်ရှင်တစ်ခုလုံးကတော့ သနားစရာ၊
ထိတ်လန့် စရာ၊ ရန်ဖြစ်သတ်ပုတ်တာတွေနဲ့  ပြည့် နေခဲ့ ပါတယ်။
အဆိုပါရုပ်ရှင် “By the Sea ”ကို အမေရိကန်နိုင်ငံတစ်ဝန်းမှာ
နိုဝင် ဘာ ၁၃ရက်ကစတင်ပြီး ရုံတင်ပြသ သွားမှာ
ဖြစ်ကာ အင်္ဂလန်မှာတော့ ဒီဇင်ဘာ ၁၁ရက်မှာ စတင်ရုံတင်
သွားမှာဖြစ်ပါတယ်။ ယခုရုပ်ရှင်ဟာ ဘရက်ပစ်ထ်တို့  မောင်နှံ
အတွက် ဒုတိယမြောက်ရုပ်ရှင်ပါ။သူတို့မောင်နှံနှစ်ဦးဟာ ၂၀၀၅
ခုနှစ်ကထုတ်လွှင့် ပြသခဲ့ တဲ့  “ Mr. &Mrs. Smith ”ရုပ်ရှင်မှာလည်း ဇနီး မောင်နှံအဖြစ်အတူတွဲဖက်သရုပ်ဆောင် ခဲ့ ပြီး
ယင်းရုပ်ရှင်ဟာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်ခဲ့ ပါတယ်။ (အေးပြည့်)
**ကိုယ်ပိုင်လေယာဉ် ပျက်ကျခဲ့ပြီးနောက်သတိမေ့တဲ
့ရောဂါကိုခံစားလာရတဲ့ ဟယ်ရီစင်ဖို့ဒ်**
ဟောလိဝုဒ်ရဲ့  အထင်ကရမင်းသားကြီးတစ်ဦးဖြစ်တဲ့  ဟယ်ရီစင်ဖို့ဒ်ဟာ
ပြီးခဲ့ တဲ့ မတ်လအတွင်းက သူ့ ရဲ့ ကိုယ်ပိုင်လေယာဉ် ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပျက်ကျခြင်းဟာ သေစေနိုင်
လောက်ပေမယ့်  မင်းသားကတော့ သေကံမရောက်၊
သက်မပျောက်ခဲ့ ပါဘူး။ ဒါပေမယ့်  ဒဏ်ရာတော်တော်ရ
သွားခဲ့ တာမို့  ဆေးရုံတက်ရောက်ကာ ကုသမှုခံယူခဲ့ 
ရပြီးနောက်ပိုင်းမှာလည်း သတိမေ့တဲ့ ရောဂါကိုခံစား
လာရကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ 
ရုပ်သံအစီအစဉ်တစ်ခုရဲ့ အင်တာဗျူးမှာ ဖို့ဒ်ကပြောကြားခဲ့ 
ပါ တယ်။ ဆရာဝန်တွေရဲ့ ပြောကြားချက်အရ ယင်းကဲ့ သို့ 
သတိမေ့တတ်လာခြင်း ဟာ ဆေးကုသမှုခံယူခဲ့ စဉ်က
အသုံးပြုခဲ့ ရတဲ့  ထုံဆေးတွေရဲ့  အကျိုးဆက်ကြောင့် 
ဖြစ်တယ်လို့  အသက် (၇၃)နှစ်အရွယ် ဖို့ ဒ်ကဆိုခဲ့ပါတယ်။
ဆက်လက်ပြီး“ ”Star Warsမင်းသားကြီးကသူ့ အနေဖြင့်
လေယာဉ်ပျက် မကျမီစက်ရပ်သွားခဲ့ ပြီး သူကိုယ်တိုင်
ဆက်သွယ်ရေးစခန်းသို့ အကြောင်းကြား ကာ အကြံညဏ်
တောင်းခံခဲ့ သည်ကိုမှတ်မိကြောင်း၊ သို့သော် နောက်ထပ်
ဖြစ်သည့် အကြောင်းအရာများနှင့်  မည်သို့ ပျက်ကျသွားသည်
ကိုမမှတ်မိတော့ ကြောင်း ယင်းမတော်တဆမှုနှင့် 
ပတ်သက်ပြီး ပြန်ပြောင်းပြောပြခဲ့ပါတယ်။ (အေးပြည့်)
** တိုက်စစ်မှူးနေမာမှာ ခေါင်းတိုက်ဂိုးမသွင်းတတ်ကြောင်းပီလီပြောဆို**
ဘရာဇီးလက်ရွေးစင်အသင်း၌ ဘာစီလိုနာတိုက်စစ် မှူးးနေမာထက်
စွမ်းဆောင်ရည်ကောင်းသည့် ကစား သမားအများအပြားရှိကြောင်းနှင့်  တိုက်စစ်မှူးနေမာမှာ ခေါင်းကိုအသုံးပြုကာ မကာကွယ်နိုင်သည့် 
အပြင် ခေါင်း တိုက်၍လည်း ဂိုးမသွင်းတတ်ကြောင်း ဘရာဇီးဂန်္ထ၀င်
ကစားသမားတစ်ဦးဖြစ်သည့်  ပီလီက ၎င်း၏ယုံကြည်ချက် ကို
ဖွင့် ဟပြောကြားခဲ့ သည်။
ဘာစီလိုနာတိုက်စစ်မှူး နေမာသည် ဘရာဇီး လက်ရွေးစင်အသင်းတွင်
အားထားရသည့်  ကစားသမား တစ်ဦး ဖြစ်သည့်အပြင်
ကမ်္ဘာ့အကောင်းဆုံးကစားသမား တစ်ဦးလည်း
ဖြစ်လာနိုင်ဖွယ်ရှိသူဖြစ်သည်။ သို့ ရာတွင် ဘရာဇီးအသင်းနှင့် 
ကမ်္ဘာ့ ဖလားသုံးကြိမ်အထိရယူဆွတ်ခူးထားနိုင်ခဲ့ သည့် 
ပီလီကမူ တိုက်စစ်မှူးနေမာသည်လက်ရှိကစားလျက်ရှိသော ဘာစီလိုနာအသင်းတွင် ခြေစွမ်း ကောင်းပြသနိုင်သည်ကို
သိရှိထားကြောင်း၊ သို့ရာတွင် ကမ်္ဘာ့အဆင့် ရှိ
ကစားသမားတစ်ဦးအဖြစ် ယုံကြည်ထား ခြင်း မရှိကြောင်း
ပြောကြားခဲ့ သည်။ ““တိုက်စစ်မှူးနေမာဟာ ကမ်္ဘာ့အကောင်းဆုံး
ကစား သမားအဆင့် ရှိတယ်ဆိုရင် နေမာရဲ့ ဘ၀တစ်လျှောက်
ခေါင်းတိုက်ဂိုးသွင်းယူနိုင်ခဲ့ တဲ့ သွင်းဂိုးဘယ်လောက်ရှိသလဲ””
ဟု ဘရာဇီးဂန်္ထ၀င်ကစားသမားတစ်ဦးဖြစ်သည့် ပီလီက
Placar နှင့်  တွေ့ ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့  သည်။
““နေမာဟာ တိုက်စစ်သီးသန့် ကစားသမားပါ။ သူဟာ
ရှေ့ မှာပဲ ကစားတတ်တယ်။ နောက်တန်းကိုဆင်းပြီး
သူ မကစားတတ်ဘူး။ အဲဒီလို အားနည်းချက်တွေရှိနေတာမို့ 
အခြားကစားသမားတွေနဲ့ ယှဉ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့်
ဘရာဇီးအသင်းမှာတော့ အသင်းရဲ့  အဓိကဇာတ်ကောင်ပါ””
ဟု ဘရာဇီးဂန်္ထ၀င်ကစားသမားတစ်ဦးဖြစ် သည့် 
ပီလီက ပြောကြားခဲ့ သည်။ (ရွိင်ယန်ဟေဒင်)
**မန်ယူတွင်ကစားခဲ့ရသည့်အချိန်တွေကငရဲခန်းပါပဲလို့ ဇာဟာ..ဖွင့်ဟ**
ခရစ်္စတယ်ပဲလေ့စ်တိုက်စစ်မှူးးဇာဟာက ၎င်း၏ မန်ယူကစားသမား
ဘ၀တွင် စိတ်ပျက်ဖွယ်ရာအဖြစ်ဆိုး များသာ ကြုံတွေ့ ခဲ့ ရသလို
ကောလာဟလများကြောင့်  စိတ်ဓာတ်ကျဆင်းမှုများ ခံစားခဲ့ ရ
သည်ဟု ထုတ်ဖော်ခဲ့  သည်။
မန်ယူ၏ ဂန်္ထ၀င်နည်းပြဖြစ်သူ ဆာအဲလက်စ် ဖာဂူဆန် နောက်ဆုံး
ခေါ်ယူခဲ့ သည့်  တိုက်စစ်မှူးဇာဟာမှာနည်းပြမိုရက်စ်လက်ထက်
တွင် ရာသီကြိုခြေစမ်းပွဲများ၌သာ ၀င်ရောက်ကစားခဲ့ ရပြီး
ဝီဂန်အားရင်ဆိုင်ခဲ့ ရသည့်  ကွန်မြူ နတီဖလားပွဲုစဉ်တစ်ပွဲ
တွင်သာ ၀င်ရောက်ကစားခွင့် ရခဲ့  သည်။ သို့ သော် ဇာဟာက
ပဲလေ့စ်တွင်မူ သူ၏ အကောင်းဆုံးခြေစွမ်းရရှိနေပြီဖြစ်သလို
မန်ယူမှ အိပ်မက်ဆိုးများ အားလုံးကို အပြီးတိုင်
အဆုံးသတ်နိုင်ခဲ့ ပြီဟုလည်း အင်တာဗျူးတစ်ခုတွင်ေ
ပောကြားခဲ့ သည်။
ဇာဟာမှာ နည်းပြမိုရက်စ်၏သမီးဖြစ်သူနှင့်အတူ
အိပ်စက်ခဲ့သည်ဆိုသောသတင်းများကြောင့် မန်ယူ
ပရိသတ်များနှင့် မီဒီယာများ၏သားကောင်ဖြစ်ခဲ့ရပြီး
နောက်ဆုံး မန်ယူကို စွန့် ခွာခဲ့ ရသည်အထိ ဖြစ်ခဲ့ ရ
သူဖြစ် သည်။ သို့ သော် ဇာဟာက၎င်းမှာ မိုရက်စ်၏
သမီးဖြစ်သူ နှင့်  အတူအိပ်စက်ခဲ့ ခြင်းမရှိသလို စိတ်ယုတ်မာ
ရှိသူတစ်ဦးလည်း မဟုတ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ သည်။
(မေလဲသင်း)

No comments:
Post a Comment