(ဆန်တီယာဂို ၊ ချီလီနိုင်ငံ ၊ စက်တင်ဘာလ - ၁၆ ရက်)
ကမ္ဘာ့ စီးပွားရေး အလွတ်လပ်ဆုံး ၁၀ နိုင်ငံတွင်တရုတ် နိုင်ငံဟောင်ကောင်အထူးဒေသ ကရမှတ်အများဆုံး (၈ဒသမ၉၇-မှတ်) ဖြင့်ထိပ်ဆုံးနေရာ၌ရပ်တည်နေသည်။ ချီလီနိုင်ငံသည်ကမ္ဘာ စီးပွားရေးလွတ်လပ်ဆုံး နိုင်ငံ များတွင် အဆင့် ၅ နေရာ၌ရှိသည်ဟုကမ္ဘာ့စီးပွားရေးလွတ်လပ်မှုအဖွဲ ၏၂၀၀၉ ခုနှစ် ၊ အစီရင်ခံစာမှာဖော်ပြ ထား သည်။ချီလီနိုင်ငံအနေဖြင့် ၁၉၈၀
ပြည့်နှစ်မှစတင်ကာရမှတ်ပေါင်း (၂ ဒသမ ၅ မှတ်ကျော်)ရရှိခဲ့ခြင်း အားဖြင့် ကမ္ဘာ့စီးပွားရေးအလွတ်လပ်ဆုံး ၁၂ နိုင်ငံအနက်အဆင့် ၅ သို့ ရောက်ရှိခဲ့သည် ဟုဆိုသည်။ စကာင်္ပူက ၈ ဒသမ ၆၆ မှတ် ၊ နယူးဇီလန် က ၈ ဒသမ ၃ မှတ် ၊ ဆွစ်ဇာလန်က ၈ဒသမ ၁၉ မှတ်ချီလီက ၈ဒသမ ၄ မှတ် ၊ အမေရိကန်က ၈ ဒသမ ၀ ၆ မှတ် ၊ အိုင်ယာလန်က ၇ ဒသမ ၉၈ မှတ်၊ ၈၉ မှတ်စီအသီးသီးရရှိကြသည်။
(အင်တာနက်)
+++မလေးရှားကမ်းလွန်၌ ရေနံတင်သဘောင်္ကိုဓားပြတိုက်ရန် ကြံစည်ခဲ့…
(စကာင်္ပူ ၊ စက်တင်ဘာ ၁၆ရက်)
မလေးရှားနိုင်ငံ တောင် ပိုင်း ၊ ကမ်းလွန်ဒေသတွင် မောင်းနှင်လာသောရေနံ နှင့် ဓာတုဗေဒပစ္စည်း သဘော င်္ပေါ် သို့  ဓားပြများကတက်ရောက်ကြရန်စက်တင်ဘာလ ၁၄ ရက်နေ့ က ကြံစည်ကြကြောင်းဒေသဆိုင်ရာအစိုးရလုံခြုံ ရေး ဆိုင်ရာဌာနကပြောကြား၏။အဆိုပါရေနံတင်သဘောင်္သည်ပနားမားနိုင်ငံတွင်မှတ်ပုံတင်ထားသော `` ပစိဖိတ်ဟာမိုနီ´´အမည်ရှိပြီးမလေးရှားနိုင်ငံတောင်ပိုင်းတာယွန်အေယွန်ဆိပ်ကမ်းအနီးရှိယင်းသဘောင်္ပေါ်သို့ ဓားပြ ၅ ဦးကတက်ရောက်ရန်ကြံစည်ခဲ့ကြသည်ဟုအာရှဒေသပင်လယ်ဓားပြတိုက်ဖျက် ရေးနှင့်သဘောင်္များ ၊ ဓားပြတိုက်မှုကာကွယ်ရေးဌာနကပြောကြားသည်။(ရိုက်တာ)
Xxxကမ္ဘာ့ ကုလသမဂ္ဂအထွေထွေညီလာခံစတင်ဖွင့်လှစ်…
၆၄ - ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကိုနယူးယောက်မြို့ ရှိ ကုလသမဂ္ဂဌာနချုပ်၌စက်တင်ဘာလ ၁၅ ရက်နေ့ ကစတင်ဖွင့်လှစ်ခဲ့ရာ ဦးစားပေးဆွေးနွေးမည့်အကြောင်းအရာများတွင်ရာသီဥတုပြောင်းလဲမှု ၊ညှု ကလီးယားလက်နက်ဖျက်သိမ်းရေးကမ္ဘာ့ဘဏ္ဍာရေး နှင့်စီးပွားရေးစီမံခန့် ခွဲမှု ၊ နိုင်ငံတကာငြိမ်းချမ်းရေး နှင့် လုံခြုံရေး ကိစ္စများပါဝင်မည်ဖြစ်သည်။(အင်တာနက်)
+++ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် ``ဟာတိုယာမာ´´အရွေးချယ်ခံရ….
ဂျပန်နိုင်ငံဒီမိုကရက်တစ်ပါတီ (DPJ)ဥက္ကဌ ``ဟာတိုယာမ ´´သည် ၀န်ကြီးချုပ်တာရိုအာဆို၏ ရာထူးကို ၉၃ ဦးမြောက်ဝန်ကြီးချူပ်အဖြစ်ဆက်ခံရန်စက်တင်ဘာလ ၁၆ ရက်နေ့ က ရွေးချယ်တင်မြှောက်ခြင်း ခံရကြောင်း သိရသည်။(အင်တာနက်)
Xxx ကမ္ဘာ့ စီးပွားရေး အလွတ်လပ်ဆုံး နိုင်ငံများတွင် တရုတ် - ဟောင်ကောင် ကထိပ်ဆုံးမှာရပ်တည်….

No comments:
Post a Comment