အစဉ်အလာအလှတသင်းနဲ့ မဂံလာညခင်းပါပရိသတ်ရေ။ ကျနော်တို့ အကျိုးဆောင်ကော်မတီဟာမြန်မာနိုင်ငံရေဘေး ပြန်လည်ထူထောင်ရေးအတွက်
သြဂုတ်လ၈ရက်နေ့ မှာ ဦးဝေဠုကျော်စွာ(ခ)ရုပ်ရှင်သရုပ်ဆောင်ဝေဠုကျော်ဆီတိုတိုက်ရိုက်
မြန်မာငွေ၃၃သိန်းကျပ်ကိုရန်ကုန်မြို့ မှာလည်းကောင်း၊ စက်တင်ဘာလ၁၉ရက်နေ့ မှာမြ၀တီမြို့ ကိုကွင်းဆင်းရောက်ရှိလာတဲ့ ဦးဝေဠုကျော်စွာ(ခ)ရုပ်ရှင်သရုပ်ဆောင်ဝေဠုကျော်ဆီကို တိုက်ရိုက်မြန်မာငွေ၃သိန်း၁သောင်းကျပ်ကိုလည်းကောင်း *ထိုင်းနိုင်ငံမဲဆောက်ဒေသကြီး၃မြို့ နယ်ကမြန်မာရွှေ့ ပြောင်း အလုပ်သမားတွေရဲ့ ချွေးနည်းစာကောင်းမှု*အမည်နဲ့ လှူဒါန်းခဲ့ကြပါတယ်။
ဟော....အခုလည်းဒီလောက်
ကထိန်ပွဲတွေပဒေသာပင်သီးဖို့ အတွက် အလှူခံတွေဆက်နေတဲ့ကြားကပဲဇွဲနပဲကြီးကြီးနဲ့ ဆရာမိုးဥိးဆောင်တဲ့ မြန်မာနိုင်ငံရေဘေးပြန်လည်
ထူထောင်ရေးမဲဆောက်ဒေသကြီး အကျိုးဆောင်ကော်မတီဟာကြိုးပမ်းအားထုတ်ရကျိုးအတန်အသင့် နပ်ခဲ့ပါတယ်ဗျ။
Photo-(မဲဆောက်မြို့ မှာအောင်မြင်နေဆဲ မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ *ဖိုးထူးလက်ဘက်ရည်ဆိုင်*ပိုင်ရှင်ဦးဖိုးထူးရဲ့  ဒီနေ့ တတိယအကျော့အလှူငွေ-၁၀၀၀ဘတ်)
ကိုင်း---ဒီကနေ့ မှာလည်းမဲဆောက်မြို့ ကနာမည်ကြီး*ဖိုးထူး* လက်ဘက်ရည်ဆိုင်ကသုံးခါသုံးလီသုံးကျော့ အဖြစ်ထိုင်းငွေ၁၀၀၀ဘတ်လှူပါတယ်ခင်ဗျ။ဦးဖိုးထူးဟာ ပထမအကြိမ်တုန်းက၆၀၀ဘတ်၊ဒုတိယအကြိမ်မှာတုန်းက၅၀၀ဘတ်နဲ့  အခုတတိယအကြိမ်ကျတော့ကာ၁၀၀၀ဘတ်လှူတာပါခင်ဗျ။(သုံးထပ်ရှိမှ မှတ်မိမယ့်သဘော၊ဆောင်းတွင်းအနွေးထည်ကြီးကိုလွှမ်းခြုံလိုက်တဲ့ သဘောပေါ့ဗျာ။)
Photo-(မဲဆောက်မြို့ ကဖိုးထူး-မြန်မာလက်ဘက်ရည်ဆိုင်ရဲ့  အလှဆမ်းတဲ့ညချမ်း)
ဒီတော့ကာမြန်မာနိုင်ငံရေဘေးပြန်လည်ထူထောင်ရေးအတွက် ကျနော်တို့ *ထိုင်းနိုင်ငံမဲဆောက်ဒေသကြီး၃မြို့ နယ်ကမြန်မာရွှေ့ ပြောင်း အလုပ်သမားတွေရဲ့ ချွေးနည်းစာအလှူငွေ*ကိုတတိယအကျော့ တတိယအကြိမ်အနေနဲ့မြန်မာငွေ၅သိန်းကျပ်လှူဒါန်းဖို့  အဆင်သင့်ပြင်ဆင်ထားကြပါပြီဗျ။
Photo-(မဲဆောက်မြို့ ဖိုးထူးလက်ဘက်ရည်ဆိုင်ကြော်ငြာဘုတ် မှာတွေ့ ရတဲ့မဲဆောက်ဒေသကြီး၃မြို့ နယ်မှ မြန်မာရွှေ့ ပြောင်းအလုပ်သမားများရဲ့ ချွေးနည်းစာကောင်းမှု (ပထမအကြိမ်၃၃သိန်းကျပ်၊ဒုတိယအကြိမ် ၃သိန်း၁သောင်းကျပ်)
မြန်မာရွှေ့ ပြောင်းချွေး---အလှူငွေလေးနဲ့ ရေဘေးထူထောင်ရေးကူကြတာပါ။
---ခွန်အားမျှဝေ--ဒို့ တတွေသည်---မလွဲမသွေ---ပြည်သူတွေအတွက်----
မြန်မာနိုင်ငံရေဘေးပြန်လည်ထူထောင်ရေးမဲဆောက်ဒေသကြီး အကျိုးဆောင်ကော်မတီ
မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)
(*မဲဆောက်မြို့ ကို
ရောက်ပြီဆို
ဖိုးထူးဆိုင်ကကြို*)

No comments:
Post a Comment