ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, July 6, 2016

=ယနေ့မှစ=

>
တစ်ယောက်ရင်ထဲက စကားကို တစ်ယောက်က မကြားရသည့်အခါ ကျမတို့နှစ်ဦး ကျောချင်းကပ်လျက် ဝေးကွာ နေသလို ခံစားလာရသည်။ အနေနီးနေပါလျက် ကမ္ဘာခြားနေသလို ခံစားနေရသည်။ သူ့မျက်ဝန်းမှ စကားတို့ ကိုဖတ်ရင်း ကိုယ်တိုင်ဘာသာပြန်နေရသည်။ သူ၏စိတ်တို့သည် ကျမအပေါ်တွင် အေးခဲသွားခဲ့ပြီလား။ ကျမနှင့် ပတ်သတ်ပြီး မည်သည့်ခံစားချက်မျှ ရှိမနေတော့ဘူးလား။ တွေးမိလျှင်တော့ မေးခွန်းပေါင်းများစွာသည် စိတ်အတွင်း တည်ဖွဲ့ဖြစ်နေသည်။ အမှန်ဆိုရမူ နှုတ်ကဖွင့်ဟလို့ မေးခဲ့သော် လွယ်ကူစွာအဖြေရနိုင်ပေသည်။ မိန်းမပီသစွာနှင့် ဒင်းပြည့်ကျပ်ပြည့်တွေးသော် သူ့နှုတ်မှ ပြန်ဖြေလာသည့် အဖြေသည် မှန်ကန်သည်ဟု စိတ်တွင်လက်ခံနိုင်ရန် ခက်ခဲလှသည်။ ထို့ကြောင့်ပင် အမေးရှိလျှင် အဖြေပြန်ရနိုင်သော်လည်း အဖြေအားလက်မခံလိုသော ကျမသည် နှုတ်ဆိတ်စွာ နှင့် အိမ်တွင်းတစ်ကိုယ်တော် ဆန္ဒပြနေခဲ့သည်မှာ ယနေ့တွင် ၃ လတင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။ ထိုသုံးလအတွင်း တစ်ခါတစ်ရံ သူအိပ်နေသည်ကို ခိုးကြည့်မိသည်။ တစ်ခါတစ်ရံ သူ၏လှုပ်ရှားမှုများကို မမြင် ကွယ်ရာမှ စောင့်ကြည့်သည်။ တစ်ခါတစ်ရံ သိသိသာသာ တံခါးကို ၀ုန်းကနဲနေအောင်ပိတ်သည်။ပစ္စည်းများကို အသံထွက်အောင် ပစ်ချခြင်းများ ပြုလုပ်သည်။ တစ်ခါတစ်ရံ သူကမျက်နှာ ချင်းဆိုင်ဖို့ ကြိုးစားလာသည့်အခါ ကျမကသိသာထင်ရှားစွာ ရှောင်နေခြင်းမျိုးများဖြင့် တုန့်ပြန်ခဲ့သည်။ သို့သော် မယားဝတ္တရားရှိသည်နှင့်အညီ သူအလုပ်မှပြန်လာပြီဆိုလျှင် ထမင်းပွဲရှေ့ရောက် ပြင်ဆင် ထားပေးတတ်သလို သူအလုပ်သွားသည့်အခါ ပြင်ဆင်ပေးတတ်သည့် အ၀တ်တစ်စုံသည် အစဉ်အမြဲ အသင့်ရှိ နေခဲ့သည်။ သူသည်လည်း ခါတိုင်းလိုပင် အပြင်ထုတ်ပေးထားသည့် အ၀တ်တစ်စုံအားယူဝတ်သည်။ ထမင်းချိုင့်ဆွဲကာ အလုပ်သွားသည်။ ပြန်လာလျှင် ရေမိုးချိုး ပြင်ထားပေးသည့် ထမင်းစားပွဲတွင် ညနေစာ စားသည်။ ပြီးသည်နှင့် အိပ်ခန်းထဲဝင်ကာ သူနှစ်သက်သော စာအုပ်ဖတ်နေတတ်သလို တစ်ခါတစ်လေ သူ၏ကွန်ပျူတာတစ်လုံးနှင့် အလုပ်ရှုပ် နေတတ်သည်။ ကျမအိပ်ခန်းထဲဝင်ချိန်တွင် သူသည် တစ်ခူးခူး တစ်ခေါခေါနှင့် အိပ်စက်နေပြီဖြစ်သည်။ ကျမကဖြင့် သူပြန်လာချိန်ဆိုလျှင် ဧည့်ခန်းထဲရှိ တီဗီရှေ့တွင် ကိုးရီးယားကား အပိုင်းဆက်မြောက်များစွာဖြင့် အလုပ်ရှုပ်ချင်ယောင် ဆောင်နေတတ်သည်။ တစ်ခါတစ်လေတော့လည်း အေးစက်နေသော ပါးပြင်တစ်စုံသည် နွေးထွေးမြတ်နိုးစွာ နမ်းတတ်သော အနမ်းတို့ကို လွမ်းဆွတ်မိနေသလိုလိုရှိသည်။ ကြည်မြစွာရယ်တတ်သော သူ့အပြုံးတို့ကို အောက်မေ့မိသလိုလို ရှိသည်။ ကျောခိုင်း အိပ်စက်ရသည့် အနေအထားတွင် လှစ်ဟာနေသော ကျောပြင်သည် အေးစက်နေသလိုလို လုံခြုံလှပါသည် ဆိုသည့် ရင်ခွင်တစ်စုံကိုပဲ ပြန်ပြီး လွမ်းတတ်နေသလိုလို။ နှစ်ခြိုက်စွာ အိမ်မောကျခြင်းကို အလိုရှိသော် လည်း ကျောပေးထားသည့် တစ်ဖက်ခြမ်းကို စိတ်သည်ခုန်ကူးနေသည့်အခါ မျက်လုံးမှိတ်ပြီး ငြိမ်နေရန်ပင် အတော်ကြီး ကြိုးစားယူနေရသည်။ ကျမကိုယ်တိုင်က အိပ်မရလို့ တစ်လှုပ်လှုပ်ဖြစ်နေသည်ကို သူ့ကိုမသိစေချင်ပေ။ ကျမက နေ့လည်နေ့ခင်း အိမ်တွင်အနားယူလို့ရသော်လည်း အလုပ်သွားသော သူ့အတွက် အိပ်ရေးပျက်ခြင်းဖြစ်မှာကိုတော့ စိုးရိမ်တတ်နေသေးသည်။ တစ်ခါတစ်ရံ တစ်ရေးမှ မှေးမရလိုက်ပဲ မိုးလင်းသွားသော ညများစွာရှိသည်။ အိပ်ပျက်ရက် များစွာ ကြုံလာရလျှင် တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ် မိသည်။ ထိုအခါ လူသည်ပင်ပန်းသည့်အရှိန်ဖြင့် ညကို စောစောစီးစီး အိပ်ယာဝင်ကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားရလေသည်။ လကုန်လျှင်တော့ဖြင့် စာအိတ်ဖြူဖြူတစ်ခုသည် ကျမ၏ ခေါင်းအုံးပေါ်တွင် အခန့်သားရှိနေတတ်သည်။ ကျမသည်လည်း စာအိတ်ဖြူဖြူထဲမှ ငွေသားတို့ကို စစ်ကြည့်တတ်သည်။ လျှော့နေလျှင်သော်လည်းကောင်း ပိုနေလျှင်သော်လည်းကောင်း စာရေးပြီး သူ့ခေါင်းအုံးပေါ် ပြန်တင်ပေးထားတတ်သည်။ ထိုအခါ သူသည်လည်း စာတစ် စောင်ရေးကာ အကြောင်းအရင်းတို့အား ရှင်းပြမြဲ။ နှုတ်ကဖွင့်ဟလို့ ရှင်းပါတော့လားလို့ သူရေးထား သည့်စာကို ဖတ်ရင်း မျက်စောင်းထိုးမိသည်လည်း ရှိခဲ့သည်။ သူနှင့်ကျမပတ်သက်လာမိသည့် သက်တမ်းတစ်လျှောက်တွင် သည်တစ်ကြိမ်သည် စိတ်ကောက်ခြင်းအမှု အရှည်လျားဆုံး ကာလပင်ဖြစ်သည်။ ပြန်ပြီးတော့များချော့ ပါတော့လားလို့ စိတ်က မျှော်တစ်လင့်လင့်ဖြစ်မိသည်။ စကားသံတို့ တိတ်ဆိတ်နေသော အိမ်သည် ပျင်းရိငြီးငွေ့ဖွယ် အတိပြီး၏။ ကြည်လင်အေးမြသည့်အိမ်ဟု စိတ်တွင်ခံစား၍မရပဲ တစ်မြည့်မြည့်ကြိတ်လောင်နေသကဲ့သို့ ရှိသည်။ သူနှင့် ကျမတစ်ဖြည်းဖြည်းဝေးကွာလာနေသလို ခံစားရသည်။ ဆန့်ကျင်ဖက် အစွန်းတစ်ဖက်စီကို ကျောခိုင်းပြီး လျှောက်နေ သကဲ့သို့ထင်မြင်မိသည်။ အိမ်ထောင်တစ်ခုတွင် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုမရှိသည့် အခါ ဆိုသမျှ စကားတိုင်းသည် ရာနှုန်းပြည့်မှန် သည်ဟု လက်မခံနိုင်ပေ။ “ကိုယ်ရှင်းပြလည်း မင်းမယုံကြည်ဘူးဆိုရင် ကိုယ်ပြောသမျှက အလကား ဖြစ်နေမှာပဲ” တဲ့။ သံသယကိုမွေးမြူထားမိသော ကျမသည် လွယ်လွယ်ကူကူတော့ဖြင့် ခေါင်းညိမ့်မျက်လုံးမှိတ် ယုံကြည်မိမည်မဟုတ် ပေ။ သို့ပေမယ့် ကာလကြာရှည် လာမိသည်နှင့်အမျှ တစ်ခုခုကို စိုးထိတ်လာသလို ရှိသည်။ ကျမတို့ တစ်ကယ်ပဲ အေးခဲ ပြတ်သားသွားခဲ့ ကြပြီလားဟူသည့် မေးခွန်းပင်ဖြစ်သည်။ ကျမတို့နှစ်ဦး အကြားတွင် သံယောဇဉ်တို့သည် တစ်ကယ်ပဲ ပြတ်သုဉ်းသွားခဲ့လေပြီထင်။ အနှစ်မရှိသော အိမ်ထောင်ရေး ကြီးထဲ ကျမမျှောပါနေခဲ့ပြီဟု ထင်မိသည်။ တစ်ကယ်ဆိုလျှင် ကျိုးကြောင်းဆီလျှော်စွာ သူရှင်းပြသင့်သည်။ ဒီလောက်ထိ အချိန်အကြာကြီးဆွဲနေဖို့ မကောင်းပေ။ အချိန်ကြာလာသည်နှင့် အမျှ ကျမ၏ စွပ်စွဲမှုသည် မှန်ကန်ကြောင်း စိတ်တွင် သတ်မှတ်မိလာသည်။ ဒါဆိုလျှင် လက်ရှိအိမ်ထောင်ရေးအား အဆုံးသတ်သင့်ပြီ။ ထွေလီသော စိတ်သောကတို့ဖြင့် အဖြေရှာမရစွာ နွမ်းလျနေမိသည်။ အလံဖြူလေးပဲ ထောင်ပြလိုက်ရမည်လား။ အရှုံးပေးပါပြီပေါ့။ ဒီလိုတော့ဖြင့်လည်း မဟုတ် ၃ လဟူသည့်အချိန် ပွဲကြမ်းထားသမျှ ဒီတစ်ချီတည်းနှင့် ခွက်ခွက်လန်အောင် ရှုံးလို့တော့ဖြင့် မရပေ။ ညနေစာချက်ချိန်နီးနေပြီဖြစ်သော်လည်း လူက မလှုပ်ချင်မရှားချင်။ ခဏမျှ တစ်ရေးတော့ မှေးလိုက်မှ တော်ကကျမည်။ အိပ်ပျက်ရက်တွေများလှပြီလေ။ နဖူးပေါ်တွင် နွေးကနဲ ခံစားမှုနှင့် အတူ စိုးရိမ်စွာဖြင့် ငုံ့မိုးကြည့်နေသော သူ့ကိုမြင်လိုက်ရသည်။ “မိန်းမ နေမကောင်းဘူးနဲ့တူတယ် ကိုယ်တွေပူနေတယ်။ အ၀တ်အစားလေး လဲလိုက် ကိုယ်ဆေးခန်းလိုက်ပို့ပေးမယ်” ။ စိတ်တွင်းမှ ခုမှလာပြီးတော့ဟု မူချင်သော်ငြား အဖျားကြောင့် လူတစ်ကိုယ်လုံး ကိုက်ခဲနေလေပြီ။ စိတ်ကိုလျှော့ လိုက်ရင်း နှုတ်ဆိတ်စွာဖြင့် ဆေးခန်းသို့ လှမ်းရလေတော့သည်။ ညကတစ်ညလုံးအပူရှိန်၏ နှိပ်စက်မှုကြောင့် သတိပဲလစ်ချင်သလိုလို ဂယောင်ဂတမ်း ဘာဆိုဘာမျှ မသိ။ ဒီမနက်နိုးတော့ အဖျားကျသွားသော်လည်း လူကနုံးချိနေစဲဖြစ်သည်။ ထမှပါလေ မျက်နှာလေးသစ် မနက်စာလေးပြင်မှ ဆိုသည့်အတွေးဖြင့် အိမ်နောက်ဖေးခန်းထဲ လှမ်းခဲ့မိသည်။ အိမ်နေရင်း အင်္ကျီခပ်ပါးပါးဖြင့် ကိုယ်တော်ချောသည် မ၀င်စဖူး မီးဖိုချောင်ထဲ ချွေးတစ်လုံးလုံးဖြင့် အလုပ်များနေ၏။ သူ ဒီနေ့အလုပ်မသွားတော့ဘူးထင်သည်။ “အလုပ်မသွားဘူးလား” ဟုအသံပေးလိုက်တော့ သူလှည့်ကြည့်ရင်း “အင်း. မင်းဖျား နေတယ်လေ ညက ဂယောင်ဂတမ်းတွေပြောတယ်။ ကိုယ့်ကိုယ်လဲ ရိုက်သေးတယ်” ပြီးတော့ သူ့မျက်နှာက ပြုံးစိစိ။ကျမက မျက်မှောင်ကုပ်ကြည့်လိုက်ရင်း “ဘာဖြစ် မျက်နှာကိုက ပြီတီတီနဲ့” ဟု မျက်စောင်းထိုးကာ ဆိုမိသည်။ “မင်း မျက်နှာသစ် ခြေ လက်ပဲဆေးလေ ပြီးရင်အခန်းထဲ နားနေလိုက်. ကိုယ်မနက်စာ ပြင်ပြီး ယူလာပေးမည်။ စားပြီးမှ ဆေးသောက်ပေါ့။” ကျမက သူ၏ ဆိုစကားတို့အား “အင်း” တစ်လုံးတည်း တုန့်ပြန်ရင်း အခန်းထဲ ပြန်လှဲနေလိုက်သည်။ ညကကျမဘာတွေများပြောမိပါလိမ့်။ သူယူလာပေးသော မနက်စာကိုစားပြီးဆေးသောက်သည်။ထို့နောက် စကားစလိုက်မိသည်။ “သည်လို ကျတော့လည်း ကျမအသက်ရှိနေသေးမှန်း ရှင်သိသားပဲ။” ။ သူသည် သက်ပြင်းခပ်လေးလေးချရင်း “မိန်းမ” ။ ရန်မဖြစ်ချင်ဘူးဆိုသည့် သဘော။ ကျွန်မကလည်း ဆိုချင်သည့်စကားကို နှုတ်က ဟနေသော်လည်း အသံတို့သည် ထွက်မလာ မျက်ဝန်းတွင်သာ မျက်ရည်ဝိုင်းနေတော့သည်။ “မိန်းမ တိတ်တိတ် မငိုနဲ့တော့နော် နေလဲကောင်းတာ မဟုတ်ပဲနဲ့။ နောက်ဆိုရင်ပြသနာတစ်ခုကို ဆူဆူပူပူမလုပ်ပဲ အေးဆေးစွာ စကားပြောရင်းဆွေးနွေးကြရ အောင်။ ကိုယ်တို့နှစ်ယောက်အကြားမှာ တစ်ဦးနှင့်တစ်ဦး စိတ်နာ ကြင်စရာတွေ မလုပ်ပဲနေကြရအောင်ကွာ။ ညကမိန်းမပြောတာတွေကြားပြီး စိတ်မကောင်းဘူး။ ပြီးတော့ စိတ်ထဲမှာလည်းကြည်နူးတယ်။ ငါ့မိန်းမ ခုချိန်ထိ ငါ့ကို ဒီလိုဘာလားဆိုပြီးတော့။” ကျမ၏နှုတ်ကခွန်းတုန့်ပြန်ဖို့ ပြင်လိုက်သော်လည်း. “ဖွားဖွားရေ” ..ချစ်ရသည့်မြေးလေး၏ တီတီတာတာအသံကြောင့် နှုတ်ဆိတ်သွားရသည်။ “အမေ နေမကောင်းဘူးဆိုလို့ အဖေကဖုန်းဆက်တယ်လေ။” ချစ်ရသည့်သမီး၏အသံ။ ပြီးတော့ “အဖေ ရုံးတောင်မသွားဘူးလား ဘယ်လိုလဲ အဖေတို့ခြေနေ” ဆိုသည့် သားကြီး၏ အသံတို့ကြောင့် ခြောက်သွေ့နေသော အိမ်သည် စိုပြေလာသလို နုံးချိနေသောစိတ်အစဉ်သည် လန်းဆန်း တက်ကြွလာသလို ခံစားလာ ရသည်။ သူကတော့ ခပ်ပြုံးပြုံးသာ ကျမကို စိုက်ကြည့်နေသည်။ ပြီးတော့ သားနှင့်သမီး အလစ်တွင် ကျွန်မနားသို့ ကပ်ခါ ခပ်တိုးတိုး ဆိုသည် “တို့လင်မယား အသက်သာ ၅၀ ကျော်တာ အချစ်က ၂၀ ကျော်ပဲကွနော့” ဟု ဆို၏။ ကျမကဖြင့် ခပ်ကြမ်းကြမ်းမျက်စောင်းတစ်ချက်သာလွှတ်လိုက်မိသည်။ နေနှင့်အူးပေါ့ သားနှင့်သမီးပြန်သွားမှ ဒင်းတွေ့ မယ်ဟု စိတ်တွင်းမှကြိမ်းလိုက်မိလေတော့သည်။ 

///////////////////////////////////////////////////////////////////////////////////////////// 

+ ဆွေလေးမွန် +

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)