ယူရိုပါလိဂ်အုပ်စုပွဲစဉ်(၄)ကို နိုဝင်ဘာ ၅ ရက်နဲ့  ၆ရက်
တွေမှာဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ
ပြည်တွင်းလိဂ် ထိပ်တန်းအသင်းတွေ
အတွက်အရေးကြီးတဲ့အဆုံးအဖြတ်ပွဲတွေဖြစ်တာမို့ 
အသင်းအားလုံး အစွမ်းကုန် ကြိုးစားကြမယ့်  မြင်ကွင်းကို
စောင့်ကြည့် ရဦးမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပွဲ
တွေအပြီးမှာ ဆက်တိုက်ကစားမယ့် ပွဲစဉ်
တွေကြောင့်  ဒီတစ်ပတ်လုံးပရိသတ်တွေ
ရင်ခုန်သံမြန်စေမယ့် အချိန်ကာလတွေပဲ ဖြစ်ပါတယ်။
**ဒေါ့ မွန် နှ င့်  ဂါဘာလာ**
အုပ်စု C) မှာဒေါ့မွန်က သုံးပွဲကစားပြီး ခုနစ်မှတ်နဲ့ 
ထိပ်ဆုံးမှာဦးဆောင်နေပါတယ်။ အဇာဘိုင်ဂျန်ကလပ်
ဂါ
ဘာလာတို့ ကတော့ တစ်မှတ်သာရရှိထားလို့ 
မျှော်လင့်ချက်ထားလို့  မရတော့တဲ့ အနေအထားပါ။
ဒေါ့မွန်ဟာ ပွဲပန်းနေပေမယ့် အိမ်ကွင်းဖြစ်တာမို့
ရမှတ်အပြည့်ယူပါလိမ့် မယ်။ ပထမ အကျော့မှာ
ဒေါ့မွန်က သုံးဂိုး-တစ်ဂိုးနဲ့  အနိုင်ယူထားခဲ့ တာမို့ 
အခုပွဲမှာလည်း ဒေါ့မွန်အတွက်အနိုင်သေချာမယ့်ပွဲပါပဲ။
**နာပိုလီ နှင့်  မစ် ဂျေလန်း**
အုပ်စု (D) မှာ နာပိုလီက သုံးပွဲကစား၊ ကိုးမှတ်
ရရှိနေပြီး ထိပ်ဆုံးက ရပ်တည်နေသလို
ဒိန်းမတ်ကလပ် မစ်ဂျေလန်းတို့ ကလည်း
ခြောက်မှတ်နဲ့  ဒုတိယ နေရာမှာရှိနေပါတယ်။
တိုက်စစ်ထက်မြက်ပြီး ခံစစ်လုံခြုံတဲ့  နာပိုလီကိုတော့
အဝေးကွင်းမှာမစ်ဂျေလန်းတို့  မလွယ်ပါဘူး။
ပထမအကျော့မစ်ဂျေလန်းကွင်းမှာနာပိုလီက
လေးဂိုး-တစ်ဂိုးနဲ့  နိုင်ထားတာမို့  အခုပွဲ
နာပိုလီကွင်းမှာအိမ် ရှင်တို့ ပဲ ဂိုးပြတ်သွင်းနိုင်ပွဲဆက်ဦးမှာပါ။
**မာဆေးနှ င့် ဘရာဂါ**
ပြင်သစ်လီဂူး-၁ မှာတော့ မာဆေးရဲ့ ခြေစွမ်းက
အားရစရာမရှိပါဘူး။ အခု အုပ်စု (I) မှာလည်း သုံးပွဲ
ကစား သုံးမှတ်သာရရှိထားတဲ့မာဆေးဟာ အိမ်ကွင်းမှာ
ကစားရပေမယ့်  ဘရာဂါကို ခက်ခဲစွာရင်ဆိုင်ရမှာ
ဖြစ်ပါတယ်။ ပေါ်တူဂီကလပ် ဘရာဂါတို့ကတော့
သုံးပွဲကစားပြီး ကိုးမှတ်နဲ့  ထိပ်ဆုံးမှာ
ဦးဆောင်နေပါတယ်။ ခံစစ်ပိုင်း ကောင်းမွန်ပြီး
အနိုင်ရအောင် အားထုတ်တတ်တဲ့ဘရာဂါ
ကစားသမားတွေနဲ့ အတူ အားပေးပြီး
အောင်ပွဲခံလိုက်တာအကောင်းဆုံးပါပဲ။
**အို င်းယက် နှ င့်  ဖီနာဘာချီ**
အုပ်စု (A) မှာ အိုင်းယက်တို့ က သုံးပွဲကစားပြီး
နှစ်မှတ်သာရရှိထားသလို ဖီနာဘာချီတို့ကလည်း
လေးမှတ်သာ ရရှိထားပါတယ်။ ဟော်လန်ကလပ်
အိုင်းယက်ဟာ ပြည်တွင်းလိဂ်မှာေ တာ့ ခြေစွာနေတဲ့
အသင်းဖြစ်ပြီး တန်းစီဇယားကို ထိပ်ဆုံးက ဦးဆောင်
နေပါတယ်။ တူရကီကလပ်ဖီနာဘာချီတို့ က တော့
ပထမအကျော့မှာတစ်ဂိုး-ဂိုးမရှိနဲ့  နိုင်ထား
တာမို့  အခုပွဲအဝေးကွင်းမှာမလွယ်ပါဘူး။
အိမ်ရှင်အိုင်းယက်တို့ ရဲ့  ပွဲလို့ သတ်မှတ်ရမှာပါ။
**စပါတာဂရပ် ဂ် နှ င့်  ရှော် လ် ကေး**
ချက်ကလပ် စပါတာဂရပ်ဂ်နဲ့  ဘွန်ဒက်စ်လီဂါကလပ်
ရှော်လ်ကေးတို့ က ခြေစွမ်းတူညီနေတဲ့ အသင်း
တွေဖြစ်ပြီး ပထမအကျော့မှာ နှစ်ဂိုးစီသရေပွဲ
ဖြစ်ထားတာမို့  အခုပွဲကတော့ပွဲကောင်းဖြစ်ပါတယ်။
အုပ်စု (K) မှာ ရှော်လ်ေကေးက သုံးပွဲကစား
ခုနစ်မှတ်ရရှိနေပြီး စပါတာဂရပ်ဂ်တို့ က
ငါးမှတ်ရရှိထားပါတယ်။ ရှော်လ်ကေးတို့ က တိုက်စစ်
ရော ခံစစ်ပါ အကောင်းဆုံး အနေအထားဖြစ်နေတာမို့ 
အခုပွဲမှာတော့ ရှော်လ်ကေးတို့ ကိုပဲ ရွေးပြီး
အားပေးရမှာဖြစ်ပါတယ်။
**ပေါ့ ဇ်နန် နှ င့်  ဖီ အိုရင် တီးနား**
အုပ်စု( I) မှာပိုလန်ကလပ် ပေါ့ဇ်နန်တို့  သုံးပွဲကစားပြီး
လေးမှတ်ရရှိထားသလို ဖီအိုရင်တီးနားတို့ကလည်း
သုံးမှတ်ရထားပါတယ်။ တိုက်စစ်အားကောင်းတဲ့ 
ဖီအိုရင်တီးနားတို့က ပထမအကျော့မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ 
ရှုံးထား တာမို့ အခုပွဲမှာအနိုင်ရလဒ်ကိုအပြင်းအထန်
ဖော်ထုတ်မှာဖြစ်ပါတယ်။ အကြိုက်က ဧည့်သည်တို့ ပါပဲ။
**စီ ယွန်ဲနဲ့ ဘော်ဒိုး**
အုပ်စု (B) မှာ ဆွစ်ဇာလန်ကလပ် စီယွန်က သုံးပွဲ
ကစားပြီး ခုနစ်မှတ်နဲ့  ဦးဆောင်နေပါတယ်။ ဘော်ဒိုးတို့ 
ကတော့ နှစ်မှတ်သာရရှိထားပြီး မျှော်လင့်ချက်
နည်းနေပြီဖြစ်ပါတယ်။ ပထမအကျော့မှာစီယွန်က
တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ထားတာမို့  အခုပွဲမှာ
စီယွန်တို့ ပဲနိုင်ပွဲရပြီး အမှတ်ပြည့်ယူပါလိမ့် မယ်။
+မိုးမြင့်လင်းလက်+

No comments:
Post a Comment