*** သဘာဝ ဆီးရွှင်သော ဆေးတစ်နည်း- နာနတ်သီး….
နာနတ်ရည်ကို ရှေးယခင်က ယမကာအဖြစ် ကဇော်ဖောက်ပြီးနောက် ခန္ဓာကိုယ် အပူရှိန်နှင့် အဖျားလျော့နည်း ရေးအတွက် အသုံးပြုသည်။ ကြွက်နို့နှင့် အသားမာများ ပပျောက်ရေးတွင်လည်း သုံးစွဲသည်။ နာနတ်သီးတွင် သဘာဝအက်စစ်များ အများပြား ပါဝင်မှုကြောင့် နာနတ်သီးကို ချင့်ချိန်စားသုံးသင့်သည်။ ယင်းသို့စားသုံးလျှင် အစာကြေညက်စေသည့်အတွက် နာနတ်သီးသည် သဘာဝ အစာအိမ်မှ ထွက်သော အရည်နှင့် လွန်စွာ ဆင်တူ သည်ဟု ဆို၏။
ထို့အပြင် နာနတ်သီးသည် သဘာဝဆီးရွှင် ဆေးလည်း ဖြစ်နေသည်ကို တွေ့ရှိရသည်ဟု ဆိုပါသည်။ နာနတ်သီး အစေးက လူအချို့အဖို့ အရေပြားပေါ်တွင် အဖုအပိမ့်၊ အနီကွက်ထတတ်သဖြင့် လက်အိတ်များအသုံးပြုရန်လိုအပ်သည်ကို သတိပြုသင့်သည်။ နာနတ်သီးအစိမ်းကိုမူ မစားသုံးသင့် ရုံမျှမက စားမိလျှင်လည်ချောင်း စပ်ဖျဉ်းဖျဉ်း ဖြစ်တတ်ပြီး အော့အန်၊ ၀မ်းလျှောတတ်သည် ဖြစ်၍ သတိပြုသင့်သည်ဟု ဆို၏။ (အင်တာနက်)
(Public Health)

No comments:
Post a Comment