သြစတြေးလျနိုင်ငံတွင် မိုဘိုင်းလ်ဝိုင်ယာလက် အင်တာနက်သုံးစွဲသူ ဦးရေမှာ ၂၀၀၈-ခုနှစ် ဒီဇင်ဘာလက (၁.၃-သန်း)ရှိရာမှ ယခုနှစ် ဇွန်လတွင် ၂-သန်းအထိ မြင့်တက်လာကြောင်း သြစတြေးလျနိုင်ငံ စာရင်းအင်းဌာနက စက်တင်ဘာလ ၁၄-ရက်နေ့၌ ကျေညာသည်။ (အင်တာနက်)
*** အစ္စရေးအား ဒုံးကျည်ဖြင့် ပစ်ခတ်မှု ကုလအတွင်းရေးမှူးချုပ် ရှုတ်ချ…**.
လက်ဘနွန်နိုင်ငံ၊ တောင်ပိုင်းမှ အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်ဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက စက်တင်ဘာလ ၁၅-ရက်နေ့၌ ပြစ်တင်ရှုတ်ချလိုက်သည်။ (အင်တာနက်)
*** A(H1N1) ကာကွယ်ရေး ညီလာခံကို အိမ်ရှင်အဖြစ် ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပ…**
ဗီယက်နမ်နိုင်ငံ A(H1N1)တုပ်ကွေးရောဂါ ကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ (၉)နိုင်ငံတက်ရောက်ကြသော (၆)ရက်ကြာ ညီလာခံကို အိမ်ရှင်အဖြစ် စက်တင်ဘာလ ၁၄-ရက်နေ့က လက်ခံကျင်းပခဲ့ကြောင်း အင်တာနက် သတင်းမှာ ဖော်ပြသည်။
*** ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး စာရင်းတွင် ပါကစ္စတန်နိုင်ငံမှ ၁၀-နေရာအား ထည့်သွင်းမည့်အလားအလာရှိ**…
ကုလသမဂ္ဂ၊ ယူနစ်စကိုအဖွဲ့၏ ကမ္ဘာ့အမွေအနှစ်များ ထိန်းသိမ်းရေးစာရင်း၌ ပါကစ္စတန်နိုင်ငံမှ နောက်ထပ် (၁၀)နေရာအား ထည့်သွင်းမည့်အလားအလာရှိနေကြောင်း ပါကစ္စတန်နိုင်ငံထုတ် “ဒွန်း”သတင်းစာက စက်တင်ဘာလ ၁၄-ရက်နေ့မှာ ရေးသား ဖော်ပြသည်။ (အင်တာနက်)
*** သြစတြေးလျနိုင်ငံတွင် အင်တာနက်သုံးစွဲသူ မြင့်တက်လာ**…

No comments:
Post a Comment