ပူပြင်းခြောက်သွေ့သော နွေရာသီတွင် သူသူငါငါ နုံးခွေခွေရှိတတ်ကြရာဝယ် ဖရဲသီးစားခြင်းဖြင့် စိတ်ဓာတ်တက်ကြွ လန်းဆန်းလာသည်ကို တွေ့ဖူးကြုံဖူးကြသည်။ ဖရဲသီးတစိတ်တွင် ဗီတာမင်(အေ)၊ ဗီတာမင်(ဘီ-၆)၊ ဗီတာမင်(စီ)အပြင်၊ ပိုတက်စီယမ်နှင့် ဘီတာကာရိုတင်းဓာတ်များ အများအပြားပါဝင်သဖြင့် ထိုမျှအာနိသင်ရှိနေခြင်းဖြစ်သည်၊ ဖရဲသီးကို ထမင်းပွဲတွင် အ
ချိုပွဲအဖြစ်စားနိုင်သည်။ ဖရီးသီးခွံကို အချဉ်ထည့်၍ ဟင်းရံအဖြစ် စားသုံးသည်လည်းရှိသည်။ ဖရဲသီးစားခြင်းဖြင့် ကျန်းမာရေးကို များစွာအထောက်အကူဖြစ်သည်။ နှလုံးကျန်းမာစေရန် ဖရဲသီးစားသုံး သင့်သည်။ ဖရဲသီးစားခြင်းနှင့် နှလုံးကျန်းမာရေး တို့၏ အချင်းချင်း အပြန်အလှန် အကျိုးပြုနေကြောင်းကို နောက်ဆုံးလေ့လာတွေ့ရှိချက်တစ်ရပ်တွင် ဖော်ပြပါရှိသည်၊ (အင်တာနက်)
***(Public Health)**

No comments:
Post a Comment