>
**မလိုင်လုံး နဲ့ အိတ်ချလိုက်၊ ပြီးတော့ ရေချိုးလာပါ**
မလိုင်လုံး...
ရန်ကုန်ကအလည်လာတဲ့ သူငယ်ချင်းက ရှမ်းပါ။ သူလာလည်တုန်း သူငယ်ချင်းတွေအတူ ညစာစားဖြစ်တုန်း အကြောင်းဆက်စပ်ကာ သူတို့အိမ်ကို အလည်လာတဲ့ ရိုးသားတဲ့ ရှမ်းအမျိုးသားကြီး တစ်ယောက်အကြောင်းကို ပြောပြပါတယ်။
အဲဒီရှမ်းအမျိုးသားက အင်မတန်ခေါင်တဲ့ရှမ်းရွာကဖြစ်ပြီးတော့ မြန်မာစကားလည်း
မတတ်ဘူး။ ရန်ကုန်ကို တစ်ယောက်ထဲ ရထားစီးပြီးသွားမယ်
ဆိုတော့ လမ်းမှာ ထမင်းစားမယ်ဆို ဘယ်လိုမှာစား ရမလဲဆိုပြီး မြန်မာလို့ ပြောတတ်တဲ့လူတွေကိုမေးပါတယ်။ အမေးခံရတဲ့လူတွေကလည်း သူမှတ်နေရတာတွေများပြီး မေ့သွားမှာစိုးတာနဲ့ ထမင်းဆိုတာနဲ့ သက်သတ်လွတ်လို့သာပြောလိုက် သင်ပေးလိုက်တယ်။
သူကလည်း သက်သတ်လွတ်ဆိုတာ ဘာကိုဆိုလိုတယ်
ဆိုတာမသိပဲ မှတ်ထားလိုက်ရော…
ဒီလိုနဲ့ ရထားနဲ့ ခရီးထွက်လာပြီး ဘူတာတစ်ခုရပ်တော့
ရထားပေါ်ကနေ သက်သတ်လွတ် ဆိုမှာလိုက်ပါတယ်။
ဈေးသည်က ထမင်းနဲ့ အသီးအရွက်ဟင်းတွေလာပေးတာနဲ့ စားလိုက်ရပါတယ်။ နောက်ဘူတာမှာ အဲလိုပဲ သက်သတ်လွတ်လို့မှာလိုက်ပြန်ရော… ထမင်းနဲ့
အသီးအရွက်ဟင်းတွေ လာပေးတာနဲ့ စားလိုက်ရပြန်ပါတယ်။
အဲတော့ သူ့စိတ်ထဲမှာ သူမှာလိုက်တိုင်း အသားလည်းမပါဘူး၊ စားလို့လည်း မကောင်းဘူး။ အသားဟင်းကိုလည်းစားချင် သူလည်းဘယ်လိုမှာရမှန်းမသိဘူး ဖြစ်နေတော့ နောက်ရပ်တဲ့ဘူတာမှာ ရထားအောက်ကို ဆင်းပြီး မှာစားလို့ စိတ်ကူးပြီး ပြီးလာပါတယ်။
နောက်ဘူတာရောက်လို့ ရထားလည်းရပ်ရော ရထားပေါ်ကနေဆင်းဖို့အလုပ် အောက်ကနေပြီး ဈေးသည်က “မလိုင်လုံး… မလိုင်လုံး” နဲ့ အော်တာကြောင့် ရထားပေါ်ကနေ မဆင်းရဲတော့ဘဲ ထမင်းကို သတ်သတ်လွတ်လို့ပဲမှာပြီး အောင့်အီးပြီးစားလိုက်ရပါတယ်။
နောက်ဘူတာရောက်လို့ အောက်ဆင်းမယ်ကြံလိုက်တော့လည်း
အောက်ကဈေးသည်က “မလိုင်လုံး… မလိုင်လုံး”
လို့အော်ပြန်ရော… အဲဒါနဲ့ သတ်သတ်လွတ်နဲ့ပဲ
နှစ်ပါးသွားရပြန်ပါရော…
ရန်ကုန်လည်းရောက်ရော သူငယ်ချင်းရဲ့အမေကို ရှမ်းလို
ပြောပြပါတယ်…
“လမ်းမှာ ထမင်းစားတာ အသားဟင်းလည်းမပါဘူးဗျာ…”
“ဘယ်လို ထမင်းကိုမှာစားလို့လဲ…”
“ထမင်းကို သက်သတ်လွတ်လို့မှာရတယ်လို့ သင်ပေးလိုက်လို့ သက်သတ်လွတ်လို့ပဲ မှာတာပေါ့…”
“… ”
“နောက်ပြီး အောက်ဆင်းပြီးစားမယ်လုပ်တော့လည်း အောက်ကလူတွေက မလိုင်လုံး (မဆင်းနဲ့) ၊ မလိုင်လုံး (မဆင်းနဲ့) လို့ပြောပြောနေတော့ အောက်ကို ဆင်းလို့ မရခဲ့ပါဘူးဗျာ… ” တဲ့…
မလိုင်လုံး ဆိုတာ ရှမ်းလို မဆင်းနဲ့ ဆိုပြီး အဓိပ္ပါယ်ရတယ်တဲ့လေ…။
-
----------------------------------
**အိတ်ချလိုက်**
နောက်သူငယ်ချင်းတစ်ယောက်ကလည်း သူ့အဒေါ်တစ်ယောက် ကြုံတွေ့ခဲ့ဖူးတာကို ပြောပြပါတယ်။
ကျွန်တော်တို့မြန်မာတွေ တိုင်းပြည်တွင်းမှ အခွင့်အလမ်းတွေနည်းပါးလာကြတော့ သူများတိုင်းပြည်မှာ စွန့်စားပြီး အလုပ်ထွက်လုပ်ကြရပါတယ်။ အစတုန်းကတော့ မြို့ကြီးပြကြီးကလူတွေသာ ထွက်ကြတာများပြီး နောက်ပိုင်းမှာတော့ နယ်မြို့လေးတွေကလူတွေ၊ အခုတော့ တောရွာမှာနေတဲ့လူတွေပါ ထွက်လုပ်နေပါပြီ။ အဲဒီတော့ တချို့တလေကျတော့လည်း လေယာဉ်ခရီးသွားအတွေ့အကြုံက မရှိကျတော့ နိုင်ငံခြားကိုသွားရမယ် စိတ်ပူပန်မှုနဲ့ ရောထွေးပြီး စိတ်ထဲထင်ရာလုပ်လိုက်မိတောလေးတွေရှိပါတယ်။ ရယ်စရာအဖြစ်အနေနဲ့သာ ပြောမိကြတာပါ စိတ်ထဲမှာလည်း သနားမိပါသေးတယ်။
တခါက ကျေးလက်က ကောင်လေးတစ်ယောက် နိုင်ငံခြားကိုထွက်ဖို့ ရန်ကုန်လေဆိပ်ကိုရောက်လာပါတယ်။ လေဆိပ်အထွက်မှာ
လ.၀.က (immigration) ကောင်တာကိုဖြတ်၊ ပြီးတော့ အကောက်ခွန် ကောင်တာကို ဖြတ်ရပါတယ်။ အဲဒါပြီးတော့
ပစ္စည်းတွေကို x-ray ကို စစ်တဲ့နေရာကို ရောက်လာပါတယ်။
ကောင်လေးက ခရီးသွားအတွေ့အကြုံ သိပ်ရှိဟန်မတူပါဘူး။
အိတ်တွေကို x-ray နဲ့စစ်ရတယ်ဆိုတာ မသိတော့ ဒီအတိုင်းပဲ အိတ်ကိုမပြီး လမ်းဆက်လျှောက်လာပါတယ်။ x-ray ဖြတ်ဖို့ အိတ်တွေတင်ရတဲ့ conveyer နေရာအနားလည်းရောက်ရော
လေဆိပ် ၀န်ထမ်းက conveyer ကို လက်ညှိုးထိုးပြီး
“ဟဲ့ကောင်လေး … အိတ်ချလိုက် အိတ်ချလိုက်… ” လို့လှမ်းအော်လိုက်တော့
ခရီးသွားကောင်လေးက ဘာမပြောညာမပြော conveyer ပေါ် လှဲအိပ်ချလိုက်ပါရော…. တဲ့။
ဟုတ်တယ်လေ… စကားပြောတာ သတ်ပုံမှ မမြင်ရတာ။ အဲတော့ အိတ်ချလိုက်လို့ပြော အိပ်လိုက်တာ သူ့အပြစ်မှမဟုတ်တာပဲနော်…
-----------------------------------
**ရေချိုးလာပါ**
အဲလိုပြောကြတော့ ကျွန်တော်ကလည်း သူငယ်ချင်း မိန်းကလေး တစ်ယောက်ရဲ့ အဖြစ်အပျက်ကို သတိရလို့ပြောပြမိတယ်။ သူတို့ပြောတဲ့အဖြစ်တွေက ဘာသာစကားတစ်ခုကို မတတ်လို့ အဆင်မပြေတာ နဲ့ စကားကို တတ်ရဲ့သားနဲ့ နားလည်မှုလွဲလို့ ဒုက္ခရောက်တာတွေပေါ့။ ကျွန်တော့် သူငယ်ချင်း အဖြစ်ကတော့ မြန်မာစကားကို နားလည်လို့ ကြုံရတဲ့အဖြစ်ပါ။
သက္ကရာဇ်၂၀၀၀ ကျော်အစပိုင်းမှာ စင်ကာပူမှာ မြန်မာတွေ အခုလောက်မများသေးပါဘူး။ အဲဒီတော့ နေရာတိုင်းမှာ အခုလို မြန်မာအချင်းချင်း ခလုပ်တိုက်မိလောက်အောင်
မဆုံမိကြဘူးပေါ့။
တစ်ရက် သူငယ်ချင်းနဲ့ သူ့အဖော်၊ နှစ်ယောက်သား
City Hall ဖက်ကို ရထားစီးလာကြပါတယ်။ လမ်းမှာထိုင်စရာနေရာရလာပြီး အေးအေးဆေးဆေး သူငယ်ချင်းနှစ်ယောက် မိန်းကလေးတို့ ထုံးစံ စကားဖောင်ဖွဲ့ပြီး ပြောလာကြပါတယ်။ ဘူတာ
တစ်ခုရောက်တော့ သူတို့ဘေးက လူတစ်ယောက်
ထသွားတော့ မတ်တပ်ရပ်နေတဲ့ အိန္ဒိယနွယ်ဖွား
တစ်ယောက်က ၀င်ပြီးထိုင်လိုက်ပါတယ်။
အိန္ဒိယနွယ်ဖွားလည်း ထိုင်ပြီးရော သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
စကားပြောလိုက်ပါတယ်။
“ဒီကုလားကြီးကလည်း နံလိုက်တာအေ…”
“အေးလေ ဟယ်… နံလိုက်တာ အိမ်ကနေ ရေချိုးမလာဘူးလား မသိပါဘူး… ဟင်း…”
သူတို့လည်းပြောပြီးရော အိန္ဒိယနွယ်ဖွားက
သူတို့ဖက်လှည့်ပြီးတော့...
“ဟာ… ကျွန်တော်ရေချိုးလာပါတယ်ဗျာ…” လို့လည်းထပြောလိုက်တော့ နှစ်ယောက်သား မျက်လုံးပြူးသွားပြီး…
“သြော် မြန်မာမှန်းမသိလို့ ပြောလိုက်မိတာ… ဆောရီး…” လို့ပြီး မျက်နှာပူတာနဲ့ City Hall မရောက်သေးပဲ နောက်ဘူတာမှာ ဆင်းနေခဲ့ရတယ်တဲ့…
အခုတော့လား စင်ကာပူမှာနေရင် ကိုယ့်ဘေးမှာရှိတဲ့ လူတွေက အိန္ဒိယနွယ်ဖွား၊ တရုတ်နွယ်ဖွား၊ မလေးနွယ်ဖွား မကလို့ ဘာနွယ်ဖွားရုပ် ပေါက်နေ ပေါက်နေ မြန်မာလို ပေါက်ကရ
မပြောလေနဲ့ ကိုယ့်ဘေးမှာ မြန်မာတစ်ယောက်မဟုတ် တစ်ယောက် ရှိနေသည်ကို သတိချပ်မိကြပါနော်…။
................................
+ပီတိ+

Thursday, November 5, 2015
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment