(ဒါကာ၊ မတ်လ ၁၁-ရက်)
ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ဒေသဆိုင်ရာညီလာခံကို မေလ သို့မဟုတ် ဇွန်လ အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်၌ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ ဤဒေသ ဆိုင်ရာညီလာခံမှာ မက္ကဆီကို၌ ယခုနှစ်ကျင်းပမည့် ညီလာခံအတွက် ညှိနှိုင်းရန်ဖြစ်သည်။ ဒေသဆိုင်ရာ ညီလာခံကို ဥရောပ သမဂ္ဂအဖွဲ့မှ တာဝန်ယူမည်ဖြစ်ကြောင်း ဒါကာမြို့၌ ကျင်းပသည့် ဥရောပသမဂ္ဂ သံအမတ်ကြီးများ တွေ့ဆုံဆွေး နွေးပွဲအပြီးတွင် ဘင်္ဂလားဒေ့ရှ် ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးမာမွတ်က ပြောကြားသည်။ ဒေသဆိုင်ရာ ညီလာ ခံသို့ တောင်အာရှနိုင်ငံများ (အက်စ်အေအေအာရ်စီ)နှင့် အခြားသော နိုင်ငံများကို ဖိတ်ကြားမည်ဟု သိရသည်။ (အင်တာနက်)
*** ရုရှားက အိန္ဒိယသို့ တိုက်လေယာဉ်များ ရောင်းမည် ***
ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင်သည် အိန္ဒိယနိုင်ငံသို့ အလည်အပတ်ခရီးစဉ်အဖြစ် မကြာမီလာရောက်မည်ဖြစ်ရာ အမေရိကန်ဒေါ်လာ ၁၀-ဘီလီယံ တန်ဖိုးရှိသော ရုရှားတိုက်လေယာဉ် ၂၉-စင်းကို အိန္ဒိယသို့ ရောင်းချရေးဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ရုရှားအရာရှိများက မတ်လ ၁၁-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** တောင်ကိုရီးယားနှင့် တူရကီ ညူစက်ရုံတည်ဆောက်မည် ***
တူရကီနိုင်ငံမြောက်ပိုင်း ပင်လယ်နက်ကမ်းရိုးတန်း၌ ညူကလီးယားစွမ်းအင် စက်ရုံတည်ဆောက်ရေးစီမံကိန်းကို တောင်ကိုရီးယားနှင့် တူရကီတို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုစာချုပ်ကို မတ်လ ၁၁-ရက်နေ့၌ နှစ်နိုင်ငံကိုယ်စားလှယ်များ လက်မှတ်ရေးထိုးလိုက်ကြသည်။ (အင်တာနက်)
*** တူရကီနှင့် ပြင်သစ် တိုက်ရိုက်လေကြောင်း ပျံသန်းမည် ***
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှ ပြင်သစ်နိုင်ငံ ပါရီမြို့သို့ တိုက်ရိုက်ပျံသန်းမည့် လေကြောင်းလိုင်းသစ်တစ်လိုင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းသည် တူရကီနိုင်ငံ ပုဂ္ဂလိကလေကြောင်း ပီဂါဆုမှ လေယာဉ်များပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း တူရကီအရာရှိများက မတ် ၁၁-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ဒေသဆိုင်ရာညီလာခံ ဘင်္ဂလားဒေ့ရှ်၌ ကျင်းပမည် ***

No comments:
Post a Comment