စက်တင်ဘာလ...၃၀ရက်
ထိုင်းနှင့်မလေးနယ်စပ် ဟတ်ယိုင်မြို့ရှိ လိင်လုပ်ငန်းရုံတစ်ခုသို ထိုင်းအာဏာပိုင်များကရှောင် တခင်ဝင်ရောက်ဖမ်းဆီးသဖြင့် ထိုင်းလိင်အလုပ်သမအပါအ၀င် မြန်မာအချို့ပါဖမ်းဆီးခံလိုက်ရသည်။ပြီးခဲ့သော ၂၇ရက်နေ့ က နိုင်ငံခြားသားအမြောက်အများလာရောက်ပျော်ပါးသည့် အဆိုပါ လိင်လုပ်ငန်းခွင့်တွင် ကိုယ်လုံးတီးချွတ်ပြီး စင်ပေါ်တင် ကပြနေသော အမျိုးသား ၃ဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။
အသေးစိတ်စစ်ဆေးမှုကြောင့် အဆိုပါ ယောက်ျားသုံးဦးအနက် ထိုင်းလူငယ်တစ်ဦးနှင့် မြန်မာလူငယ်၂ဦးဖြစ်
နေသည်။ထိုင်းအာဏာပိုင်များက လိင်အလုပ်သမများအားဆက်လက်စစ်ဆေးရာ ထိုင်းအမျိုးသမီး ရဦးနှင့်
မြန်မာ မိန်းကလေးသုံးဦးတို့ ကို ဖေါ်ထုတ်ဖမ်းဆီးခဲ့သည်။ဖမ်းဆီးခံရသော မြန်မာလိင်အလုပ်သမများမှာ နန်းစုစု အသက် ၂၄နှစ်(ထိုင်းအခေါ် အဒါ) ။နန်းခူဝါ(ထိုင်းအခေါ် အဒေါင်) ၂၁နှစ်။နန်းဦး ၁၉နှစ် (ထိုင်းအခေါ် လုတ်) တို့ကိုဖမ်းဆီးရမိခြင်းဖြစ်သည်။အဆိုပါ လိင်အလုပ်သမများ၏ဓါတ်ပုံများကို အလုပ်ရုံရှေ့ တွင် ထောင်ထား ကြောင်းCNNသတင်းတွင်ဖေါ်ပြထားသည်။အဆိုပါ လိင်အလုပ်ကိုတည်ထောင်ထားသူမှာ ဟတ်ယိုင်မြို့တာဝန် ရှိလူကြီးတစ်ဦးဖြစ်သည်။ဖမ်းဆီးခံရသူများကို ဒဏ်ငွေရိုက်ပြီးပြန်လည်လွှတ်ပေးလိုက်သည်။
မြန်မာလိင်အလုပ်သမများမှာတာချီလိတ်ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော တောင်ကြီး
ရှမ်းတိုင်းရင်းသူများဖြစ်ကြောင်း သတင်းတွင်ဖေါ်ပြထားသည်။မြန်မာနိုင်ငံတွင် ရပ်တည်နေထိုင်ရေး ကျဉ်းကြပ်မှုတို့ကြောင့် အိမ်နီးခြင်းထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများရရာလက်ကြောင်းမှာ ၀င်ရောက်အလုပ်ကိုင်နေကြသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်သည်။ထိုအထဲတွင် ရောင်းစားခံရ၍ဖြစ်စေ အခြား အကြောင်းများကြောင့်ဖြစ်စေ ထိုင်းနိုင်ငံအတွင်း လိင်ဖျော်ဖြေရေးလုပ်ငန်းတွင် မြန်မာအမျိုးသမီး အချို့ဝင် ရောက်လုပ်ကိုင်လျက်ရှိသည်။
သတင်း...ကိုကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment