နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်ရှိ အနုပညာ ခန်းမတွင် မြန်မာရွှေ့ပြောင်းကလေးများက “သံဆူးကြိုးများ နောက်မှ ပျံသန်းခြင်း”ဟု အမည်ရသည့် ပွဲတော် တခု ကျင်းပခဲ့ပြီး “ကြွေလွင့်ပန်းကလေးများ” ပြဇာတ်ကို ဖျော်ဖြေတင်ဆက်ခဲ့သည်။ ယင်း အစီအစဉ်ကို United ACT , HREIB , TRAFFCORD အဖွဲ့များက တင်ဆက်ခြင်းဖြစ်ပြီး ကလေးများအား လူကုန်ကူးခြင်းကို ကာကွယ် တားဆီးရန် တိုက်တွန်းခဲ့ကြသည်။ (ဧရာဝတီ)
(နိုဝင်ဘာလ ၁၉ ရက် ၂၀၁၀)
ဖြစ်ရပ်- ၁။ ။ ဘန်ကောက်မြို့က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တကျောင်းထဲမှာ စွန့်ပစ်သန္ဓေသား ၂ ထောင်ကျော် ဖွက်ထားတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထိုင်းရဲဌာနက ပြောပါတယ်။ ဒီစွန့်ပစ်သန္ဓေသားတွေဟာ တရားမ၀င် သန္ဓေဖျက်ချတဲ့ ဆေးခန်းတွေကနေ လာတာလို့ ယူဆကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဖြစ်ရပ်- ၂။ ။ ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြ၀တီမြို့၊ မြို့ပြင်ဘက်တွင် စောချစ်သူ ဦးဆောင်သော DKBA တပ်ဖွဲ့နှင့် KNU ၏ KNLA တပ်ဖွဲ့များ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ဒီသန္ဓေသား အများစုကို ဘုန်းကြီးကျောင်းရဲ့ အသုဘချရာ ရုပ်အလောင်းတွေကို ထားတဲ့ အခန်းကနေ တွေ့ခဲ့တာပါ။ ဒီတပတ်ထဲ အစောပိုင်း ရက်တွေတုန်းကတော့ ပလပ်စတစ်အိတ်တွေနဲ့ ထုတ်ထားတဲ့ သန္ဓေသားအလောင်း ၃၀၀ ကျော်ကို ရှာတွေ့ခဲ့ပါသေးတယ်။ဒီသန္ဓေသားတွေကို ခုလို စွန့်ပစ်ထားတာ တနှစ်ကျော်လောက် ရှိပြီလို့ ခန့်မှန်းကြောင်း ရဲချုပ်က ပြောပါတယ်။(VOA)
(နိုဝင်ဘာလ ၁၈ ရက် ၂၀၁၀) ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၊ အပလုံကျေးရွာတွင် နအဖ စစ်တပ်၏ ရိက္ခာဆန်အိတ် (၅ဂ )ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)က ယမန်နေ့ညနေပိုင်းက ၀င်ရောက်သိမ်းဆည်းခဲ့ကြောင်း သိရသည်။ (KIC)
( နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀)
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် လက်ရှိ ဖွင့်လှစ်ထားသော မယ်တော် ဆေးခန်းကို ငွေကြေး အခက်အခဲကြောင့် တခြား တနေရာသို့ ပြောင်းရွှေ့ရန် အစီအစဉ် ရှိကြောင်း ဒေါက်တာ စင်သီယာမောင်က ပြောသည်။ “ကျမတို့ ကိုယ်တိုင်က ရွှေ့ချင်တာ၊ ကိုယ်ငွေရေး ကြေးရေး အဆင်ပြေတဲ့ အချိန်၊ ကိုယ့်ဘက်က အဆင်သင့် ဖြစ်တဲ့အခါ ရွှေ့ မယ်”ဟု ၎င်းက ဆိုသည်။ သို့သော် ပြောင်းရွှေ့ရမည့် အချိန် အတိအကျကိုမူ မသိရှိရသေးပေ။ “နေရာ အသစ်ကတော့ ကျမတို့ တခါတည်းနဲ့တော့ အဆင်ပြေမှာ မဟုတ်ဘူး၊ တဆင့်ချင်း တဆင့် စဉ်းစားသွားရမယ်”ဟု ဒေါက်တာ စင်သီယာမောင်က ဆက်ပြောသည်။ ဒေါက်တာ စင်သီယာမောင်၏ လုပ်ဖော် ကိုင်ဖက်များ အဆိုအရ မယ်တော် ဆေးခန်းကို နိုင်ငံတကာ အဖွဲ့အစည်းများက ပုံမှန် ပေးနေသည့် ငွေကြေး ထောက်ပံ့မှုများ ဖြတ်တောက်ခံရသောကြောင့် ဖြစ်သည်ဟု သိရသည်။ (ဧရာဝတီ)
( နိုဝင်ဘာလ ၁၆ ရက် ၂၀၁၀)
ဖြစ်ရပ်- ၁။ ။ နအဖ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး(KNU ) တို့မှ တပ်ဖွဲ့ဝင်များ ပြီးခဲ့သည့် တပတ်က တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်အစိုးရဘက်မှ တပ်သား ၄၀ ခန့် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် အနီးတ၀ိုက်တွင် နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့၌ DKBA ၊ KNU တပ်မဟာ (၆) မှ တပ်ဖွဲ့ဝင်များနှင့် နအဖ၏ ခြေမြန်တပ်ရင်း (ခမရ) ၂၇၀ နှင့် ၂၈၄ တပ်ဖွဲ့ဝင်များ တိုက်ပွဲ ၃ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာရသူ ၄၀ ခန့်ရှိသော်လည်း အကျအဆုံးကိုမူ မသိရသေးကြောင်း စစ်အစိုးရနှင့် နီးစပ်သူတဦးက ပြောသည်။(ဧရာဝတီ)
ဖြစ်ရပ်- ၂။ ။ လက်နက် အရောင်းအ၀ယ် ပြုလုပ်နေတယ်လို့ မသင်္ကာတဲ့ ရုရှားနိုင်ငံသား ဗစ်တာဘောက် (Viktor Bout) ကို တရားရုံးတင် စစ်ဆေး ရင်ဆိုင်ဖို့အတွက် အမေရိကန် ပြည်ထောင်စုကို ပို့ဆောင်လိုက်ပြီလို့ ထိုင်းရဲအရာရှိတွေက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။အဲဒီအတွက် အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြားမှာ ၂ နှစ်ကြာ တရားခံ လွှဲပြောင်းအပ်နှံမှု အငြင်းပွားနေတဲ့ ပြဿနာ အဆုံးသတ်ပြီလို့ ဆိုနိုင်ပါတယ်။ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ကတော့ သူ့အစိုးရအနေနဲ့ တရားခံကို လွှဲပြောင်း အပ်နှံဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း သတင်းထောက်တွေကို ထုတ်ဖော် ပြောကြားအပြီး နာရီအနည်းငယ်အကြာ ဒီနေ့ အင်္ဂါနေ့ နေ့လယ်ပိုင်းက အမေရိကန်ပိုင် ဂျက်လေယာဉ်နဲ့ ဘန်ကောက်ကနေ ဗစ်တာဘောက် ထွက်ခွာသွားပြီလို့ ရဲတွေက ပြောပါတယ်။
(နိုဝင်ဘာလ ၁၅ ရက် ၂၀၁၀)
ဖြစ်ရပ်- ၁။ ။ လာမည့် (၂၀၁၁)ခုနှစ်အတွက် ကမ္ဘာတ၀ှမ်းလုံးရှိ ကလေးအခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူ ပုဂ္ဂိုလ်(၃)ဦးအား ဂုဏ်ပြုသောအားဖြင့် ထိုင်း-မြန်မာနယ်စပ် ရွှေ့ပြောင်းအလုပ်သမားကျောင်းများမှ ကျောင်းသားများက ယနေ့သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။ (KIC)
ဖြစ်ရပ်- ၂။ ။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါလေ ဒေသတွင် စစ်အစိုးရတပ်နှင့် DKBA တို့ တိုက်ပွဲဖြစ်ပွားကြခြင်းကြောင့် ဒေသခံရွာသား ၄၀၀ ခန့်တို့သည် ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ဖုတ်ဖရားမြို့နယ်ဘက်သို့ ထွက်ပြေးလာကြကြောင်း သိရသည်။ (ဧရာဝတီအင်တာနက်)
(နိုဝင်ဘာလ ၁၄ ရက် ၂၀၁၀)
မလေးရှားနိုင်ငံတွင် ကျောင်းသားများအား နိုင်ငံရေးတွင်မပါဝင်ရန် (၁၉၉၁)ခုနှစ်ကစပြီး ကန့်သတ်ထားမှုကို ရုပ်သိမ်းပေးဖို့ မလေးရှားအစိုးရ၀န်ကြီးချုပ်ရုံးဝန်ကြီးက တိုက်တွန်းပြောဆိုလိုက်သည်။ (RFA)
(နိုဝင်ဘာလ ၁၃ ရက် ၂၀၁၀)
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၃ ရက်ခန့်အကြာမှာ အပစ်အခတ်များက မြို့ထဲ၌ ရပ်နားသွားခဲ့သဖြင့် မြ၀တီမြို့ခံများသည် မဲဆောက်ဘက်ကမ်းမှ နေရပ်ကို ပြန်၍ရပြီဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြန်ခိုင်းသဖြင့် ပြန်ခဲ့ကြသည်။ သို့သော် တချို့မှာမူ မြ၀တီဘက်ကမ်းအထိ မပြန်ရဲသေးပဲ ထိုင်းနှင့် မြန်မာနယ်နိမိတ်အလယ်၌ ရှိသော `ရေလယ်ကျွန်း´၌ ယနေ့ထိရှိနေကြကြောင်း၊ မြ၀တီမြို့နယ် မဲ့ထော်သလေးရွာတွင်မူ ဒေသခံ ပြည်သူစစ်များအာ မိသားစုတစ်စုလျှင် ဘတ်ငွေ (၅၀)ပေး၍ နေနေကြရကြောင်း သိရသည်။ (နေ့သစ်သတင်း)
(နိုဝင်ဘာလ ၁၂ ရက် ၂၀၁၀)
တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA)မှ နိုဝင်ဘာလ ၈ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင် ဝေါလေဒေသတွင် ဖမ်းဆီးရမိခဲ့သော နအဖ စစ်တပ် စကခ (၈)နည်းဗျူဟာ (၃)မှ စစ်ဦးစီးမှူး တတိယတန်းအဆင့်ရှိ `ဗိုလ်ကြီးသက်နိုင်´အား ထိုင်း-မြန်မာနယ်စပ် လမ်းတနေရာ၌ ယနေ့ပြန်လွှတ်ပေးလိုက်သည်။ (KIC)
(နိုဝင်ဘာလ ၁၁ ရက် ၂၀၁၀)
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့တွင်းသို့ တရားမ၀င် ၀င်ရောက်သတင်းရယူမှုကြောင့် ဖမ်းဆီးခံခဲ့ရာမှ ပြန်လည်လွတ်မြောက်လာသော ဂျပန်သတင်းထောက် တိုရုယာမ၏ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၌ ယနေ့ပြုလုပ်မည်သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအာဏာပိုင်များ၏ ခွင့်ပြုချက်မရရှိသဖြင့် ပျက်ပြားခဲ့ရသည်။ (KIC)
နိုဝင်ဘာလ ၁၀ ရက် ၂၀၁၀) ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ နအဖ စစ်တပ်များက နိုဝင်ဘာလ ၈ ရက်နေ့မှစပြီး မြို့အနီးတ၀ိုက်မှ ကျေးရွာများကို လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်ခဲ့ရာ ယနေ့ညပိုင်းတွင် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးသွားပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ (KIC)
(နိုဝင်ဘာလ ၉ ရက် ၂၀၁၀)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယမန်နေ့ နံနက်ပိုင်းက ထိုင်းနယ်ခြားစောင့်တပ်ရင်း၌ စတင်နေရာချထားခဲ့သော စစ်ပြေးဒုက္ခသည် (၁၅၀၀၀)ခန့်အနက် ယနေ့ ညနေပိုင်းမှ စတင်ကာ မြ၀တီမြို့ဘက်ခြမ်းမှာ လုံခြုံရေးစိတ်ချရပြီဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက အသိပေးအကြောင်းကြားသဖြင့် မြ၀တီမြို့ဘက်ခြမ်းမှ စစ်ပြေးဒုက္ခသည်အများအပြား ပြန်သွားကြကြောင်း၊ ယနေ့ ညပိုင်းတွင်မူ လက်ကျန်စစ်ပြေးဒုက္ခသည် (၅၈၀)ဦးသာ ကျန်ရှိတော့ကြောင်း မျက်မြင်တွေ့ရှိရသည်။ (မြန်မာပြည်သားသတင်း)
( နိုဝင်ဘာလ ၈ ရက် ၂၀၁၀)
မြ၀တီမြို့ဘက်ခြမ်းမှ စစ်ပြေးဒုက္ခသည် သောင်းဂဏန်းအရေအတွက်သည် မဲဆောက်ဘက်ခြမ်းသို့ ထွက်ပြေးလာကြသဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ကျေးရွာရှိ ၀ပ်ထဆိုင်ထွေထလေ့(အုတ်ဖို)ဘုန်းကြီးကျောင်းတွင် မွန်လွဲ် ၁၂ နာရီအထိလည်းကောင်း၊ မွန်းလွဲ ၁၂ နာရီနောက်ပိုင်းတွင် ၀ပ်ထဆိုင်ထွေထလေ့ကျောင်းမှ ထိုင်းနယ်ခြားစောင့် တပ်ရင်းသို့ လည်းကောင်း၊ မဲဆောက်မြို့ပိုင်နှင့် ထိုင်းအာဏာပိုင်များက နေရာချပေးခဲ့ကြောင်း၊ ယနေ့ ညပိုင်း လူဦးရေစာရင်း အကြမ်းဖျင်းတွက်ချက်မှုအရ စစ်ပြေးဒုက္ခသည် (၁၅၀၀၀)ခန့်ရှိကြောင်း တွေ့ရှိရသည်။ (မြန်မာပြည်သားသတင်း)
(နိုဝင်ဘာလ ၂၀ ရက် ၂၀၁၀)

No comments:
Post a Comment