ကျောင်းခန်းတစ်ခုအတွင်းဖြစ်သည်။ အင်္ဂလိပ်စာဆရာက အရွယ်ရောက်လျှင် မည်သည့်အသက်မွေးဝမ်း ကျောင်း ပြုလိုသည်ကို ကလေးငယ်များအားမေးနေသည်။ ပထမ တစ်ယောက်က ` အာကာသယာဉ်မှူးဖြစ် ချင်ပါတယ်ဆရာ´။ ဒုတိယတစ်ယောက်ကမူ `စိတ်ပညာရှင်ဖြစ်ချင်ပါတယ်´။ ထိုစဉ်အိပ်ငိုက်နေသော ပီတာအား ဆရာကရုတ်တရက်မေးလိုက်ရာ ပီတာက
`ဘောလုံးသမားဖြစ်ချင်ပါတယ်´
`အားပေးတဲ့ ပရိသတ်တွေအများကြီးရှိတဲ့အပြင် လစာအများကြီးရတာကြောင့်လား´။
`မဟုတ်ပါဘူး ဆရာ။ အာကာသယာဉ်မှူးတို့ စိတ်ပညာရှင်တို့ကို ကျနော်စာလုံးမပေါင်းတတ်လို့ပါ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
*** ရွှင်ပြုံးတခဏ- ဘောလုံးဟာသ ***

No comments:
Post a Comment